Premier League Transfer News

အပြောင်းအရွှေ့ပိတ်ခါနီးမှာ ဆားဘီးယားနောက်ခံလူတွေကို ချိတ်ဆက်ရယူသွားနိုင်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဆိုးရွားနေခဲ့တဲ့ ရလဒ်တွေကြောင့် ပရိသတ်တွေ အစဉ်တစိုက် တောင်းဆိုနေတဲ့ ဗဟိုနောက်ခံလူတစ်ဦးကို လက်ကျန်ရက်တွေအတွင်း ခေါ်ယူဖို့သာ ဆန္ဒရှိမယ်ဆိုရင် ရေကန်အသင့် ကြာအသင့်နဲ့ ရရှိနိုင်မှာဖြစ်ပြီး နိုင်ငံသားအရတော့ ဆားဘီးယားလူမျိုးတွေကို တွေ့မြင်ရနိုင်ခြေရှိနေပါတယ်။

အပြောင်းအရွှေ့ဈေးကွက်မှာ FSG နဲ့ ဂျွန်ဟင်နရီတို့က KSE နဲ့ ခရိုယန်ကီတို့လိုမျိုး အဆဲတောင်းပြိုင်နေတာ မဟုတ်ပေမယ့် ဇန်နဝါရီမှာ ကပ်စေးနည်းပြလိုက်တာကိုတော့ ပရိသတ်တွေက ဒေါသဖြစ်နေကြပြီး သူတို့အနေနဲ့ ယာဂန် ကလော့ပ်က လိုချင်တယ်ပြောထားတဲ့ နောက်ခံလူတစ်ဦးကို အပြည့်အဝ ပံ့ပိုးပေးဖို့ တောင်းဆိုနေကြပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ နာပိုလီအသင်းကနေ အရောင်းစာရင်းတင်ထားတဲ့ နောက်ခံလူ နီကိုလာ မက္ကဆင်မိုဗစ်ချ်ကို ပြောင်းရွှေ့ကြေး ပေါင် ၉ သန်း (ယူရို ၁၀ သန်း)နဲ့ ရရှိနိုင်မှာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် နောက်ခံလူဟာတော့ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့်သူလည်းဖြစ်ပါတယ်။

နည်းပြ ဂျန်နာရို ဂတ်တူဆိုရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ မက္ကဆင်မိုဗစ်ချ်အတွက် လီဗာပူးလ်တို့အနေနဲ့ ညှိနှိုင်းမယ်ဆိုရင် လက်ကျန် စာချုပ်အရ ပိုမိုဈေးဆစ်နိုင်ဖွယ်လည်းရှိနေပြီး သူ့အတွက် လစာငွေကတော့ တစ်ပတ်ကို ပေါင်သုံးသောင်းခွဲ ပေးချေရနိုင်ကြောင်းနဲ့ ဖူလ်ဟမ်နဲ့ ဝက်စ်ဟမ်းအသင်းတွေကလည်း စိတ်ဝင်စားနေကြောင်း သတင်းတွေက ဆိုပါတယ်။

ဒီလိုမျိုး ညှိနှိုင်းလို့မှ အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒဝပ်အတွက် အဆင်မပြေတော့ဘူးဆိုရင်တော့ အကြံကုန် ဂဠုန်ဆားချက်တဲ့ အနေနဲ့ နည်းပြ ကလော့ပ်ရဲ့ ဒေါ့မွန်တုန်းက တပည့်ဟောင်း နီဗင် ဆူဘိုတစ်ချ်ကိုပဲ အသင်းလက်မဲ့ဖြစ်နေရာကနေ ခေါ်ယူသွားဖို့ ဖြစ်လာနိုင်ပြီး စကားပုံအရတော့ ကြောင်ဖြူတာမည်းတာထက် ကြွက်ပြေးဖို့က အဓိကမို့လို့ လက်ကျန်ရက်ပိုင်းကို စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ်အသင်းအနေနဲ့ ဆိုးရွားနေခဲ့တဲ့ ရလဒ်တွေကြောင့် ပရိသတ်တွေ အစဉ်တစိုက် တောင်းဆိုနေတဲ့ ဗဟိုနောက်ခံလူတစ်ဦးကို လက်ကျန်ရက်တွေအတွင်း ခေါ်ယူဖို့သာ ဆန္ဒရှိမယ်ဆိုရင် ရေကန်အသင့် ကြာအသင့်နဲ့ ရရှိနိုင်မှာဖြစ်ပြီး နိုင်ငံသားအရတော့ ဆားဘီးယားလူမျိုးတွေကို တွေ့မြင်ရနိုင်ခြေရှိနေပါတယ်။


နောက်ဆုံးသတင်းတွေအရတော့ နာပိုလီအသင်းကနေ အရောင်းစာရင်းတင်ထားတဲ့ နောက်ခံလူ နီကိုလာ မက္ကဆင်မိုဗစ်ခ်ျကို ပြောင်းရွှေ့ကြေး ပေါင် ၉ သန်း (ယူရို ၁၀ သန်း)နဲ့ ရရှိနိုင်မှာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် နောက်ခံလူဟာတော့ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့်သူလည်းဖြစ်ပါတယ်။

နည်းပြ ဂျန်နာရို ဂတ်တူဆိုရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ မက္ကဆင်မိုဗစ်ခ်ျအတွက် လီဗာပူးလ်တို့အနေနဲ့ ညှိနှိုင်းမယ်ဆိုရင် လက်ကျန် စာချုပ်အရ ပိုမိုဈေးဆစ်နိုင်ဖွယ်လည်းရှိနေပြီး သူ့အတွက် လစာငွေကတော့ တစ်ပတ်ကို ပေါင်သုံးသောင်းခွဲ ပေးချေရနိုင်ကြောင်းနဲ့ ဖူလ်ဟမ်နဲ့ ဝက်စ်ဟမ်းအသင်းတွေကလည်း စိတ်ဝင်စားနေကြောင်း သတင်းတွေက ဆိုပါတယ်။

ဒီလိုမျိုး ညှိနှိုင်းလို့မှ အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒဝပ်အတွက် အဆင်မပြေတော့ဘူးဆိုရင်တော့ အကြံကုန် ဂဠုန်ဆားချက်တဲ့ အနေနဲ့ နည်းပြ ကလော့ပ်ရဲ့ ဒေါ့မွန်တုန်းက တပည့်ဟောင်း နီဗင် ဆူဘိုတစ်ခ်ျကိုပဲ အသင်းလက်မဲ့ဖြစ်နေရာကနေ ခေါ်ယူသွားဖို့ ဖြစ်လာနိုင်ပြီး စကားပုံအရတော့ ကြောင်ဖြူတာမည်းတာထက် ကြွက်ပြေးဖို့က အဓိကမို့လို့ လက်ကျန်ရက်ပိုင်းကို စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.