Premier League

မြောက်လန်ဒန်ကို လာခဲ့တဲ့ ကလော့ပ် ရင်ဝကို ဆောင့်ကန်တဲ့ စကားမျိုးနဲ့ ပွဲမစခင် တိုက်ခိုက်ခဲ့တဲ့ မော်ရင်ညို

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ကြာသပတေးနေ့ည(ယနေ့ည)မှာ လီဗာပူးလ်အသင်းကို မြောက်လန်ဒန်မှာ လက်ခံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး စပါးနည်းပြ မော်ရင်ညိုဟာ သူ့ဝသီအတိုင်း ပွဲမတိုင်မီ လီဗာပူးလ်နည်းပြ ကလော့ပ်ကို ပိဿလေး ဘေးပစ်သလို ပြောကြားခဲ့ပါတယ်။

မော်ရင်ညိုနဲ့ ကလော့ပ်တို့ဟာ လွန်ခဲ့တဲ့ ၆ ပတ်လောက်က စပါးအသင်းကို လီဗာပူးလ်က ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ စကားများခဲ့ကြတာဖြစ်ပြီး ကလော့ပ်ရဲ့ ကွင်းဘေးစည်းက ဟန်နဲ့မာန်နဲ့ ရယ်ရွှင်ဖွယ် အမူအရာတွေက ဒိုင်လူကြီးတွေကို အပြစ်ပေးချင်စိတ်မပေါ်လာအောင် လုပ်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ မော်ရင်ညိုဟာ ယခုရာသီမှာ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်နဲ့ ပြဿနာတက်ခဲ့တဲ့ တစ်ဦးတည်းသော နည်းပြမဟုတ်ဘဲ ဘန်လေနည်းပြ ရှောင်ဒိုက်ချ်ကလည်း လွန်ခဲ့တဲ့အပတ်က လီဗာပူးလ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး ဥမင်လျှောက်လမ်းထဲမှာ ကလော့ပ်နဲ့ အကြီးအကျယ် စကားများခဲ့ကြသေးတာဖြစ်ပါတယ်။

မော်ရင်ညိုက ၎င်းအနေနဲ့ ကွင်းဘေးစည်းမှာ ဂျာမန်လူမျိုးနည်းပြရဲ့ လုပ်နေကျ အမူအကျင့်နဲ့ ဘယ်တော့မှ လွတ်မှာမဟုတ်ဘူးလို့ ထင်မြင်နေတာဖြစ်ပြီး ၎င်းသာ စိတ်မထိန်းနိုင်ရင် အပြစ်ပေးခံရပေမယ့် တချို့နည်းပြတွေကတော့ ၎င်းလို မဟုတ်ဘူးလို့ ကလော့ပ်ကို စောင်းမြောင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ကိစ္စမှာတော့ ဆင့်ကဲဖြစ်စဉ်လို့ ခံစားခဲ့ရတယ်။ စိတ်ခံစားမှုထိန်းချုပ်တဲ့အပေါ်မှာ ဆင့်ကဲဖြစ်စဉ်ဖြစ်ခဲ့တာလို့ ခံစားခဲ့ရတယ်။ ကျွန်တော် ပိုပြီး စိတ်အေးအေးထားဖို့ ဆင့်ကဲဖြစ်စဉ်တစ်ခုလို့ ခံစားခဲ့ရတယ်။ ပိုပြီး စိတ်အေးလာလေ ပွဲကို ပိုဖတ်နိုင်လေပဲ။ ပြီးတော့ ကျွန်တော့်လက်ထောက်နည်းပြတွေ သူတို့ စကားပြောဆိုဖို့အတွက် တစ်ခါတရံ ကွင်းဘေးစည်းကို ကြည့်နေတာကိုတောင် ပျော်ရွှင်မိတယ်။ ကျွန်တော်က အထူးအခွင့်အရေးရှိတဲ့ အနေအထားမှာ နေခဲ့တာပါ”

“ကျွန်တော့်ရဲ့ အပြုအမူတွေကို ပြောင်းလဲပစ်ခဲ့တယ်လို့ ခံစားခဲ့ရတယ်။ ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး တကယ်ပျော်ရွှင်တာပါ။ ဒါက ကျွန်တော့်ကိစ္စပါ။ တခြားလူတွေအတွက်တော့ ကျွန်တော် မပြောနိုင်ပါဘူး။ ကျွန်တော် ပြောနိုင်တာကဘာလဲဆိုတော့ ကျွန်တော် ကောင်းကောင်းမနေတဲ့အချိန်ကျရင် ပြန်ပေးဆပ်ရတယ်။ ကျွန်တော် ပေးဆပ်ခဲ့ရတာ ၂ မျိုးရှိတယ်။ ပထမတစ်ခုက အဝတ်လဲခန်းထဲက တီဗွီကနေပဲ ပွဲကို ကြည့်ရတာနဲ့ နောက်တစ်မျိုးက ကြီးမားတဲ့ငွေဒဏ်နဲ့ ပေးဆပ်ရတာ။ အချို့အခြားလူတွေကတော့ အဲဒီအတိုင်း မဖြစ်ပျက်ခဲ့ဘူးလို့ ကျွန်တော် ခံစားရတယ်”

“သူတို့နဲ့ကျတော့ အဲဒီလို မဖြစ်ပါဘူး။ ဒါပေမယ့် ဒိုင်လူကြီးနဲ့ စတုတ္ထဒိုင်က သူတို့အလုပ် သူတို့လုပ်မယ်ဆိုရင် သူတို့ လုပ်စရာရှိတဲ့နည်းလမ်းအတိုင်း လုပ်ဆောင်လိမ့်မယ်လို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးနည်းပြ မော်ရင်ညိုက လီဗာပူးလ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ကစားရမယ့် ယနေ့ညပွဲစဉ်မတိုင်မီ အကြို အင်တာဗျူးမှာလည်း ” ပြိုင်ဘက်နည်းပြ ကလော့ပ်နဲ့ ၎င်းဟာ မိတ်ဆွေသူငယ်ချင်းတွေမဟုတ်ကြဘူး” လို့ ပြောကြားခဲ့ပေမယ့် ဒေါ့မွန်နည်းပြဟောင်းအပေါ် ကြီးမားတဲ့ လေးစားမှုထားရှိတယ်ဆိုတာကို ဝန်ခံပြောကြားခဲ့ပါတယ်။

“ကျွန်တော် ယာဂန်ရဲ့ သူငယ်ချင်းမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူနဲ့ ကျွန်တော်နဲ့ ဘယ်တုန်းကမှ အတူတူမရှိနေခဲ့ကြလို့ပါ။ လူချင်းကောင်းကောင်းသိတဲ့အချိန်ကျရင်တော့ ခင်ဗျားက ‘သူ့ကို သဘောကျတယ်။ သူက ကျွန်တော့် သူငယ်ချင်းပါ ဒါမှဟုတ် ကျွန်တော် သူ့ကို မကြိုက်ဘူး။ သူက ကျွန်တော့် သူငယ်ချင်းမဟုတ်ဘူး’လို့ ပြောနိုင်မှာပါ”

“ယာဂန်နဲ့ ပွဲမတိုင်မီ ငါးမိနစ်နဲ့ ပွဲပြီး ငါးမိနစ်ပဲ တွေ့ခဲ့ဖူးတာပါ။ ကျွန်တော် ယာဂန်အကြောင်း ဘာများပြောနိုင်မှာလဲ။ သူက ကျွန်တော် လေးစားရတဲ့ ဘဝတူနည်းပြဖြစ်ပြီး ကျွန်တော်နဲ့လည်း ပြဿနာမရှိတဲ့သူပါ”

“သူကလည်း ကျွန်တော့်လိုပဲလို့ ယုံကြည်ပါတယ်။ ဘာပြဿနာမှ မရှိပါဘူး”လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ၾကာသပေတးေန႔ည(ယေန႔ည)မွာ လီဗာပူးလ္အသင္းကို ေျမာက္လန္ဒန္မွာ လက္ခံယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး စပါးနည္းၿပ ေမာ္ရင္ညိဳဟာ သူ႔ဝသီအတိုင္း ပြဲမတိုင္မီ လီဗာပူးလ္နည္းၿပ ကေလာ့ပ္ကို ပိႆေလး ေဘးပစ္သလို ေျပာၾကားခဲ့ပါတယ္။

ေမာ္ရင္ညိဳနဲ႔ ကေလာ့ပ္တို႔ဟာ လြန္ခဲ့တဲ့ ၆ ပတ္ေလာက္က စပါးအသင္းကို လီဗာပူးလ္က ၂-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ စကားမ်ားခဲ့ၾကတာျဖစ္ၿပီး ကေလာ့ပ္ရဲ့ ကြင္းေဘးစည္းက ဟန္နဲ႔မာန္နဲ႔ ရယ္ရႊင္ဖြယ္ အမူအရာေတြက ဒိုင္လူႀကီးေတြကို အျပစ္ေပးခ်င္စိတ္မေပၚလာေအာင္ လုပ္နိုင္ခဲ့တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ေမာ္ရင္ညိဳဟာ ယခုရာသီမွာ လီဗာပူးလ္နည္းၿပ ယာဂန္ကေလာ့ပ္နဲ႔ ျပႆနာတက္ခဲ့တဲ့ တစ္ဦးတည္းေသာ နည္းျပမဟုတ္ဘဲ ဘန္ေလနည္းၿပ ေရွာင္ဒိုက္ခ်္ကလည္း လြန္ခဲ့တဲ့အပတ္က လီဗာပူးလ္ကို ၁-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီး ဥမင္ေလၽွာက္လမ္းထဲမွာ ကေလာ့ပ္နဲ႔ အႀကီးအက်ယ္ စကားမ်ားခဲ့ၾကေသးတာျဖစ္ပါတယ္။

ေမာ္ရင္ညိဳက ၎အေနနဲ႔ ကြင္းေဘးစည္းမွာ ဂ်ာမန္လူမ်ိဳးနည္းျပရဲ့ လုပ္ေနက် အမူအက်င့္နဲ႔ ဘယ္ေတာ့မွ လြတ္မွာမဟုတ္ဘူးလို႔ ထင္ျမင္ေနတာျဖစ္ၿပီး ၎သာ စိတ္မထိန္းနိုင္ရင္ အျပစ္ေပးခံရေပမယ့္ တခ်ိဳ႕နည္းျပေတြကေတာ့ ၎လို မဟုတ္ဘူးလို႔ ကေလာ့ပ္ကို ေစာင္းေျမာင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ့္ကိစၥမွာေတာ့ ဆင့္ကဲျဖစ္စဥ္လို႔ ခံစားခဲ့ရတယ္။ စိတ္ခံစားမႈထိန္းခ်ဳပ္တဲ့အေပၚမွာ ဆင့္ကဲျဖစ္စဥ္ျဖစ္ခဲ့တာလို႔ ခံစားခဲ့ရတယ္။ ကၽြန္ေတာ္ ပိုၿပီး စိတ္ေအးေအးထားဖို႔ ဆင့္ကဲျဖစ္စဥ္တစ္ခုလို႔ ခံစားခဲ့ရတယ္။ ပိုၿပီး စိတ္ေအးလာေလ ပြဲကို ပိုဖတ္နိုင္ေလပဲ။ ၿပီးေတာ့ ကၽြန္ေတာ့္လက္ေထာက္နည္းျပေတြ သူတို႔ စကားေျပာဆိုဖို႔အတြက္ တစ္ခါတရံ ကြင္းေဘးစည္းကို ၾကည့္ေနတာကိုေတာင္ ေပ်ာ္ရႊင္မိတယ္။ ကၽြန္ေတာ္က အထူးအခြင့္အေရးရွိတဲ့ အေနအထားမွာ ေနခဲ့တာပါ”

“ကၽြန္ေတာ့္ရဲ့ အျပဳအမူေတြကို ေျပာင္းလဲပစ္ခဲ့တယ္လို႔ ခံစားခဲ့ရတယ္။ ကၽြန္ေတာ္ အဲဒါနဲ႔ပတ္သက္ၿပီး တကယ္ေပ်ာ္ရႊင္တာပါ။ ဒါက ကၽြန္ေတာ့္ကိစၥပါ။ တျခားလူေတြအတြက္ေတာ့ ကၽြန္ေတာ္ မေျပာနိုင္ပါဘူး။ ကၽြန္ေတာ္ ေျပာနိုင္တာကဘာလဲဆိုေတာ့ ကၽြန္ေတာ္ ေကာင္းေကာင္းမေနတဲ့အခ်ိန္က်ရင္ ျပန္ေပးဆပ္ရတယ္။ ကၽြန္ေတာ္ ေပးဆပ္ခဲ့ရတာ ၂ မ်ိဳးရွိတယ္။ ပထမတစ္ခုက အဝတ္လဲခန္းထဲက တီဗြီကေနပဲ ပြဲကို ၾကည့္ရတာနဲ႔ ေနာက္တစ္မ်ိဳးက ႀကီးမားတဲ့ေငြဒဏ္နဲ႔ ေပးဆပ္ရတာ။ အခ်ိဳ႕အျခားလူေတြကေတာ့ အဲဒီအတိုင္း မျဖစ္ပ်က္ခဲ့ဘူးလို႔ ကၽြန္ေတာ္ ခံစားရတယ္”

“သူတို႔နဲ႔က်ေတာ့ အဲဒီလို မျဖစ္ပါဘူး။ ဒါေပမယ့္ ဒိုင္လူႀကီးနဲ႔ စတုတၳဒိုင္က သူတို႔အလုပ္ သူတို႔လုပ္မယ္ဆိုရင္ သူတို႔ လုပ္စရာရွိတဲ့နည္းလမ္းအတိုင္း လုပ္ေဆာင္လိမ့္မယ္လို႔ပဲ ကၽြန္ေတာ္ ေမၽွာ္လင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးနည္းျပ ေမာ္ရင္ညိဳက လီဗာပူးလ္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ကစားရမယ့္ ယေန႔ညပြဲစဥ္မတိုင္မီ အႀကိဳ အင္တာဗ်ဴးမွာလည္း ” ၿပိဳင္ဘက္နည္းျပ ကေလာ့ပ္နဲ႔ ၎ဟာ မိတ္ေဆြသူငယ္ခ်င္းေတြမဟုတ္ၾကဘူး” လို႔ ေျပာၾကားခဲ့ေပမယ့္ ေဒါ့မြန္နည္းျပေဟာင္းအေပၚ ႀကီးမားတဲ့ ေလးစားမႈထားရွိတယ္ဆိုတာကို ဝန္ခံေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ ယာဂန္ရဲ႕ သူငယ္ခ်င္းမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ သူနဲ႔ ကြၽန္ေတာ္နဲ႔ ဘယ္တုန္းကမွ အတူတူမရွိေနခဲ့ၾကလို႔ပါ။ လူခ်င္းေကာင္းေကာင္းသိတဲ့အခ်ိန္က်ရင္ေတာ့ ခင္ဗ်ားက ‘သူ႔ကို သေဘာက်တယ္။ သူက ကြၽန္ေတာ့္ သူငယ္ခ်င္းပါ ဒါမွဟုတ္ ကြၽန္ေတာ္ သူ႔ကို မႀကိဳက္ဘူး။ သူက ကြၽန္ေတာ့္ သူငယ္ခ်င္းမဟုတ္ဘူး’လို႔ ေျပာႏိုင္မွာပါ”

“ယာဂန္နဲ႔ ပြဲမတိုင္မီ ငါးမိနစ္နဲ႔ ပြဲၿပီး ငါးမိနစ္ပဲ ေတြ႕ခဲ့ဖူးတာပါ။ ကြၽန္ေတာ္ ယာဂန္အေၾကာင္း ဘာမ်ားေျပာႏိုင္မွာလဲ။ သူက ကြၽန္ေတာ္ ေလးစားရတဲ့ ဘဝတူနည္းျပျဖစ္ၿပီး ကြၽန္ေတာ္နဲ႔လည္း ျပႆနာမရွိတဲ့သူပါ”

“သူကလည္း ကြၽန္ေတာ့္လိုပဲလို႔ ယုံၾကည္ပါတယ္။ ဘာျပႆနာမွ မရွိပါဘူး”လို႔ ထပ္မံ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.