Premier League Transfer News

28 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ပရိသတ်တွေ အမျှော်လင့်ဆုံး ကစားသမားနှစ်ဦးကို မြင်တွေ့ခဲ့ရပြီး အသစ်ရောက်လာတဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်နဲ့ ခြေသလုံးဒဏ်ရာက သက်သာလာခဲ့တဲ့ နောက်ခံလူ ကီရန် တီယာနီတို့ဖြစ်ကြောင်း သတင်းတွေ ဖော်ပြခဲ့ကြ။

– အသင်းကနေ ရက်ပေါင်းအတော်ကြာအောင် မိသားစုပြဿနာနဲ့ ပျောက်ကွယ်နေခဲ့တဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းက သူ့ရဲ့ခွင့်ကိစ္စဟာ အသက် ၆၀ အရွယ် မိခင်ဖြစ်သူရဲ့ ကျန်းမာရေးဆိုးရွားမှုကြောင့်ဖြစ်ကြောင်း တရားဝင်ထုတ်ဖော်လိုက်ပြီး လက်ရှိမှာ ပြန်လည်ကောင်းမွန်နေပြီဖြစ်သလို အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ခဲ့ပြီလို့ ထုတ်ပြန်သွားခဲ့။

– ကီရန် တီယာနီဟာ အသင်းခေါင်းဆောင်လက်ပတ်နဲ့ ဦးဆောင်ဖို့အတွက်ဆိုရင် အုတ်နံရံကိုတောင် ဝင်တိုးမယ့်သူဖြစ်ကြောင်း တိုနီ အက်ဒမ်စ်က ပြောကြားလိုက်ပြီး အနာဂတ် အာဆင်နယ်အသင်းကို သူနဲ့ ရော့ဘ် ဟိုးလ်ဒင်းတို့က ဦးဆောင်တာကို မြင်ချင်တယ်လို့ ဆန္ဒပြုသွားခဲ့။

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ တီယာနီရဲ့ အရန်ဘယ်နောက်ခံလူအဖြစ် ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်ကြတဲ့ ဘာထရန်နဲ့ မစ်ချဲလ်တို့ကိုသာ အလိုရှိနေပြီး မာဆေးလ်ရဲ့ အာမာဗီအတွက်တော့ လယ်သမားလိဂ်က ကစားသမားတွေကို တော်သင့်ပါပြီလို့ တွစ်တာမှာ ရေးသားနေကြ။

– အာဆင်နယ်အသင်းက အလိုရှိနေပြီး ရွေးချယ်ဖို့ အကောင်းဆုံး နောက်ခံလူတစ်ဦးဖြစ်တဲ့ တိုင်ရစ်ခ် မစ်ချဲလ်ကို ပေါင်သန်း ၅၀ လောက် မရရင် မရောင်းချဖို့ ပရိသတ်တွေက တိုက်တွန်းခဲ့ကြပြီး သူတို့တွေအနေနဲ့ ကစားသမားရဲ့ စာချုပ်ကုန်ဆုံးချိန်က နွေရာသီဖြစ်နေတာကို လေ့လာမှု မပြုရသေးဘူးဆိုတာ သိသာနေ။

– အသင်းဂန္ထဝင်တွေဖြစ်ကြတဲ့ တိုက်စစ်မှူး အီယန်ရိုက်နဲ့ နောက်ခံလူ တိုနီ အက်ဒမ်စ်တို့က အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာ အနေနဲ့ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာကို ချွေချွေတာတာ သုံးစွဲဖို့နဲ့ ဘယ်ချိန်မှာ ဝင်ကစားခိုင်းပြီး ဘယ်အချိန်မှာ ပြန်ထုတ်ရမယ်ဆိုတာ သိသင့်ကြောင်း သတိပေးခဲ့ကြ။

– အာဆင်နယ်အသင်းကနေ အက်သလက်တီကို မက်ဒရစ်အသင်းဆီ အငှားချထားခဲ့တဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားအနေနဲ့ အပြောင်းအရွှေ့ မပိတ်သိမ်းခင် အသင်းက ထွက်ခွာဖို့ စဉ်းစားနေရာမှာ ပြင်သစ်ကလပ် မိုနာကိုက ချဉ်းကပ်နေပြီး သုံးနှစ်စာချုပ်နဲ့ ကမ်းလှမ်းထားတာက တခြားအသင်းတွေရဲ့ ရှေ့ဆုံးက ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေ။

– အသင်းသစ်နဲ့ ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းခဲ့တဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ရဲ့ ဘောလုံးအထိန်းအသိမ်းနဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုကို နောက်ခံလူ ကီရန် တီယာနီက ချီးကျူးလိုက်ပြီး သူတို့နှစ်ဦးနဲ့အတူ ဒါနီ စီဘာယော့စ်ပါ ပူးတွဲလေ့ကျင့်သွားခဲ့။

– အာဆင်နယ်အသင်းနဲ့ စပါးစ်အသင်းတွေက စိတ်ဝင်စားနေခဲ့တဲ့ ဆဲလ်တစ်တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာဟာ အသင်းကြီးအဆင့် မဟုတ်ကြောင်းနဲ့ ပေါင် ၃၅ သန်းလည်း မတန်ကြောင်း ဝက်စ်ဟမ်းပရိသတ်တွေက ဝေဖန်လိုက်ပြီး ပေါင်သန်း ၂၀ နဲ့ သူတို့အသင်းရဲ့ အဆင့်ပဲလို့ ဝေခွဲရခက်တဲ့ စကားမျိုး ပြောကြားနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ ေလ့က်င့္ေရးကြင္းမွာ ပရိသတ္ေတြ အေမွ်ာ္လင့္ဆုံး ကစားသမားႏွစ္ဦးကို ျမင္ေတြ႕ခဲ့ရၿပီး အသစ္ေရာက္လာတဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ ေျခသလုံးဒဏ္ရာက သက္သာလာခဲ့တဲ့ ေနာက္ခံလူ ကီရန္ တီယာနီတို႔ျဖစ္ေၾကာင္း သတင္းေတြ ေဖာ္ျပခဲ့ၾက။

– အသင္းကေန ရက္ေပါင္းအေတာ္ၾကာေအာင္ မိသားစုျပႆနာနဲ႔ ေပ်ာက္ကြယ္ေနခဲ့တဲ့ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းက သူ႔ရဲ႕ခြင့္ကိစၥဟာ အသက္ ၆၀ အ႐ြယ္ မိခင္ျဖစ္သူရဲ႕ က်န္းမာေရးဆိုး႐ြားမႈေၾကာင့္ျဖစ္ေၾကာင္း တရားဝင္ထုတ္ေဖာ္လိုက္ၿပီး လက္ရွိမွာ ျပန္လည္ေကာင္းမြန္ေနၿပီျဖစ္သလို အသင္းနဲ႔ ျပန္လည္ပူးေပါင္းႏိုင္ခဲ့ၿပီလို႔ ထုတ္ျပန္သြားခဲ့။

– ကီရန္ တီယာနီဟာ အသင္းေခါင္းေဆာင္လက္ပတ္နဲ႔ ဦးေဆာင္ဖို႔အတြက္ဆိုရင္ အုတ္နံရံကိုေတာင္ ဝင္တိုးမယ့္သူျဖစ္ေၾကာင္း တိုနီ အက္ဒမ္စ္က ေျပာၾကားလိုက္ၿပီး အနာဂတ္ အာဆင္နယ္အသင္းကို သူနဲ႔ ေရာ့ဘ္ ဟိုးလ္ဒင္းတို႔က ဦးေဆာင္တာကို ျမင္ခ်င္တယ္လို႔ ဆႏၵျပဳသြားခဲ့။

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ တီယာနီရဲ႕ အရန္ဘယ္ေနာက္ခံလူအျဖစ္ ပရီးမီးယားလိဂ္ကစားသမားေတြျဖစ္ၾကတဲ့ ဘာထရန္နဲ႔ မစ္ခ်ဲလ္တို႔ကိုသာ အလိုရွိေနၿပီး မာေဆးလ္ရဲ႕ အာမာဗီအတြက္ေတာ့ လယ္သမားလိဂ္က ကစားသမားေတြကို ေတာ္သင့္ပါၿပီလို႔ တြစ္တာမွာ ေရးသားေနၾက။

– အာဆင္နယ္အသင္းက အလိုရွိေနၿပီး ေ႐ြးခ်ယ္ဖို႔ အေကာင္းဆုံး ေနာက္ခံလူတစ္ဦးျဖစ္တဲ့ တိုင္ရစ္ခ္ မစ္ခ်ဲလ္ကို ေပါင္သန္း ၅၀ ေလာက္ မရရင္ မေရာင္းခ်ဖို႔ ပရိသတ္ေတြက တိုက္တြန္းခဲ့ၾကၿပီး သူတို႔ေတြအေနနဲ႔ ကစားသမားရဲ႕ စာခ်ဳပ္ကုန္ဆုံးခ်ိန္က ေႏြရာသီျဖစ္ေနတာကို ေလ့လာမႈ မျပဳရေသးဘူးဆိုတာ သိသာေန။

– အသင္းဂႏၴဝင္ေတြျဖစ္ၾကတဲ့ တိုက္စစ္မႉး အီယန္႐ိုက္နဲ႔ ေနာက္ခံလူ တိုနီ အက္ဒမ္စ္တို႔က အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာ အေနနဲ႔ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာကို ေခြၽေခြၽတာတာ သုံးစြဲဖို႔နဲ႔ ဘယ္ခ်ိန္မွာ ဝင္ကစားခိုင္းၿပီး ဘယ္အခ်ိန္မွာ ျပန္ထုတ္ရမယ္ဆိုတာ သိသင့္ေၾကာင္း သတိေပးခဲ့ၾက။

– အာဆင္နယ္အသင္းကေန အက္သလက္တီကို မက္ဒရစ္အသင္းဆီ အငွားခ်ထားခဲ့တဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားအေနနဲ႔ အေျပာင္းအေ႐ႊ႕ မပိတ္သိမ္းခင္ အသင္းက ထြက္ခြာဖို႔ စဥ္းစားေနရာမွာ ျပင္သစ္ကလပ္ မိုနာကိုက ခ်ဥ္းကပ္ေနၿပီး သုံးႏွစ္စာခ်ဳပ္နဲ႔ ကမ္းလွမ္းထားတာက တျခားအသင္းေတြရဲ႕ ေရွ႕ဆုံးက ေခၚယူႏိုင္ဖို႔ အေျခအေနေကာင္းေန။

– အသင္းသစ္နဲ႔ ပထမဆုံးအႀကိမ္ ေလ့က်င့္ခန္းဆင္းခဲ့တဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ ေဘာလုံးအထိန္းအသိမ္းနဲ႔ နည္းစနစ္ပိုင္း ကြၽမ္းက်င္မႈကို ေနာက္ခံလူ ကီရန္ တီယာနီက ခ်ီးက်ဴးလိုက္ၿပီး သူတို႔ႏွစ္ဦးနဲ႔အတူ ဒါနီ စီဘာေယာ့စ္ပါ ပူးတြဲေလ့က်င့္သြားခဲ့။

– အာဆင္နယ္အသင္းနဲ႔ စပါးစ္အသင္းေတြက စိတ္ဝင္စားေနခဲ့တဲ့ ဆဲလ္တစ္တိုက္စစ္မႉး ေအာ့ဒ္ဆြန္း ေအဒူယာဟာ အသင္းႀကီးအဆင့္ မဟုတ္ေၾကာင္းနဲ႔ ေပါင္ ၃၅ သန္းလည္း မတန္ေၾကာင္း ဝက္စ္ဟမ္းပရိသတ္ေတြက ေဝဖန္လိုက္ၿပီး ေပါင္သန္း ၂၀ နဲ႔ သူတို႔အသင္းရဲ႕ အဆင့္ပဲလို႔ ေဝခြဲရခက္တဲ့ စကားမ်ိဳး ေျပာၾကားေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.