Premier League

28 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ရီယိုဖာဒီနန်က ဗုဒ္ဓဟူးနေ့ညက အိုးထရက်ဖို့ဒ်မှာ အမှတ်ပေးဇယားအောက်ဆုံးက ရှက်ဖီးယူနိုက်တက်အသင်းကို ရှု့ံးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ စိတ်မသက်သာစရာနဲ့ အသက်မဲ့တဲ့ စွမ်းဆောင်ရည်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဒီလိုခြေစွမ်းမတည်ငြိမ်တဲ့ပုံစံနဲ့ဆိုရင် ပရီးမီးယားလိဂ်ဖလား မရနိုင်ဘူးလို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက အမှတ်ပေးဇယားအောက်ခြေကအသင်းဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်အသင်းကို ၂-၁ နဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပေမယ့်လည်း ကြီးမားတဲ့အသင်းအတွင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး လာမယ့်စနေနေ့ပွဲစဉ်မှာ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်း နည်းပြဆိုးလ်ရှားက ရှက်ဖီးယူနိုက်တက်အသင်းက မန်ချက်စတာယူနိုက်တက်အသင်း အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တဲ့ ဗုဒ္ဓဟူးနေ့ည ပွဲစဉ်အတွင်း အမှား ၂ ကြိမ် ပြုလုပ်ခဲ့တဲ့ ကွင်းလယ်ဒိုင် ပီတာ ဘန့်စ်ကို ပြစ်တင်ဝေဖန်လိုက်ပြီး အဖွင့်ဂိုးမှာ ဒဟေးယားကို ဘီလီ ရှပ် ကြားဝင်နှောင့်ယှက်ခဲ့ပေမယ့်လည်း ကီးန် ဘရိုင်ယန်ရဲ့ဂိုးကို ခွင့်ပြုခဲ့သလို အဖွင့်ဂိုးပေးပြီးမိနစ်အနည်းငယ်အကြာမှာ အန်သိုနီ မာစီယယ်လ်ရဲ့ ဂိုးကို ငြင်းပယ်ခဲ့တဲ့အတွက် ဒေါသထွက်ခဲ့တယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားက ရှက်ဖီးယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဆိုးရွားတဲ့ခံစစ်က ရမှတ် လျော့ကျစေခဲ့တာလို့ ခံစားခဲ့ရပြီး အိုလီဗာ ဘာ့ခ်အနေနဲ့ ပင်နယ်တီဧရိယာထဲမှာ အနားမှာဘယ်သူမှမရှိဘဲ ဘောလုံးကိုထိပြီး ထိန်းချုပ်ဂိုးကန်သွင်းသွားနိုင်ခဲ့တာက ကောင်းသင့်သလောက် မကောင်းမွန်ခဲ့တာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ရှက်ဖီးယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က စွမ်းဆောင်ရည်အတွက် ၎င်းအပါအဝင် တစ်သင်းလုံး ပြစ်တင်ဝေဖန်ခံရကောင်း ခံရနိုင်တယ်လို့ ထင်မြင်နေပြီး မာစီယယ်လ်အနေနဲ့ ဝေဖန်မှုကနေ ကင်းလွတ်ခွင့် ရမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပေမယ့် လေ့ကျင့်ရေးမှာ အဆုံးသတ်ပိုင်းနဲ့ ရွေ့လျားမှုကို အမှန်တကယ် ပြင်းပြင်းထန်ထန်လေ့ကျင့်နေခဲ့တာကြောင့် ကောင်းမွန်လာမယ်ဆိုတာတော့ သံသယမရှိဘူးလို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်ဟာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေး တစ်ကြိမ်လေးတောင် ဖန်တီးနိုင်ခဲ့ခြင်းမရှိဘူးလို့ Squawka Football က ဖော်ပြခဲ့ပြီး ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်၊ မာစီယယ်လ်တို့ ၃ ဦးပေါင်း ရှက်ဖီးယူနိုက်တက်အသင်းဘက်ကို ဂိုးကန်သွင်းချက်ဟာ ၁၀ ကြိမ်တောင် မကျော်လွန်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး အရှက်ရဖွယ် တိုက်စစ်စွမ်းဆောင်ရည်ဖြစ်ခဲ့။

-မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားက မန်ချက်စတာယူနိုက်တက်ရဲ့ ချေပဂိုးမှာ ဂိုးသမား အာရွန် ရမ်စ်ဒေးကို ၎င်းက ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး ဂိုးခွင့်မပြုပေးခဲ့တာ ကွင်းလယ်ဒိုင် ဘန့်စ် မှားယွင်းခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဘီလီ ရှပ်က ဒေးဗစ်ဒဟေးဟားကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာလောက် မဆိုးရွားခဲ့ဘူးလို့ ယုံကြည်နေသလို ဒဟေးယားကိစ္စမှာလည်း ပြစ်ဒဏ်ကျူးလွန်တာမဟုတ်ခဲ့ရင် ၎င်းရဲ့ကိစ္စမှာလည်း ပြစ်ဒဏ်ကျူးလွန်တာမဟုတ်ဘူးလို့ ပြောကြားခဲ့။

-လီဗာပူးလ်အသင်း ပရိသတ်တွေဟာ မန်ချက်စတာယူနိုက်တက်အသင်းက ရှက်ဖီးယူနိုက်တက်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာက ကြာသပတေးနေ့ညမှာ စပါးအသင်းနဲ့ကစားရမယ့် လီဗာပူးလ်အတွက် တုံ့ပြန်ဖို့ ကြီးမားတဲ့ အခွင့်အရေး ပေးခဲ့တာဖြစ်တယ်လို့ ယုံကြည်နေပြီး ၎င်းတို့ရဲ့ ရှုံးပွဲကို လှောင်ပြောင်ခဲ့တဲ့ ယူနိုက်တက်ကစားသမားဟောင်းတွေနဲ့ ပရိသတ်တွေရဲ့ လမ်းစဉ်မလိုက်ဘဲ ယူနိုက်တက်က ရှုံးနိမ့်ခဲ့ပေမယ့်လည်း စပါးအသင်းကို ခံစစ်ကစားသမားမရှိဘဲ ကစားရမှာကို စိတ်ပူနေကြကြောင်းကိုသာ ပြသခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ရီယိုဖာဒီနန်က ဗုဒ္ဓဟူးနေ့ညက အိုးထရက်ဖို့ဒ်မှာ အမှတ်ပေးဇယားအောက်ဆုံးက ရှက်ဖီးယူနိုက်တက်အသင်းကို ရှုံ့းနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ စိတ်မသက်သာစရာနဲ့ အသက်မဲ့တဲ့ စွမ်းဆောင်ရည်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဒီလိုခြေစွမ်းမတည်ငြိမ်တဲ့ပုံစံနဲ့ဆိုရင် ပရီးမီးယားလိဂ်ဖလား မရနိုင်ဘူးလို့ ပြောကြားခဲ့။








REF: INTERNET SOURCES
SPORTS A2Z.