Match Report Premier League

ထရိုဂျန် ၃၈ နဲ့ မြို့ခံပြိုင်ဘက်ဆီက နံပါတ် ၁ ကို ပြန်မယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ လုခ်ရှော၊ လင်ဒီလော့ဖ်တို့ကို အနားပေးခဲ့ပြီး တွမ်ဇီဘီနဲ့ အဲလက်စ် တဲလက်စ်တို့ကို ပွဲထုတ်လာခဲ့သလို ကွင်းလယ်မှာလည်း မာတစ်ချ်ကို ထည့်သွင်းခဲ့ချိန်မှာ တိုက်စစ်မှူးနေရာမှာ ကာဗာနီအစား မာစီယယ်လ်နဲ့ အိမ်ကွင်းမှာ ပြင်ဆင်လာခဲ့ပါတယ်။

ဒီနေ့ရဲ့ ကစားကွက်ကတော့ အနည်းငယ် လေးလံနေခဲ့တာကို တွေ့ရပြီး ရှက်ဖီးလ်ဒ်ကို လျှော့တွက်ထားတဲ့ မာတစ်ချ်ရဲ့ ကွင်းလယ်နဲ့ ဘယ်ခြမ်းက အဲလက်စ် တဲလက်စ်တို့ဟာ တိုက်စစ်ကို ပံ့ပိုးနိုင်မှု နည်းပါးခဲ့သလို ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ ရုန်းကန်နေခဲ့ရပြီး ဂရင်းဝုဒ် ခြေပျောက်ချိန်မှာ ရက်ရှ်ဖို့ဒ်လည်း တစ်ကိုယ်တော် ရုန်းနေခဲ့ရတာပါ။

အဝေးကန်ချက်တွေ၊ မတိကျတဲ့ ဖြတ်တင်မှုနဲ့ ထိုးဖောက်နေခဲ့ချိန်မှာ ယူနိုက်တက်တို့ ဘောလုံးပိုင်ဆိုင်မှုကလွဲလို့ ဂိုးရဖို့ မနီးစပ်ခဲ့ဘဲ မထင်မှတ်ဘဲ ဂိုးရသွားခဲ့တာကတော့ ခံစစ်ကစားဖို့ ပြင်ဆင်လာခဲ့တဲ့ ဧည့်သည် ရှက်ဖီးလ်ဒ်ယူနိုက်တက်ပဲဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာ ပေးခဲ့ရတဲ့ ထောင့်ကန်ဘောကနေ ဒီနေ့ပွဲရဲ့ ဝင်ကစားနေကျ နောက်တန်းတွေ မဟုတ်တဲ့ အဲလက်စ် တဲလက်စ်နဲ့ တွမ်ဇီဘီတို့ ကာကွယ်ပုံ ညံ့ခဲ့ရာကနေ ရှက်ဖီးလ်ဒ် ကွင်းလယ်လူ ဘရိုင်ယန်က လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရခဲ့ပြီး အန္တရာယ်ကို မြင်လိုက်တဲ့ ဒဟေးယားကို အနိုင်ယူဖို့ တစ်စက္ကန့်လောက် စောခဲ့ချိန်မှာ ဧည့်သည်တွေ အဖွင့်ဂိုးရခဲ့တာလည်းဖြစ်ပါတယ်။

ဂိုးပေးလိုက်ရပေမယ့် ယူနိုက်တက်တို့ရဲ့ တုံ့ပြန်ပုံကတော့ အားရစရာ မရှိဘဲ ပွဲပန်းနေတာကို မြင်ရသလို ညာခြမ်းကနေလည်း ဂရင်းဝုဒ်က အတွင်းဝင်သွားချိန်မှာ ဝန်ဘစ်ဆာကာ တစ်ယောက်တည်း ထိုးဖောက်နေရပြီး ထူးထူးခြားခြားလုပ်ပြနိုင်ခြင်းမရှိတာမို့လို့ ပထမပိုင်းကို ဧည့်သည်တွေက တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဖရက်ဒ်၊ မက်တော်မီနေး၊ လုခ်ရှောတို့ထဲက နှစ်ယောက်လောက်ကို ထည့်ပြီး အသင်းရဲ့ Tempo ကို မြှင့်တင်လာမလား ဆိုတဲ့ ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို ဆိုးလ်ရှားက ဖျက်ပစ်ခဲ့ပြီး အပြောင်းအလဲမရှိဘဲ ကစားနေခဲ့သလို ရှက်ဖီးလ်ဒ်တို့ကတောင်မှ ထပ်မံခြိမ်းခြောက်လာခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ ဖရီးကစ်က နည်းစနစ်ကောင်းခဲ့ပေမယ့် ဂိုးသမား ရမ်းစ်ဒေးလ်အတွက် လွယ်ကူလွန်းနေခဲ့လို့ စိတ်ပျက်ခဲ့ရအပြီး ပွဲချိန် ၆၄ မိနစ်မှာတော့ ထောင့်ကန်ဘောတစ်ပေါက်ပဲရှိတဲ့ အဲလက်စ် တဲလက်စ်ရဲ့ ကန်တင်ပေးမှုကနေ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားက ခေါင်းတိုက်ပြီး ချေပနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ ဂရင်းဝုဒ်နေရာမှာ ကာဗာနီကို ထည့်ခဲ့ပေမယ့် ကွင်းလယ်အင်ဂျင်ကို မပြင်တဲ့ ယူနိုက်တက်ကို ရှက်ဖီးလ်ဒ်တို့ကတောင် ထပ်မံထိုးနှက်နိုင်ခဲ့ပြီး လူငယ်ခံစစ်မှူး တွမ်ဇီဘီကတော့ လုံးဝပွဲမထွက်သင့်တဲ့ အနေအထားမျိုးနဲ့ လူငယ်လား အဘိုးကြီးလား မေးရအောင် လေးလံပျင်းရိတဲ့ ကစားပုံနဲ့ ခံစစ်မှာ ဆိုးရွားတဲ့ ပုံစံပဲ ပြနေခဲ့ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ လုခ်ရှောမပါလို့ ဖျက်အားညံ့နေတဲ့ ဘယ်ခြမ်းကနေပဲ ရှက်ဖီးလ်ဒ်တို့ အလုပ်လုပ်သွားခဲ့ပြီး လန်းစ်ထရမ်နဲ့ အဖွဲ့က စိမ်ပြေနပြေ အပေးအယူလုပ်ပြီးမှ လွတ်သွားတဲ့ ဘာ့ခ်က ကန်သွင်းခဲ့ရာမှာ ပိတ်ဆို့ဖို့ နောက်ကျနေတဲ့ တွမ်ဇီဘီနဲ့ထိပြီး ဂိုးပိုက်အမိုးပေါ်ကို ဝင်သွားခဲ့လို့ ဒဟေးယား မကာကွယ်နိုင်ဘဲ ဂိုးထပ်ပေးခဲ့ရပါတယ်။

၈၃ မိနစ်မှာတော့ဆိုးလ်ရှားရဲ့ နောက်ဆုံးလူစားလဲမှုအနေနဲ့ တဲလက်စ်နဲ့ တွမ်ဇီဘီအစား လုခ်ရှောနဲ့ ဗန်ဒဘိခ်တို့ကို ထည့်ခဲ့ပေမယ့် ဝါရင့် ဂျာဂျယ်လ်ကာ ဦးဆောင်တဲ့ ရှက်ဖီးလ်ဒ်နောက်တန်းကို ကျော်နိုင်ဖို့ ခက်ခဲနေခဲ့ပြီး ဂိုးသမား ရမ်းစ်ဒေးလ်ကပါ ထူးထူးခြားခြား တည်ငြိမ်နေခဲ့တာမို့ ပွဲအဖြေကို ပြောင်းလဲနိုင်ခြင်းလည်း မရှိတော့တာပါ။

မိနစ် ၉၀ ပြည့်ချိန်မှာတော့ မန်ချက်စတာယူနိုက်တက်တို့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ပွဲမထွက်သင့်တဲ့သူတွေကို သုံးစွဲရင်း မမျှော်လင့်ဘဲ ရှက်ဖီးလ်ဒ်တို့ကို ၄၈ နှစ်အတွင်း ပထမဆုံးအကြိမ် ရှုံးပွဲတွေ့ခဲ့ရပြီး မြို့ခံပြိုင်ဘက် မန်စီးတီးဆီကနေ အမှတ်ပေးဇယားရဲ့ နံပါတ်တစ်နေရာကို ပြန်မယူနိုင်ဘဲ အဆင့်နှစ်ဆီကို ရောက်ရှိသွားခဲ့ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ လုခ္ေရွာ၊ လင္ဒီေလာ့ဖ္တို႔ကို အနားေပးခဲ့ၿပီး တြမ္ဇီဘီနဲ႔ အဲလက္စ္ တဲလက္စ္တို႔ကို ပြဲထုတ္လာခဲ့သလို ကြင္းလယ္မွာလည္း မာတစ္ခ်္ကို ထည့္သြင္းခဲ့ခ်ိန္မွာ တိုက္စစ္မႉးေနရာမွာ ကာဗာနီအစား မာစီယယ္လ္နဲ႔ အိမ္ကြင္းမွာ ျပင္ဆင္လာခဲ့ပါတယ္။

ဒီေန႔ရဲ႕ ကစားကြက္ကေတာ့ အနည္းငယ္ ေလးလံေနခဲ့တာကို ေတြ႕ရၿပီး ရွက္ဖီးလ္ဒ္ကို ေလွ်ာ့တြက္ထားတဲ့ မာတစ္ခ်္ရဲ႕ ကြင္းလယ္နဲ႔ ဘယ္ျခမ္းက အဲလက္စ္ တဲလက္စ္တို႔ဟာ တိုက္စစ္ကို ပံ့ပိုးႏိုင္မႈ နည္းပါးခဲ့သလို ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တို႔ ႐ုန္းကန္ေနခဲ့ရၿပီး ဂရင္းဝုဒ္ ေျခေပ်ာက္ခ်ိန္မွာ ရက္ရွ္ဖို႔ဒ္လည္း တစ္ကိုယ္ေတာ္ ႐ုန္းေနခဲ့ရတာပါ။

အေဝးကန္ခ်က္ေတြ၊ မတိက်တဲ့ ျဖတ္တင္မႈနဲ႔ ထိုးေဖာက္ေနခဲ့ခ်ိန္မွာ ယူႏိုက္တက္တို႔ ေဘာလုံးပိုင္ဆိုင္မႈကလြဲလို႔ ဂိုးရဖို႔ မနီးစပ္ခဲ့ဘဲ မထင္မွတ္ဘဲ ဂိုးရသြားခဲ့တာကေတာ့ ခံစစ္ကစားဖို႔ ျပင္ဆင္လာခဲ့တဲ့ ဧည့္သည္ ရွက္ဖီးလ္ဒ္ယူႏိုက္တက္ပဲျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာ ေပးခဲ့ရတဲ့ ေထာင့္ကန္ေဘာကေန ဒီေန႔ပြဲရဲ႕ ဝင္ကစားေနက် ေနာက္တန္းေတြ မဟုတ္တဲ့ အဲလက္စ္ တဲလက္စ္နဲ႔ တြမ္ဇီဘီတို႔ ကာကြယ္ပုံ ညံ့ခဲ့ရာကေန ရွက္ဖီးလ္ဒ္ ကြင္းလယ္လူ ဘ႐ိုင္ယန္က လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ခြင့္ရခဲ့ၿပီး အႏၲရာယ္ကို ျမင္လိုက္တဲ့ ဒေဟးယားကို အႏိုင္ယူဖို႔ တစ္စကၠန႔္ေလာက္ ေစာခဲ့ခ်ိန္မွာ ဧည့္သည္ေတြ အဖြင့္ဂိုးရခဲ့တာလည္းျဖစ္ပါတယ္။

ဂိုးေပးလိုက္ရေပမယ့္ ယူႏိုက္တက္တို႔ရဲ႕ တုံ႔ျပန္ပုံကေတာ့ အားရစရာ မရွိဘဲ ပြဲပန္းေနတာကို ျမင္ရသလို ညာျခမ္းကေနလည္း ဂရင္းဝုဒ္က အတြင္းဝင္သြားခ်ိန္မွာ ဝန္ဘစ္ဆာကာ တစ္ေယာက္တည္း ထိုးေဖာက္ေနရၿပီး ထူးထူးျခားျခားလုပ္ျပႏိုင္ျခင္းမရွိတာမို႔လို႔ ပထမပိုင္းကို ဧည့္သည္ေတြက တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ဖရက္ဒ္၊ မက္ေတာ္မီေနး၊ လုခ္ေရွာတို႔ထဲက ႏွစ္ေယာက္ေလာက္ကို ထည့္ၿပီး အသင္းရဲ႕ Tempo ကို ျမႇင့္တင္လာမလား ဆိုတဲ့ ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ကို ဆိုးလ္ရွားက ဖ်က္ပစ္ခဲ့ၿပီး အေျပာင္းအလဲမရွိဘဲ ကစားေနခဲ့သလို ရွက္ဖီးလ္ဒ္တို႔ကေတာင္မွ ထပ္မံၿခိမ္းေျခာက္လာခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္ရဲ႕ ဖရီးကစ္က နည္းစနစ္ေကာင္းခဲ့ေပမယ့္ ဂိုးသမား ရမ္းစ္ေဒးလ္အတြက္ လြယ္ကူလြန္းေနခဲ့လို႔ စိတ္ပ်က္ခဲ့ရအၿပီး ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာတစ္ေပါက္ပဲရွိတဲ့ အဲလက္စ္ တဲလက္စ္ရဲ႕ ကန္တင္ေပးမႈကေန အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားက ေခါင္းတိုက္ၿပီး ေခ်ပႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ ဂရင္းဝုဒ္ေနရာမွာ ကာဗာနီကို ထည့္ခဲ့ေပမယ့္ ကြင္းလယ္အင္ဂ်င္ကို မျပင္တဲ့ ယူႏိုက္တက္ကို ရွက္ဖီးလ္ဒ္တို႔ကေတာင္ ထပ္မံထိုးႏွက္ႏိုင္ခဲ့ၿပီး လူငယ္ခံစစ္မႉး တြမ္ဇီဘီကေတာ့ လုံးဝပြဲမထြက္သင့္တဲ့ အေနအထားမ်ဳိးနဲ႔ လူငယ္လား အဘိုးႀကီးလား ေမးရေအာင္ ေလးလံပ်င္းရိတဲ့ ကစားပုံနဲ႔ ခံစစ္မွာ ဆိုး႐ြားတဲ့ ပုံစံပဲ ျပေနခဲ့ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ လုခ္ေရွာမပါလို႔ ဖ်က္အားညံ့ေနတဲ့ ဘယ္ျခမ္းကေနပဲ ရွက္ဖီးလ္ဒ္တို႔ အလုပ္လုပ္သြားခဲ့ၿပီး လန္းစ္ထရမ္နဲ႔ အဖြဲ႕က စိမ္ေျပနေျပ အေပးအယူလုပ္ၿပီးမွ လြတ္သြားတဲ့ ဘာ့ခ္က ကန္သြင္းခဲ့ရာမွာ ပိတ္ဆို႔ဖို႔ ေနာက္က်ေနတဲ့ တြမ္ဇီဘီနဲ႔ထိၿပီး ဂိုးပိုက္အမိုးေပၚကို ဝင္သြားခဲ့လို႔ ဒေဟးယား မကာကြယ္ႏိုင္ဘဲ ဂိုးထပ္ေပးခဲ့ရပါတယ္။

၈၃ မိနစ္မွာေတာ့ဆိုးလ္ရွားရဲ႕ ေနာက္ဆုံးလူစားလဲမႈအေနနဲ႔ တဲလက္စ္နဲ႔ တြမ္ဇီဘီအစား လုခ္ေရွာနဲ႔ ဗန္ဒဘိခ္တို႔ကို ထည့္ခဲ့ေပမယ့္ ဝါရင့္ ဂ်ာဂ်ယ္လ္ကာ ဦးေဆာင္တဲ့ ရွက္ဖီးလ္ဒ္ေနာက္တန္းကို ေက်ာ္ႏိုင္ဖို႔ ခက္ခဲေနခဲ့ၿပီး ဂိုးသမား ရမ္းစ္ေဒးလ္ကပါ ထူးထူးျခားျခား တည္ၿငိမ္ေနခဲ့တာမို႔ ပြဲအေျဖကို ေျပာင္းလဲႏိုင္ျခင္းလည္း မရွိေတာ့တာပါ။

မိနစ္ ၉၀ ျပည့္ခ်ိန္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔ အိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္မွာ ပြဲမထြက္သင့္တဲ့သူေတြကို သုံးစြဲရင္း မေမွ်ာ္လင့္ဘဲ ရွက္ဖီးလ္ဒ္တို႔ကို ၄၈ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ရႈံးပြဲေတြ႕ခဲ့ရၿပီး ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးဆီကေန အမွတ္ေပးဇယားရဲ႕ နံပါတ္တစ္ေနရာကို ျပန္မယူႏိုင္ဘဲ အဆင့္ႏွစ္ဆီကို ေရာက္ရွိသြားခဲ့ရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.