Match Report Premier League

နည်းပြသစ်လက်ထက်မှာ သရေနဲ့ စဖွင့်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲဟာ နည်းပြသစ် သောမတ်စ် တူဟယ်လ်ရဲ့ ပထမဆုံးပွဲဖြစ်တာကြောင့် ပရိသတ်တွေက သူ့အနေနဲ့ ပီအက်စ်ဂျီမှာလို ခံစစ် သုံးယောက်တန်းကို သုံးလာနိုင်တယ်လို့ ထင်ခဲ့ကြပေမယ့် လမ်းပတ်ကို ပြုတ်အောင်လုပ်ခဲ့တဲ့ အတွဲဖြစ်တဲ့ သီယာဂို ဆေးလ်ဗားနဲ့ ရူဒီဂါတို့ နှစ်ယောက်ကိုပဲ သုံးစွဲလာခဲ့ပါတယ်။

ပွဲစပြီး ၅ မိနစ်လောက်မှာပဲ ညာတောင်ပံက ဟဒ်ဆန်-အိုဒွိုင်း အနိမ့်ဘောချိုးပေးတာကို တိုက်စစ်မှူး ဂျီရူး နောက်ကျနေခဲ့လို့ အဖွင့်ဂိုးနဲ့ ဝေးပြီး နစ်နာခဲ့ရသလို ဒီနေရာမှာ ပိုမိုငယ်ရွယ်တဲ့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ အေဘရာဟမ်နဲ့ ဗာနာတို့ဆိုရင် ဂိုးရနိုင်လောက်တဲ့ အနေအထားမှာလည်း ရှိခဲ့တာပါ။

ချဲလ်ဆီးတို့အနေနဲ့ Attacking Midfielder နေရာမှာ ကစားတဲ့ ဇီးယက်ရှ်နဲ့ ဟတ်ဒ်ဆန်-အိုဒွိုင်းတို့ရဲ့ ညာခြမ်းက အဓိက အခြေပြု ထိုးဖောက်နေခဲ့ပြီး ဘယ်ခြမ်းက ဟာဗတ်ဇ်နဲ့ ဇီးယက်ရှ်တို့ကိုတော့ အဆုံးသတ်ပိုင်းကို ပိုမိုပံ့ပိုးပေးဖို့ လုပ်ဆောင်ခဲ့ပေမယ့်လည်း အောင်မြင်မှုတော့ မရရှိခဲ့သလို ဖရီးကစ်ကနေ ရူဒီဂါရဲ့ ခေါင်းတိုက်ချက်ကလည်း ဘားကျော်သွားခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း လေးပင်နေတဲ့ ဂျီရူးကို စောစောစီးစီး မထုတ်ခဲ့တာ၊ အသင်းရဲ့ တိုက်စစ်နေရာယူပုံမှာ အဆုံးသတ်သူ Finisher က ချေးလ်ဝဲလ် ဖြစ်နေတာတွေက ဒီပွဲရဲ့ အဖြေကို မပြောင်းလဲနိုင်တဲ့ အချက်တွေဖြစ်စေပြီး ပူလီရှစ်ချ်၊ အေဘရာဟမ်နဲ့ မေဆန်မောင့်တို့ကို ထည့်သွင်းခဲေ့ပမယ့်လည်း ထူးခြားခဲ့ခြင်းတော့ မရှိတော့တာပါ။

တိုက်စစ်မှူးတွေရဲ့ နေရာယူပုံတွေ အားနည်းမှုနဲ့အတူ သိပ်ပြီး ရင်ခုန်စရာမဖြစ်ခဲ့တဲ့ ဒီပွဲက မိနစ် ၉၀ ပြည့်ချိန်မှာလည်း သာမန်ကာလျှံကာ သရေပွဲတစ်ပွဲပဲ ဖြစ်ခဲ့ပြီး လူမစုံတဲ့ နူနို ဆန်တိုအတွက်လည်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချစ်ကြည်ရေးကိုပဲ အလိုရှိခဲ့တာဖြစ်လို့ ဂျာမန်နည်းပြသစ် တူဟယ်လ်အနေနဲ့တော့ ရမှတ် တစ်မှတ်နဲ့ အိမ်ကွင်းမှာ ကစားရတဲ့ ပထမဆုံးကိုင်တွယ်မှုက ပရိသတ်တွေအတွက်တော့ ထူးမခြားနားပဲ ဖြစ်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲဟာ နည်းပြသစ် သောမတ်စ် တူဟယ်လ်ရဲ့ ပထမဆုံးပွဲဖြစ်တာကြောင့် ပရိသတ်တွေက သူ့အနေနဲ့ ပီအက်စ်ဂျီမှာလို ခံစစ် သုံးယောက်တန်းကို သုံးလာနိုင်တယ်လို့ ထင်ခဲ့ကြပေမယ့် လမ်းပတ်ကို ပြုတ်အောင်လုပ်ခဲ့တဲ့ အတွဲဖြစ်တဲ့ သီယာဂို ဆေးလ်ဗားနဲ့ ရူဒီဂါတို့ နှစ်ယောက်ကိုပဲ သုံးစွဲလာခဲ့ပါတယ်။



ဒုတိယပိုင်းမှာလည်း လေးပင်နေတဲ့ ဂျီရူးကို စောစောစီးစီး မထုတ်ခဲ့တာ၊ အသင်းရဲ့ တိုက်စစ်နေရာယူပုံမှာ အဆုံးသတ်သူ Finisher က ချေးလ်ဝဲလ် ဖြစ်နေတာတွေက ဒီပွဲရဲ့ အဖြေကို မပြောင်းလဲနိုင်တဲ့ အချက်တွေဖြစ်စေပြီး ပူလီရှစ်ခ်ျ၊ အေဘရာဟမ်နဲ့ မေဆန်မောင့်တို့ကို ထည့်သွင်းခဲပေ့မယ့်လည်း ထူးခြားခဲ့ခြင်းတော့ မရှိတော့တာပါ။

တိုက်စစ်မှူးတွေရဲ့ နေရာယူပုံတွေ အားနည်းမှုနဲ့အတူ သိပ်ပြီး ရင်ခုန်စရာမဖြစ်ခဲ့တဲ့ ဒီပွဲက မိနစ် ၉၀ ပြည့်ချိန်မှာလည်း သာမန်ကာလျှံကာ သရေပွဲတစ်ပွဲပဲ ဖြစ်ခဲ့ပြီး လူမစုံတဲ့ နူနို ဆန်တိုအတွက်လည်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ချစ်ကြည်ရေးကိုပဲ အလိုရှိခဲ့တာဖြစ်လို့ ဂျာမန်နည်းပြသစ် တူဟယ်လ်အနေနဲ့တော့ ရမှတ် တစ်မှတ်နဲ့ အိမ်ကွင်းမှာ ကစားရတဲ့ ပထမဆုံးကိုင်တွယ်မှုက ပရိသတ်တွေအတွက်တော့ ထူးမခြားနားပဲ ဖြစ်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.