Premier League Transfer News

27 Jan ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ လာမယ့် စပါးစ်နဲ့ပွဲအတွက် အသင်းခေါင်းဆောင်ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်နဲ့ နောက်ခံလူ ဂျိုယယ်လ် မာတစ်ပ်တို့ ပြန်လည်ပါဝင်နိုင်မယ်လို့ သိရပြီး ဒီအတွက် ပြိုင်ဘက်ပရိသတ်တွေကတော့ စိတ်ပျက်နေကြကြောင်း တွစ်တာပေါ်မှာ ရေးသားနေကြ။

– အသင်းရဲ့ ဒီရာသီ ဘဏ္ဏာရေးနဲ့ ပတ်သက်လို့ စေးနှဲတဲ့ လုပ်ရပ်တွေကတော့ ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး လီဗာပူးလ် တာဝန်ရှိသူတွေအနေနဲ့ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒေးဗစ် အလာဘာကို ခေါ်ယူဖို့အတွက် လက်လျှော့မယ့်အချိန်မှာ ယာဂန် ကလော့ပ်ရဲ့ အတင်းတောင်းဆိုမှုကြောင့် ရှေ့ဆက်ခဲ့တာလို့ဆိုနေကြ။

– လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြပြီး နိုင်ပွဲတွေ ဆက်တိုက်ရယူရာမှာ အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ပေါင်သန်း ၄၀ တန် ရှေ့တန်းလူ ဒီယိုဂို ဂျိုတာအနေနဲ့ ဒူးဒဏ်ရာကနေ ပြန်လာနိုင်ဖို့ နီးစပ်နေပြီး ဖေဖော်ဝါရီလ ပထမပတ်ထဲမှာ အသင်းနဲ့အတူ ပူးပေါင်းနိုင်ဖို့ရှိနေ။

– လီဗာပူးလ်တာဝန်ရှိသူတွေအနေနဲ့ ပရိသတ်တွေကို ဒီထက်ပိုပြီး စိတ်ပျက်အောင်မလုပ်ဖို့ အက်သလက်တစ်ရဲ့ ဂျာနယ်လစ် ဂျိမ်းစ် ပီးယားစ်က သတိပေးလိုက်ပြီး ဗဟိုနောက်ခံလူသစ်တစ်ဦးကို လာမယ့်တနင်္ဂနွေနေ့မှာ နောက်ဆုံးထားပြီး ခေါ်ယူဖို့နဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အယ်ဒါ မီလီတိုကိုပဲ ညွှန်ပြတိုက်တွန်းသွားခဲ့။

– ရှော်လ်ကာနောက်ခံလူကို အိုဇန် ကာဘက်ကို ခေါ်ယူဖို့ လီဗာပူးလ်တို့အနေနဲ့ အကြံကြီးကြီးကြံနေပြီး ပရိသတ်တွေအတွက်တော့ လည်ပင်းရှည်ရဦးမှာဖြစ်တဲ့ အစီအစဉ်က လာမယ့်ရာသီကုန်မှာ တန်းဆင်းနိုင်တဲ့ ဘွန်ဒက်စ်လီဂါကလပ်ရဲ့ နိမ့်ပါးချိန်ကို စောင့်ဆိုင်းနေတယ်လို့ သိရ။

– လီဗာပူးလ်အသင်းအနေနဲ့ ဆောင်းရာသီ အငှားခေါ်ယူမှုတွေမှာ ခံစစ်အပြင် တိုက်စစ်ပိုင်းကိုလည်း စဉ်းစားနေခဲ့ပြီး ရုန်းကန်နေရတဲ့ တိုက်စစ်သုံးဦးနဲ့ တကယ်တမ်း အသုံးမပြုလိုတဲ့ မီနာမီနိုတို့နေရာမှာ ထောက်ကူသုံးစွဲဖို့ စပါးစ်အသင်းက ထွက်ခွာလိုနေတဲ့ ကွင်းလယ်လူ ဒယ်လီ အယ်လီကို အလိုရှိနေ။

– အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ မိုဟာမက် ဆာလားနဲ့ ရောဘတ်တို ဖာမီနိုတို့ဟာ ပြီးခဲ့တဲ့ ရာသီကနဲ့ မတူတဲ့ လူစိမ်းတွေလိုဖြစ်နေပြီး အထူးသဖြင့် အီဂျစ်သားဟာ ပရီးမီးယားလိဂ်မှာ ဂိုးတွေ သွင်းယူနေနိုင်ပေမယ့် မျက်နှာကို ကြည့်ရတာတော့ ယုံကြည်မှုကျဆင်းနေတဲ့ပုံစံလို့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ရော်ဘီ ဖောင်လာ ထောက်ပြသွားခဲ့။

– စပါးစ်အသင်းနဲ့ ကစားမယ့် လီဗာပူးလ်အသင်းအနေနဲ့ အဝေးကွင်းမှာ ရုန်းကန်ရနိုင်ပြီး နည်းပြ ဂျိုဆေး မော်ရင်ညိုအနေနဲ့ အန်းဖီးလ်မှာ ပွဲပြီးခါနီးမှ ရှုံးနိမ့်ခဲ့ရတာကို မေ့မှာ မဟုတ်သလို ယာဂန် ကလော့ပ်ကလည်း ကြိုးစားမှာဖြစ်လို့ တစ်ဂိုးစီသရေပဲဖြစ်လိမ့်မယ်လို့ အသင်း ကစားသမားဟောင်း လော်ရို ခန့်မှန်း။

– လီဗာပူးလ်အသင်းအနေနဲ့ ဒီဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ နောက်ခံလူသစ်တစ်ဦးကို ငွေကြေးသုံးစွဲပြီး အပြီးသတ်ခေါ်ယူမယ် ဆိုရင် စီးရီးအေကလပ် ကက်ဂလီယာရီအသင်းရဲ့ ပိုလန်လက်ရွေးစင်ကစားသမား ဆီဘက်စတီယန် ဗာလူကစ်ချ်ပဲဖြစ်လိမ့်မယ်လို့ အပြောင်းအရွှေ့စောင့်ကြည့်သူတွေ သုံးသပ်ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ လာမယ့္ စပါးစ္နဲ႔ပြဲအတြက္ အသင္းေခါင္းေဆာင္ကြင္းလယ္လူ ေဂ်ာ္ဒန္ ဟန္ဒါဆန္နဲ႔ ေနာက္ခံလူ ဂ်ိဳယယ္လ္ မာတစ္ပ္တို႔ ျပန္လည္ပါဝင္ႏိုင္မယ္လို႔ သိရၿပီး ဒီအတြက္ ၿပိဳင္ဘက္ပရိသတ္ေတြကေတာ့ စိတ္ပ်က္ေနၾကေၾကာင္း တြစ္တာေပၚမွာ ေရးသားေနၾက။

– အသင္းရဲ႕ ဒီရာသီ ဘဏၰာေရးနဲ႔ ပတ္သက္လို႔ ေစးႏွဲတဲ့ လုပ္ရပ္ေတြကေတာ့ ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး လီဗာပူးလ္ တာဝန္ရွိသူေတြအေနနဲ႔ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ ေဒးဗစ္ အလာဘာကို ေခၚယူဖို႔အတြက္ လက္ေလွ်ာ့မယ့္အခ်ိန္မွာ ယာဂန္ ကေလာ့ပ္ရဲ႕ အတင္းေတာင္းဆိုမႈေၾကာင့္ ေရွ႕ဆက္ခဲ့တာလို႔ဆိုေနၾက။

– လီဗာပူးလ္အသင္းမွာ ေျခစြမ္းျပၿပီး ႏိုင္ပြဲေတြ ဆက္တိုက္ရယူရာမွာ အဓိက ကစားသမားတစ္ဦးျဖစ္ခဲ့တဲ့ ေပါင္သန္း ၄၀ တန္ ေရွ႕တန္းလူ ဒီယိုဂို ဂ်ိဳတာအေနနဲ႔ ဒူးဒဏ္ရာကေန ျပန္လာႏိုင္ဖို႔ နီးစပ္ေနၿပီး ေဖေဖာ္ဝါရီလ ပထမပတ္ထဲမွာ အသင္းနဲ႔အတူ ပူးေပါင္းႏိုင္ဖို႔ရွိေန။

– လီဗာပူးလ္တာဝန္ရွိသူေတြအေနနဲ႔ ပရိသတ္ေတြကို ဒီထက္ပိုၿပီး စိတ္ပ်က္ေအာင္မလုပ္ဖို႔ အက္သလက္တစ္ရဲ႕ ဂ်ာနယ္လစ္ ဂ်ိမ္းစ္ ပီးယားစ္က သတိေပးလိုက္ၿပီး ဗဟိုေနာက္ခံလူသစ္တစ္ဦးကို လာမယ့္တနဂၤေႏြေန႔မွာ ေနာက္ဆုံးထားၿပီး ေခၚယူဖို႔နဲ႔ ရီးရဲလ္မက္ဒရစ္ရဲ႕ အယ္ဒါ မီလီတိုကိုပဲ ၫႊန္ျပတိုက္တြန္းသြားခဲ့။

– ေရွာ္လ္ကာေနာက္ခံလူကို အိုဇန္ ကာဘက္ကို ေခၚယူဖို႔ လီဗာပူးလ္တို႔အေနနဲ႔ အႀကံႀကီးႀကီးႀကံေနၿပီး ပရိသတ္ေတြအတြက္ေတာ့ လည္ပင္းရွည္ရဦးမွာျဖစ္တဲ့ အစီအစဥ္က လာမယ့္ရာသီကုန္မွာ တန္းဆင္းႏိုင္တဲ့ ဘြန္ဒက္စ္လီဂါကလပ္ရဲ႕ နိမ့္ပါးခ်ိန္ကို ေစာင့္ဆိုင္းေနတယ္လို႔ သိရ။

– လီဗာပူးလ္အသင္းအေနနဲ႔ ေဆာင္းရာသီ အငွားေခၚယူမႈေတြမွာ ခံစစ္အျပင္ တိုက္စစ္ပိုင္းကိုလည္း စဥ္းစားေနခဲ့ၿပီး ႐ုန္းကန္ေနရတဲ့ တိုက္စစ္သုံးဦးနဲ႔ တကယ္တမ္း အသုံးမျပဳလိုတဲ့ မီနာမီႏိုတို႔ေနရာမွာ ေထာက္ကူသုံးစြဲဖို႔ စပါးစ္အသင္းက ထြက္ခြာလိုေနတဲ့ ကြင္းလယ္လူ ဒယ္လီ အယ္လီကို အလိုရွိေန။

– အသင္းရဲ႕ တိုက္စစ္ကစားသမားေတြျဖစ္ၾကတဲ့ မိုဟာမက္ ဆာလားနဲ႔ ေရာဘတ္တို ဖာမီႏိုတို႔ဟာ ၿပီးခဲ့တဲ့ ရာသီကနဲ႔ မတူတဲ့ လူစိမ္းေတြလိုျဖစ္ေနၿပီး အထူးသျဖင့္ အီဂ်စ္သားဟာ ပရီးမီးယားလိဂ္မွာ ဂိုးေတြ သြင္းယူေနႏိုင္ေပမယ့္ မ်က္ႏွာကို ၾကည့္ရတာေတာ့ ယုံၾကည္မႈက်ဆင္းေနတဲ့ပုံစံလို႔ လီဗာပူးလ္တိုက္စစ္မႉးေဟာင္း ေရာ္ဘီ ေဖာင္လာ ေထာက္ျပသြားခဲ့။

– စပါးစ္အသင္းနဲ႔ ကစားမယ့္ လီဗာပူးလ္အသင္းအေနနဲ႔ အေဝးကြင္းမွာ ႐ုန္းကန္ရႏိုင္ၿပီး နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳအေနနဲ႔ အန္းဖီးလ္မွာ ပြဲၿပီးခါနီးမွ ရႈံးနိမ့္ခဲ့ရတာကို ေမ့မွာ မဟုတ္သလို ယာဂန္ ကေလာ့ပ္ကလည္း ႀကိဳးစားမွာျဖစ္လို႔ တစ္ဂိုးစီသေရပဲျဖစ္လိမ့္မယ္လို႔ အသင္း ကစားသမားေဟာင္း ေလာ္႐ို ခန႔္မွန္း။

– လီဗာပူးလ္အသင္းအေနနဲ႔ ဒီေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ကာလမွာ ေနာက္ခံလူသစ္တစ္ဦးကို ေငြေၾကးသုံးစြဲၿပီး အၿပီးသတ္ေခၚယူမယ္ ဆိုရင္ စီးရီးေအကလပ္ ကက္ဂလီယာရီအသင္းရဲ႕ ပိုလန္လက္ေ႐ြးစင္ကစားသမား ဆီဘက္စတီယန္ ဗာလူကစ္ခ်္ပဲျဖစ္လိမ့္မယ္လို႔ အေျပာင္းအေ႐ႊ႕ေစာင့္ၾကည့္သူေတြ သုံးသပ္ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.