Premier League

ယူနိုက်တက်နဲ့ပွဲမတိုင်မီ စစ်မရောက်ခင် မြှားကုန်တဲ့အဖြစ်မျိုးနဲ့ ကြုံနေရတဲ့အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဆောက်သမ်တန်အသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအပေါ်ပိုင်းကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပေမယ့် အာတီတာဟာ သောမတ်စ် ပါတေးနဲ့ စမစ် ရိုးတို့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် စိုးရိမ်ပူပင်နေရပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုအပတ် အခြားပရီးမီးယားလိဂ်အသင်းတွေ မကစားရသေးမီ အနိုင်ရယူပြီး အမှတ်ပေးဇယားအဆင့် ၈ နေရာကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့နောက် ရမှတ် ၃၀ အထိ ရရှိခဲ့တာဖြစ်ပါတယ်။ နီကိုးလတ်စ် ပီပီ၊ ဆာကာနဲ့ လာကာဇက်တို့က ဆောက်သမ်တန်ကွင်းလယ်ကစားသမား အမ်းစ်ထရောင်းရဲ့ အဖွင့်ဂိုးကို ချေဖျက်ပြီး အာဆင်နယ်အသင်းအတွက် နိုင်ပွဲကို ရယူပေးခဲ့ကြတာဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ အပေါင်းလက္ခဏာဆောင်တဲ့အရာတွေ အများအပြားရှိခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရတော့မယ့်အချိန်မှာ အာတီတာအတွက် စိုးရိမ်စရာ ကြီးမားတဲ့ဒဏ်ရာပြဿနာ ၂ ခုလည်း ရှိနေခဲ့တာဖြစ်ပါတယ်။ ပါတေးနဲ့ စမစ်ရိုးတို့ ၂ ဦးစလုံးဟာ ဒုတိယပိုင်းမှာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရပြီး လက်ရှိမှာတော့ ယူနိုက်တက်နဲ့ ကစားရမယ့် စနေနေ့ပွဲစဉ်မတိုင်မီ အချိန်မီ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

“စမစ် ရိုးက အက်ဖ်အေဖလားပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီး ဒီနေ့မှာ သူ တစ်ပွဲလုံးမကစားနိုင်လောက်ဘူးဆိုတာ ကျွန်တော်တို့ သိခဲ့ပြီးသားပါ။ သူ့မှာ ကြွက်သား သက်တောင့်သက်သာမဖြစ်မှုအချို့ရှိနေခဲ့ပြီး နောက်ထပ်တစ်ကြိမ် လူစားလဲလှယ်ခဲ့ရတာပါ”

“အက်ဖ်အေဖလားပွဲစဉ်မှာ မကစားနိုင်ခဲ့တဲ့ ကစားသမား ၅ ဦးရှိခဲ့ပြီး တီယာနီက သူတို့ထဲက တစ်ယောက်ဖြစ်သလို သောမတ်စ်ကလည်း မိနစ် ၆၀ လောက်အထိ မကစားနိုင်ခဲ့တာ ခင်ဗျား မြင်ခဲ့မှာပါ။ သူတို့ မောပန်းနေတာလား ဒါမှမဟုတ် ဒဏ်ရာရနေတာလား ကျွန်တော်တို့ မသိပါဘူး။ ဒါပေမယ့် အဲဒါက ရုန်းကန်ရပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းဟာ ေဆာက္သမ္တန္အသင္းကို ၃-၁ နဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအေပၚပိုင္းကို တက္လွမ္းနိုင္ခဲ့ၿပီျဖစ္ေပမယ့္ အာတီတာဟာ ေသာမတ္စ္ ပါေတးနဲ႔ စမစ္ ရိုးတို႔ရဲ့ ဒဏ္ရာျပႆနာေတြေၾကာင့္ စိုးရိမ္ပူပင္ေနရၿပီျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ယခုအပတ္ အျခားပရီးမီးယားလိဂ္အသင္းေတြ မကစားရေသးမီ အနိုင္ရယူၿပီး အမွတ္ေပးဇယားအဆင့္ ၈ ေနရာကို တက္လွမ္းနိုင္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ ၆ ပြဲဆက္ ရႈံးပြဲမရွိခဲ့တဲ့ေနာက္ ရမွတ္ ၃၀ အထိ ရရွိခဲ့တာျဖစ္ပါတယ္။ နီကိုးလတ္စ္ ပီပီ၊ ဆာကာနဲ႔ လာကာဇက္တို႔က ေဆာက္သမ္တန္ကြင္းလယ္ကစားသမား အမ္းစ္ထေရာင္းရဲ့ အဖြင့္ဂိုးကို ေခ်ဖ်က္ၿပီး အာဆင္နယ္အသင္းအတြက္ နိုင္ပြဲကို ရယူေပးခဲ့ၾကတာျဖစ္ပါတယ္။

ေဆာက္သမ္တန္အသင္းနဲ႔ပြဲစဥ္မွာ အေပါင္းလကၡဏာေဆာင္တဲ့အရာေတြ အမ်ားအျပားရွိခဲ့ေပမယ့္လည္း မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ ရင္ဆိုင္ရေတာ့မယ့္အခ်ိန္မွာ အာတီတာအတြက္ စိုးရိမ္စရာ ႀကီးမားတဲ့ဒဏ္ရာျပႆနာ ၂ ခုလည္း ရွိေနခဲ့တာျဖစ္ပါတယ္။ ပါေတးနဲ႔ စမစ္ရိုးတို႔ ၂ ဦးစလုံးဟာ ဒုတိယပိုင္းမွာ ဒဏ္ရာေၾကာင့္ လူစားလဲလွယ္ခဲ့ရၿပီး လက္ရွိမွာေတာ့ ယူနိုက္တက္နဲ႔ ကစားရမယ့္ စေနေန႔ပြဲစဥ္မတိုင္မီ အခ်ိန္မီ ႀကံ့ခိုင္မႈျပန္လည္ျပည့္ဝလာဖို႔ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။

“စမစ္ ရိုးက အက္ဖ္ေအဖလားပြဲစဥ္မွာ ဒဏ္ရာရရွိခဲ့ၿပီး ဒီေန႔မွာ သူ တစ္ပြဲလုံးမကစားနိုင္ေလာက္ဘူးဆိုတာ ကၽြန္ေတာ္တို႔ သိခဲ့ၿပီးသားပါ။ သူ႔မွာ ႂကြက္သား သက္ေတာင့္သက္သာမျဖစ္မႈအခ်ိဳ႕ရွိေနခဲ့ၿပီး ေနာက္ထပ္တစ္ႀကိမ္ လူစားလဲလွယ္ခဲ့ရတာပါ”

“အက္ဖ္ေအဖလားပြဲစဥ္မွာ မကစားနိုင္ခဲ့တဲ့ ကစားသမား ၅ ဦးရွိခဲ့ၿပီး တီယာနီက သူတို႔ထဲက တစ္ေယာက္ျဖစ္သလို ေသာမတ္စ္ကလည္း မိနစ္ ၆၀ ေလာက္အထိ မကစားနိုင္ခဲ့တာ ခင္ဗ်ား ျမင္ခဲ့မွာပါ။ သူတို႔ ေမာပန္းေနတာလား ဒါမွမဟုတ္ ဒဏ္ရာရေနတာလား ကၽြန္ေတာ္တို႔ မသိပါဘူး။ ဒါေပမယ့္ အဲဒါက ႐ုန္းကန္ရပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.