Premier League

အီဘရာဟီမိုဗစ်ကို မင်းရော မင်းမိန်းမပါ ယဥပဲလို့ လူကာကူ ဆဲခဲ့ရတဲ့ နောက်ကွယ်ကအကြောင်းအရင်း

အင်တာမီလန်တိုက်စစ်မှူး လူကာကူနဲ့ အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ အင်္ဂါနေ့ညက ကစားခဲ့တဲ့ ကိုပါအီတာလီယာ မီလန်ဒါဘီပွဲစဉ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ၎င်းရဲ့ ယူနိုက်တက်အသင်းဖော်ဟောင်းနဲ့ ဇနီးဖြစ်သူကိုပါ ဆဲဆိုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

လူကာကူရော အီဘရာဟီမိုဗစ်ပါ အင်တာမီလန်အသင်းက အေစီမီလန်အသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ကိုပါအီတာလီယာဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ကြပြီး အီဘရာဟီမိုဗစ်ဟာ ၅၈ မိနစ်မှာ ၂ ဝါ ၁ နီ နဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ဟာ ပထမပိုင်းမှာ အဖွင့်ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး ၇၁ မိနစ်မှာ လူကာကူက ပင်နယ်တီကနေတဆင့် အင်တာမီလန်အတွက် ချေပဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

ခရစ်ရှန် အဲရစ်ဆင်ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် အင်တာမီလန်အသင်းဟာ ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပေမယ့် အင်တာမီလန်နဲ့ အေစီမီလန်တို့ရဲ့ပွဲစဉ်ဟာ လူကာကူနဲ့ အီဘရာဟီမိုဗစ်တို့ရဲ့ ရန်ပွဲကြောင့် အမှတ်ရစရာဖြစ်ခဲ့တာဖြစ်ပါတယ်။ လူကာကူနဲ့ အီဘရာဟီမိုဗစ်တို့ဟာ ပထမပိုင်း ပြီးဆုံးခါနီးမှာ အချင်းများခဲ့ကြတာဖြစ်ပြီး ပွဲကစားချိန် ပြီးဆုံးသွားတဲ့အချိန်မှာ ပြဿနာဆက်လက်ဖြစ်ပွားနေတာကြောင့် အသင်းဖော်တွေက ဝိုင်းဆွဲခဲ့ရတာဖြစ်ပါတယ်။

လူကာကူနဲ့ အီဘရာဟီမိုဗစ်တို့ ၂ ဦးစလုံးဟာ ခိုက်ရန်ဖြစ်ပွားမှုကြောင့် အဝါကတ်ပြား ပြသသတိပေးခြင်းခံခဲ့ရပြီး အီဘရာဟီမိုဗစ်ဟာ ဒုတိယပိုင်း ၅၈ မိနစ်မှာ မန်စီးတီးနောက်ခံကစားသမားဟောင်း ကိုလာရော့ဗ်ကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ လူကာကူဟာ ရန်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ပထမပိုင်းအပြီးမှာ ဆွီဒင်တိုက်စစ်မှူးကို မင်းရော မင်းမိန်းမပါ -ီးပဲလို့ အော်ဟစ်နေခဲ့တာကို ကြားခဲ့ရပါတယ်။

ကွင်းအတွင်းမှာ ပရိသတ်မရှိတာကြောင့် လူကာကူနဲ့ အီဘရာဟီမိုဗစ်တို့ အော်ဟစ်နေကြတဲ့ စကားတွေကို အတိုင်းသား ကြားခဲ့ရပြီး လူကာကူက “သူက ကျွန်တော့်အမေအကြောင်း ပြောချင်နေတာလား။ ခွေးမသား”လို့ ပြောကြားခဲ့ပြီး ယင်းမတိုင်ခင် အီဘရာဟီမိုဗစ်က “မင်းရဲ့ သောက်ရေးမပါတဲ့ အောက်လမ်းအစီအရင်တွေကိုပဲ သွားလုပ်စမ်းပါ ငတုံးလေးရာ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ရဲ့ ပြောစကားဟာ ၂၀၁၈ ခုနှစ်တုန်းက အဲဗာတန်အသင်းရဲ့အဓိကရှယ်ယာအများစုပိုင်ဆိုင်ထားတဲ့ ဖာဟတ် မိုရှီရီရဲ့ ပြောစကားကို သံယောင်လိုက်ခဲ့တာဖြစ်ပုံရပြီး လူကာကူဟာ အဲဗာတန်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို အောက်လမ်းမှော်အတတ်ရဲ့ သတိပေးစကားကြောင့် ငြင်းပယ်ခဲ့တာလို့ အဲဗာတန်အသင်းရှယ်ယာရှင်က ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အင္တာမီလန္တိုက္စစ္မႉး လူကာကူနဲ႔ ေအစီမီလန္တိုက္စစ္မႉး အီဘရာဟီမိုဗစ္ဟာ အဂၤါေန႔ညက ကစားခဲ့တဲ့ ကိုပါအီတာလီယာ မီလန္ဒါဘီပြဲစဥ္မွာ ခိုက္ရန္ျဖစ္ပြားခဲ့ၿပီး ဘယ္လ္ဂ်ီယံတိုက္စစ္မႉးဟာ ၎ရဲ့ ယူနိုက္တက္အသင္းေဖာ္ေဟာင္းနဲ႔ ဇနီးျဖစ္သူကိုပါ ဆဲဆိုခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

လူကာကူေရာ အီဘရာဟီမိုဗစ္ပါ အင္တာမီလန္အသင္းက ေအစီမီလန္အသင္းကို ၂-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ ကိုပါအီတာလီယာဖလား ကြာတားဖိုင္နယ္ပြဲစဥ္မွာ ဂိုးသြင္းယူနိုင္ခဲ့ၾကၿပီး အီဘရာဟီမိုဗစ္ဟာ ၅၈ မိနစ္မွာ ၂ ဝါ ၁ နီ နဲ႔ ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။ အီဘရာဟီမိုဗစ္ဟာ ပထမပိုင္းမွာ အဖြင့္ဂိုးကို သြင္းယူခဲ့တာျဖစ္ၿပီး ၇၁ မိနစ္မွာ လူကာကူက ပင္နယ္တီကေနတဆင့္ အင္တာမီလန္အတြက္ ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။

ခရစ္ရွန္ အဲရစ္ဆင္ရဲ့ ေနာက္က်အနိုင္ဂိုးေၾကာင့္ အင္တာမီလန္အသင္းဟာ ကိုပါအီတာလီယာဖလား ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္သြားနိုင္ခဲ့တာျဖစ္ေပမယ့္ အင္တာမီလန္နဲ႔ ေအစီမီလန္တို႔ရဲ့ပြဲစဥ္ဟာ လူကာကူနဲ႔ အီဘရာဟီမိုဗစ္တို႔ရဲ့ ရန္ပြဲေၾကာင့္ အမွတ္ရစရာျဖစ္ခဲ့တာျဖစ္ပါတယ္။ လူကာကူနဲ႔ အီဘရာဟီမိုဗစ္တို႔ဟာ ပထမပိုင္း ၿပီးဆုံးခါနီးမွာ အခ်င္းမ်ားခဲ့ၾကတာျဖစ္ၿပီး ပြဲကစားခ်ိန္ ၿပီးဆုံးသြားတဲ့အခ်ိန္မွာ ျပႆနာဆက္လက္ျဖစ္ပြားေနတာေၾကာင့္ အသင္းေဖာ္ေတြက ဝိုင္းဆြဲခဲ့ရတာျဖစ္ပါတယ္။

လူကာကူနဲ႔ အီဘရာဟီမိုဗစ္တို႔ ၂ ဦးစလုံးဟာ ခိုက္ရန္ျဖစ္ပြားမႈေၾကာင့္ အဝါကတ္ျပား ျပသသတိေပးျခင္းခံခဲ့ရၿပီး အီဘရာဟီမိုဗစ္ဟာ ဒုတိယပိုင္း ၅၈ မိနစ္မွာ မန္စီးတီးေနာက္ခံကစားသမားေဟာင္း ကိုလာေရာ့ဗ္ကို ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့တာေၾကာင့္ ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ လူကာကူဟာ ရန္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ ပထမပိုင္းအၿပီးမွာ ဆြီဒင္တိုက္စစ္မႉးကို မင္းေရာ မင္းမိန္းမပါ -ီးပဲလို႔ ေအာ္ဟစ္ေနခဲ့တာကို ၾကားခဲ့ရပါတယ္။

ကြင္းအတြင္းမွာ ပရိသတ္မရွိတာေၾကာင့္ လူကာကူနဲ႔ အီဘရာဟီမိုဗစ္တို႔ ေအာ္ဟစ္ေနၾကတဲ့ စကားေတြကို အတိုင္းသား ၾကားခဲ့ရၿပီး လူကာကူက “သူက ကၽြန္ေတာ့္အေမအေၾကာင္း ေျပာခ်င္ေနတာလား။ ေခြးမသား”လို႔ ေျပာၾကားခဲ့ၿပီး ယင္းမတိုင္ခင္ အီဘရာဟီမိုဗစ္က “မင္းရဲ့ ေသာက္ေရးမပါတဲ့ ေအာက္လမ္းအစီအရင္ေတြကိုပဲ သြားလုပ္စမ္းပါ ငတုံးေလးရာ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အီဘရာဟီမိုဗစ္ရဲ့ ေျပာစကားဟာ ၂၀၁၈ ခုႏွစ္တုန္းက အဲဗာတန္အသင္းရဲ့အဓိကရွယ္ယာအမ်ားစုပိုင္ဆိုင္ထားတဲ့ ဖာဟတ္ မိုရွီရီရဲ့ ေျပာစကားကို သံေယာင္လိုက္ခဲ့တာျဖစ္ပုံရၿပီး လူကာကူဟာ အဲဗာတန္ရဲ့ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို ေအာက္လမ္းေမွာ္အတတ္ရဲ့ သတိေပးစကားေၾကာင့္ ျငင္းပယ္ခဲ့တာလို႔ အဲဗာတန္အသင္းရွယ္ယာရွင္က ေျပာၾကားခဲ့ဖူးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.