Premier League

27 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

-နည်းပြလမ်းပတ် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် ၎င်းတို့ရဲ့နည်းပြထုတ်ပယ်ခံရအောင် နောက်ကွယ်က ကြိုးပမ်းခဲ့တဲ့ ကစားသမားတွေအကြောင်း ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပြီး ချဲလ်ဆီးနောက်ခံကစားသမား အန်တိုနီယို ရူဒီဂါဟာ အသင်းရဲ့လူငယ်ကစားသမားတွေကို အနိုင်ကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ အံ့အားသင့်ဖွယ်ထွက်ပေါ်လာခဲ့ပေမယ့် အေဘရာဟမ်နဲ့ အက်ဇ်ပလီကွေတာတို့က လူမှုကွန်ရက်ကနေတဆင့် ကောလာဟလတွေကို ငြင်းပယ်ခဲ့။

-ချဲလ်ဆီးအသင်းနည်းပြသစ် သောမတ်စ် တူဟယ်ဟာ အင်္ဂါနေ့မှာ ချဲလ်ဆီးနည်းပြအဖြစ် ကော့ဘ်ဟမ်မှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်ကို ပထမဆုံးအကြိမ် တာဝန်ယူလေ့ကျင့်စေခဲ့ပြီး လမ်းပတ်ထုတ်ပယ်ခံခဲ့ရပြီးနောက် တူဟယ်ရဲ့ ရေတိုအစီအစဉ်ထဲမှာ ပါဝင်လိမ့်မယ်လို့ ပြောဆိုမှုတွေရှိခဲ့တဲ့ အင်္ဂလန်လူငယ်ကစားသမား အန်ဂျိုရင်ကို ပထမအသင်းနဲ့အတူ လေ့ကျင့်ဖို့ ဖိတ်ခေါ်ပြီး ဂျာမန်လူမျိုးနည်းပြက သီးသန့်ပြောဆိုဆွေးနွေးခဲ့။

-မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာက ချဲလ်ဆီးအသင်းနည်းပြဖြစ်လာတဲ့ သောမတ်စ် တူဟယ်ကို ပရီးမီးယားလိဂ်ကနေ ကြိုဆိုတယ်လို့ ပြောကြားခဲ့ပြီး အရင်တုန်းက ဘွန်ဒက်စ်လီဂါမှာတုန်းက လုပ်ခဲ့တဲ့အတိုင်း တူဟယ်နဲ့ နောက်ထပ်တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်ရဖို့ စောင့်မျှော်နေတယ်လို့ ပြောကြားခဲ့။

-လီဗာပူးလ်ဂန္တဝင် ရိန်းဂျားအသင်းနည်းပြ စတီဗင် ဂျရတ်ဟာ နည်းပြလမ်းပတ်ကို ထုတ်ပယ်ခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး ခက်ခဲတဲ့အချိန်ကာလအပိုင်းအခြားမှာ လမ်းပတ်ကို ထောက်ခံဖို့အတွက် အခွင့်အလမ်းလို့ ထင်ခဲ့ပေမယ့် အဲဒီအစား ထုတ်ပယ်ခဲ့တာက အသင်းရဲ့သမိုင်းကြောင်းရှိပြီးသားမို့လို့ မအံ့သြတော့ဘူးလို့ ပြောကြားခဲ့။

-ချဲလ်ဆီးအသင်း ပရိသတ်တွေဟာ နည်းပြသစ် သောမတ်စ် တူဟယ်ရဲ့ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ပြီးနောက် ဒေါ့မွန်မှာ အသင်းနည်းပြသစ်နဲ့ အလုပ်အတူတူလုပ်ခဲ့ဖူးတဲ့ ပူလီရှစ်ကို နာမည်ပြောင်အသစ် ပေးခဲ့ကြပြီး နည်းပြတူဟယ်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိသူဖြစ်တဲ့အတွက် တူဟယ်ရဲ့ သားလို့ ခေါ်ဝေါ်ခဲ့ကြ။

-ချဲလ်ဆီးအသင်းနည်းပြသစ် သောမတ်စ် တူဟယ်ဟာ အင်္ဂါနေ့က ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ကို စတင်တာဝန်ယူလေ့ကျင့်စေခဲ့ပြီးနောက် ယနေ့ညမှာ ကစားရမယ့် ဝုဗ်အသင်းနဲ့ပွဲစဉ်မတိုင်မီ ၎င်းအတွက် အရေးကြီးတယ်လို့ထင်တဲ့ ကြယ်ပွင့်ကစားသမားတွေကို ပထမအသင်းပွဲထွက်လူစာရင်းမှာ ရွေးချယ်သွားတော့မှာဖြစ်ပြီး မေဆင်မောင့်၊ ရီးစ် ဂျိမ်းစ်၊ အေဘရာဟမ်တို့ဟာ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ အဓိကကစားသမားတွေအဖြစ် ရှုမြင်ထားပေမယ့် လာမယ့်ရာသီအတွက် ဟာလန်းကို ခေါ်ယူဖို့အတွက် သတ်မှတ်ထားပြီးဖြစ်တယ်လို့ သိရ။

-ချဲလ်ဆီးဘယ်နောက်ခံကစားသမား ဘာဘာ ရာမန်းဟာ ၎င်းရဲ့ ကစားသမားဘဝကို ပြန်လည်စတင်နိုင်ဖို့အတွက် PAOK အသင်းနဲ့ အငှားစာချုပ်ကိစ္စကို နောက်တဆင့် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ Goal ရဲ့ ဖော်ပြချက်အရ သိရပြီး ဘာဘာဟာ နည်းပြမော်ရင်ညို လက်ထက်ကတည်းက ရှိနေခဲ့တဲ့ကစားသမားဖြစ်ပြီး ချဲလ်ဆီးမှာ တစ်ခုခုလုပ်ပြဖို့ ရုန်းကန်နေခဲ့ရပေမယ့် အခုအထိ အသင်းမှာရှိနေသေးတဲ့ကစားသမားဖြစ်တယ်လို့ သိရ။

-ချဲလ်ဆီးအသင်း ပရိသတ်တွေတွေဟာ သောမတ်စ်တူဟယ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာကို တွစ်တာလူမှုကွန်ရက်မှာ ကြိုဆိုခဲ့ကြပြီး ယနေ့ည ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာ ချဲလ်ဆီးနည်းပြဘဝ ပထမဆုံးပွဲစဉ်အဖြစ် ကိုင်တွယ်သွားရမယ့် တူဟယ်က အသင်းကို နောက်ထပ်အဆင့်တစ်ခုထိရောက်အောင် ပို့ဆောင်ပေးနိုင်မယ်သူဖြစ်တယ်လို့ ချီးကျူးခဲ့။

-ချဲလ်ဆီး နည်းပြသစ်ဖြစ်လာခဲ့တဲ့ သောမတ်စ် တူဟယ်ဟာ ၎င်းရဲ့ရှေ့က နည်းပြဖြစ်ခဲ့တဲ့ လမ်းပတ် လုပ်ဆောင်ခဲ့တဲ့အရာတွေနဲ့ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ထားရစ်ခဲ့တဲ့ အမွေအနှစ်တွေအတွက် အလွန်လေးစားတယ်လို့ ပြောကြားခဲ့ပြီး တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူးဟောင်း ဒါရင်း ဘန့်က တူဟယ်အနေနဲ့ ချဲလ်ဆီးအသင်းမှာ အစကောင်းမှ ဖြစ်လိမ့်မယ်လို့ သတိပေးပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-နည္းျပလမ္းပတ္ ရာထူးကေန ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ၎တို႔ရဲ့နည္းျပထုတ္ပယ္ခံရေအာင္ ေနာက္ကြယ္က ႀကိဳးပမ္းခဲ့တဲ့ ကစားသမားေတြအေၾကာင္း ေကာလာဟလေတြ ထြက္ေပၚလာခဲ့ၿပီး ခ်ဲလ္ဆီးေနာက္ခံကစားသမား အန္တိုနီယို ႐ူဒီဂါဟာ အသင္းရဲ့လူငယ္ကစားသမားေတြကို အနိုင္က်င့္ခဲ့တယ္ဆိုတဲ့ စြပ္စြဲမႈေတြ အံ့အားသင့္ဖြယ္ထြက္ေပၚလာခဲ့ေပမယ့္ ေအဘရာဟမ္နဲ႔ အက္ဇ္ပလီေကြတာတို႔က လူမႈကြန္ရက္ကေနတဆင့္ ေကာလာဟလေတြကို ျငင္းပယ္ခဲ့။

-ခ်ဲလ္ဆီးအသင္းနည္းျပသစ္ ေသာမတ္စ္ တူဟယ္ဟာ အဂၤါေန႔မွာ ခ်ဲလ္ဆီးနည္းျပအျဖစ္ ေကာ့ဘ္ဟမ္မွာ ျပဳလုပ္ခဲ့တဲ့ ေလ့က်င့္ေရးအစီအစဥ္ကို ပထမဆုံးအႀကိမ္ တာဝန္ယူေလ့က်င့္ေစခဲ့ၿပီး လမ္းပတ္ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ တူဟယ္ရဲ့ ေရတိုအစီအစဥ္ထဲမွာ ပါဝင္လိမ့္မယ္လို႔ ေျပာဆိုမႈေတြရွိခဲ့တဲ့ အဂၤလန္လူငယ္ကစားသမား အန္ဂ်ိဳရင္ကို ပထမအသင္းနဲ႔အတူ ေလ့က်င့္ဖို႔ ဖိတ္ေခၚၿပီး ဂ်ာမန္လူမ်ိဳးနည္းျပက သီးသန႔္ေျပာဆိုေဆြးေႏြးခဲ့။

-မန္ခ်က္စတာစီးတီးအသင္းနည္းၿပ ပက္ဂြါဒီယိုလာက ခ်ဲလ္ဆီးအသင္းနည္းျပျဖစ္လာတဲ့ ေသာမတ္စ္ တူဟယ္ကို ပရီးမီးယားလိဂ္ကေန ႀကိဳဆိုတယ္လို႔ ေျပာၾကားခဲ့ၿပီး အရင္တုန္းက ဘြန္ဒက္စ္လီဂါမွာတုန္းက လုပ္ခဲ့တဲ့အတိုင္း တူဟယ္နဲ႔ ေနာက္ထပ္တစ္ႀကိမ္ ထိပ္တိုက္ရင္ဆိုင္ရဖို႔ ေစာင့္ေမၽွာ္ေနတယ္လို႔ ေျပာၾကားခဲ့။

-လီဗာပူးလ္ဂႏၲဝင္ ရိန္းဂ်ားအသင္းနည္းၿပ စတီဗင္ ဂ်ရတ္ဟာ နည္းျပလမ္းပတ္ကို ထုတ္ပယ္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းရဲ့ ဆုံးျဖတ္ခ်က္ကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ၿပီး ခက္ခဲတဲ့အခ်ိန္ကာလအပိုင္းအျခားမွာ လမ္းပတ္ကို ေထာက္ခံဖို႔အတြက္ အခြင့္အလမ္းလို႔ ထင္ခဲ့ေပမယ့္ အဲဒီအစား ထုတ္ပယ္ခဲ့တာက အသင္းရဲ့သမိုင္းေၾကာင္းရွိၿပီးသားမို႔လို႔ မအံ့ၾသေတာ့ဘူးလို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးအသင္း ပရိသတ္ေတြဟာ နည္းျပသစ္ ေသာမတ္စ္ တူဟယ္ရဲ့ ပထမဆုံးေလ့က်င့္ေရးအစီအစဥ္ၿပီးေနာက္ ေဒါ့မြန္မွာ အသင္းနည္းျပသစ္နဲ႔ အလုပ္အတူတူလုပ္ခဲ့ဖူးတဲ့ ပူလီရွစ္ကို နာမည္ေျပာင္အသစ္ ေပးခဲ့ၾကၿပီး နည္းျပတူဟယ္နဲ႔ နီးကပ္တဲ့ဆက္ဆံေရးရွိသူျဖစ္တဲ့အတြက္ တူဟယ္ရဲ့ သားလို႔ ေခၚေဝၚခဲ့ၾက။

-ခ်ဲလ္ဆီးအသင္းနည္းျပသစ္ ေသာမတ္စ္ တူဟယ္ဟာ အဂၤါေန႔က ပထမဆုံးေလ့က်င့္ေရးအစီအစဥ္ကို စတင္တာဝန္ယူေလ့က်င့္ေစခဲ့ၿပီးေနာက္ ယေန႔ညမွာ ကစားရမယ့္ ဝုဗ္အသင္းနဲ႔ပြဲစဥ္မတိုင္မီ ၎အတြက္ အေရးႀကီးတယ္လို႔ထင္တဲ့ ၾကယ္ပြင့္ကစားသမားေတြကို ပထမအသင္းပြဲထြက္လူစာရင္းမွာ ေရြးခ်ယ္သြားေတာ့မွာျဖစ္ၿပီး ေမဆင္ေမာင့္၊ ရီးစ္ ဂ်ိမ္းစ္၊ ေအဘရာဟမ္တို႔ဟာ စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ အဓိကကစားသမားေတြအျဖစ္ ရႈျမင္ထားေပမယ့္ လာမယ့္ရာသီအတြက္ ဟာလန္းကို ေခၚယူဖို႔အတြက္ သတ္မွတ္ထားၿပီးျဖစ္တယ္လို႔ သိရ။

-ခ်ဲလ္ဆီးဘယ္ေနာက္ခံကစားသမား ဘာဘာ ရာမန္းဟာ ၎ရဲ့ ကစားသမားဘဝကို ျပန္လည္စတင္နိုင္ဖို႔အတြက္ PAOK အသင္းနဲ႔ အငွားစာခ်ဳပ္ကိစၥကို ေနာက္တဆင့္ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္လို႔ Goal ရဲ့ ေဖာ္ျပခ်က္အရ သိရၿပီး ဘာဘာဟာ နည္းျပေမာ္ရင္ညိဳ လက္ထက္ကတည္းက ရွိေနခဲ့တဲ့ကစားသမားျဖစ္ၿပီး ခ်ဲလ္ဆီးမွာ တစ္ခုခုလုပ္ျပဖို႔ ႐ုန္းကန္ေနခဲ့ရေပမယ့္ အခုအထိ အသင္းမွာရွိေနေသးတဲ့ကစားသမားျဖစ္တယ္လို႔ သိရ။

-ခ်ဲလ္ဆီးအသင္း ပရိသတ္ေတြေတြဟာ ေသာမတ္စ္တူဟယ္ကို နည္းျပသစ္အျဖစ္ ခန႔္အပ္ခဲ့တာကို တြစ္တာလူမႈကြန္ရက္မွာ ႀကိဳဆိုခဲ့ၾကၿပီး ယေန႔ည ဝုဗ္အသင္းနဲ႔ ပြဲစဥ္မွာ ခ်ဲလ္ဆီးနည္းျပဘဝ ပထမဆုံးပြဲစဥ္အျဖစ္ ကိုင္တြယ္သြားရမယ့္ တူဟယ္က အသင္းကို ေနာက္ထပ္အဆင့္တစ္ခုထိေရာက္ေအာင္ ပို႔ေဆာင္ေပးနိုင္မယ္သူျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့။

-ခ်ဲလ္ဆီး နည္းျပသစ္ျဖစ္လာခဲ့တဲ့ ေသာမတ္စ္ တူဟယ္ဟာ ၎ရဲ့ေရွ႕က နည္းျပျဖစ္ခဲ့တဲ့ လမ္းပတ္ လုပ္ေဆာင္ခဲ့တဲ့အရာေတြနဲ႔ စတန္းဖို႔ဒ္ဘရစ္ဂ်္မွာ ထားရစ္ခဲ့တဲ့ အေမြအႏွစ္ေတြအတြက္ အလြန္ေလးစားတယ္လို႔ ေျပာၾကားခဲ့ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉးေဟာင္း ဒါရင္း ဘန႔္က တူဟယ္အေနနဲ႔ ခ်ဲလ္ဆီးအသင္းမွာ အစေကာင္းမွ ျဖစ္လိမ့္မယ္လို႔ သတိေပးေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.