Match Report Premier League

ဆောက်သမ်တန် 1-3 အာဆင်နယ် ပွဲအပြီး မှတ်မှတ်ရရအချက် 7 ချက်

ပန်းခင်းကြီးထဲမှာ လှပသာယာနေတဲ့ ဆာကာ – အာဆင်နယ်အသင်းရဲ့ လူငယ်တောင်ပံသမားလေး ဘူကာယို ဆာကာကတော့ သူ့ရဲ့ အကောင်းဆုံးနဲ့ အဆင်အပြေဆုံးနေရာမှာ ကစားခွင့်ရနေပြီး ခြေစွမ်းပြနေခဲ့တာပါ။ ညာခြမ်းမှာ ကစားပြီး သူ့ရဲ့ ပရီးမီးယားလိဂ် ပထမဆုံးဂိုးနဲ့ အကောင့် ဖွင့်နိုင်လိုက်တဲ့ ငရုတ်သီးလေးအနေနဲ့ ဒီနေ့မှာလည်း ဂိုးသမားကိုပါ လျင်မြန်တိကျစွာ ဖြတ်ကျော်ပြီး ခံစစ်သမားတွေ ပိတ်ဆို့ဖို့ အချိန်မရအောင် အမြန်ဆုံးကန်သွင်းပြီး အသင်းအတွက် အနိုင်ဂိုးကို ရယူပေးနိုင်ခဲ့တာက ပန်းခင်းကြီးထဲမှာ လှပသာယာနေတယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

အိပ်မက်မက်ပြီး အဆဲခံရမယ့်ဘဝက လွတ်လာခဲ့တဲ့ ပေပေ – အာဆင်နယ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး နီကိုလာ ပေပေကတော့ ဆောက်သမ်တန်နဲ့ပွဲကို စောစောစီးစီး အဆဲခံရမယ့် အပေါက်မျိုးလုပ်ပြီး ထောင့်ကန်ဘောမှာ အမ်းစထရောင်းကို တားဆီးဖို့ ပျက်ကွက်တဲ့ သူ့ရဲ့ အမှားကနေ ဂိုးစပေးခဲ့ရပေမယ့် ၅ မိနစ်ကြာမှာတော့ ချာကာရဲ့ ပေးပို့မှုကနေ တိကျတဲ့ အဆုံးသတ်မှုနဲ့ ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ ဘယ်ခြမ်းမှာ ကစားပြီး ခြေစွမ်းတည်ငြိမ်ခဲ့တဲ့ သူ့အတွက် အမှားကို ပရိသတ်တွေက မျက်ကွယ်ပြုပေးခဲ့ကြပြီး အကျယ်မချဲ့ခဲ့တာကိုလည်း ကျေးဇူးတင်ရမှာပါ။

ချာကာ+ပါတေး အတွဲညီမှု – အသင်းရဲ့ ကွင်းလယ်မှာ ဗီယာရာ+ဂီလ်ဘာတိုနောက်ပိုင်း ဒီလိုဝါရင့် သမ္ဘာရင့်နှစ်ယောက် တွဲကစားတာမျိုးက ပထမဆုံးလို့ ဆိုရမလိုပါပဲ။ ရှေ့မှာလည်း ဖာဘရီဂက်စ်တို့လို လူကောင်းတွေ ရှိခဲ့ပေမယ့် တစ်ဦးတည်း ရုန်းခဲ့ရတာဆိုတော့ပါ။ နောက်ပိုင်းမှာ အာဆင်နယ်တို့ ကစားပုံက စနစ်ကျလာပြီး တိုက်စစ်ရော ခံစစ်ပါ ကစားနိုင်တဲ့ နှစ်ဦးစလုံးက ရှေ့က ကွက်လပ်ဖြစ်ဖြစ် နောက်က ကွက်လပ်ဖြစ်ဖြစ် ဝင်ဖြည့်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီး ဖန်တီးမှုတွေလည်း ပိုပြီး ပုံပေါ်လာခဲ့ပါတယ်။

သန်မာထူးချွန်ခဲ့တဲ့ အမ်းစ်ထရောင်း – မြန်မာလို ပြန်ရင် လက်မောင်းသန်တယ်လို့ တိုက်ရိုက်ပြန်ရမယ့် စကော့ကွင်းလယ်လူက ဧည့်သည်တွေအပေါ် ဆိုးရွားလွန်းခဲ့တဲ့ အိမ်ရှင်ဖြစ်ပြီး ပွဲချိန် ၃ မိနစ်မှာတကည်းက အားကြီးနဲ့ တစ်ဂိုးကန်သွင်းသွားတာပါ။ တောင်ပံရော ကွင်းလယ်မှာပါ အဆင်သင့်ရှိနေတဲ့ သူ့ကြောင့် အာဆင်နယ်တို့ သူ့ကို ဒန်နီ အင်းစ်တို့ထက် ပိုပြီး ဂရုစိုက်ခဲ့ရသလို ဒီပွဲမှာ ဆောက်သမ်တန်တို့ရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ သူ့အတွက် နိုင်ပွဲမရခဲ့တာက မချင့်မရဲဖြစ်ရပါလိမ့်မယ်။

အဆင်သင့်ရှိခဲ့တဲ့ ဆီးဒရစ် – ပြီးခဲ့တဲ့ နယူးကာဆယ်လ်နဲ့ပွဲက ညာနောက်ခံလူအဖြစ် အကောင်းဆုံးခြေစွမ်းပြခဲ့သလို ဒီနေ့မှာတော့ တီယာနီ မပါနိုင်ချိန်မှာ ပေါ်တူဂီသားဟာ ဘယ်နောက်ခံမှာ အစွမ်းပြခဲ့ပါတယ်။ ဘယ်ခြမ်းကနေ ညာခြမ်းကို Feed လုပ်ခဲ့တဲ့ ထောင့်ဖြတ်ပေးပို့မှုတွေက ဆာကာ အတွက်တော့ အကျိုးရှိလွန်းနေခဲ့ပြီး တိုက်စစ်ရော ခံစစ်မှာပါ တာဝန်ကျေခဲ့လို့ သူ့ကို ခေါ်ယူစဉ်က အပြစ်တင်ခဲ့တဲ့သူတွေအနေနဲ့တော့ အသံတွေ တိတ်ပေးခဲ့ရပြီ ထင်ပါတယ်။

ဂဏန်းနှစ်လုံးနဲ့ လာကာ – လာကာဇက်ကတော့ ဒီရာသီမှာ အာဆင်နယ်တို့အတွက် ထိပ်တန်းဂိုးသွင်းရှင်အဖြစ် လူငယ်တွေနဲ့အတူ တောက်ပ လာခဲ့ပြီး ဒီနေ့ပွဲက တတိယအနိုင်ဂိုးကတော့ သူ့ကို ပြိုင်ပွဲစုံ ၁၀ ဂိုးနဲ့ Double Digit ဖြစ်စေခဲ့ပါတယ်။ ဒါဟာ အာဆင်နယ်အသင်းအတွက် သူ့ရဲ့ လေးရာသီဆက်တိုက် လုပ်ပြနိုင်တဲ့ မှတ်တမ်းလည်းဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ပြီးခဲ့တဲ့ သုံးရာသီမှာလည်း လုပ်ပြထားနိုင်ခဲ့တဲ့ ဂဏန်းနှစ်လုံးမှတ်တမ်းကို နောက်ထပ်နှစ်ဂိုးနဲ့ တူညီနိုင်ဖို့လည်း လက်ရှိခြေစွမ်းနဲ့ သိပ်ကြာကြာစောင့်ရဖို့ မရှိနိုင်တော့တာပါ။

စီးတီးနောက်က ၁၆ မှတ် ရယူ – ဘောက်ဆင်ဒေးကစလို့ ကစားခဲ့တဲ့ ၆ ပွဲမှာ အာဆင်နယ်အသင်းအနေနဲ့ ၁၆ မှတ်အထိ ရယူနိုင်ခဲ့ပြီး ရာနှုန်းပြည့် အနိုင်ရခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ နောက်မှာ ဒုတိယအများဆုံးအဖြစ် ရပ်တည်နေတာပါ။ စီးတီးတို့က ၁၈ မှတ်နဲ့ ၁ ဂိုးသာ ပေးခဲ့ရချိန်မှာ ဂန်းနားတို့ကတော့ ၁၆ မှတ်နဲ့ ၂ ဂိုးပေးခဲ့ရပြီး အမှတ်ရော ပေးဂိုးမှာပါ ဒုတိယအကောင်းဆုံး စံချိန်ကိုလည်း ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပန္းခင္းႀကီးထဲမွာ လွပသာယာေနတဲ့ ဆာကာ – အာဆင္နယ္အသင္းရဲ႕ လူငယ္ေတာင္ပံသမားေလး ဘူကာယို ဆာကာကေတာ့ သူ႔ရဲ႕ အေကာင္းဆုံးနဲ႔ အဆင္အေျပဆုံးေနရာမွာ ကစားခြင့္ရေနၿပီး ေျခစြမ္းျပေနခဲ့တာပါ။ ညာျခမ္းမွာ ကစားၿပီး သူ႔ရဲ႕ ပရီးမီးယားလိဂ္ ပထမဆုံးဂိုးနဲ႔ အေကာင့္ ဖြင့္ႏိုင္လိုက္တဲ့ င႐ုတ္သီးေလးအေနနဲ႔ ဒီေန႔မွာလည္း ဂိုးသမားကိုပါ လ်င္ျမန္တိက်စြာ ျဖတ္ေက်ာ္ၿပီး ခံစစ္သမားေတြ ပိတ္ဆို႔ဖို႔ အခ်ိန္မရေအာင္ အျမန္ဆုံးကန္သြင္းၿပီး အသင္းအတြက္ အႏိုင္ဂိုးကို ရယူေပးႏိုင္ခဲ့တာက ပန္းခင္းႀကီးထဲမွာ လွပသာယာေနတယ္လို႔ပဲ ဆိုရမွာျဖစ္ပါတယ္။

အိပ္မက္မက္ၿပီး အဆဲခံရမယ့္ဘဝက လြတ္လာခဲ့တဲ့ ေပေပ – အာဆင္နယ္အသင္းရဲ႕ ေတာင္ပံတိုက္စစ္မႉး နီကိုလာ ေပေပကေတာ့ ေဆာက္သမ္တန္နဲ႔ပြဲကို ေစာေစာစီးစီး အဆဲခံရမယ့္ အေပါက္မ်ိဳးလုပ္ၿပီး ေထာင့္ကန္ေဘာမွာ အမ္းစထေရာင္းကို တားဆီးဖို႔ ပ်က္ကြက္တဲ့ သူ႔ရဲ႕ အမွားကေန ဂိုးစေပးခဲ့ရေပမယ့္ ၅ မိနစ္ၾကာမွာေတာ့ ခ်ာကာရဲ႕ ေပးပို႔မႈကေန တိက်တဲ့ အဆုံးသတ္မႈနဲ႔ ျပန္လည္ေခ်ပႏိုင္ခဲ့ပါတယ္။ ဘယ္ျခမ္းမွာ ကစားၿပီး ေျခစြမ္းတည္ၿငိမ္ခဲ့တဲ့ သူ႔အတြက္ အမွားကို ပရိသတ္ေတြက မ်က္ကြယ္ျပဳေပးခဲ့ၾကၿပီး အက်ယ္မခ်ဲ႕ခဲ့တာကိုလည္း ေက်းဇူးတင္ရမွာပါ။

ခ်ာကာ+ပါေတး အတြဲညီမႈ – အသင္းရဲ႕ ကြင္းလယ္မွာ ဗီယာရာ+ဂီလ္ဘာတိုေနာက္ပိုင္း ဒီလိုဝါရင့္ သမာၻရင့္ႏွစ္ေယာက္ တြဲကစားတာမ်ိဳးက ပထမဆုံးလို႔ ဆိုရမလိုပါပဲ။ ေရွ႕မွာလည္း ဖာဘရီဂက္စ္တို႔လို လူေကာင္းေတြ ရွိခဲ့ေပမယ့္ တစ္ဦးတည္း ႐ုန္းခဲ့ရတာဆိုေတာ့ပါ။ ေနာက္ပိုင္းမွာ အာဆင္နယ္တို႔ ကစားပုံက စနစ္က်လာၿပီး တိုက္စစ္ေရာ ခံစစ္ပါ ကစားႏိုင္တဲ့ ႏွစ္ဦးစလုံးက ေရွ႕က ကြက္လပ္ျဖစ္ျဖစ္ ေနာက္က ကြက္လပ္ျဖစ္ျဖစ္ ဝင္ျဖည့္ဖို႔ အဆင္သင့္ျဖစ္ေနခဲ့ၿပီး ဖန္တီးမႈေတြလည္း ပိုၿပီး ပုံေပၚလာခဲ့ပါတယ္။

သန္မာထူးခြၽန္ခဲ့တဲ့ အမ္းစ္ထေရာင္း – ျမန္မာလို ျပန္ရင္ လက္ေမာင္းသန္တယ္လို႔ တိုက္႐ိုက္ျပန္ရမယ့္ စေကာ့ကြင္းလယ္လူက ဧည့္သည္ေတြအေပၚ ဆိုး႐ြားလြန္းခဲ့တဲ့ အိမ္ရွင္ျဖစ္ၿပီး ပြဲခ်ိန္ ၃ မိနစ္မွာတကည္းက အားႀကီးနဲ႔ တစ္ဂိုးကန္သြင္းသြားတာပါ။ ေတာင္ပံေရာ ကြင္းလယ္မွာပါ အဆင္သင့္ရွိေနတဲ့ သူ႔ေၾကာင့္ အာဆင္နယ္တို႔ သူ႔ကို ဒန္နီ အင္းစ္တို႔ထက္ ပိုၿပီး ဂ႐ုစိုက္ခဲ့ရသလို ဒီပြဲမွာ ေဆာက္သမ္တန္တို႔ရဲ႕ အေကာင္းဆုံးကစားသမားျဖစ္ခဲ့တဲ့ သူ႔အတြက္ ႏိုင္ပြဲမရခဲ့တာက မခ်င့္မရဲျဖစ္ရပါလိမ့္မယ္။

အဆင္သင့္ရွိခဲ့တဲ့ ဆီးဒရစ္ – ၿပီးခဲ့တဲ့ နယူးကာဆယ္လ္နဲ႔ပြဲက ညာေနာက္ခံလူအျဖစ္ အေကာင္းဆုံးေျခစြမ္းျပခဲ့သလို ဒီေန႔မွာေတာ့ တီယာနီ မပါႏိုင္ခ်ိန္မွာ ေပၚတူဂီသားဟာ ဘယ္ေနာက္ခံမွာ အစြမ္းျပခဲ့ပါတယ္။ ဘယ္ျခမ္းကေန ညာျခမ္းကို Feed လုပ္ခဲ့တဲ့ ေထာင့္ျဖတ္ေပးပို႔မႈေတြက ဆာကာ အတြက္ေတာ့ အက်ိဳးရွိလြန္းေနခဲ့ၿပီး တိုက္စစ္ေရာ ခံစစ္မွာပါ တာဝန္ေက်ခဲ့လို႔ သူ႔ကို ေခၚယူစဥ္က အျပစ္တင္ခဲ့တဲ့သူေတြအေနနဲ႔ေတာ့ အသံေတြ တိတ္ေပးခဲ့ရၿပီ ထင္ပါတယ္။

ဂဏန္းႏွစ္လုံးနဲ႔ လာကာ – လာကာဇက္ကေတာ့ ဒီရာသီမွာ အာဆင္နယ္တို႔အတြက္ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ လူငယ္ေတြနဲ႔အတူ ေတာက္ပ လာခဲ့ၿပီး ဒီေန႔ပြဲက တတိယအႏိုင္ဂိုးကေတာ့ သူ႔ကို ၿပိဳင္ပြဲစုံ ၁၀ ဂိုးနဲ႔ Double Digit ျဖစ္ေစခဲ့ပါတယ္။ ဒါဟာ အာဆင္နယ္အသင္းအတြက္ သူ႔ရဲ႕ ေလးရာသီဆက္တိုက္ လုပ္ျပႏိုင္တဲ့ မွတ္တမ္းလည္းျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ ၿပီးခဲ့တဲ့ သုံးရာသီမွာလည္း လုပ္ျပထားႏိုင္ခဲ့တဲ့ ဂဏန္းႏွစ္လုံးမွတ္တမ္းကို ေနာက္ထပ္ႏွစ္ဂိုးနဲ႔ တူညီႏိုင္ဖို႔လည္း လက္ရွိေျခစြမ္းနဲ႔ သိပ္ၾကာၾကာေစာင့္ရဖို႔ မရွိႏိုင္ေတာ့တာပါ။

စီးတီးေနာက္က ၁၆ မွတ္ ရယူ – ေဘာက္ဆင္ေဒးကစလို႔ ကစားခဲ့တဲ့ ၆ ပြဲမွာ အာဆင္နယ္အသင္းအေနနဲ႔ ၁၆ မွတ္အထိ ရယူႏိုင္ခဲ့ၿပီး ရာႏႈန္းျပည့္ အႏိုင္ရခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေနာက္မွာ ဒုတိယအမ်ားဆုံးအျဖစ္ ရပ္တည္ေနတာပါ။ စီးတီးတို႔က ၁၈ မွတ္နဲ႔ ၁ ဂိုးသာ ေပးခဲ့ရခ်ိန္မွာ ဂန္းနားတို႔ကေတာ့ ၁၆ မွတ္နဲ႔ ၂ ဂိုးေပးခဲ့ရၿပီး အမွတ္ေရာ ေပးဂိုးမွာပါ ဒုတိယအေကာင္းဆုံး စံခ်ိန္ကိုလည္း ပိုင္ဆိုင္ထားႏိုင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.