Match Report Premier League

ဝက်စ်ဘရွန်း 0-5 မန်ချက်စတာစီးတီးပွဲအပြီး မှတ်မှတ်ရရ အချက် 7 ချက်

ထိပ်ဆုံးကို တက်လှမ်းခဲ့တဲ့ နိုင်ပွဲ – မန်ချက်စတာစီးတီးအသင်းအနေနဲ့ မြို့ခံပြိုင်ဘက် ယူနိုက်တက်ထက် တစ်ပွဲလျှော့ကစားထားပေမယ့် ပွဲစဉ်ရေးဆွဲမှုအရ ထိပ်ဆုံးမှာ ရပ်တည်ခွင့်နဲ့ လွဲချော်နေခဲ့တာ ကြာပြီလည်းဖြစ်ပါတယ်။ ဒီနေ့ပွဲမှာတော့ ယူနိုက်တက်တို့ မကန်ခင် ၂၄ နာရီအလိုမှာ ၁၉ ပွဲချင်း တူညီအောင် ကစားခဲ့ရပြီး အိမ်ကွင်းမှာ စိတ်အနှောင့်အယှက်လာပေးထားတဲ့ ဝက်စ်ဘရွန်းကို အဝေးကွင်းမှာ အမှိုက်လှဲသလိုမျိုး ရှင်းလင်း အနိုင်ယူလိုက်ပြီး အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့သလို ပြိုင်ဘက်တွေကို အကောင်းဆုံး စိတ်ဓာတ်စစ်ဆင်လိုက်တာဖြစ်ပါတယ်။

စိတ်အနှောင့်အယှက်တော့ ပေးလိုက်ရမှဆိုတဲ့ အဂျာယီ – မန်ချက်စတာစီးတီးအိမ်ကွင်းမှာတုန်းက သူ့ရဲ့ ကန်ချက်ကို ရူဘင် ဒီယက်စ်က တားဆီးရာမှာ Own Goal နဲ့ အထိနာခဲ့ရတဲ့ အဖြစ်ကို စီးတီးဖန်တွေ မမေ့သေးချိန်မှာပဲ လီဗာပူးလ်ကိုလည်း သွားရောက်ထိုးနှက်ခဲ့တဲ့ နိုင်ဂျီးရီးယားသား အနေနဲ့ ဒီနေ့မှာလည်း ပွဲစပြီး မကြာခင်မှာပဲ အီဒါဆန်ကို ဒုက္ခပေးခဲ့သေးပြီး ဂိုးသမားရဲ့ ကာကွယ်မှုကောင်းခဲ့လို့သာ ဧည့်သည်တွေ မျက်နှာ မပျက်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီဘရိုင်းနား မပါပေမယ့်လည်း – ဒီဘရိုင်းနား မပါဝင်နိုင်ပေမယ့်လည်း ဒီကွက်လပ်ကို ကျန်တဲ့ အရည်အသွေးမြင့်ကွင်းလယ်လူတွေက အကောင်းဆုံး ဖြည့်ဆည်းပေးသွားခဲ့ပါတယ်။ သူ့ရဲ့ ဖန်တီးမှုနဲ့ ဘောလုံးဖြန့်ဝေမှုအတွက် မာရက်ဇ်၊ စတာလင်နဲ့ ဘာနာဒို ဆေးလ်ဗားတို့က အဓိက တာဝန်ယူခဲ့ကြသလို ဂိုးသွင်းတာဝန်ကိုတော့ ဂွန်ဒိုးဝမ်က အပိုင်စားရယူခဲ့ပြီး လူငယ်ကစားသမား ဖိုဒန်ကတော့ နှမ်းဖြူးရုံလောက်ပဲ ကျန်တော့တာပါ။ ပြိုင်ဘက်တွေအနေနဲ့ ဘယ်လ်ဂျီယမ်သား ဒဏ်ရာရလို့ ဝမ်းသာနေတာ အလကားပဲဆိုတဲ့ စီးတီးတို့ရဲ့ တုံ့ပြန်မှုလည်းဖြစ်ပါတယ်။

ကယ်တင်ရှင်ကြီး ပထမဆုံးအကြိမ် မျက်နှာပျက်ရတော့မှာလား – ပရီးမီးယားလိဂ်ရဲ့ တန်းဆင်းဇုန်ထဲက အသင်းတွေကို အောင်အောင်မြင်မြင် ဆွဲထုတ်နိုင်ခဲ့တဲ့ ကယ်တင်ရှင်ကြီး ဆမ်အလာဒိုက်စ်ကတော့ ဒီရာသီမှာ မမျှော်လင့်ဘဲ ပထမဆုံးအနေနဲ့ မျက်နှာပျက်သွားရနိုင်ပါတယ်။ အရင်တုန်းက တန်းဆင်းဇုန်ရုန်းဘက်များပြားသလို အသင်းကြီးတွေအနေနဲ့ အမှတ်လှူ အမှားခံနိုင်တာက ဒီနေ့ခေတ်နဲ့ ခြားနားနေချိန်မှာ ဖူလ်ဟမ်၊ ရှက်ဖီးလ်ဒ်တို့နဲ့ သုံးသင်းတည်း ရုန်းရမယ့် တန်းဆင်းဇုန်သားတွေအနေနဲ့ အပေါ်က အသင်းတွေ မှားအောင် ထိုင်ဆုတောင်းဖို့ပဲ ရှိနေပါတယ်။

အကောင်းဆုံးခြေစွမ်းနဲ့ ဂွန်ဒိုးဝမ် – ကွင်းလယ်လူ ဂွန်ဒိုးဝမ်ကတော့ နောက်ဆုံး ၈ ပွဲမှာ ၇ ဂိုး ရယူထားနိုင်ခဲ့ပြီး မန်စီးတီးတို့အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၉ ဂိုးနဲ့ အသင်းရဲ့ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဝက်စ်ဘရွန်းအသင်းကိုတော့ ပထမအကျော့ရော ဒုတိယအကျော့ပါ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၂ ပွဲမှာ ၃ ဂိုး ရရှိခဲ့ပြီး ဂျာမန်သားအနေနဲ့ ဖန်တီးမှုထက် သွင်းဂိုးဘက်မှာ ပိုမိုတာဝန်ယူနိုင်ခဲ့သလို ဒီရာသီက သူ့ရဲ့ ကစားသမားဘဝ အမြင့်ဆုံး ဂိုးသွင်းမှတ်တမ်းကိုလည်း ရရှိထားခဲ့တာပါ။

အဂွေရိုနဲ့ ဂျေဆူးစ်တို့ အပယ်ခံရတော့မှာလား – စီးတီးတို့အတွက် ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၇ ပွဲဆက် အနိုင်ရရှိခဲ့တဲ့ မှတ်တမ်းမှာ ပဲလေ့စ်နဲ့ တစ်ပွဲမှာသာ ဂျေဆူးကို သုံးခဲ့ပြီး အဲ့ဒီပွဲမှာ ဘရာဇီးလ်သားအနေနဲ့ ဂိုးမသွင်းနိုင်ခဲ့လို့ ထည့်တွက်မခံရသလို ဒီနေ့မှာလည်း လူစားဝင်ပြီး ဂိုးမရခဲ့တာကြောင့် အဂွေရိုနဲ့ပါ ပေါင်းပြီး ပြောရရင် တိုက်စစ်မှူးတွေ ဂိုးမသွင်းခဲ့တာ ၁၂ ပွဲ ရှိနေပြီဖြစ်ပါတယ်။ ဒီအတွက် ဂွါဒီယိုလာကို စွယ်စုံရ ကွင်းလယ်လူတွေက ကယ်တင်ခဲ့ရပြီး အဂွေရိုနဲ့ ဂျေဆူးစ်တို့ရဲ့ အခန်းကဏ္ဍကတော့ မေးခွန်းထုတ်စရာလည်းဖြစ်လာခဲ့ပါတယ်။

၄၈ ဂိုးနဲ့ ဂိုးပေးထူးချွန် – ဆမ်ကြီး ကယ်တင်ရမယ့် ပြဿနာ ဝက်စ်ဘရွန်းမှာ ကြီးမားတဲ့ အားနည်းချက်ကြီးတစ်ခုလည်း ရှိနေပြီး ဒီရာသီမှာ တခြားအသင်းတွေထက် သိသိသာသာ ဂိုးပိုပေးရတဲ့ ဘက်ဂီတွေဟာ ပွဲ ၂၀ ကစားပြီး ၄၈ ဂိုးအထိ ခွင့်ပြုထားရတာဖြစ်ပါတယ်။ တစ်ပွဲပျမ်းမျှ ၂.၄ ဂိုး ပေးထားရတဲ့ ဝက်စ်ဘရွန်းတို့အနေနဲ့ အနီးဆုံးက ပဲလေ့စ်ထက် ၁၂ ဂိုး ပိုပေးထားရချိန်မှာ ထိပ်ဆုံးက ၁၃ ဂိုးသာ ပေးထားရတဲ့ မန်စီးတီးတို့ဆီကို နောက်ထပ် ၅ ဂိုး အလှူပေးခဲ့တာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ထိပ္ဆုံးကို တက္လွမ္းခဲ့တဲ့ ႏိုင္ပြဲ – မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ ယူႏိုက္တက္ထက္ တစ္ပြဲေလွ်ာ့ကစားထားေပမယ့္ ပြဲစဥ္ေရးဆြဲမႈအရ ထိပ္ဆုံးမွာ ရပ္တည္ခြင့္နဲ႔ လြဲေခ်ာ္ေနခဲ့တာ ၾကာၿပီလည္းျဖစ္ပါတယ္။ ဒီေန႔ပြဲမွာေတာ့ ယူႏိုက္တက္တို႔ မကန္ခင္ ၂၄ နာရီအလိုမွာ ၁၉ ပြဲခ်င္း တူညီေအာင္ ကစားခဲ့ရၿပီး အိမ္ကြင္းမွာ စိတ္အေႏွာင့္အယွက္လာေပးထားတဲ့ ဝက္စ္ဘ႐ြန္းကို အေဝးကြင္းမွာ အမႈိက္လွဲသလိုမ်ိဳး ရွင္းလင္း အႏိုင္ယူလိုက္ၿပီး အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးမွာ ရပ္တည္ႏိုင္ခဲ့သလို ၿပိဳင္ဘက္ေတြကို အေကာင္းဆုံး စိတ္ဓာတ္စစ္ဆင္လိုက္တာျဖစ္ပါတယ္။

စိတ္အေႏွာင့္အယွက္ေတာ့ ေပးလိုက္ရမွဆိုတဲ့ အဂ်ာယီ – မန္ခ်က္စတာစီးတီးအိမ္ကြင္းမွာတုန္းက သူ႔ရဲ႕ ကန္ခ်က္ကို ႐ူဘင္ ဒီယက္စ္က တားဆီးရာမွာ Own Goal နဲ႔ အထိနာခဲ့ရတဲ့ အျဖစ္ကို စီးတီးဖန္ေတြ မေမ့ေသးခ်ိန္မွာပဲ လီဗာပူးလ္ကိုလည္း သြားေရာက္ထိုးႏွက္ခဲ့တဲ့ ႏိုင္ဂ်ီးရီးယားသား အေနနဲ႔ ဒီေန႔မွာလည္း ပြဲစၿပီး မၾကာခင္မွာပဲ အီဒါဆန္ကို ဒုကၡေပးခဲ့ေသးၿပီး ဂိုးသမားရဲ႕ ကာကြယ္မႈေကာင္းခဲ့လို႔သာ ဧည့္သည္ေတြ မ်က္ႏွာ မပ်က္ခဲ့ရတာလည္းျဖစ္ပါတယ္။

ဒီဘ႐ိုင္းနား မပါေပမယ့္လည္း – ဒီဘ႐ိုင္းနား မပါဝင္ႏိုင္ေပမယ့္လည္း ဒီကြက္လပ္ကို က်န္တဲ့ အရည္အေသြးျမင့္ကြင္းလယ္လူေတြက အေကာင္းဆုံး ျဖည့္ဆည္းေပးသြားခဲ့ပါတယ္။ သူ႔ရဲ႕ ဖန္တီးမႈနဲ႔ ေဘာလုံးျဖန႔္ေဝမႈအတြက္ မာရက္ဇ္၊ စတာလင္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔က အဓိက တာဝန္ယူခဲ့ၾကသလို ဂိုးသြင္းတာဝန္ကိုေတာ့ ဂြန္ဒိုးဝမ္က အပိုင္စားရယူခဲ့ၿပီး လူငယ္ကစားသမား ဖိုဒန္ကေတာ့ ႏွမ္းျဖဴး႐ုံေလာက္ပဲ က်န္ေတာ့တာပါ။ ၿပိဳင္ဘက္ေတြအေနနဲ႔ ဘယ္လ္ဂ်ီယမ္သား ဒဏ္ရာရလို႔ ဝမ္းသာေနတာ အလကားပဲဆိုတဲ့ စီးတီးတို႔ရဲ႕ တုံ႔ျပန္မႈလည္းျဖစ္ပါတယ္။

ကယ္တင္ရွင္ႀကီး ပထမဆုံးအႀကိမ္ မ်က္ႏွာပ်က္ရေတာ့မွာလား – ပရီးမီးယားလိဂ္ရဲ႕ တန္းဆင္းဇုန္ထဲက အသင္းေတြကို ေအာင္ေအာင္ျမင္ျမင္ ဆြဲထုတ္ႏိုင္ခဲ့တဲ့ ကယ္တင္ရွင္ႀကီး ဆမ္အလာဒိုက္စ္ကေတာ့ ဒီရာသီမွာ မေမွ်ာ္လင့္ဘဲ ပထမဆုံးအေနနဲ႔ မ်က္ႏွာပ်က္သြားရႏိုင္ပါတယ္။ အရင္တုန္းက တန္းဆင္းဇုန္႐ုန္းဘက္မ်ားျပားသလို အသင္းႀကီးေတြအေနနဲ႔ အမွတ္လႉ အမွားခံႏိုင္တာက ဒီေန႔ေခတ္နဲ႔ ျခားနားေနခ်ိန္မွာ ဖူလ္ဟမ္၊ ရွက္ဖီးလ္ဒ္တို႔နဲ႔ သုံးသင္းတည္း ႐ုန္းရမယ့္ တန္းဆင္းဇုန္သားေတြအေနနဲ႔ အေပၚက အသင္းေတြ မွားေအာင္ ထိုင္ဆုေတာင္းဖို႔ပဲ ရွိေနပါတယ္။

အေကာင္းဆုံးေျခစြမ္းနဲ႔ ဂြန္ဒိုးဝမ္ – ကြင္းလယ္လူ ဂြန္ဒိုးဝမ္ကေတာ့ ေနာက္ဆုံး ၈ ပြဲမွာ ၇ ဂိုး ရယူထားႏိုင္ခဲ့ၿပီး မန္စီးတီးတို႔အတြက္ ၿပိဳင္ပြဲစုံမွာ သြင္းဂိုး ၉ ဂိုးနဲ႔ အသင္းရဲ႕ ဂိုးသြင္းဘုရင္အျဖစ္ ရပ္တည္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ဝက္စ္ဘ႐ြန္းအသင္းကိုေတာ့ ပထမအေက်ာ့ေရာ ဒုတိယအေက်ာ့ပါ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ၂ ပြဲမွာ ၃ ဂိုး ရရွိခဲ့ၿပီး ဂ်ာမန္သားအေနနဲ႔ ဖန္တီးမႈထက္ သြင္းဂိုးဘက္မွာ ပိုမိုတာဝန္ယူႏိုင္ခဲ့သလို ဒီရာသီက သူ႔ရဲ႕ ကစားသမားဘဝ အျမင့္ဆုံး ဂိုးသြင္းမွတ္တမ္းကိုလည္း ရရွိထားခဲ့တာပါ။

အေဂြ႐ိုနဲ႔ ေဂ်ဆူးစ္တို႔ အပယ္ခံရေတာ့မွာလား – စီးတီးတို႔အတြက္ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး ၇ ပြဲဆက္ အႏိုင္ရရွိခဲ့တဲ့ မွတ္တမ္းမွာ ပဲေလ့စ္နဲ႔ တစ္ပြဲမွာသာ ေဂ်ဆူးကို သုံးခဲ့ၿပီး အဲ့ဒီပြဲမွာ ဘရာဇီးလ္သားအေနနဲ႔ ဂိုးမသြင္းႏိုင္ခဲ့လို႔ ထည့္တြက္မခံရသလို ဒီေန႔မွာလည္း လူစားဝင္ၿပီး ဂိုးမရခဲ့တာေၾကာင့္ အေဂြ႐ိုနဲ႔ပါ ေပါင္းၿပီး ေျပာရရင္ တိုက္စစ္မႉးေတြ ဂိုးမသြင္းခဲ့တာ ၁၂ ပြဲ ရွိေနၿပီျဖစ္ပါတယ္။ ဒီအတြက္ ဂြါဒီယိုလာကို စြယ္စုံရ ကြင္းလယ္လူေတြက ကယ္တင္ခဲ့ရၿပီး အေဂြ႐ိုနဲ႔ ေဂ်ဆူးစ္တို႔ရဲ႕ အခန္းက႑ကေတာ့ ေမးခြန္းထုတ္စရာလည္းျဖစ္လာခဲ့ပါတယ္။

၄၈ ဂိုးနဲ႔ ဂိုးေပးထူးခြၽန္ – ဆမ္ႀကီး ကယ္တင္ရမယ့္ ျပႆနာ ဝက္စ္ဘ႐ြန္းမွာ ႀကီးမားတဲ့ အားနည္းခ်က္ႀကီးတစ္ခုလည္း ရွိေနၿပီး ဒီရာသီမွာ တျခားအသင္းေတြထက္ သိသိသာသာ ဂိုးပိုေပးရတဲ့ ဘက္ဂီေတြဟာ ပြဲ ၂၀ ကစားၿပီး ၄၈ ဂိုးအထိ ခြင့္ျပဳထားရတာျဖစ္ပါတယ္။ တစ္ပြဲပ်မ္းမွ် ၂.၄ ဂိုး ေပးထားရတဲ့ ဝက္စ္ဘ႐ြန္းတို႔အေနနဲ႔ အနီးဆုံးက ပဲေလ့စ္ထက္ ၁၂ ဂိုး ပိုေပးထားရခ်ိန္မွာ ထိပ္ဆုံးက ၁၃ ဂိုးသာ ေပးထားရတဲ့ မန္စီးတီးတို႔ဆီကို ေနာက္ထပ္ ၅ ဂိုး အလႉေပးခဲ့တာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.