Premier League Transfer News

27 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ကွင်းလယ်လူ ဂန်ဒူဇီကို ဒရက်ဆလာနဲ့ လဲလှယ်ဖို့ ကြိုးစားနေတဲ့ ပီအက်စ်ဂျီရဲ့ အစီအစဉ်ဟာ အာဆင်နယ်အသင်းအတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတစ်ခုအဖြစ် ရှုမြင်နေကြပေမယ့် နွေရာသီမှာ စာချုပ်ကုန်ဆုံးပြီး အလကား လက်လွှတ်ရမယ့် ဂျာမန်သားကို ဆောင်းရာသီမှာ အစွံထုတ်ဖို့ ကြိုးစားနေတာကတော့ လူလည်ကျလွန်းတဲ့ အပြုအမူဖြစ်နေ။

– အာဆင်နယ်အသင်းရဲ့ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာဟာ အသက်အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်တဲ့သူလို့ နည်းပြ မီခယ်လ် အာတီတာက ချီးကျူးလိုက်ပြီး ရီယို ဖာဒီနန်ကတော့ ငယ်ငယ်လေးနဲ့ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်မောင်းနှင်နိုင်သူလို့ သုံးသပ်။

– အသင်းရဲ့ ကွင်းလယ်လူဟောင်းတစ်ဦးဖြစ်တဲ့ ပရိသတ်အချစ်တော် ဆန်တီ ကာဇိုလာက သူ့အနေနဲ့ အာဆင်နယ်အသင်းကို ပြန်လာပြီး နည်းပြတစ်ဦးအဖြစ် အသင်းဖော်ဟောင်း မီခယ်လ် အာတီတာရဲ့ လက်အောက်မှာ လုပ်ဆောင်ဖို့ အသင့်ပဲကို ပြောကြားလိုက်ပြီး ကာတာကလပ်ကနေ အနားယူချိန်မှာ ပူးပေါင်းဖို့ ရည်ရွယ်ထား။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ သောမတ်စ် ပါတေးဟာ မိနစ် ၆၀ လောက်ပဲ ကစားဖို့ သင့်တော်သေးတယ်လို့ ရှင်းလင်းလိုက်ပြီး လူငယ်ကစားသမား အီမီးလ် စမစ်ရိုးဟာလည်း အက်ဖ်အေဖလားမှာ ရရှိခဲ့တဲ့ ဒဏ်ရာက အကင်းမသေသေးလို့ လူစားလဲခဲ့ရတာဖြစ်ကြောင်း ပြောကြားသွား။

– အူဘာမီယန်းအနေနဲ့ ခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ နည်းပြ အာတီတာက ပြောကြားလိုက်ပြီး ဆောက်သမ်တန်နဲ့ ပွဲမှာတော့ ဂိုးသွင်းယူခဲ့ကြတဲ့ ဆာကာနဲ့ လာကာဇက်တို့က သူတို့ရဲ့ အသင်းခေါင်းဆောင်ကို ရည်ညွှန်းပြီး အောင်ပွဲခံမှုတွေလည်း ပြုလုပ်သွားခဲ့ကြ။

– အာဆင်နယ်အသင်းအနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မပိတ်ခင်မှာ စာချုပ်ခြောက်လကျန် ကစားသမားတွေထဲက ဘယ်နောက်ခံလူတစ်ဦး ရရှိနိုင်ဖို့ ကြိုးစားနေပြီး အသက်ကြီးလွန်းတဲ့ ဆောက်သမ်တန်ရဲ့ ဘာထရန်နဲ့ ငယ်လွန်းတဲ့ ပဲလေ့စ်ရဲ့ မစ်ချဲလ်တို့နေရာမှာ အသက်အရွယ်ရော အတွေ့အကြုံပါ အကောင်းဆုံး အနေထားမှာ ရှိနေတဲ့ မာဆေးလ်ရဲ့ ဂျော်ဒန် အာမာဗီကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ရနိုင်ဖို့ မျှော်လင့်နေ။

– အာဆင်နယ်အသင်းနဲ့ စာချုပ်တော့မယ့် ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ရဲ့ ပွဲအပေါ် ချဉ်းကပ်မှုကို ရီးရဲလ်မက်ဒရစ် အထွေထွေ မန်နေဂျာဟောင်း ဟော်ဟဲ ဗယ်လ်ဒါနိုက မေးခွန်းထုတ်လိုက်ပြီး သူ့အနေနဲ့ ကွင်းလယ်နဲ့ နီးနီးကစားမယ့်အစား တိုက်စစ်ကို ပိုလိုက်ပြီး ဖန်တီးမှုတွေ ပြုလုပ်ခဲ့ခြင်းမရှိလို့ ဇီဒန်းလက်အောက်မှာ ရုန်းကန်ခဲ့ရတာလို့ ပြောကြားသွားခဲ့။

– အာတီတာအနေနဲ့ ပေပေကို ဘာကြောင့် ဘယ်ခြမ်းမှာ ထားခဲ့တာလဲဆိုတဲ့ မေးခွန်းကို ဖြေကြားခဲ့ရာမှာ နည်းစနစ်ပိုင်းအရ ပိုမိုတည်ငြိမ်ပြီး အကျိုးပြုနိုင်မယ့် နေရာကို ရွေးချယ်ခဲ့တာလို့ ဆိုခဲ့ပြီး အူဘာမီယန်း မပါချိန်မှာ ခြေစွမ်းပြနိုင်ခဲ့တယ်လို့ ချီးကျူးသွား။

– ဆောက်သမ်တန်ကို အနိုင်ရရှိခဲ့တဲ့ ပွဲမှာ အဓိကကျတဲ့ အကောင်းဆုံးကစားသမားတွေဟာ ကွင်းလယ်မှာ ဘောလုံးလမ်းကြောင်းတွေ ရှာဖွေပေးနိုင်ခဲ့တဲ့ ဂရာနစ် ချာကာနဲ့ တိုက်စစ်ရော ခံစစ်မှာပါ ကစားပုံကောင်းမွန်ခဲ့တဲ့ နောက်ခံလူ ဆီးဒရစ် ဆွာရက်စ်တို့ဖြစ်ကြောင်း ပရိသတ်တွေက တွစ်တာမှာ သုံးသပ်ခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ကြင္းလယ္လူ ဂန္ဒူဇီကို ဒရက္ဆလာနဲ႔ လဲလွယ္ဖို႔ ႀကိဳးစားေနတဲ့ ပီအက္စ္ဂ်ီရဲ႕ အစီအစဥ္ဟာ အာဆင္နယ္အသင္းအတြက္ ေကာင္းမြန္တဲ့ ကမ္းလွမ္းမႈတစ္ခုအျဖစ္ ရႈျမင္ေနၾကေပမယ့္ ေႏြရာသီမွာ စာခ်ဳပ္ကုန္ဆုံးၿပီး အလကား လက္လႊတ္ရမယ့္ ဂ်ာမန္သားကို ေဆာင္းရာသီမွာ အစြံထုတ္ဖို႔ ႀကိဳးစားေနတာကေတာ့ လူလည္က်လြန္းတဲ့ အျပဳအမူျဖစ္ေန။

– အာဆင္နယ္အသင္းရဲ႕ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာဟာ အသက္အ႐ြယ္နဲ႔ မလိုက္ေအာင္ ရင့္က်က္တဲ့သူလို႔ နည္းျပ မီခယ္လ္ အာတီတာက ခ်ီးက်ဴးလိုက္ၿပီး ရီယို ဖာဒီနန္ကေတာ့ ငယ္ငယ္ေလးနဲ႔ အသင္းရဲ႕ တိုက္စစ္ကို ဦးေဆာင္ေမာင္းႏွင္ႏိုင္သူလို႔ သုံးသပ္။

– အသင္းရဲ႕ ကြင္းလယ္လူေဟာင္းတစ္ဦးျဖစ္တဲ့ ပရိသတ္အခ်စ္ေတာ္ ဆန္တီ ကာဇိုလာက သူ႔အေနနဲ႔ အာဆင္နယ္အသင္းကို ျပန္လာၿပီး နည္းျပတစ္ဦးအျဖစ္ အသင္းေဖာ္ေဟာင္း မီခယ္လ္ အာတီတာရဲ႕ လက္ေအာက္မွာ လုပ္ေဆာင္ဖို႔ အသင့္ပဲကို ေျပာၾကားလိုက္ၿပီး ကာတာကလပ္ကေန အနားယူခ်ိန္မွာ ပူးေပါင္းဖို႔ ရည္႐ြယ္ထား။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာက ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ေသာမတ္စ္ ပါေတးဟာ မိနစ္ ၆၀ ေလာက္ပဲ ကစားဖို႔ သင့္ေတာ္ေသးတယ္လို႔ ရွင္းလင္းလိုက္ၿပီး လူငယ္ကစားသမား အီမီးလ္ စမစ္႐ိုးဟာလည္း အက္ဖ္ေအဖလားမွာ ရရွိခဲ့တဲ့ ဒဏ္ရာက အကင္းမေသေသးလို႔ လူစားလဲခဲ့ရတာျဖစ္ေၾကာင္း ေျပာၾကားသြား။

– အူဘာမီယန္းအေနနဲ႔ ခက္ခဲတဲ့ အေျခအေနကို ရင္ဆိုင္ေနရတယ္လို႔ နည္းျပ အာတီတာက ေျပာၾကားလိုက္ၿပီး ေဆာက္သမ္တန္နဲ႔ ပြဲမွာေတာ့ ဂိုးသြင္းယူခဲ့ၾကတဲ့ ဆာကာနဲ႔ လာကာဇက္တို႔က သူတို႔ရဲ႕ အသင္းေခါင္းေဆာင္ကို ရည္ၫႊန္းၿပီး ေအာင္ပြဲခံမႈေတြလည္း ျပဳလုပ္သြားခဲ့ၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မပိတ္ခင္မွာ စာခ်ဳပ္ေျခာက္လက်န္ ကစားသမားေတြထဲက ဘယ္ေနာက္ခံလူတစ္ဦး ရရွိႏိုင္ဖို႔ ႀကိဳးစားေနၿပီး အသက္ႀကီးလြန္းတဲ့ ေဆာက္သမ္တန္ရဲ႕ ဘာထရန္နဲ႔ ငယ္လြန္းတဲ့ ပဲေလ့စ္ရဲ႕ မစ္ခ်ဲလ္တို႔ေနရာမွာ အသက္အ႐ြယ္ေရာ အေတြ႕အႀကဳံပါ အေကာင္းဆုံး အေနထားမွာ ရွိေနတဲ့ မာေဆးလ္ရဲ႕ ေဂ်ာ္ဒန္ အာမာဗီကို သင့္ေတာ္တဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရႏိုင္ဖို႔ ေမွ်ာ္လင့္ေန။

– အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္ေတာ့မယ့္ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ ပြဲအေပၚ ခ်ဥ္းကပ္မႈကို ရီးရဲလ္မက္ဒရစ္ အေထြေထြ မန္ေနဂ်ာေဟာင္း ေဟာ္ဟဲ ဗယ္လ္ဒါႏိုက ေမးခြန္းထုတ္လိုက္ၿပီး သူ႔အေနနဲ႔ ကြင္းလယ္နဲ႔ နီးနီးကစားမယ့္အစား တိုက္စစ္ကို ပိုလိုက္ၿပီး ဖန္တီးမႈေတြ ျပဳလုပ္ခဲ့ျခင္းမရွိလို႔ ဇီဒန္းလက္ေအာက္မွာ ႐ုန္းကန္ခဲ့ရတာလို႔ ေျပာၾကားသြားခဲ့။

– အာတီတာအေနနဲ႔ ေပေပကို ဘာေၾကာင့္ ဘယ္ျခမ္းမွာ ထားခဲ့တာလဲဆိုတဲ့ ေမးခြန္းကို ေျဖၾကားခဲ့ရာမွာ နည္းစနစ္ပိုင္းအရ ပိုမိုတည္ၿငိမ္ၿပီး အက်ိဳးျပဳႏိုင္မယ့္ ေနရာကို ေ႐ြးခ်ယ္ခဲ့တာလို႔ ဆိုခဲ့ၿပီး အူဘာမီယန္း မပါခ်ိန္မွာ ေျခစြမ္းျပႏိုင္ခဲ့တယ္လို႔ ခ်ီးက်ဴးသြား။

– ေဆာက္သမ္တန္ကို အႏိုင္ရရွိခဲ့တဲ့ ပြဲမွာ အဓိကက်တဲ့ အေကာင္းဆုံးကစားသမားေတြဟာ ကြင္းလယ္မွာ ေဘာလုံးလမ္းေၾကာင္းေတြ ရွာေဖြေပးႏိုင္ခဲ့တဲ့ ဂရာနစ္ ခ်ာကာနဲ႔ တိုက္စစ္ေရာ ခံစစ္မွာပါ ကစားပုံေကာင္းမြန္ခဲ့တဲ့ ေနာက္ခံလူ ဆီးဒရစ္ ဆြာရက္စ္တို႔ျဖစ္ေၾကာင္း ပရိသတ္ေတြက တြစ္တာမွာ သုံးသပ္ခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.