Match Report Premier League

FA ဖလားက ရှုံးကြွေးဆပ်ပြီး ပရီးမီးယားလိဂ်မှာ အမှားအယွင်းမခံဘဲ ပြတ်ပြတ်သားသား အနိုင်ယူတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာလည်း ဒဏ်ရာကို စွန့်စားရမယ့် တီယာနီကို ထည့်မသုံးသေးဘဲ ကစားခဲ့ပြီး ဆီးဒရစ်က ဆက်လက် ပွဲထွက်လာခဲ့သလို ခံစစ်မှာ ဒေးဗစ် လူးဝစ်ဇ် ပြန်လည်ပါဝင်လာသလို အူဘာမီယန်းရဲ့ ဘယ်တောင်ပံမှာတော့ ပေပေက ကစားခဲ့ပါတယ်။

ကစားကွက်အရတော့ အိမ်ရှင်တွေက အားပါပြီး လျင်မြန်တဲ့ ကစားပုံကို ပုံမှန်အတိုင်းပဲ ကစားနိုင်ခဲ့ပြီး အဓိက နောက်ခံလူနှစ်ဦး မပါနိုင်တာကတော့ အာဆင်နယ်အတွက် မျှော်လင့်ချက်ဖြစ်ခဲ့ပေမယ့် ဂိုးစောစောစီးစီးရသွားတာကတော့ ဆောက်သမ်တန်တို့ပဲဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၄ မိနစ်မှာကတည်းက ရရှိခဲ့တဲ့ ထောင့်ကန်ဘောကို အသင်းခေါင်းဆောင် ဝါ့ဒ်ပရောက်စ် ကန်တင်ပေးတာကို ဂိုးဧရိယာအစပ်မှာ လွတ်နေခဲ့တဲ့ ကွင်းလယ်လူ အမ်းစထရောင်းက ပြေးဝင်ပြီး အပြင်းကန်သွင်းယူသွားခဲ့ရာမှာ အာဆင်နယ်ခံစစ်နဲ့ ဂိုးသမား လီနိုတို့ အငိုက်မိခဲ့ပြီး ဂိုးစပေးလိုက်ရပါတယ်။

ဒါပေမယ့် အသင်းရဲ့ စိတ်ဓာတ်တိုးတက်လာမှုကို ပြတဲ့အနေနဲ့ မကြာခင်မှာပဲ တုံ့ပြန်နိုင်ခဲ့ပြီး ပွဲချိန် ၈ မိနစ်မှာ ကွင်းလယ်လူ ချာကာရဲ့ ပေးပို့မှုကို ပေပေက နောက်တန်းလူရဲ့ ဖိအားကို တောင့်ခံပြီး ဂိုးသမားနဲ့ အတွေ့မှာ အနိမ့်ဘောကန်သွင်းနိုင်ခဲ့လို့ ချေပဂိုး ရယူနိုင်ခဲ့သလို သူ့ရဲ့ အပိုတွေ လုပ်ခွင့်မရတဲ့ ဘယ်ခြမ်းမှာ ပိုပြီး ထိရောက်မှုကိုလည်း ပြနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တစ်ဖက်နဲ့ တစ်ဖက် သွေးတိုးစမ်းခဲ့ကြပြီး ဒေးဗစ် လူးဝစ်ဇ်ရဲ့ အမှားကနေ တန်ပြန်တိုက်စစ် စတင်ခံခဲ့ရပေမယ့် ဝဲလ်ကော့ အပေးမှားခဲ့လို့ အလုပ်မဖြစ်ခဲ့သလို အာဆင်နယ်ဘက်က စမစ်ရိုးနဲ့ ဆာကာတို့ရဲ့ တိုးအားတွေကိုလည်း စိန့်ခံစစ်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာတော့ အာဆင်နယ်တို့ ဦးဆောင်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး လီနိုကန်တင်ပေးတဲ့ ဂိုးလွန်ဘောကို ယှဉ်လုကြပြီး ပြန်ကျလာတဲ့ ဘောလုံးကို လာကာဇက်က ထိုးပေးလိုက်ရာမှာ မလိုအပ်ဘဲ ရှေ့တက်လာပြီး အမှားကျူးလွန်ခဲ့တဲ့ ဂိုးသမား မက္ကာသီကို ဆာကာက လိမ်ခေါက်ပြီး လွတ်ထွက်သွားချိန်မှာ ညာခြေနဲ့ မဆိုင်းမတွ ကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ပထမပိုင်းအပြီးမှာ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဖိကစားတဲ့ ဆောက်သမ်တန်ကို အာဆင်နယ်တို့ ထိရောက်တဲ့ ကစားပုံနဲ့ တုံ့ပြန်နိုင်ခဲ့ပြီး ညာတောင်ပံက ဆာကာရဲ့ အန္တရာယ်ပေးနိုင်မှုက ကြီးမားခဲ့သလို ဘယ်တောင်ပံက ပေပေဟာလည်း ဒီလိုမျိုး ဆက်တိုက်ကစားခွင့်ရရင် ယုံကြည်မှု ပိုရလာနိုင်တယ်ဆိုတာ ဒီနေ့ပွဲမှာ တွေ့မြင်ခဲ့ရပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ အာဆင်နယ်တို့ တတိယဂိုး ရခဲ့ပြီး ဘယ်ခြမ်းကနေ ဆီးဒရစ် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို လူကျွံထောင်ချောက်ကို ဖောက်ပြီး ပြေးထွက်သွားတဲ့ ဆာကာက ပြန်ချပေးတာမှာ အဆင်သင့်လိုက်ပါလာတဲ့ လာကာဇက်က အသာအယာ ပိတ်သွင်းပြီး ရယူသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲမှာတော့ ဒေးဗစ် လူးဝစ်ဇ်ရဲ့ ကစားပုံက နားလည်မှု မရှိဘဲ တော်တော်လေး စိတ်ပျက်စရာဖြစ်နေတာကို တွေ့ရပြီး ဆီးဒရစ်ကတောင် သူ့ကို အော်ဟစ်နေရတာကို တွေ့ရသလို ကျန်ကစားသမားတွေနဲ့ ဂိုးသမား လီနိုတို့ ကာကွယ်ပုံကောင်းခဲ့လို့သာ အာဆင်နယ်တို့ ဂိုးထပ်မပေးရတာပါ။

ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်တို့ အနိုင်ကို ထိန်းကစားလာခဲ့ပြီး ပေပေရဲ့ တစ်ကိုယ်တော်ကန်ချက် ဘားကျော်သွားတာကလွဲလို့ သိပ်ထူးထူးခြားခြား မလုပ်နိုင်တော့ဘဲ ကစားသွားခဲ့သလို ပွဲချိန်အပြည့်မှာတော့ သုံးဂိုး-တစ်ဂိုးရလဒ်နဲ့ အဆင့် ၈ နေရာအထိ တက်ရောက်လာနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာလည္း ဒဏ္ရာကို စြန႔္စားရမယ့္ တီယာနီကို ထည့္မသုံးေသးဘဲ ကစားခဲ့ၿပီး ဆီးဒရစ္က ဆက္လက္ ပြဲထြက္လာခဲ့သလို ခံစစ္မွာ ေဒးဗစ္ လူးဝစ္ဇ္ ျပန္လည္ပါဝင္လာသလို အူဘာမီယန္းရဲ႕ ဘယ္ေတာင္ပံမွာေတာ့ ေပေပက ကစားခဲ့ပါတယ္။

ကစားကြက္အရေတာ့ အိမ္ရွင္ေတြက အားပါၿပီး လ်င္ျမန္တဲ့ ကစားပုံကို ပုံမွန္အတိုင္းပဲ ကစားႏိုင္ခဲ့ၿပီး အဓိက ေနာက္ခံလူႏွစ္ဦး မပါႏိုင္တာကေတာ့ အာဆင္နယ္အတြက္ ေမွ်ာ္လင့္ခ်က္ျဖစ္ခဲ့ေပမယ့္ ဂိုးေစာေစာစီးစီးရသြားတာကေတာ့ ေဆာက္သမ္တန္တို႔ပဲျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၄ မိနစ္မွာကတည္းက ရရွိခဲ့တဲ့ ေထာင့္ကန္ေဘာကို အသင္းေခါင္းေဆာင္ ဝါ့ဒ္ပေရာက္စ္ ကန္တင္ေပးတာကို ဂိုးဧရိယာအစပ္မွာ လြတ္ေနခဲ့တဲ့ ကြင္းလယ္လူ အမ္းစထေရာင္းက ေျပးဝင္ၿပီး အျပင္းကန္သြင္းယူသြားခဲ့ရာမွာ အာဆင္နယ္ခံစစ္နဲ႔ ဂိုးသမား လီႏိုတို႔ အငိုက္မိခဲ့ၿပီး ဂိုးစေပးလိုက္ရပါတယ္။

ဒါေပမယ့္ အသင္းရဲ႕ စိတ္ဓာတ္တိုးတက္လာမႈကို ျပတဲ့အေနနဲ႔ မၾကာခင္မွာပဲ တုံ႔ျပန္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၈ မိနစ္မွာ ကြင္းလယ္လူ ခ်ာကာရဲ႕ ေပးပို႔မႈကို ေပေပက ေနာက္တန္းလူရဲ႕ ဖိအားကို ေတာင့္ခံၿပီး ဂိုးသမားနဲ႔ အေတြ႕မွာ အနိမ့္ေဘာကန္သြင္းႏိုင္ခဲ့လို႔ ေခ်ပဂိုး ရယူႏိုင္ခဲ့သလို သူ႔ရဲ႕ အပိုေတြ လုပ္ခြင့္မရတဲ့ ဘယ္ျခမ္းမွာ ပိုၿပီး ထိေရာက္မႈကိုလည္း ျပႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ တစ္ဖက္နဲ႔ တစ္ဖက္ ေသြးတိုးစမ္းခဲ့ၾကၿပီး ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ အမွားကေန တန္ျပန္တိုက္စစ္ စတင္ခံခဲ့ရေပမယ့္ ဝဲလ္ေကာ့ အေပးမွားခဲ့လို႔ အလုပ္မျဖစ္ခဲ့သလို အာဆင္နယ္ဘက္က စမစ္႐ိုးနဲ႔ ဆာကာတို႔ရဲ႕ တိုးအားေတြကိုလည္း စိန႔္ခံစစ္က ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဦးေဆာင္ဂိုး ျပန္လည္ရယူႏိုင္ခဲ့ၿပီး လီႏိုကန္တင္ေပးတဲ့ ဂိုးလြန္ေဘာကို ယွဥ္လုၾကၿပီး ျပန္က်လာတဲ့ ေဘာလုံးကို လာကာဇက္က ထိုးေပးလိုက္ရာမွာ မလိုအပ္ဘဲ ေရွ႕တက္လာၿပီး အမွားက်ဴးလြန္ခဲ့တဲ့ ဂိုးသမား မကၠာသီကို ဆာကာက လိမ္ေခါက္ၿပီး လြတ္ထြက္သြားခ်ိန္မွာ ညာေျခနဲ႔ မဆိုင္းမတြ ကန္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ပထမပိုင္းအၿပီးမွာ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ဖိကစားတဲ့ ေဆာက္သမ္တန္ကို အာဆင္နယ္တို႔ ထိေရာက္တဲ့ ကစားပုံနဲ႔ တုံ႔ျပန္ႏိုင္ခဲ့ၿပီး ညာေတာင္ပံက ဆာကာရဲ႕ အႏၲရာယ္ေပးႏိုင္မႈက ႀကီးမားခဲ့သလို ဘယ္ေတာင္ပံက ေပေပဟာလည္း ဒီလိုမ်ိဳး ဆက္တိုက္ကစားခြင့္ရရင္ ယုံၾကည္မႈ ပိုရလာႏိုင္တယ္ဆိုတာ ဒီေန႔ပြဲမွာ ေတြ႕ျမင္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ အာဆင္နယ္တို႔ တတိယဂိုး ရခဲ့ၿပီး ဘယ္ျခမ္းကေန ဆီးဒရစ္ ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ၿပီး ေျပးထြက္သြားတဲ့ ဆာကာက ျပန္ခ်ေပးတာမွာ အဆင္သင့္လိုက္ပါလာတဲ့ လာကာဇက္က အသာအယာ ပိတ္သြင္းၿပီး ရယူသြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲမွာေတာ့ ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ ကစားပုံက နားလည္မႈ မရွိဘဲ ေတာ္ေတာ္ေလး စိတ္ပ်က္စရာျဖစ္ေနတာကို ေတြ႕ရၿပီး ဆီးဒရစ္ကေတာင္ သူ႔ကို ေအာ္ဟစ္ေနရတာကို ေတြ႕ရသလို က်န္ကစားသမားေတြနဲ႔ ဂိုးသမား လီႏိုတို႔ ကာကြယ္ပုံေကာင္းခဲ့လို႔သာ အာဆင္နယ္တို႔ ဂိုးထပ္မေပးရတာပါ။

ဒီေနာက္ပိုင္းမွာေတာ့ အာဆင္နယ္တို႔ အႏိုင္ကို ထိန္းကစားလာခဲ့ၿပီး ေပေပရဲ႕ တစ္ကိုယ္ေတာ္ကန္ခ်က္ ဘားေက်ာ္သြားတာကလြဲလို႔ သိပ္ထူးထူးျခားျခား မလုပ္ႏိုင္ေတာ့ဘဲ ကစားသြားခဲ့သလို ပြဲခ်ိန္အျပည့္မွာေတာ့ သုံးဂိုး-တစ္ဂိုးရလဒ္နဲ႔ အဆင့္ ၈ ေနရာအထိ တက္ေရာက္လာႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.