Premier League Transfer News

26 Jan ညဦးပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ ခံစစ်မှာ အဆင့်မီ ကစားသမားကောင်းတစ်ဦး လိုအပ်နေပြီး လက်ရှိပုံစံနဲ့ ဆက်သွားလို့ မဖြစ်ကြောင်းနဲ့ ပိုင်ရှင်တွေအနေနဲ့ ငွေကြေးသုံးစွဲဖို့ လိုရင် ထုတ်သုံးပြီး အင်အားဖြည့်တင်းပေးဖို့ ကွင်းလယ်လူဟောင်း ဒန်နီ မာဖီက တိုက်တွန်းလိုက်ပြီး အမှတ်ပေး ချန်ပီယံဆုကို ထိန်းသိမ်းရလိမ့်မယ်လို့ သတိပေး။

– နည်းပြ ယာဂန် ကလော့ပ်နဲ့ ဒေါ့မွန်မှာ လက်တွဲဖူးသူတစ်ဦးဖြစ်တဲ့ နောက်ခံလူ ဆိုကရာတစ်ကတော့ အိုလံပီယာကော့စ်ကို ရောက်ရှိ သွားခဲ့ချိန်မှာ နောက်ထပ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့်သူတစ်ဦးဖြစ်တဲ့ ဆားဘီးယားသား တပည့်ဟောင်း နီဗင် ဆူဘိုတစ်ချ်ကို ချိတ်ဆက်နေကြောင်း အသံထွက်လာ။

– လီဗာပူးလ်အသင်းအနေနဲ့ တိုက်စစ်မှာ ဆာလား၊ ဖာမီနို၊ ဂျိုတာ၊ မာနေးတို့ကလွဲလို့ ကြံ့ခိုင်မှုနဲ့ အမြင့်ဘောတွေမှာ လောက်လောက် လားလား သုံးစွဲနိုင်စွမ်းရှိမယ့် တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူသင့်နေပြီး ရိုးမားရဲ့ ဘော့စနီးယားတိုက်စစ်မှူး အီဒင် ဂျက်ကိုကို ရယူဖို့ အသင်းပရိသတ်ဝက်ဘ်ဆိုက်တစ်ခု တိုက်တွန်း။

– ခံစစ်မှာ နေရာမရဘဲ ရောဘတ်ဆန်ကို အနားပေးချိန်ရင် မီလ်နာကို သုံးစွဲနေခဲ့ပြီး ကစားခွင့် ပျောက်ဆုံးနေတဲ့ ဂရိဘယ်နောက်ခံလူ ကော့စ်တတ်စ် ဆီမီကတ်စ်ကို ပြန်လည်ခေါ်ယူဖို့ အသင်းဟောင်း အိုလံပီယာကော့စ်နဲ့ ပြိုင်ဘက် ပါနာသီနိုင်ကော့စ်တို့က ကမ်းလှမ်း လာခဲ့ပေမယ့် ဆက်လက်ထိန်းသိမ်းဖို့ လီဗာပူးလ်ဘက်က ဆုံးဖြတ်ထား။

– အသင်းရဲ့ အရန်ခုံမှာပဲ အချိန်ကုန်နေခဲ့ရတဲ့ ဂျပန်ကွင်းလယ်လူ တာကူမီ မီနာမီနိုကို ပေးကစားဖို့ စိတ်ကူးမရှိရင် ဘာဖြစ်လို့ ခေါ်ခဲ့တာလဲလို့ ပရိသတ်တွေ မေးခွန်းထုတ်လိုက်ကြပြီး ကစားဖို့ အရည်အချင်း မရှိဘူးလို့ ထင်ရင်လည်း အမြန်ဆုံးရောင်းထုတ်ပြီး နောက်ခံလူအတွက် ရန်ပုံငွေရှာဖို့ တိုက်တွန်းနေကြ။

– လီဗာပူးလ်အသင်းရဲ့ ရလဒ်တွေ ဆိုးရွားနေမှုဟာ ကွင်းလယ်အဖျက်ကစားသမားကောင်း မရှိမှုနဲ့လည်း တိုက်ရိုက်သက်ဆိုင်နေပြီး ဖာဘင်ညိုကို ခံစစ်ဗဟိုမှာ သုံးစွဲမယ့်အစား ရှေ့ပြန်တက်ခိုင်းပြီး ဗဟိုနောက်ခံလူနှစ်ဦးကို ဘယ်သူပဲဖြစ်ဖြစ် သုံးစွဲနိုင်ကြောင်း အင်္ဂလန် နည်းပြဟောင်း ဂလင်း ဟော့ဒယ်လ် အကြံပေး။

– ဒါဘီကောင်တီအသင်းကနေ ခေါ်ယူနိုင်ဖို့ နီးစပ်နေခဲ့တဲ့ အင်္ဂလန်လူငယ်တောင်ပံကစားသမား ကေ့ဒ် ဂေါ်ဒွန်ဟာ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်ရဲ့ မေဆန် ဂရင်းဝုဒ်နဲ့ မနီးရိုးစွဲလိုက်နိုင်သူဖြစ်ပြီး တစ်နေ့မှာ မိုဟာမက် ဆာလားရဲ့ အဆင့်အတန်းကို ရောက်ရှိလာမယ့်သူလို့ ခန့်မှန်းနေကြ။

– လီဗာပူးလ်အသင်းအနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ လက်တွန့်မနေဘဲ ခံစစ်ကစားသမားကို ခေါ်ယူနိုင်တယ်လို့ အပြောင်း အရွှေ့ စောင့်ကြည့်သူတွေနဲ့ ဘဏ္ဏာရေးပညာရှင်တွေက ထောက်ပြလိုက်ပြီး ဘာစီလိုနာအသင်းဆီက ကော်တင်ညိုရဲ့ ကြွေးကျန် ပေါင် ၃၅ သန်းကို ကြိုတင်သုံးစွဲနိုင်ကြောင်းဆိုနေ။

– ရုရှားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင်ကို ထောက်ခံမှုကနေ အဖမ်းခံခဲ့ရတဲ့ ဒန်နီယယ်လ် အဂ္ဂါဆိုတဲ့သူဟာ မိမိ မဟုတ်ကြောင်းနဲ့ လောလောဆယ်အနေနဲ့ စပိန်နိုင်ငံမှာ ဘေးရန်ကင်းစွာ ရှိနေတယ်ဆိုတဲ့အကြောင်း လီဗာပူးလ်နောက်ခံလူဟောင်း ဒိန်းမတ်သားကြီးက ရှင်းလင်းသွားခဲ့။

– ဘာစီလိုနာနည်းပြ ရော်နယ်လ် ကိုးမန်းအနေနဲ့ သူ့ရဲ့ တပည့်ဟောင်း ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်ကို ဒီဆောင်းရာသီမှာပဲ ရရှိနိုင်ဖို့ အလိုရှိနေပြီး လီဗာပူးလ်အသင်းအနေနဲ့ ခံစစ်သမား ခေါ်ယူဖို့ ငွေကြေးလိုအပ်နေတာကြောင့် ညှိနှိုင်းသွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းရဲ႕ ခံစစ္မွာ အဆင့္မီ ကစားသမားေကာင္းတစ္ဦး လိုအပ္ေနၿပီး လက္ရွိပုံစံနဲ႔ ဆက္သြားလို႔ မျဖစ္ေၾကာင္းနဲ႔ ပိုင္ရွင္ေတြအေနနဲ႔ ေငြေၾကးသုံးစြဲဖို႔ လိုရင္ ထုတ္သုံးၿပီး အင္အားျဖည့္တင္းေပးဖို႔ ကြင္းလယ္လူေဟာင္း ဒန္နီ မာဖီက တိုက္တြန္းလိုက္ၿပီး အမွတ္ေပး ခ်န္ပီယံဆုကို ထိန္းသိမ္းရလိမ့္မယ္လို႔ သတိေပး။

– နည္းျပ ယာဂန္ ကေလာ့ပ္နဲ႔ ေဒါ့မြန္မွာ လက္တြဲဖူးသူတစ္ဦးျဖစ္တဲ့ ေနာက္ခံလူ ဆိုကရာတစ္ကေတာ့ အိုလံပီယာေကာ့စ္ကို ေရာက္ရွိ သြားခဲ့ခ်ိန္မွာ ေနာက္ထပ္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မယ့္သူတစ္ဦးျဖစ္တဲ့ ဆားဘီးယားသား တပည့္ေဟာင္း နီဗင္ ဆူဘိုတစ္ခ်္ကို ခ်ိတ္ဆက္ေနေၾကာင္း အသံထြက္လာ။

– လီဗာပူးလ္အသင္းအေနနဲ႔ တိုက္စစ္မွာ ဆာလား၊ ဖာမီႏို၊ ဂ်ိဳတာ၊ မာေနးတို႔ကလြဲလို႔ ႀကံ့ခိုင္မႈနဲ႔ အျမင့္ေဘာေတြမွာ ေလာက္ေလာက္ လားလား သုံးစြဲႏိုင္စြမ္းရွိမယ့္ တိုက္စစ္မႉးတစ္ေယာက္ကို ေခၚယူသင့္ေနၿပီး ႐ိုးမားရဲ႕ ေဘာ့စနီးယားတိုက္စစ္မႉး အီဒင္ ဂ်က္ကိုကို ရယူဖို႔ အသင္းပရိသတ္ဝက္ဘ္ဆိုက္တစ္ခု တိုက္တြန္း။

– ခံစစ္မွာ ေနရာမရဘဲ ေရာဘတ္ဆန္ကို အနားေပးခ်ိန္ရင္ မီလ္နာကို သုံးစြဲေနခဲ့ၿပီး ကစားခြင့္ ေပ်ာက္ဆုံးေနတဲ့ ဂရိဘယ္ေနာက္ခံလူ ေကာ့စ္တတ္စ္ ဆီမီကတ္စ္ကို ျပန္လည္ေခၚယူဖို႔ အသင္းေဟာင္း အိုလံပီယာေကာ့စ္နဲ႔ ၿပိဳင္ဘက္ ပါနာသီႏိုင္ေကာ့စ္တို႔က ကမ္းလွမ္း လာခဲ့ေပမယ့္ ဆက္လက္ထိန္းသိမ္းဖို႔ လီဗာပူးလ္ဘက္က ဆုံးျဖတ္ထား။

– အသင္းရဲ႕ အရန္ခုံမွာပဲ အခ်ိန္ကုန္ေနခဲ့ရတဲ့ ဂ်ပန္ကြင္းလယ္လူ တာကူမီ မီနာမီႏိုကို ေပးကစားဖို႔ စိတ္ကူးမရွိရင္ ဘာျဖစ္လို႔ ေခၚခဲ့တာလဲလို႔ ပရိသတ္ေတြ ေမးခြန္းထုတ္လိုက္ၾကၿပီး ကစားဖို႔ အရည္အခ်င္း မရွိဘူးလို႔ ထင္ရင္လည္း အျမန္ဆုံးေရာင္းထုတ္ၿပီး ေနာက္ခံလူအတြက္ ရန္ပုံေငြရွာဖို႔ တိုက္တြန္းေနၾက။

– လီဗာပူးလ္အသင္းရဲ႕ ရလဒ္ေတြ ဆိုး႐ြားေနမႈဟာ ကြင္းလယ္အဖ်က္ကစားသမားေကာင္း မရွိမႈနဲ႔လည္း တိုက္႐ိုက္သက္ဆိုင္ေနၿပီး ဖာဘင္ညိဳကို ခံစစ္ဗဟိုမွာ သုံးစြဲမယ့္အစား ေရွ႕ျပန္တက္ခိုင္းၿပီး ဗဟိုေနာက္ခံလူႏွစ္ဦးကို ဘယ္သူပဲျဖစ္ျဖစ္ သုံးစြဲႏိုင္ေၾကာင္း အဂၤလန္ နည္းျပေဟာင္း ဂလင္း ေဟာ့ဒယ္လ္ အႀကံေပး။

– ဒါဘီေကာင္တီအသင္းကေန ေခၚယူႏိုင္ဖို႔ နီးစပ္ေနခဲ့တဲ့ အဂၤလန္လူငယ္ေတာင္ပံကစားသမား ေက့ဒ္ ေဂၚဒြန္ဟာ လက္ရွိမွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေမဆန္ ဂရင္းဝုဒ္နဲ႔ မနီး႐ိုးစြဲလိုက္ႏိုင္သူျဖစ္ၿပီး တစ္ေန႔မွာ မိုဟာမက္ ဆာလားရဲ႕ အဆင့္အတန္းကို ေရာက္ရွိလာမယ့္သူလို႔ ခန႔္မွန္းေနၾက။

– လီဗာပူးလ္အသင္းအေနနဲ႔ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ လက္တြန႔္မေနဘဲ ခံစစ္ကစားသမားကို ေခၚယူႏိုင္တယ္လို႔ အေျပာင္း အေ႐ႊ႕ ေစာင့္ၾကည့္သူေတြနဲ႔ ဘဏၰာေရးပညာရွင္ေတြက ေထာက္ျပလိုက္ၿပီး ဘာစီလိုနာအသင္းဆီက ေကာ္တင္ညိဳရဲ႕ ေႂကြးက်န္ ေပါင္ ၃၅ သန္းကို ႀကိဳတင္သုံးစြဲႏိုင္ေၾကာင္းဆိုေန။

– ႐ုရွားႏိုင္ငံမွာ အတိုက္အခံေခါင္းေဆာင္ကို ေထာက္ခံမႈကေန အဖမ္းခံခဲ့ရတဲ့ ဒန္နီယယ္လ္ အဂၢါဆိုတဲ့သူဟာ မိမိ မဟုတ္ေၾကာင္းနဲ႔ ေလာေလာဆယ္အေနနဲ႔ စပိန္ႏိုင္ငံမွာ ေဘးရန္ကင္းစြာ ရွိေနတယ္ဆိုတဲ့အေၾကာင္း လီဗာပူးလ္ေနာက္ခံလူေဟာင္း ဒိန္းမတ္သားႀကီးက ရွင္းလင္းသြားခဲ့။

– ဘာစီလိုနာနည္းျပ ေရာ္နယ္လ္ ကိုးမန္းအေနနဲ႔ သူ႔ရဲ႕ တပည့္ေဟာင္း ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ကို ဒီေဆာင္းရာသီမွာပဲ ရရွိႏိုင္ဖို႔ အလိုရွိေနၿပီး လီဗာပူးလ္အသင္းအေနနဲ႔ ခံစစ္သမား ေခၚယူဖို႔ ေငြေၾကးလိုအပ္ေနတာေၾကာင့္ ညႇိႏႈိင္းသြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.