Match Report Premier League

KDB မပါပေမယ့် အဝေးကွင်းမှာ ငါးဂိုးသွင်းပြီး ပထမနေရာကို ရောက်လာခဲ့တဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှာ အဓိက ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနား မပါဝင်လို့ ရုန်းကန်ရတော့မယ်လို့ အားလုံးက ထင်ခဲ့ကြပေမယ့် ကျန်တဲ့ ကစားသမားတွေချင်း ပူးပေါင်းလုပ်ဆောင်မှု၊ နားလည်မှုတွေနဲ့အတူ နောက်ပိုင်းပွဲတွေမှာ ဆက်တိုက်ခြေစွမ်းပြနေတဲ့ ကစားသမားတွေရဲ့ တည်ငြိမ်မှုတွေနဲ့ ဝက်စ်ဘရွန်းကို အဝေးကွင်းမှာ ဂိုးပြတ်ခြေပြတ် အနိုင်ယူနိုင်ခဲ့ပါတယ်။

ရှေ့တန်းမှာ ဖယ်ရန် တောရက်စ်ကို အထောင်တိုက်စစ်မှူးအဖြစ် စာရင်းတင်ခဲ့တဲ့ ဒီနေ့လူစာရင်းမှာ မာရက်ဇ်နဲ့ စတာလင်တို့ရဲ့ ရွေ့လျား ကစားပုံနဲ့ ခြေမှန်ပြန်ရလာတဲ့ ဘာနာဒို ဆေးလ်ဗားတို့ရဲ့ ခြေစွမ်းကလည်း ကောင်းမွန်နေခဲ့ပေမယ့် ပွဲစပြီး မကြာခင်မှာပဲ သူတို့ကို ဒုက္ခပေးနေကျ နောက်ခံလူ ဆီမီ အဂျာယီရဲ့ ကန်သွင်းချက်ကို အီဒါဆန် ကာကွယ်နိုင်ခဲ့လို့သာ အဖွင့်ဂိုး မပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၆ မိနစ်မှာတော့ ညာနောက်ခံလူ ဂျာအို ကန်ဆယ်လိုရဲ့ Deep Cross ကို အဂွေရိုလို ပုံစံနဲ့ ကစားနေခဲ့တဲ့ ကွင်းလယ်လူ ဂွန်ဒိုးဝမ်က ဝက်စ်ဘရွန်းခံစစ်ကြားက ဖောက်ထွက်ပြီး တိကျသေသပ်တဲ့ ထိန်းသိမ်းမှုနဲ့အတူ ဂိုးသမား ဆမ် ဂျွန်စတုန်းရဲ့ အဝေးတိုင်ကို လှမ်းကန်သွင်းပြီး အဖွင့်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာတော့ မန်စီးတီးတို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး ဘာနာဒို ဆေးလ်ဗား ပြန်ချိုးပေးတဲ့ ဘောလုံးကို ကန်ဆယ်လိုက ဘယ်ခြေနဲ့ လှလှပပ ဝိုက်ကန်သွင်းယူခဲ့ပါတယ်။ ဒီဂိုးမှာ အရည်အချင်းမပြည့်ဘူးလို့ နာမည်ဆိုးထွက်နေတဲ့ လက်ထောက်ဒိုင်အမျိုးသမီး ဆီယမ် မက်ဆီ-အဲလစ္စရဲ့ အလံထောင်မှုကြောင့် လူကျွံဘောအဖြစ် ဝက်စ်ဘရွန်းနောက်တန်းတွေ ဇဝေဇဝါဖြစ်နေချိန်မှာ စီးတီးဘက်က ကိုယ့်အလုပ်ကိုယ်လုပ်သွားတာဖြစ်ပြီး VAR ပြန်ကြည့်ရာမှာတော့ လူမကျွံလို့ ဂိုးအဖြစ် အတည်ပြုခံခဲ့ရတာပါ။

ပွဲချိန် မိနစ် ၃၀ မှာတော့ စီးတီးတို့ တတိယဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဝက်စ်ဘရွန်းကွင်းလယ်လူ ဆောယာစ်ရဲ့ မသေမသပ် ဘောလုံးထိန်းသိမ်းမှုကနေ ဂွန်ဒိုးဝမ်က လုယူသွားခဲ့ပြီး နောက်တန်းတွေကြားထဲကနေ ဘယ်ခြေနဲ့ မြေလှိမ့်ဘော ကန်သွင်းယူခဲ့ရာမှာ ဂိုးသမား ကာကွယ်ဖို့ မတတ်နိုင်ခဲ့ဘဲ ထပ်မံခွင့်ပြုခဲ့ရပါတယ်။

ပထမပိုင်းကို သုံးဂိုး-ဂိုးမရှိနဲ့ ပြီးတော့မယ်လို့ ထင်နေတုန်းမှာပဲ စီးတီးတို့ ဦးဆောင်မှုကို ထပ်မံတိုးမြှင့်နိုင်ခဲ့ပြီး စတာလင်ပေးလိုက်တဲ့ ဘောလုံးကို ညာခြမ်းမှာ ရသွားခဲ့တဲ့ မာရက်ဇ်ကို ပိတ်ဆို့ဖို့ မကြိုးစားဘဲ ကြည့်နေခဲ့တဲ့ ဝက်စ်ဘရွန်းကစားသမား ငါးယောက်ကြောင့် အယ်လ်ဂျီးရီးယားတောင်ပံသမားအနေနဲ့ လွတ်လွတ်လပ်လပ် ကန်သွင်းနိုင်ခဲ့ပြီး လေးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ဂွန်ဒိုးဝမ်ကို စောစောစီးစီး အနားပေးသွားခဲ့ပြီး ပွဲချိန် ၅၂ မိနစ်မှာ လာပေါ့တ်နဲ့လဲပြီး ပွဲကို ထိန်းသိမ်းကစားသွားခဲ့သလို ပွဲချိန် ၅၇ မိနစ်မှာတော့ ရိုဒရီ တင်ပေးလိုက်တဲ့ ဘောလုံးကို မာရက်ဇ်က အနိမ့်ဘောပြန်ချိုးပေးတာကတစ်ဆင့် စတာလင်က လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းပြီး ငါးဂိုးမြောက်ကို ရယူသွားနိုင်ခဲ့ပါတယ်။

ဒီဘရိုင်းနား မပါဝင်တဲ့ ဒီနေ့ပွဲမှာ စီးတီးတို့ ကစားပုံက သူ့ဆီက ဘောလုံးတွေကို မှီခိုသလိုမျိုး နောက်ထပ်ကစားသမားတစ်ဦးကို ဆုံချက်ထား ကစားရမယ့်အစား ကွင်းလယ်နဲ့ တောင်ပံ အပြန်အလှန် နေရာရွှေ့ပြီး ချဲထုတ်တဲ့ ပုံစံကို အသုံးပြုသွားခဲ့ပြီး ဖန်တီးမှုအတွက် ကစားသမားတိုင်းကို Freedom ပေးတဲ့ ပုံစံနဲ့ ကစားသွားခဲ့တာကို တွေ့ခဲ့ရသလို အသင်းငယ်နဲ့ပွဲမှာ မြင်ခဲ့ရတာဖြစ်လို့ အသင်းကြီးတွေနဲ့ဆိုရင် ဘယ်လို ကစားဦးမလဲဆိုတာကိုတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

ဒီနေ့ပွဲရဲ့ ပုံစံကတော့ စိုးရိမ်နေကြတဲ့ ပရိသတ်တွေကို ရင်ထဲက အလုံးကြီးကျပြီး ပျော်ရွှင်စေနိုင်ခဲ့သလို ပိုမိုချောမွေ့တဲ့ တိုက်စစ်ကစားပုံနဲ့ အဝေးကွင်းမှာ ဂိုးပြတ်အောင်ပွဲခံနိုင်ခဲ့ပြီး ရမှတ် ၃ မှတ်နဲ့အတူ အမှတ်ပေးဇယားထိပ်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို မနက်ဖြန်မှာ တစ်ပွဲပိုကစားမယ့် မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကိုလည်း အကောင်းဆုံး ခြိမ်းခြောက်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းရဲ႕ တိုက္စစ္မွာ အဓိက ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနား မပါဝင္လို႔ ႐ုန္းကန္ရေတာ့မယ္လို႔ အားလုံးက ထင္ခဲ့ၾကေပမယ့္ က်န္တဲ့ ကစားသမားေတြခ်င္း ပူးေပါင္းလုပ္ေဆာင္မႈ၊ နားလည္မႈေတြနဲ႔အတူ ေနာက္ပိုင္းပြဲေတြမွာ ဆက္တိုက္ေျခစြမ္းျပေနတဲ့ ကစားသမားေတြရဲ႕ တည္ၿငိမ္မႈေတြနဲ႔ ဝက္စ္ဘ႐ြန္းကို အေဝးကြင္းမွာ ဂိုးျပတ္ေျချပတ္ အႏိုင္ယူႏိုင္ခဲ့ပါတယ္။

ေရွ႕တန္းမွာ ဖယ္ရန္ ေတာရက္စ္ကို အေထာင္တိုက္စစ္မႉးအျဖစ္ စာရင္းတင္ခဲ့တဲ့ ဒီေန႔လူစာရင္းမွာ မာရက္ဇ္နဲ႔ စတာလင္တို႔ရဲ႕ ေ႐ြ႕လ်ား ကစားပုံနဲ႔ ေျခမွန္ျပန္ရလာတဲ့ ဘာနာဒို ေဆးလ္ဗားတို႔ရဲ႕ ေျခစြမ္းကလည္း ေကာင္းမြန္ေနခဲ့ေပမယ့္ ပြဲစၿပီး မၾကာခင္မွာပဲ သူတို႔ကို ဒုကၡေပးေနက် ေနာက္ခံလူ ဆီမီ အဂ်ာယီရဲ႕ ကန္သြင္းခ်က္ကို အီဒါဆန္ ကာကြယ္ႏိုင္ခဲ့လို႔သာ အဖြင့္ဂိုး မေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၆ မိနစ္မွာေတာ့ ညာေနာက္ခံလူ ဂ်ာအို ကန္ဆယ္လိုရဲ႕ Deep Cross ကို အေဂြ႐ိုလို ပုံစံနဲ႔ ကစားေနခဲ့တဲ့ ကြင္းလယ္လူ ဂြန္ဒိုးဝမ္က ဝက္စ္ဘ႐ြန္းခံစစ္ၾကားက ေဖာက္ထြက္ၿပီး တိက်ေသသပ္တဲ့ ထိန္းသိမ္းမႈနဲ႔အတူ ဂိုးသမား ဆမ္ ဂြၽန္စတုန္းရဲ႕ အေဝးတိုင္ကို လွမ္းကန္သြင္းၿပီး အဖြင့္ဂိုး ရယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ မန္စီးတီးတို႔ ဒုတိယဂိုး ထပ္ရခဲ့ၿပီး ဘာနာဒို ေဆးလ္ဗား ျပန္ခ်ိဳးေပးတဲ့ ေဘာလုံးကို ကန္ဆယ္လိုက ဘယ္ေျခနဲ႔ လွလွပပ ဝိုက္ကန္သြင္းယူခဲ့ပါတယ္။ ဒီဂိုးမွာ အရည္အခ်င္းမျပည့္ဘူးလို႔ နာမည္ဆိုးထြက္ေနတဲ့ လက္ေထာက္ဒိုင္အမ်ိဳးသမီး ဆီယမ္ မက္ဆီ-အဲလစၥရဲ႕ အလံေထာင္မႈေၾကာင့္ လူကြၽံေဘာအျဖစ္ ဝက္စ္ဘ႐ြန္းေနာက္တန္းေတြ ဇေဝဇဝါျဖစ္ေနခ်ိန္မွာ စီးတီးဘက္က ကိုယ့္အလုပ္ကိုယ္လုပ္သြားတာျဖစ္ၿပီး VAR ျပန္ၾကည့္ရာမွာေတာ့ လူမကြၽံလို႔ ဂိုးအျဖစ္ အတည္ျပဳခံခဲ့ရတာပါ။

ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ စီးတီးတို႔ တတိယဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဝက္စ္ဘ႐ြန္းကြင္းလယ္လူ ေဆာယာစ္ရဲ႕ မေသမသပ္ ေဘာလုံးထိန္းသိမ္းမႈကေန ဂြန္ဒိုးဝမ္က လုယူသြားခဲ့ၿပီး ေနာက္တန္းေတြၾကားထဲကေန ဘယ္ေျခနဲ႔ ေျမလွိမ့္ေဘာ ကန္သြင္းယူခဲ့ရာမွာ ဂိုးသမား ကာကြယ္ဖို႔ မတတ္ႏိုင္ခဲ့ဘဲ ထပ္မံခြင့္ျပဳခဲ့ရပါတယ္။

ပထမပိုင္းကို သုံးဂိုး-ဂိုးမရွိနဲ႔ ၿပီးေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ စီးတီးတို႔ ဦးေဆာင္မႈကို ထပ္မံတိုးျမႇင့္ႏိုင္ခဲ့ၿပီး စတာလင္ေပးလိုက္တဲ့ ေဘာလုံးကို ညာျခမ္းမွာ ရသြားခဲ့တဲ့ မာရက္ဇ္ကို ပိတ္ဆို႔ဖို႔ မႀကိဳးစားဘဲ ၾကည့္ေနခဲ့တဲ့ ဝက္စ္ဘ႐ြန္းကစားသမား ငါးေယာက္ေၾကာင့္ အယ္လ္ဂ်ီးရီးယားေတာင္ပံသမားအေနနဲ႔ လြတ္လြတ္လပ္လပ္ ကန္သြင္းႏိုင္ခဲ့ၿပီး ေလးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဂြန္ဒိုးဝမ္ကို ေစာေစာစီးစီး အနားေပးသြားခဲ့ၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာ လာေပါ့တ္နဲ႔လဲၿပီး ပြဲကို ထိန္းသိမ္းကစားသြားခဲ့သလို ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ႐ိုဒရီ တင္ေပးလိုက္တဲ့ ေဘာလုံးကို မာရက္ဇ္က အနိမ့္ေဘာျပန္ခ်ိဳးေပးတာကတစ္ဆင့္ စတာလင္က လြတ္လြတ္ကြၽတ္ကြၽတ္ ပိတ္သြင္းၿပီး ငါးဂိုးေျမာက္ကို ရယူသြားႏိုင္ခဲ့ပါတယ္။

ဒီဘ႐ိုင္းနား မပါဝင္တဲ့ ဒီေန႔ပြဲမွာ စီးတီးတို႔ ကစားပုံက သူ႔ဆီက ေဘာလုံးေတြကို မွီခိုသလိုမ်ိဳး ေနာက္ထပ္ကစားသမားတစ္ဦးကို ဆုံခ်က္ထား ကစားရမယ့္အစား ကြင္းလယ္နဲ႔ ေတာင္ပံ အျပန္အလွန္ ေနရာေ႐ႊ႕ၿပီး ခ်ဲထုတ္တဲ့ ပုံစံကို အသုံးျပဳသြားခဲ့ၿပီး ဖန္တီးမႈအတြက္ ကစားသမားတိုင္းကို Freedom ေပးတဲ့ ပုံစံနဲ႔ ကစားသြားခဲ့တာကို ေတြ႕ခဲ့ရသလို အသင္းငယ္နဲ႔ပြဲမွာ ျမင္ခဲ့ရတာျဖစ္လို႔ အသင္းႀကီးေတြနဲ႔ဆိုရင္ ဘယ္လို ကစားဦးမလဲဆိုတာကိုေတာ့ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

ဒီေန႔ပြဲရဲ႕ ပုံစံကေတာ့ စိုးရိမ္ေနၾကတဲ့ ပရိသတ္ေတြကို ရင္ထဲက အလုံးႀကီးက်ၿပီး ေပ်ာ္႐ႊင္ေစႏိုင္ခဲ့သလို ပိုမိုေခ်ာေမြ႕တဲ့ တိုက္စစ္ကစားပုံနဲ႔ အေဝးကြင္းမွာ ဂိုးျပတ္ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ရမွတ္ ၃ မွတ္နဲ႔အတူ အမွတ္ေပးဇယားထိပ္ကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့သလို မနက္ျဖန္မွာ တစ္ပြဲပိုကစားမယ့္ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္ကိုလည္း အေကာင္းဆုံး ၿခိမ္းေျခာက္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.