Premier League

အသင်းဖော် ၄ ဦးနဲ့အတူ လေ့ကျင့်ရေးအချိန်ပိုဆင်းလွန်းလို့ ကွင်းထဲက ဆိုးလ်ရှား ကန်ထုတ်တာကို ခံခဲ့ရတဲ့ ဖာနန်ဒက်စ်


မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်ဟာ ၎င်းရဲ့မန်ချက်စတာယူနိုက်တက်အသင်းဖော်တွေထဲက ဘယ်ကစားသမား ၄ ဦးက အချိန်ပိုလေ့ကျင့်ရေးဆင်းဖို့ ၎င်းနဲ့အတူ နေရစ်ခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ စပို့တင်းကနေ ပေါင် ၄၇ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက အိုးထရက်ဖို့ဒ်မှာ ၎င်းရဲ့ အံ့အားသင့်ဖွယ်အကျိုးသက်ရောက်မှုကို ပြသပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့သူဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ လက်ရှိရာသီမှာလည်း ၎င်းရဲ့ ကောင်းမွန်တဲ့ခြေစွမ်းကို ဆက်လက်ပြသနေသူဖြစ်ပြီး ပြိုင်ပွဲစုံ ၂၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့်ဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်ဆုဖလား စိန်ခေါ်နိုင်စေဖို့အတွက် ဘောလုံးနဲ့ တသားတည်းဖြစ်နေအောင် လေ့ကျင့်ရေးကွင်းမှာလည်း အလုပ်ကို ပြင်းပြင်းထန်ထန် ဆက်လက်ကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ လီဗာပူးလ်အသင်းကို အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းယူပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းကို အက်ဖ်အေဖလား ပဥ္စမအဆင့်ကို ပို့ဆောင်ပေးခဲ့သေးတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း စပို့တင်းကြယ်ပွင့်ဟောင်း ဖာနန်ဒက်စ်က အလွတ်တည်ကန်ဘောနည်းစနစ်လေ့ကျင့်မှုအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပြီး နည်းပြဆိုးလ်ရှားကတောင် လေ့ကျင့်နေတာကို ရပ်ဖို့ လာအော်ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဖာနန်ဒက်စ်က အဲလက်စ် တဲလက်စ်၊ ရက်ရှ်ဖို့ဒ်၊ ဖရက်ဒ်နဲ့ မာတာတို့ဟာ လေ့ကျင့်ရေးမှာ ၎င်းနဲ့အတူ အချိန်ပို လေ့ကျင့်ရေးပြုလုပ်ဖို့အတွက် နေခဲ့ကြတဲ့ ကစားသမားတွေဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အလွတ်တည်ကန်ဘောကို လေ့ကျင့်ခဲ့လားလို့ မေးမြန်းခဲ့တဲ့အချိန်မှာ ဘရူနို ဖာနန်ဒက်စ်က MUTV ကို အခုလိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

“နေ့တိုင်းနီးပါးပဲလို့ ကျွန်တော် ထင်တယ်။ တခါတလေ ဆိုးလ်ရှားက ကျွန်တော်တို့ကို လေ့ကျင့်ရေးလုပ်တာ ရပ်အောင် ကွင်းထဲက ကန်ထုတ်မလိုတောင် ဖြစ်ခဲ့ပါတယ်။ ကျွန်တော် အမြဲတမ်း အဲဒီလိုအခြေအနေမျိုးအထိ အလုပ်လုပ်နေပါတယ်။ ကျွန်တော် မာတာဆီကနေ စောင့်ကြည့်သင်ယူချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက အလွတ်တည်ကန်ဘောမှာ တကယ်ကို တော်တဲ့ အထူးကျွမ်းကျင်သူမို့လို့ပါ”

“ကျွန်တော်တို့ လေ့ကျင့်ရေးမှာ အချိန်အကြာဆုံး နေကြတဲ့သူတွေလို့ ထင်ပါတယ်။ ကျွန်တော်နဲ့ ဟွမ် မာတာတို့ ကြာကြာပိုနေသလို အဲလက်စ်၊ ရက်ရှီ၊ ဖရက်ဒ်တို့လည်း ကျွန်တော်တို့နဲ့အတူ နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ဘ႐ူနိုဖာနန္ဒက္စ္ဟာ ၎ရဲ့မန္ခ်က္စတာယူနိုက္တက္အသင္းေဖာ္ေတြထဲက ဘယ္ကစားသမား ၄ ဦးက အခ်ိန္ပိုေလ့က်င့္ေရးဆင္းဖို႔ ၎နဲ႔အတူ ေနရစ္ခဲ့လဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလမွာ စပို႔တင္းကေန ေပါင္ ၄၇ သန္းနဲ႔ ေျပာင္းေရႊ႕လာၿပီးကတည္းက အိုးထရက္ဖို႔ဒ္မွာ ၎ရဲ့ အံ့အားသင့္ဖြယ္အက်ိဳးသက္ေရာက္မႈကို ျပသၿပီး ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့သူျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ လက္ရွိရာသီမွာလည္း ၎ရဲ့ ေကာင္းမြန္တဲ့ေျခစြမ္းကို ဆက္လက္ျပသေနသူျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၂၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ ျပဳလုပ္ထားနိုင္ခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီလက္ေရြးစင္ၾကယ္ပြင့္ဟာ ယခုရာသီမွာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ပရီးမီးယားလိဂ္ဆုဖလား စိန္ေခၚနိုင္ေစဖို႔အတြက္ ေဘာလုံးနဲ႔ တသားတည္းျဖစ္ေနေအာင္ ေလ့က်င့္ေရးကြင္းမွာလည္း အလုပ္ကို ျပင္းျပင္းထန္ထန္ ဆက္လက္ႀကိဳးစားလုပ္ေဆာင္ေနတာျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔မွာ လီဗာပူးလ္အသင္းကို အလြတ္တည္ကန္ေဘာကေန တိုက္ရိုက္ကန္သြင္းယူၿပီးေနာက္ မန္ခ်က္စတာယူနိုက္တက္အသင္းကို အက္ဖ္ေအဖလား ပဥၥမအဆင့္ကို ပို႔ေဆာင္ေပးခဲ့ေသးတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းကို အနိုင္ရရွိခဲ့ၿပီးေနာက္ပိုင္း စပို႔တင္းၾကယ္ပြင့္ေဟာင္း ဖာနန္ဒက္စ္က အလြတ္တည္ကန္ေဘာနည္းစနစ္ေလ့က်င့္မႈအေၾကာင္းကို ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး နည္းျပဆိုးလ္ရွားကေတာင္ ေလ့က်င့္ေနတာကို ရပ္ဖို႔ လာေအာ္ရတဲ့အထိ ျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဖာနန္ဒက္စ္က အဲလက္စ္ တဲလက္စ္၊ ရက္ရွ္ဖို႔ဒ္၊ ဖရက္ဒ္နဲ႔ မာတာတို႔ဟာ ေလ့က်င့္ေရးမွာ ၎နဲ႔အတူ အခ်ိန္ပို ေလ့က်င့္ေရးျပဳလုပ္ဖို႔အတြက္ ေနခဲ့ၾကတဲ့ ကစားသမားေတြျဖစ္တယ္လို႔လည္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အလြတ္တည္ကန္ေဘာကို ေလ့က်င့္ခဲ့လားလို႔ ေမးျမန္းခဲ့တဲ့အခ်ိန္မွာ ဘ႐ူနို ဖာနန္ဒက္စ္က MUTV ကို အခုလိုပဲ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

“ေန႔တိုင္းနီးပါးပဲလို႔ ကၽြန္ေတာ္ ထင္တယ္။ တခါတေလ ဆိုးလ္ရွားက ကၽြန္ေတာ္တို႔ကို ေလ့က်င့္ေရးလုပ္တာ ရပ္ေအာင္ ကြင္းထဲက ကန္ထုတ္မလိုေတာင္ ျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္ အျမဲတမ္း အဲဒီလိုအေျခအေနမ်ိဳးအထိ အလုပ္လုပ္ေနပါတယ္။ ကၽြန္ေတာ္ မာတာဆီကေန ေစာင့္ၾကည့္သင္ယူခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက အလြတ္တည္ကန္ေဘာမွာ တကယ္ကို ေတာ္တဲ့ အထူးကၽြမ္းက်င္သူမို႔လို႔ပါ”

“ကၽြန္ေတာ္တို႔ ေလ့က်င့္ေရးမွာ အခ်ိန္အၾကာဆုံး ေနၾကတဲ့သူေတြလို႔ ထင္ပါတယ္။ ကၽြန္ေတာ္နဲ႔ ဟြမ္ မာတာတို႔ ၾကာၾကာပိုေနသလို အဲလက္စ္၊ ရက္ရွီ၊ ဖရက္ဒ္တို႔လည္း ကၽြန္ေတာ္တို႔နဲ႔အတူ ေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.