Premier League

ဆာလားနေရာမှာ အစားထိုးဖို့ နေမာလက်သစ် ဘရာဇီးလ်တိုက်စစ်မှူးကို ဆက်သွယ်ခဲ့ပြီး ဘတ်ပီကို ခေါ်ယူဖို့ အခြေအနေကောင်းလာတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ဘရာဇီးလ်လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ကေးကီကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ ဂျာနယ်လစ် ပေါ်လို ဘရီတိုရဲ့ ပြောကြားချက်အရ သိရပါတယ်။

အသက် ၁၇ နှစ်အရွယ် ဖလူးမီးနန့်စ်ကြယ်ပွင့်ဟာ လီဗာပူးလ်အသင်းရဲ့ ကင်းထောက်ခြင်းကို ခံခဲ့ရတာ အချိန်တစ်ခုရှိနေခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ လီဗာပူးလ်အသင်းဟာ ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ ရှက်တာဒိုးနတ်အသင်းဟာ ကေးကီအတွက် ဖလူးမီးနန့်စ်အသင်းကို ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ ယုံကြည်ရပြီး လီဗာပူးလ်အသင်းကလည်း အားကျမခံ အပြိုင်ကမ်းလှမ်းသွားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

ကေးကီဟာ လက်ရှိ ဘရာဇီးလ်က အသက် ၁၇ နှစ်အောက် ကစားသမားတွေထဲမှာ အကောင်းဆုံးစွမ်းဆောင်နိုင်တဲ့ ကစားသမားအဖြစ် ဖော်ပြခြင်းခံနေရသူဖြစ်ပြီး ဘရာဇီးလ်ယူ-၁၆ သင်းအတွက် ၂ ကြိမ် ပါဝင်ကစားပေးထားတဲ့ကစားသမားဖြစ်ပါတယ်။ လီဗာပူးလ်အသင်းမှာ အယ်လစ်ဆန်၊ ဖာဘင်ညို၊ ဖာမီနိုတို့လို ဘရာဇီးလ်ထိပ်တန်းကစားသမားတွေရှိနေတာကြောင့် ကေးကီသာ အန်းဖီးကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ယင်းကစားသမားတွေက ဘရာဇီးလ်လူငယ်တိုက်စစ်မှူးအတွက် စံထားရမယ့်ကစားသမားတွေအဖြစ် ရှိနေမှာဖြစ်ပါတယ်။


ကေးကီဟာ ဘောလုံးပါရမီရှင်ကင်းထောက်သူတွေရဲ့ ဘယ်သန် နေမာလက်သစ်အဖြစ် ဖော်ပြခြင်းခံခဲ့ရသူဖြစ်တယ်လို့ ဘရာဇီးလ်သတင်းဌာန Jogada 10 ရဲ့ ဖော်ပြချက်အရ သိရပါတယ်။  လီဗာပူးလ်အသင်းဟာ ကေးကီကို တိုက်စစ်မှာ ရေရှည်ပွဲထွက်ကစားနိုင်ခြေရှိတဲ့ ကစားသမားအဖြစ် ရှုမြင်ထားတယ်ဆိုရင်တော့ အနာဂတ်အတွက် အစီအစဉ်ဆွဲဖို့ အရေးကြီးနေပြီဖြစ်ပြီး အပြောင်းအရွှေ့ အမှန်တကယ်ဖြစ်ပေါ်လာမလားဆိုတာကို စောင့်ကြည့်သွားဖို့သာ ကျန်တော့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းက ပီအက်စ်ဂျီအသင်းကနေ ဘတ်ပီကို ခေါ်ယူဖို့ ရုန်းကန်နေရတာကြောင့် ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက် ပိုမို အားကောင်းလာခဲ့ပြီလို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ လီဂူးဝမ်းမှာ ၎င်းရဲ့အနာဂတ်ကို စဉ်းစားနေပြီဖြစ်တဲ့ ဘတ်ပီနဲ့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့တာ နှစ်အနည်းငယ် ကြာမြင့်နေခဲ့ပြီဖြစ်ပါတယ်။

လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခြင်းခံထားရတဲ့ ဘတ်ပီကို ခေါ်ယူချင်နေတယ်လို့ ယုံကြည်ရပါတယ်။ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့တာကြောင့် မကြာမီအချိန်အတွင်း အပြောငး်ရွှေ့ပြုလုပ်သွားဖွယ်ရှိတယ်လို့ ကောလာဟလသတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

ဘတ်ပီဟာ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြကို လေးစားသူဖြစ်တာကြောင့် ဘာနေဗျူးကို ပြောင်းရွှေ့ချင်လိမ့်မယ်လို့ ထင်မြင်ခဲ့ရပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ ဘရာဇီးလ်တောင်ပံကစားသမား ဗင်နစ်ရှပ် ဂျူနီယာကို ရောင်းချဖို့ကိစ္စလုပ်နေတာကြောင့် ဘတ်ပီအတွက် ကမ်းလှမ်းမှုပြုလုပ်ဖို့ နှောင့်နှေးနေတယ်လို့ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် ဘဏ္ဍာရေးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး ကြီးမားတဲ့ငွေကြေးသုံးစွဲမှုမပြုလုပ်မီ ငွေကြေးအရင်ရရှိအောင် လုပ်နိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ လက်ထဲမှာ ငွေကြေးအလုံလောက်သာ ရှိမယ်ဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းထက် အရင် ဘတ်ပီကို ခေါ်ယူနိုင်ဖို့အတွက် အခွင့်အရေးကောင်းနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းဟာ ဘရာဇီးလ္လူငယ္ၾကယ္ပြင့္တိုက္စစ္မႉး ေကးကီကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတယ္လို႔ ဂ်ာနယ္လစ္ ေပၚလို ဘရီတိုရဲ့ ေျပာၾကားခ်က္အရ သိရပါတယ္။

အသက္ ၁၇ ႏွစ္အရြယ္ ဖလူးမီးနန႔္စ္ၾကယ္ပြင့္ဟာ လီဗာပူးလ္အသင္းရဲ့ ကင္းေထာက္ျခင္းကို ခံခဲ့ရတာ အခ်ိန္တစ္ခုရွိေနခဲ့ၿပီျဖစ္ၿပီး လက္ရွိမွာေတာ့ လီဗာပူးလ္အသင္းဟာ ကမ္းလွမ္းမႈ ျပဳလုပ္ဖို႔ စီစဥ္ေနၿပီျဖစ္ပါတယ္။ ရွက္တာဒိုးနတ္အသင္းဟာ ေကးကီအတြက္ ဖလူးမီးနန႔္စ္အသင္းကို ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တယ္လို႔ ယုံၾကည္ရၿပီး လီဗာပူးလ္အသင္းကလည္း အားက်မခံ အၿပိဳင္ကမ္းလွမ္းသြားဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။

ေကးကီဟာ လက္ရွိ ဘရာဇီးလ္က အသက္ ၁၇ ႏွစ္ေအာက္ ကစားသမားေတြထဲမွာ အေကာင္းဆုံးစြမ္းေဆာင္နိုင္တဲ့ ကစားသမားအျဖစ္ ေဖာ္ျပျခင္းခံေနရသူျဖစ္ၿပီး ဘရာဇီးလ္ယူ-၁၆ သင္းအတြက္ ၂ ႀကိမ္ ပါဝင္ကစားေပးထားတဲ့ကစားသမားျဖစ္ပါတယ္။ လီဗာပူးလ္အသင္းမွာ အယ္လစ္ဆန္၊ ဖာဘင္ညိဳ၊ ဖာမီနိုတို႔လို ဘရာဇီးလ္ထိပ္တန္းကစားသမားေတြရွိေနတာေၾကာင့္ ေကးကီသာ အန္းဖီးကို ေျပာင္းေရႊ႕ခဲ့မယ္ဆိုရင္ ယင္းကစားသမားေတြက ဘရာဇီးလ္လူငယ္တိုက္စစ္မႉးအတြက္ စံထားရမယ့္ကစားသမားေတြအျဖစ္ ရွိေနမွာျဖစ္ပါတယ္။


ေကးကီဟာ ေဘာလုံးပါရမီရွင္ကင္းေထာက္သူေတြရဲ့ ဘယ္သန္ ေနမာလက္သစ္အျဖစ္ ေဖာ္ျပျခင္းခံခဲ့ရသူျဖစ္တယ္လို႔ ဘရာဇီးလ္သတင္းဌာန Jogada 10 ရဲ့ ေဖာ္ျပခ်က္အရ သိရပါတယ္။  လီဗာပူးလ္အသင္းဟာ ေကးကီကို တိုက္စစ္မွာ ေရရွည္ပြဲထြက္ကစားနိုင္ေျခရွိတဲ့ ကစားသမားအျဖစ္ ရႈျမင္ထားတယ္ဆိုရင္ေတာ့ အနာဂတ္အတြက္ အစီအစဥ္ဆြဲဖို႔ အေရးႀကီးေနၿပီျဖစ္ၿပီး အေျပာင္းအေရႊ႕ အမွန္တကယ္ျဖစ္ေပၚလာမလားဆိုတာကို ေစာင့္ၾကည့္သြားဖို႔သာ က်န္ေတာ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းက ပီအက္စ္ဂ်ီအသင္းကေန ဘတ္ပီကို ေခၚယူဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ ျပင္သစ္တိုက္စစ္မႉးကို ေခၚယူနိုင္ဖို႔ ေမၽွာ္လင့္ခ်က္ ပိုမို အားေကာင္းလာခဲ့ၿပီလို႔ သိရပါတယ္။ လီဗာပူးလ္အသင္းဟာ လီဂူးဝမ္းမွာ ၎ရဲ့အနာဂတ္ကို စဥ္းစားေနၿပီျဖစ္တဲ့ ဘတ္ပီနဲ႔ သတင္းေတြ အခိုင္အမာထြက္ေပၚေနခဲ့တာ ႏွစ္အနည္းငယ္ ၾကာျမင့္ေနခဲ့ၿပီျဖစ္ပါတယ္။

လာလီဂါထိပ္သီးအသင္းႀကီးျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ လက္ရွိကမၻာ့ေဘာလုံးေလာကမွာ အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ သတ္မွတ္ျခင္းခံထားရတဲ့ ဘတ္ပီကို ေခၚယူခ်င္ေနတယ္လို႔ ယုံၾကည္ရပါတယ္။ ျပင္သစ္လက္ေရြးစင္တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁၈ လသာ က်န္ရွိေတာ့တာေၾကာင့္ မၾကာမီအခ်ိန္အတြင္း အေျပာငး္ေရႊ႕ျပဳလုပ္သြားဖြယ္ရွိတယ္လို႔ ေကာလာဟလသတင္းေတြထြက္ေပၚေနတာျဖစ္ပါတယ္။

ဘတ္ပီဟာ ရီးရဲလ္မက္ဒရစ္အသင္းနည္းျပကို ေလးစားသူျဖစ္တာေၾကာင့္ ဘာေနဗ်ဴးကို ေျပာင္းေရႊ႕ခ်င္လိမ့္မယ္လို႔ ထင္ျမင္ခဲ့ရေပမယ့္ ရီးရဲလ္မက္ဒရစ္ဟာ ဘရာဇီးလ္ေတာင္ပံကစားသမား ဗင္နစ္ရွပ္ ဂ်ဴနီယာကို ေရာင္းခ်ဖို႔ကိစၥလုပ္ေနတာေၾကာင့္ ဘတ္ပီအတြက္ ကမ္းလွမ္းမႈျပဳလုပ္ဖို႔ ေႏွာင့္ေႏွးေနတယ္လို႔ Mundo Deportivo က ေဖာ္ျပခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ ကိုရိုနာဗိုင္းရပ္စ္ကမၻာ့ကပ္ေရာဂါေၾကာင့္ ဘ႑ာေရးအၾကပ္အတည္းေတြနဲ႔ ရင္ဆိုင္ေနရၿပီး ႀကီးမားတဲ့ေငြေၾကးသုံးစြဲမႈမျပဳလုပ္မီ ေငြေၾကးအရင္ရရွိေအာင္ လုပ္နိုင္ဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ လီဗာပူးလ္အသင္းဟာ လက္ထဲမွာ ေငြေၾကးအလုံေလာက္သာ ရွိမယ္ဆိုရင္ ရီးရဲလ္မက္ဒရစ္အသင္းထက္ အရင္ ဘတ္ပီကို ေခၚယူနိုင္ဖို႔အတြက္ အခြင့္အေရးေကာင္းေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.