La Liga Serie A

ဇီဒန္းကို ေခၚယူၿပီး ဆာရီေနရာမွာ အစားထိုးဖို႔ ရည္ရြယ္ေနတဲ့ ဂ်ဴဗင္တပ္စ္

စီးရီးေအအင္အားႀကီး ဂ်ဴဗင္တပ္စ္အသင္းေနနဲ႔ လာမယ့္ေႏြရာသီမွာ အသင္းရဲ႕နည္းျပ ေမာ္ရီဇီယို ဆာရီကို ထုတ္ပယ္ၿပီး ခ်န္ပီယံလိဂ္နဲ႔ လာဘ္ေကာင္းတဲ့ ရီးရဲလ္မက္ဒရစ္နည္းျပ ဇီနီဒန္း ဇီဒန္းနဲ႔ အစားထုိးသြားဖို႔ စီစဥ္ေနတယ္လုိ႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

အီတလီျပည္တြင္းမွာ ေအာင္ျမင္မွဳေတြ ရယူထားႏိုင္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ ဖိုင္နယ္နဲ႔ တျခားအဆင့္ေတြကပဲ လွည့္ျပန္ခဲ့ရတဲ့ ဂ်ဴဗင္တပ္စ္အေနနဲ႔ ဘြန္ဒက္စ္လီဂါကလပ္ ဘုိင္ယန္ျမဴးနစ္လုိပဲ ျပည္တြင္းေအာင္ျမင္မွဳထက္ ဥေရာပေအာင္ျမင္မွဳကိုပဲ ပစ္မွတ္ထားေနၿပီး ေႏြရာသီမွာ ဆာရီကို အစားထိုးသြားဖို႔ ရွိေနတာပါ။

တူရင္အေျခစိုက္ အျဖဴအနက္က်ား အုိးလ္ေလဒီေတြအေနနဲ႔ သူတုိ႔ရဲ႕ ေမွ်ာ္လင့္ခ်က္ကို လုပ္ေဆာင္ျပႏုိင္ျခင္းမရွိတဲ့ ဆာရီအစား ဇီဒန္းကို စဥ္းစားေနတဲ့အျပင္ အက်ပ္အတည္းနဲ႔ ရင္ဆုိင္ေနရတဲ့ မန္ခ်က္စတာစီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာကိုပါ အေစာပိုင္းက ခ်ိန္ရြယ္ခဲ့ဖူးတာလည္း ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အေနနဲ႔လည္း ခရစၥတီယာႏုိ ေရာ္နယ္လ္ဒို ရွိစဥ္တုန္းကလိုမ်ဳိး ေအာင္ျမင္မွဳေတြ ရယူမေပးႏုိင္ဘဲ အသင္းကို တည္ေဆာက္မွဳမွာလည္း ေက်နပ္စရာ ရွိမေနတဲ့ ဇီဒန္းကို ထြက္ခြာခြင့္ အလြယ္တကူေပးသြားဖြယ္ရွိၿပီး ေျပာင္းေရႊ႕ေၾကး ေပါင္ ၇ သန္းေလာက္ သတ္မွတ္ႏုိင္တယ္လုိ႔လည္း ဆိုပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ကမာၻ႕အေကာင္းဆုံးဆုကို ရရွိခဲ့ဖူးတဲ့ ျပင္သစ္လက္ေရြးစင္ေဟာင္း ဇီဒန္းအေနနဲ႔ ကစားသမားဘဝအသင္းေဟာင္းနဲ႔ ျပန္လည္ေပါင္းထုပ္ႏုိင္သလို ရီးရဲလ္မက္ဒရစ္မွာ လက္တြဲခဲ့ဖူးတဲ့ တုိက္စစ္မွဴး ေရာ္နယ္လ္ဒိုနဲ႔လည္း လက္တြဲႏိုင္ဖို႔ ရွိေနၿပီး သူတုိ႔ႏွစ္ဦး ေပါင္းစည္းမွဳကို ထပ္မံျမင္ေတြ႕ရဦးမလား ေစာင့္ၾကည့္သြားရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: စီးရီးအေအင်အားကြီး ဂျူဗင်တပ်စ်အသင်းနေနဲ့ လာမယ့်နွေရာသီမှာ အသင်းရဲ့နည်းပြ မော်ရီဇီယို ဆာရီကို ထုတ်ပယ်ပြီး ချန်ပီယံလိဂ်နဲ့ လာဘ်ကောင်းတဲ့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီနီဒန်း ဇီဒန်းနဲ့ အစားထိုးသွားဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

အီတလီပြည်တွင်းမှာ အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ ဖိုင်နယ်နဲ့ တခြားအဆင့်တွေကပဲ လှည့်ပြန်ခဲ့ရတဲ့ ဂျူဗင်တပ်စ်အနေနဲ့ ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်လိုပဲ ပြည်တွင်းအောင်မြင်မှုထက် ဥရောပအောင်မြင်မှုကိုပဲ ပစ်မှတ်ထားနေပြီး နွေရာသီမှာ ဆာရီကို အစားထိုးသွားဖို့ ရှိနေတာပါ။

တူရင်အခြေစိုက် အဖြူအနက်ကျား အိုးလ်လေဒီတွေအနေနဲ့ သူတို့ရဲ့ မျှော်လင့်ချက်ကို လုပ်ဆောင်ပြနိုင်ခြင်းမရှိတဲ့ ဆာရီအစား ဇီဒန်းကို စဉ်းစားနေတဲ့အပြင် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ မန်ချက်စတာစီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာကိုပါ အစောပိုင်းက ချိန်ရွယ်ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အနေနဲ့လည်း ခရစ္စတီယာနို ရော်နယ်လ်ဒို ရှိစဉ်တုန်းကလိုမျိုး အောင်မြင်မှုတွေ ရယူမပေးနိုင်ဘဲ အသင်းကို တည်ဆောက်မှုမှာလည်း ကျေနပ်စရာ ရှိမနေတဲ့ ဇီဒန်းကို ထွက်ခွာခွင့် အလွယ်တကူပေးသွားဖွယ်ရှိပြီး ပြောင်းရွှေ့ကြေး ပေါင် ၇ သန်းလောက် သတ်မှတ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ဂျူဗင်တပ်စ်အသင်းနဲ့ ကမ္ဘာ့အကောင်းဆုံးဆုကို ရရှိခဲ့ဖူးတဲ့ ပြင်သစ်လက်ရွေးစင်ဟောင်း ဇီဒန်းအနေနဲ့ ကစားသမားဘဝအသင်းဟောင်းနဲ့ ပြန်လည်ပေါင်းထုပ်နိုင်သလို ရီးရဲလ်မက်ဒရစ်မှာ လက်တွဲခဲ့ဖူးတဲ့ တိုက်စစ်မှူး ရော်နယ်လ်ဒိုနဲ့လည်း လက်တွဲနိုင်ဖို့ ရှိနေပြီး သူတို့နှစ်ဦး ပေါင်းစည်းမှုကို ထပ်မံမြင်တွေ့ရဦးမလား စောင့်ကြည့်သွားရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.