La Liga

အဆိုးဆုံးရာသီနဲ့ရင်ဆိုင်နေရတဲ့ တစ်ခါက ဥရောပကြယ်ပွင့်တစ်ဦး

(Unicode)

ကမ္ဘာ့ဖလားမှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ဥရောပအသင်းကြီးတွေရဲ့အပြိုင်အဆိုင်ကြိုးပမ်းခြင်းခံခဲ့ရသူကစားသမားတစ်ဦးဟာ အခုအခါမှာတော့ ကစားသမားဘဝရဲ့အဆိုးဆုံးရာသီနဲ့ရင်ဆိုင်နေရပါတယ်။ သူကတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျိန်းရိုဒရီဂွက်စ်ပါ။

ကိုလံဘီယာအသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာ ထင်ပေါ်ခဲ့တဲ့ဂျိမ်းဟာ ဒီဘက်နှစ်ပိုင်းတွေမှာ ဒဏ်ရာပြသနာရော ခြေစွမ်းမတည်ငြိမ်မှုနဲ့ပါရင်ဆိုင်နေရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကို အငှားထွက်ကစားပေမယ့် ထင်သလောက်ခြေစွမ်းပြနိင်ခြင်းမရှိခဲ့ပါဘူး။

ရီးရဲလ်မက်ဒရစ်အသင်းကို ပြန်လည်ရောက်ရှိလာတဲ့အချိန်မှာလည်း ပွဲကစားခွင့်အများအပြားရရှိမနေခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်မယ့် ကိုလံဘီယာအသင်းမှာပါ နေရာတစ်နေရာအတွက် မသေမချာဖြစ်နေပါတယ်။

ကိုလံဘီယာအသင်းနည်းပြကတော့ ဂျိမ်းရိုဒရီဂွက်ရဲ့ အခုပွဲကစားချိန်အတိုင်းဆိုရင် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ရွေးချယ်ဖို့ စဉ်းစားရမယ်လို့ဆိုပါတယ်။ ဂျိမ်းကလည်း ဦးစားပေးကစားသမားအနေနဲ့မပါဝင်ရရင် အသင်းမှာပါဝင်ဖို့စိတ်ကူးမရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ဂျိမ်းတစ်ယောက် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအမီ ခြေစွမ်းပြန်တောက်ပလာနိုင်ပါ့မလား။ ထင်မြင်ချက်လေးပြောခဲ့ပါဦး။

SportsA2Z
HTOO PYAE SONE

(Zawgyi)
ကမာၻ႔ဖလားမွာ အေကာင္းဆုံးေျခစြမ္းျပခဲ့ၿပီး ဥေရာပအသင္းႀကီးေတြရဲ႕အၿပိဳင္အဆိုင္ႀကိဳးပမ္းျခင္းခံခဲ့ရသူကစားသမားတစ္ဦးဟာ အခုအခါမွာေတာ့ ကစားသမားဘဝရဲ႕အဆိုးဆုံးရာသီနဲ႔ရင္ဆိုင္ေနရပါတယ္။ သူကေတာ့ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ကြင္းလယ္ကစားသမား ဂ်ိန္း႐ိုဒရီဂြက္စ္ပါ။

ကိုလံဘီယာအသင္းနဲ႔အတူ ကမာၻ႔ဖလားမွာ ထင္ေပၚခဲ့တဲ့ဂ်ိမ္းဟာ ဒီဘက္ႏွစ္ပိုင္းေတြမွာ ဒဏ္ရာျပသနာေရာ ေျခစြမ္းမတည္ၿငိမ္မႈနဲ႔ပါရင္ဆိုင္ေနရပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းကို အငွားထြက္ကစားေပမယ့္ ထင္သေလာက္ေျခစြမ္းျပနိင္ျခင္းမရွိခဲ့ပါဘူး။

ရီးရဲလ္မက္ဒရစ္အသင္းကို ျပန္လည္ေရာက္ရွိလာတဲ့အခ်ိန္မွာလည္း ပြဲကစားခြင့္အမ်ားအျပားရရွိမေနခဲ့တာျဖစ္ပါတယ္။ ဒီအေျခအေနေၾကာင့္ ကမာၻ႔ဖလားေျခစစ္ပြဲဝင္မယ့္ ကိုလံဘီယာအသင္းမွာပါ ေနရာတစ္ေနရာအတြက္ မေသမခ်ာျဖစ္ေနပါတယ္။

ကိုလံဘီယာအသင္းနည္းျပကေတာ့ ဂ်ိမ္း႐ိုဒရီဂြက္ရဲ႕ အခုပြဲကစားခ်ိန္အတိုင္းဆိုရင္ ကမာၻ႔ဖလားေျခစစ္ပြဲေတြမွာ ေ႐ြးခ်ယ္ဖို႔ စဥ္းစားရမယ္လို႔ဆိုပါတယ္။ ဂ်ိမ္းကလည္း ဦးစားေပးကစားသမားအေနနဲ႔မပါဝင္ရရင္ အသင္းမွာပါဝင္ဖို႔စိတ္ကူးမရွိဘူးလို႔ တုံ႔ျပန္ခဲ့ပါတယ္။

ဂ်ိမ္းတစ္ေယာက္ ကမာၻ႔ဖလားေျခစစ္ပြဲေတြအမီ ေျခစြမ္းျပန္ေတာက္ပလာႏိုင္ပါ့မလား။ ထင္ျမင္ခ်က္ေလးေျပာခဲ့ပါဦး။

SportsA2Z
HTOO PYAE SONE