Match Report Premier League

မန်ချက်စတာယူနိုက်တက် 3-2 လီဗာပူးလ်ပွဲအပြီး မှတ်မှတ်ထင်ထင် ပြောစရာ 7 ချက်

ခြေပြန်တက်လာတဲ့ ဂရင်းဝုဒ် – ဖိုဒန်နဲ့အတူ အိုက်စလန်မှာ ပြဿနာ ရှာခဲ့တဲ့ မေဆန် ဂရင်းဝုဒ်အတွက်တော့ ဒီကိစ္စနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ခြေစွမ်းပြနိုင်ခဲ့ပြီး တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးနိုင်ခဲ့တာပါ။ သူနဲ့ ရက်ရှ်ဖို့ဒ်တို့ တစ်ဦးကို တစ်ဦး အပြန်အလှန် အကျိုးပြုခဲ့ကြပြီး ဂိုးပေါက်ပြန်ရှာတွေ့တဲ့ လူငယ်တိုက်စစ်မှူးအတွက်တော့ ပရိသတ်တွေ ဝမ်းသာနေကြမှာပါ။

တိုက်စစ်က အလုပ်ဖြစ်လာတဲ့ လီဗာပူးလ် – လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ ဂိုးပေါက်ပျောက်မှတ်တမ်းကို ရပ်တန့်နိုင်ခဲ့တဲ့ ပွဲမှာ ဆာလားက နှစ်ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပြီး တောက်လျှောက်ဆိုသလို ယူနိုက်တက် ဘယ်ခြမ်းခံစစ်ကို ဒုက္ခပေးနေခဲ့တာပါ။ ဒီလိုလုပ်နိုင်ဖို့ နှစ်ဂိုးစလုံးကို ဖန်တီးပေးခဲ့တဲ့ ဖာမီနိုနဲ့ ဘယ်ညာနောက်ခံလူနှစ်ဦးက အရေးပါခဲ့ပြီး နည်းပြ ကလော့ပ်အတွက် ရှုံးပေမယ့် စိတ်သက်သာခဲ့ရတဲ့ပွဲလည်း ဖြစ်နိုင်ပါတယ်။

ခြေကုန်ထုတ်ခဲ့တဲ့ မားကပ်စ် – မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကတော့ ဒီနေ့ပွဲမှာ အကောင်းဆုံး ကြိုးစားခဲ့ပြီး လီဗာပူးလ်နောက်တန်းကို ထိုးနှက်သွားခဲ့သလို ပထမဂိုးသွင်းယူဖို့ ဖန်တီးပေးခဲ့ပြီး ဒုတိယဂိုးကိုလည်း လှလှပပ သွေးအေးအေးနဲ့ ကန်သွင်းခဲ့တာပါ။ တကယ်ပြိုင်ပွဲကြီးတွေမှာ တောက်ပတတ်တဲ့ ရက်ရှ်ဖို့ဒ်အတွက် အင်္ဂလန်အသင်းမှာလည်း နေရာတစ်နေရာ ရနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ကလော့ပ်အတွက် ဗဟိုခံစစ်မှူး ခေါ်ပေးရတော့မှာလား – ဒီနေ့မှာလည်း လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ ခံစစ်ကို ဘောင်ဝင်အောင် မတည်ဆောက်နိုင်ခဲ့ဘဲ ဖာဘင်ညိုပါ ရုန်းကန်နေခဲ့ရချိန်မှာ ဝီလီယမ်စ်ကတော့ အသင်းကြီးတွေနဲ့ ယှဉ်ကစားဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ပဲ ဆိုရမှာပါ။ ယူနိုက်တက်တို့ သွင်းယူခဲ့တဲ့ ပထမနှစ်ဂိုးမှာ ဗဟိုခံစစ်ရဲ့ တားဆီးပုံ ညံ့ဖျင်းခဲ့သလို အနိုင်ဂိုးမှာလည်း ဖာဘင်ညိုရဲ့ ပြစ်ဒဏ်ကျူးလွန်မှုက ဆုံးရှုံးမှု ကြီးမားစေခဲ့ပြီး လူသစ်တစ်ဦး ခေါ်ယူမှ ဖြစ်မယ့် ပုံစံကိုလည်း ပြသနေတာဖြစ်ပါတယ်။

ဖာနန်ဒက်စ်ပါပဲ – နောက်ဆုံးတော့ ဖာနန်ဒက်စ်ပဲလားလို့ ဆိုရအောင် သူ့ရဲ့ ပါးနပ်တဲ့ ဖရီးကစ်က ဒီနေ့ပွဲရဲ့ အနိုင်ဂိုးဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဂရင်းဝုဒ်အစား ဝင်ရောက်ကစားပြီး ကာဗာနီရဲ့နောက်က အခွင့်အရေးတွေကို ရှာဖွေနေခဲ့တဲ့ ပေါ်တူဂီသား ဘရူနိုအနေနဲ့ ဒီဖရီးကစ်မှာ လီဗာပူးလ်နောက်တန်းတွေအားလုံးရဲ့ အားအနည်းဆုံးနေရာကို ရွေးချယ်ထိုးနှက်ခဲ့ပြီး ခက်ခဲတဲ့ ပြိုင်ဘက်ကို အိမ်ကွင်းမှာ ကျော်ဖြတ်ဖို့ တောက်ပခဲ့တာပါ။

လူစုံတာ မကောင်းဘူး – လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှာ လူစုံရင် မကောင်းဘူးလို့ပဲ အားနာနာနဲ့ ပြောလိုက်ပါရစေ။ မာနေး၊ ဆာလားနဲ့ ဖာမီနိုတို့ သုံးယောက်စုံသွားရင် သူ့အလိုလို တိုင်ပတ်သွားလေ့ရှိပြီး နှစ်ဂိုးစီသရေမှာ နိုင်ချင်လို့ ဆီနီဂေါသားကို ထည့်လိုက်မှာ ကန်တော့ပါသေးရဲ့ ဖြစ်သွားခဲ့တာပါ။ မြင်ရသလောက်ကတော့ မာနေးနဲ့ ဆာလားတို့ နှစ်ယောက်မှာ တစ်ယောက်ပဲ သုံးဖို့ အဆင်ပြေပြီး အီဂျစ်သားရဲ့ ဂိုးနှစ်ဂိုးကတော့ သူ့ကို ဦးစားပေးတာ မှန်ကြောင်း သက်သေပြနေမှာဖြစ်ပါတယ်။

အဲဗာတန်အတွက် လက်စားချေတဲ့ ယူနိုက်တက် – ဒီပွဲမှာ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ မာဆေးဆိုက်မှာ အပြာရောင်တော်ဖီတွေကို အနိုင်ကျင့်နေခဲ့တဲ့ ကြိုးကြာနီတွေကို ကိုယ်စား လက်စားချေပေးခဲ့တာဖြစ်ပါတယ်။ အက်ဖ်အေဖလားကနေ အဲဗာတန်ကို ၁၂ ကြိမ် ကန်ထုတ်ထားတဲ့ လီဗာပူးလ်တို့ကို ယူနိုက်တက်က ဒီလိုပဲ ထွက်ခွာစေခဲ့တာ ၁၀ ကြိမ်ပြည့်ခဲ့ပြီဖြစ်ပြီး တစ်သင်းတည်းအပေါ် အနိုင်ယူမှုမှာ သူတို့နောက် ဒုတိယ အများဆုံး မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေျချပန္တက္လာတဲ့ ဂရင္းဝုဒ္ – ဖိုဒန္နဲ႔အတူ အိုက္စလန္မွာ ျပႆနာ ရွာခဲ့တဲ့ ေမဆန္ ဂရင္းဝုဒ္အတြက္ေတာ့ ဒီကိစၥေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ျပန္လည္ေျခစြမ္းျပႏိုင္ခဲ့ၿပီး တစ္ဂိုးသြင္း၊ တစ္ဂိုးဖန္တီးႏိုင္ခဲ့တာပါ။ သူနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ တစ္ဦးကို တစ္ဦး အျပန္အလွန္ အက်ိဳးျပဳခဲ့ၾကၿပီး ဂိုးေပါက္ျပန္ရွာေတြ႕တဲ့ လူငယ္တိုက္စစ္မႉးအတြက္ေတာ့ ပရိသတ္ေတြ ဝမ္းသာေနၾကမွာပါ။

တိုက္စစ္က အလုပ္ျဖစ္လာတဲ့ လီဗာပူးလ္ – လီဗာပူးလ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ဂိုးေပါက္ေပ်ာက္မွတ္တမ္းကို ရပ္တန႔္ႏိုင္ခဲ့တဲ့ ပြဲမွာ ဆာလားက ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့တာလည္းျဖစ္ၿပီး ေတာက္ေလွ်ာက္ဆိုသလို ယူႏိုက္တက္ ဘယ္ျခမ္းခံစစ္ကို ဒုကၡေပးေနခဲ့တာပါ။ ဒီလိုလုပ္ႏိုင္ဖို႔ ႏွစ္ဂိုးစလုံးကို ဖန္တီးေပးခဲ့တဲ့ ဖာမီႏိုနဲ႔ ဘယ္ညာေနာက္ခံလူႏွစ္ဦးက အေရးပါခဲ့ၿပီး နည္းျပ ကေလာ့ပ္အတြက္ ရႈံးေပမယ့္ စိတ္သက္သာခဲ့ရတဲ့ပြဲလည္း ျဖစ္ႏိုင္ပါတယ္။

ေျခကုန္ထုတ္ခဲ့တဲ့ မားကပ္စ္ – မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကေတာ့ ဒီေန႔ပြဲမွာ အေကာင္းဆုံး ႀကိဳးစားခဲ့ၿပီး လီဗာပူးလ္ေနာက္တန္းကို ထိုးႏွက္သြားခဲ့သလို ပထမဂိုးသြင္းယူဖို႔ ဖန္တီးေပးခဲ့ၿပီး ဒုတိယဂိုးကိုလည္း လွလွပပ ေသြးေအးေအးနဲ႔ ကန္သြင္းခဲ့တာပါ။ တကယ္ၿပိဳင္ပြဲႀကီးေတြမွာ ေတာက္ပတတ္တဲ့ ရက္ရွ္ဖို႔ဒ္အတြက္ အဂၤလန္အသင္းမွာလည္း ေနရာတစ္ေနရာ ရႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ကေလာ့ပ္အတြက္ ဗဟိုခံစစ္မႉး ေခၚေပးရေတာ့မွာလား – ဒီေန႔မွာလည္း လီဗာပူးလ္အသင္းဟာ သူတို႔ရဲ႕ ခံစစ္ကို ေဘာင္ဝင္ေအာင္ မတည္ေဆာက္ႏိုင္ခဲ့ဘဲ ဖာဘင္ညိဳပါ ႐ုန္းကန္ေနခဲ့ရခ်ိန္မွာ ဝီလီယမ္စ္ကေတာ့ အသင္းႀကီးေတြနဲ႔ ယွဥ္ကစားဖို႔ အဆင္သင့္ မျဖစ္ေသးဘူးလို႔ပဲ ဆိုရမွာပါ။ ယူႏိုက္တက္တို႔ သြင္းယူခဲ့တဲ့ ပထမႏွစ္ဂိုးမွာ ဗဟိုခံစစ္ရဲ႕ တားဆီးပုံ ညံ့ဖ်င္းခဲ့သလို အႏိုင္ဂိုးမွာလည္း ဖာဘင္ညိဳရဲ႕ ျပစ္ဒဏ္က်ဴးလြန္မႈက ဆုံးရႈံးမႈ ႀကီးမားေစခဲ့ၿပီး လူသစ္တစ္ဦး ေခၚယူမွ ျဖစ္မယ့္ ပုံစံကိုလည္း ျပသေနတာျဖစ္ပါတယ္။

ဖာနန္ဒက္စ္ပါပဲ – ေနာက္ဆုံးေတာ့ ဖာနန္ဒက္စ္ပဲလားလို႔ ဆိုရေအာင္ သူ႔ရဲ႕ ပါးနပ္တဲ့ ဖရီးကစ္က ဒီေန႔ပြဲရဲ႕ အႏိုင္ဂိုးျဖစ္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာ ဂရင္းဝုဒ္အစား ဝင္ေရာက္ကစားၿပီး ကာဗာနီရဲ႕ေနာက္က အခြင့္အေရးေတြကို ရွာေဖြေနခဲ့တဲ့ ေပၚတူဂီသား ဘ႐ူႏိုအေနနဲ႔ ဒီဖရီးကစ္မွာ လီဗာပူးလ္ေနာက္တန္းေတြအားလုံးရဲ႕ အားအနည္းဆုံးေနရာကို ေ႐ြးခ်ယ္ထိုးႏွက္ခဲ့ၿပီး ခက္ခဲတဲ့ ၿပိဳင္ဘက္ကို အိမ္ကြင္းမွာ ေက်ာ္ျဖတ္ဖို႔ ေတာက္ပခဲ့တာပါ။

လူစုံတာ မေကာင္းဘူး – လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္မွာ လူစုံရင္ မေကာင္းဘူးလို႔ပဲ အားနာနာနဲ႔ ေျပာလိုက္ပါရေစ။ မာေနး၊ ဆာလားနဲ႔ ဖာမီႏိုတို႔ သုံးေယာက္စုံသြားရင္ သူ႔အလိုလို တိုင္ပတ္သြားေလ့ရွိၿပီး ႏွစ္ဂိုးစီသေရမွာ ႏိုင္ခ်င္လို႔ ဆီနီေဂါသားကို ထည့္လိုက္မွာ ကန္ေတာ့ပါေသးရဲ႕ ျဖစ္သြားခဲ့တာပါ။ ျမင္ရသေလာက္ကေတာ့ မာေနးနဲ႔ ဆာလားတို႔ ႏွစ္ေယာက္မွာ တစ္ေယာက္ပဲ သုံးဖို႔ အဆင္ေျပၿပီး အီဂ်စ္သားရဲ႕ ဂိုးႏွစ္ဂိုးကေတာ့ သူ႔ကို ဦးစားေပးတာ မွန္ေၾကာင္း သက္ေသျပေနမွာျဖစ္ပါတယ္။

အဲဗာတန္အတြက္ လက္စားေခ်တဲ့ ယူႏိုက္တက္ – ဒီပြဲမွာ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ မာေဆးဆိုက္မွာ အျပာေရာင္ေတာ္ဖီေတြကို အႏိုင္က်င့္ေနခဲ့တဲ့ ႀကိဳးၾကာနီေတြကို ကိုယ္စား လက္စားေခ်ေပးခဲ့တာျဖစ္ပါတယ္။ အက္ဖ္ေအဖလားကေန အဲဗာတန္ကို ၁၂ ႀကိမ္ ကန္ထုတ္ထားတဲ့ လီဗာပူးလ္တို႔ကို ယူႏိုက္တက္က ဒီလိုပဲ ထြက္ခြာေစခဲ့တာ ၁၀ ႀကိမ္ျပည့္ခဲ့ၿပီျဖစ္ၿပီး တစ္သင္းတည္းအေပၚ အႏိုင္ယူမႈမွာ သူတို႔ေနာက္ ဒုတိယ အမ်ားဆုံး မွတ္တမ္းကို ပိုင္ဆိုင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.