Premier League

25 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက် ပရိသတ်တွေဟာ တနင်္ဂနွေနေ့ညက လီဗာပူးလ်အသင်းကို အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ ၃-၂ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ကို လှောင်ပြောင်ခဲ့ကြပြီး ဘရူနိုဖာနန်ဒက်စ်ကို ပင်နယ်တီကနေ ဂိုးသွင်းတာနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့လို့ ပေါ်တူဂီကြယ်ပွင့်က အလွတ်တည်ကန်ဘောကနေ ဂိုးသွင်းပြခဲ့တာလို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက လီဗာပူးလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ လူစားလဲလှယ်ခဲ့ရတဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ဒူးဒဏ်ရာက အနှောင့်အယှက်ပေးနေတာဖြစ်ပြီး ယနေ့မှာ ဓာတ်မှန်ရိုက်ပြီး စမ်းသပ်သွားရမှာဖြစ်တယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ အန်သိုနီ မာစီယယ်လ်၊ ဒန်နီရယ် ဂျိမ်းစ်တို့ကို အသင်းမှာ ဥရုဂွေးကြယ်ပွင့်တိုက်စစ်မှူး ကာဗာနီ ရှိနေတုန်းမှာ ၎င်းရဲ့ ရွေ့လျားမှုတွေ၊ စိတ်ခံယူချက်နဲ့ အနိုင်ရချင်တဲ့စိတ်ကို သင်ယူထားကြဖို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက ဘရူနိုဖာနန်ဒက်စ်ကို လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အတွက် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားခဲ့တာဟာ အိုးထရက်ဖို့ဒ်က ၃-၂ နဲ့ နိုင်ပွဲအတွက် အဓိက သော့ချက်ဖြစ်ခဲ့တယ်လို့ ယုံကြည်နေပြီး ပွဲထွက်လူစာရင်းမှာ မပါဝင်ရဘူးဆိုတာ သိပြီးနောက် စနေနေ့ လေ့ကျင့်ရေးမှာ တည်ကန်ဘောတွေကို လေ့ကျင့်နေခဲ့တာကြောင့် အခုလို ဂိုးကန်သွင်းနိုင်မယ်ဆိုတာ ယုံကြည်ချက်ရှိခဲ့တယ်လို့ ပြောကြားခဲ့။

-လီဗာပူးလ်ကွင်းလယ်ကြယ်ပွင့် သီယာဂို အယ်လ်ကန်တာရာဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ တနင်္ဂနွေနေ့က အလွတ်တည်ကန်ဘောကနေ သွင်းယူခဲ့တဲ့ သွင်းဂိုးမှာ ကာကွယ်ပိတ်ဆို့လို့ ရခဲ့သားနဲ့ ဘောလုံးကို ရှောင်ပေးခဲ့တယ်လို့ စွပ်စွဲပြောကြားခြင်းခံနေရပြီး ခေါင်းငုံ့လိုက်မယ့်အစား ဘာလို့ မခုန်ခဲ့တာလဲလို့ ဝေဖန်ပြစ်တင်ခဲ့ကြ။

-အာဆင်နယ်ဂန္တဝင် နောက်ခံကစားသမား မာတင် ကီယွန်က တနင်္ဂနွေနေ့ညက လီဗာပူးလ်အသင်းကို ၃-၂ နဲ့ မန်ချက်စတာယူနိုက်တက်အသင်းက အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အလွတ်တည်ကန်ဘောကနေ ဂိုးသွင်းယူခဲ့တဲ့ ဖာနန်ဒက်စ်ရဲ့ ဦးဆောင်မှုနောက်ကို အသင်းဖော်တွေက လိုက်ပါနေကြပြီဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အဲရစ် ကန်တိုနာက ယူနိုက်တက်ရဲ့အောင်မြင်မှုတံခါးကို အိုးထရက်ဖို့ဒ်မှာ ရှိနေခဲ့တဲ့ ၅ နှစ်မှာ ဖွင့်ပေးနိုင်ခဲ့သလိုမျိုးဖြစ်တယ်လို့ နှိုင်းယှဉ် ချီးကျူးခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားဟာ တနင်္ဂနွေနေ့က လီဗာပူးလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်ရဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အဲရစ် ဘိုင်လီ ဘာကြောင့် မပါဝင်နိုင်ခဲ့တာလဲဆိုတာကို ရှင်းလင်းပြောကြားခဲ့ပြီး ဒဏ်ရာပြဿနာ ကြီးမားနေလို့မဟုတ်ဘဲ ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့် ရှက်ဖီးယူနိုက်တက်နဲ့ပွဲစဉ်အတွက် မလိုအပ်ဘဲ မစွန့်စားချင်လို့ ထည့်မသုံးခဲ့တာလို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တွေဟာ တနင်္ဂနွေနေ့ညက လီဗာပူးလ်အသင်းကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အတွင်းက ရက်ရှ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်ကို တွစ်တာမှာ ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပြီး လီဗာပူးလ် ကစားသမားတွေက ရှက်ရှ်ဖို့ဒ်ကို ယှဉ်ကစားလို့ မရနိုင်အောင် ထူးခြားကောင်းမွန်လွန်းခဲ့တယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာယူနိုက္တက္ ပရိသတ္ေတြဟာ တနဂၤေႏြေန႔ညက လီဗာပူးလ္အသင္းကို အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲစဥ္မွာ ၃-၂ နဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ လီဗာပူးလ္နည္းၿပ ယာဂင္ကေလာ့ပ္ကို ေလွာင္ေျပာင္ခဲ့ၾကၿပီး ဘ႐ူနိုဖာနန္ဒက္စ္ကို ပင္နယ္တီကေန ဂိုးသြင္းတာနဲ႔ပတ္သက္ၿပီး ေဝဖန္ခဲ့လို႔ ေပၚတူဂီၾကယ္ပြင့္က အလြတ္တည္ကန္ေဘာကေန ဂိုးသြင္းျပခဲ့တာလို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားက လီဗာပူးလ္အသင္းကို အနိုင္ရရွိခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္မွာ လူစားလဲလွယ္ခဲ့ရတဲ့ တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ့ ဒူးဒဏ္ရာက အေႏွာင့္အယွက္ေပးေနတာျဖစ္ၿပီး ယေန႔မွာ ဓာတ္မွန္ရိုက္ၿပီး စမ္းသပ္သြားရမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္အသင္းနည္းၿပ ဆိုးလ္ရွားဟာ အသင္းရဲ့ၾကယ္ပြင့္ကစားသမားေတြျဖစ္တဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္၊ အန္သိုနီ မာစီယယ္လ္၊ ဒန္နီရယ္ ဂ်ိမ္းစ္တို႔ကို အသင္းမွာ ဥ႐ုေဂြးၾကယ္ပြင့္တိုက္စစ္မႉး ကာဗာနီ ရွိေနတုန္းမွာ ၎ရဲ့ ေရြ႕လ်ားမႈေတြ၊ စိတ္ခံယူခ်က္နဲ႔ အနိုင္ရခ်င္တဲ့စိတ္ကို သင္ယူထားၾကဖို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ အိုေလဂန္နာ ဆိုးလ္ရွားက ဘ႐ူနိုဖာနန္ဒက္စ္ကို လီဗာပူးလ္အသင္းနဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္အတြက္ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ထားခဲ့တာဟာ အိုးထရက္ဖို႔ဒ္က ၃-၂ နဲ႔ နိုင္ပြဲအတြက္ အဓိက ေသာ့ခ်က္ျဖစ္ခဲ့တယ္လို႔ ယုံၾကည္ေနၿပီး ပြဲထြက္လူစာရင္းမွာ မပါဝင္ရဘူးဆိုတာ သိၿပီးေနာက္ စေနေန႔ ေလ့က်င့္ေရးမွာ တည္ကန္ေဘာေတြကို ေလ့က်င့္ေနခဲ့တာေၾကာင့္ အခုလို ဂိုးကန္သြင္းနိုင္မယ္ဆိုတာ ယုံၾကည္ခ်က္ရွိခဲ့တယ္လို႔ ေျပာၾကားခဲ့။

-လီဗာပူးလ္ကြင္းလယ္ၾကယ္ပြင့္ သီယာဂို အယ္လ္ကန္တာရာဟာ ဘ႐ူနိုဖာနန္ဒက္စ္ရဲ့ တနဂၤေႏြေန႔က အလြတ္တည္ကန္ေဘာကေန သြင္းယူခဲ့တဲ့ သြင္းဂိုးမွာ ကာကြယ္ပိတ္ဆို႔လို႔ ရခဲ့သားနဲ႔ ေဘာလုံးကို ေရွာင္ေပးခဲ့တယ္လို႔ စြပ္စြဲေျပာၾကားျခင္းခံေနရၿပီး ေခါင္းငုံ႔လိုက္မယ့္အစား ဘာလို႔ မခုန္ခဲ့တာလဲလို႔ ေဝဖန္ျပစ္တင္ခဲ့ၾက။

-အာဆင္နယ္ဂႏၲဝင္ ေနာက္ခံကစားသမား မာတင္ ကီယြန္က တနဂၤေႏြေန႔ညက လီဗာပူးလ္အသင္းကို ၃-၂ နဲ႔ မန္ခ်က္စတာယူနိုက္တက္အသင္းက အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အလြတ္တည္ကန္ေဘာကေန ဂိုးသြင္းယူခဲ့တဲ့ ဖာနန္ဒက္စ္ရဲ့ ဦးေဆာင္မႈေနာက္ကို အသင္းေဖာ္ေတြက လိုက္ပါေနၾကၿပီျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး အဲရစ္ ကန္တိုနာက ယူနိုက္တက္ရဲ့ေအာင္ျမင္မႈတံခါးကို အိုးထရက္ဖို႔ဒ္မွာ ရွိေနခဲ့တဲ့ ၅ ႏွစ္မွာ ဖြင့္ေပးနိုင္ခဲ့သလိုမ်ိဳးျဖစ္တယ္လို႔ ႏွိုင္းယွဥ္ ခ်ီးက်ဴးခဲ့။

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ အိုေလဂန္နာ ဆိုးလ္ရွားဟာ တနဂၤေႏြေန႔က လီဗာပူးလ္အသင္းကို အနိုင္ရရွိခဲ့တဲ့ ယူနိုက္တက္ရဲ့ အက္ဖ္ေအဖလားပြဲစဥ္မွာ အဲရစ္ ဘိုင္လီ ဘာေၾကာင့္ မပါဝင္နိုင္ခဲ့တာလဲဆိုတာကို ရွင္းလင္းေျပာၾကားခဲ့ၿပီး ဒဏ္ရာျပႆနာ ႀကီးမားေနလို႔မဟုတ္ဘဲ ဗုဒၶဟူးေန႔မွာ ကစားရမယ့္ ရွက္ဖီးယူနိုက္တက္နဲ႔ပြဲစဥ္အတြက္ မလိုအပ္ဘဲ မစြန႔္စားခ်င္လို႔ ထည့္မသုံးခဲ့တာလို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္အသင္းပရိသတ္ေတြဟာ တနဂၤေႏြေန႔ညက လီဗာပူးလ္အသင္းကို ၃-၂ နဲ႔ အနိုင္ရရွိခဲ့တဲ့ အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲစဥ္အတြင္းက ရက္ရွ္ဖို႔ဒ္ရဲ့ စြမ္းေဆာင္ရည္ကို တြစ္တာမွာ ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၾကၿပီး လီဗာပူးလ္ ကစားသမားေတြက ရွက္ရွ္ဖို႔ဒ္ကို ယွဥ္ကစားလို႔ မရနိုင္ေအာင္ ထူးျခားေကာင္းမြန္လြန္းခဲ့တယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.