Premier League
25 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု
-ချဲလ်ဆီးအသင်းဂိုးသမား ကီပါဟာ လူတန်တောင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ နောက်ထပ်ဆိုးရွားတဲ့အမှားတစ်ခုကို ကျူးလွန်မိခဲ့ပြီးနောက် ပွဲထွက်ခွင့် ပြန်လည်ရရှိခဲ့မှုကို ဖြုန်းတီးပစ်ခဲ့ပြီး ဘောလုံးဝေဖန်သုံးသပ်သူတွေက လမ်းပတ်ကို စပိန်ဂိုးသမားအတွက် အသင်းသစ် စတင်ရှာဖွေခွင့်ပေးတော့မလားလို့တောင် မေးခွန်းထုတ်ခဲ့ကြ။
-ချဲလ်ဆီးအသင်းဟာ တနင်္ဂနွေနေ့ညနေက လူတန်တောင်းအသင်းကို အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်မှာ အနိုင်ရရှိခဲ့ပြီးနောက် အက်ဖ်အေဖလား ပဥ္စမအဆင့်မှာ ဘန်စ်လေအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်တယ်လို့ သိရ။
-ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က လူတန်တောင်းကို အနိုင်ရရှိခဲ့တဲ့ တနင်္ဂနွေနေ့ညနေပွဲစဉ်မှာ ကစားကွက်အသစ်နဲ့ အောင်မြင်မှု ရရှိခဲ့ပြီးနောက် ရွေးချယ်စရာ ပိုမိုရရှိခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့လအနည်းငယ်က ၄-၃-၃ ကစားကွက်နဲ့ ကစားခဲ့တဲ့ လမ်းပတ်ဟာ ကွင်းလယ်မှာ ဟာကွက်မဖြစ်စေဘဲ တိုက်စစ်မှာ လူပိုမိုများစေတဲ့ ၄-၄-၂(၄-၂-၂-၂)ကစားကွက်ကို သုံးဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ရှင်းပြခဲ့။
-ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်ကို အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ဒန်နီမာဖီက ခံစစ်ပိုင်းမှာ ပိုမိုစိတ်ချရအောင် နောက်တန်း ၃ ယောက်ကစားကွက်နဲ့ ကစားဖို့ တောင်းဆိုခဲ့တယ်လို့ သိရပြီး နောက်ဆုံး ၅ ပွဲမှာ ၈ ဂိုးအထိ ပေးခဲ့ရတာကြောင့် ဗဟိုခံစစ်ကစားသမား ၃ ဦးနဲ့ ခံစစ်ကို တောင့်တင်းအောင်လုပ်ဖို့ ကြိုးပမ်းသင့်တယ်လို့ ယုံကြည်နေ။
-ချဲလ်ဆီးအသင်းနဲ့ လူတန်တောင်းတို့ကစားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ ပင်နယ်တီကန်သွင်းခွင့်ရရှိတာတောင် ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးမသတ်နိုင်ခဲ့တဲ့ တိုက်စစ်မှူး တီမို ဗာနာနဲ့ပတ်သက်ပြီး နည်းပြလမ်းပတ်က ဂျာမန်တိုက်စစ်မှူးအတွက် စိတ်ပျက်မိခဲ့တယ်လို့ ပြောကြားခဲ့ပြီး ဗာနာအနေနဲ့လည်း စိတ်ပျက်နေမယ်ဆိုတာ သိပေမယ့် စိတ်မပျက်သင့်ဘဲ ပင်နယ်တီကန်သွင်းတဲ့အချိန်မှာ ဘာမှမတွေးဘဲ ဂိုးပိုက်ထဲကန်သွင်းနိုင်မယ့်အချိန် မကြာခင် ရောက်လာဖို့ မျှော်လင့်မိတယ်လို့ ပြောကြားခဲ့။
-ချဲလ်ဆီးအသင်း လူငယ်ကွင်းလယ်ကြယ်ပွင့် ဘီလီ ဂီးလ်မိုးဟာ အလွန်ထူးချွန်တဲ့ ကစားသမားဖြစ်တယ်လို့ နည်းပြ လမ်းပတ်က ချီးကျူးပြောကြားခဲ့ရာမှာ ၎င်းရဲ့ စွမ်းဆောင်ရည်၊ ကိုယ်ရည်ကိုယ်သွေးနဲ့အတူ ကြီးမားတဲ့လွှမ်းမိုးမှုရှိတဲ့ ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ရေတိုအတွက်တော့ အငှားချခံရမှာမဟုတ်ဘူးလို့ ပြောကြားခဲ့။
-ချဲလ်ဆီးအသင်းပရိသတ်တွေဟာ လူတန်တောင်းအသင်းနဲ့ပွဲစဉ်အပြီးမှာ မေဆင်မောင့်ရဲ့ တွစ်တာအကောင့်မှာ တင်ခဲ့တဲ့ ပုံနဲ့စာကြောင့် ဝမ်းသာပီတိဖြစ်ခဲ့ကြပြီး မေဆင်မောင့်ဟာ ကလေးဘဝတုန်းက ပုံနဲ့အတူ လူတန်တောင်းအသင်းနဲ့ပွဲမှာ အသင်းခေါင်းဆောင် လက်ပတ်ဝတ်ဆင်ထားတဲ့ပုံကို တင်ခဲ့ပြီး အသက် ၆ နှစ်ကတည်းက ရောက်ရှိခဲ့တဲ့အသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ရတဲ့ စိတ်ခံစားချက်နဲ့ ကြီးမားတဲ့ဂုဏ်ယူမှုကို ဘယ်လိုစကားလုံးနဲ့မှ ဖော်ပြလို့မရနိုင်ဘူးလို့ ရေးသားခဲ့။
-ယခုလအစောပိုင်းမှာ ရီးရဲလ်မက်ဒရစ်ပရိသတ်အချို့ဟာ ချဲလ်ဆီးကြယ်ပွင့်ဟောင်း အီဒင် ဟာဇက်ကို ဒေါသထွက်နေပုံရတာကို မြင်တွေ့ခဲ့ရပြီး Football Espana ရဲ့ ဖော်ပြချက်အရ ဆန္ဒမဲကောက်ယူမှုမှာ ရီးရဲလ်မက်ဒရစ်ပရိသတ်အများစုက ဟာဇက်ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်သင့်တယ် သို့မဟုတ် ရောင်းချသင့်တယ်လို့ ယုံကြည်နေတယ်လို့ တွေ့ရှိခဲ့ရ။ ရီးရဲလ်မက်ဒရစ်ပရိသတ် ၄၄ ရာခိုင်နှုန်းဟာ ဟာဇက်အတွက် အဲဒီလိုလုပ်တာ အကောင်းဆုံးလို့ ယုံကြည်နေပြီး ၎င်းရဲ့စွမ်းဆောင်ရည်ကို ဒေါသထွက်ခဲ့ကြပြီးနောက် စောစောစီစီး လမ်းခွဲတာက အဆင်ပြေလိမ့်မယ်လို့ ယုံကြည်နေတာကြောင့် ဟာဇက်အနေနဲ့ အမြဲတမ်းပြန်လာချင်ခဲ့တဲ့ စတန်းဖို့ဒ်ဘရစ်ဂျ်ကို ပြန်လာနိုင်ဖွယ်ရှိနေတယ်လို့ သိရ။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
-ချဲလ်ဆီးအသင်းဟာ တနင်္ဂနွေနေ့ညနေက လူတန်တောင်းအသင်းကို အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်မှာ အနိုင်ရရှိခဲ့ပြီးနောက် အက်ဖ်အေဖလား ပဉ္စမအဆင့်မှာ ဘန်စ်လေအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်တယ်လို့ သိရ။
REF: INTERNET SOURCES
SPORTS A2Z.