Premier League

လက္က်န္ပြဲေတြမွာ ငါးပြဲအႏုိင္ရဖို႔အတြက္ လက္စတာနည္းျပ ေရာ့ဂ်ားစ္ ပစ္မွတ္ထား

လက္စတာစီးတီးရဲ႕ လက္က်န္ပရီးမီးယားလိဂ္ ၁၀ ပြဲကေန ၅ ပြဲအႏုိင္ရလဒ္ ထြက္ေပၚလာႏုိင္ရင္ မိမိတုိ႔အေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ရယူႏုိင္မွာျဖစ္ၿပီး ဒီအတြက္ ပစ္မွတ္ထားလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္းနဲ႔ ရပ္တည္မွဳ ေကာင္းမြန္မယ္လို႔ ယုံၾကည္ေၾကာင္း နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္က ေျပာၾကားလုိက္ပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလအတြင္းကေတာ့ ေရာ့ဂ်ားစ္ရဲ႕ လက္စတာစီးတီးအသင္းဟာ ႏုိင္ပြဲတစ္ပြဲမွ မရခဲ့တဲ့အထိ ဆုိးရြားခဲ့ၿပီး ခ်ဲလ္ဆီးနဲ႔ ဝုလ္ဗ္စ္ တုိ႔ကို သေရက်ခဲ့ၿပီး ေနာက္ဆုံးႏွစ္ပြဲျဖစ္တဲ့ မန္ခ်က္စတာစီးတီးနဲ႔ ေနာ့ဝစ္ခ်္စီးတီးတုိ႔ကို အရွဳံးေပးခဲ့ရသလို ျဖစ္ႏုိင္ဖြယ္ရမွတ္ ၁၂ မွတ္မွာ ၂ မွတ္သာ ရယူႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

တုိက္စစ္မွဴး ေဂ်မီ ဗာဒီကေတာ့ ပရီးမီးယားလိဂ္မွာ မန္စီးတီးကို သုံးဂိုး-တစ္ဂိုးနဲ႔ ရွဳံးခဲ့တဲ့ပြဲမွာ အဖြင့္ဂိုးသြင္းယူခဲ့ၿပီးေနာက္ပုိင္း ဒဏ္ရာျပႆနာနဲ႔ မိသားစုကိစၥေတြေၾကာင့္ ပုံမွန္ေျခမရသလို ဒီေနာက္ပုိင္းနဲ႔ ၂၀၂၀ ခုႏွစ္အတြင္းမွာ တစ္ဂိုးမွ မသြင္းႏုိင္ေသးတာလည္းျဖစ္ပါတယ္။

“ပရီးမီးယားလိဂ္မွာ ဆယ္ပြဲက်န္ခ်ိန္မွာ ကၽြန္ေတာ္တုိ႔အေနနဲ႔ ဒီထဲက တစ္ဝက္ကိုေတာ့ အႏိုင္ကစားဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ဒါဟာ ကၽြန္ေတာ္တုိ႔ရဲ႕ အနိမ့္ဆုံးရည္မွန္းခ်က္ျဖစ္ၿပီး အားလုံးစုစည္းၿပီး ရလဒ္ဆုိးေတြက ျပန္လည္႐ုန္းထြက္ႏုိင္ဖို႔လည္း ရည္ရြယ္ပါတယ္။ ဒီရလဒ္ကို အနိမ့္ဆုံး ရယူႏုိင္ခဲ့ရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ထက္ေတာ့ နိမ့္တဲ့ ေနရာကို မေရာက္ႏုိင္ဘူးလို႔ ယူဆပါတယ္”လို႔ ေရာ့ဂ်ားစ္က ဆုိပါတယ္။

လက္စတာစီးတီးအသင္းရဲ႕ လက္က်န္ဆယ္ပြဲကေတာ့ ဗီလာ၊ ဝတ္ဖို႔ဒ္၊ ဘ႐ိုက္တန္၊ အဲဗာတန္၊ ပဲေလ့စ္၊ အာဆင္နယ္၊ ဘုန္းေမာက္၊ ရွက္ဖီးလ္ဒ္၊ စပါးစ္နဲ႔ မန္ယူတုိ႔ကို ကစားသြားရမွာျဖစ္ၿပီး တန္းဆင္းဇုန္ ႐ုန္းေနတဲ့ အသင္းေတြနဲ႔ ဥေရာပဝင္ခြင့္ၿပဳိင္ဘက္ေတြ ပါဝင္ေနခ်ိန္မွာ ၅ ပြဲဆုိတဲ့ အႏုိင္ရလဒ္ကေတာ့ လုံေလာက္မွဳ ရွိဖို႔ ခက္ခဲဦးမွာလည္းျဖစ္တယ္လုိ႔ သုံးသပ္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: လက်စတာစီးတီးရဲ့ လက်ကျန်ပရီးမီးယားလိဂ် ၁၀ ပွဲကနေ ၅ ပွဲအနိုင်ရလဒ် ထွက်ပေါ်လာနိုင်ရင် မိမိတို့အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်မှာဖြစ်ပြီး ဒီအတွက် ပစ်မှတ်ထားလုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ ရပ်တည်မှု ကောင်းမွန်မယ်လို့ ယုံကြည်ကြောင်း နည်းပြ ဘရန်ဒန် ရော့ဂျားစ်က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကတော့ ရော့ဂျားစ်ရဲ့ လက်စတာစီးတီးအသင်းဟာ နိုင်ပွဲတစ်ပွဲမှ မရခဲ့တဲ့အထိ ဆိုးရွားခဲ့ပြီး ချဲလ်ဆီးနဲ့ ဝုလ်ဗ်စ် တို့ကို သရေကျခဲ့ပြီး နောက်ဆုံးနှစ်ပွဲဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ နော့ဝစ်ချ်စီးတီးတို့ကို အရှုံးပေးခဲ့ရသလို ဖြစ်နိုင်ဖွယ်ရမှတ် ၁၂ မှတ်မှာ ၂ မှတ်သာ ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

တိုက်စစ်မှူး ဂျေမီ ဗာဒီကတော့ ပရီးမီးယားလိဂ်မှာ မန်စီးတီးကို သုံးဂိုး-တစ်ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲမှာ အဖွင့်ဂိုးသွင်းယူခဲ့ပြီးနောက်ပိုင်း ဒဏ်ရာပြဿနာနဲ့ မိသားစုကိစ္စတွေကြောင့် ပုံမှန်ခြေမရသလို ဒီနောက်ပိုင်းနဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ တစ်ဂိုးမှ မသွင်းနိုင်သေးတာလည်းဖြစ်ပါတယ်။

“ပရီးမီးယားလိဂ်မှာ ဆယ်ပွဲကျန်ချိန်မှာ ကျွန်တော်တို့အနေနဲ့ ဒီထဲက တစ်ဝက်ကိုတော့ အနိုင်ကစားဖို့ မျှော်လင့်ထားပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အနိမ့်ဆုံးရည်မှန်းချက်ဖြစ်ပြီး အားလုံးစုစည်းပြီး ရလဒ်ဆိုးတွေက ပြန်လည်ရုန်းထွက်နိုင်ဖို့လည်း ရည်ရွယ်ပါတယ်။ ဒီရလဒ်ကို အနိမ့်ဆုံး ရယူနိုင်ခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်ထက်တော့ နိမ့်တဲ့ နေရာကို မရောက်နိုင်ဘူးလို့ ယူဆပါတယ်”လို့ ရော့ဂျားစ်က ဆိုပါတယ်။

လက်စတာစီးတီးအသင်းရဲ့ လက်ကျန်ဆယ်ပွဲကတော့ ဗီလာ၊ ဝတ်ဖို့ဒ်၊ ဘရိုက်တန်၊ အဲဗာတန်၊ ပဲလေ့စ်၊ အာဆင်နယ်၊ ဘုန်းမောက်၊ ရှက်ဖီးလ်ဒ်၊ စပါးစ်နဲ့ မန်ယူတို့ကို ကစားသွားရမှာဖြစ်ပြီး တန်းဆင်းဇုန် ရုန်းနေတဲ့ အသင်းတွေနဲ့ ဥရောပဝင်ခွင့်ပြိုင်ဘက်တွေ ပါဝင်နေချိန်မှာ ၅ ပွဲဆိုတဲ့ အနိုင်ရလဒ်ကတော့ လုံလောက်မှု ရှိဖို့ ခက်ခဲဦးမှာလည်းဖြစ်တယ်လို့ သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.