Premier League

တင္ပါးဒဏ္ရာေၾကာင့္ ဘုန္းေမာက္နဲ႔ပြဲကို လြဲေခ်ာ္မယ့္ အယ္လီဆန္

လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က သူ႕ရဲ႕ပထမဂိုးသမား အယ္လီဆန္ ဘက္ကာအေနနဲ႔ အနားေပးထားခဲ့ေပမယ့္လည္း ဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာျခင္း မရွိေသးတဲ့အတြက္ လာမယ့္ ဘုန္းေမာက္နဲ႔ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲစဥ္ကို လြဲေခ်ာ္ဦးမွာျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားလုိက္ပါတယ္။

အယ္လီဆန္အေနနဲ႔ ခ်ဲလ္ဆီးနဲ႔ အက္ဖ္ေအဖလားပြဲမတုိင္ခင္မွာ ေလ့က်င့္ခန္းဆင္းခဲ့စဥ္က တင္ပါးဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး သူ႕ကို အနားေပးထားခဲ့ၿပီး အရန္ဂိုးသမား အက္ဒရီယန္ကို ပြဲထုတ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ ကစားႏုိင္မယ့္ အေျခအေနကို ေရာက္မလာေသးဘူးလို႔ ဂ်ာမန္သားနည္းျပက ဆိုပါတယ္။

“သူက ခ်ဲလ္ဆီးနဲ႔ ပြဲမတုိင္ခင္ ထရိန္နင္မွာကတည္းက နည္းနည္းထိခုိက္မိသြားခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔အေနနဲ႔ ဒါက ဘာမွမျဖစ္ေလာက္ဘူးလို႔ ထင္ခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ မကစားႏုိင္တဲ့အထိ ျဖစ္သြားခဲ့တာပါ။ ဒီေတာ့ ကစားႏုိင္ဖို႔ထက္ အရန္ခုံမွာ ပါဝင္လာဖို႔ပဲ ေမွ်ာ္လင့္ရမွာျဖစ္ပါတယ္”လုိ႔ ကေလာ့ပ္က ဆုိပါတယ္။

“ကၽြန္ေတာ္တုိ႔အေနနဲ႔ မလိုအပ္ဘဲ ဘာစြန္႔စားမွဳမွ မျပဳလုပ္ခ်င္လုိ႔ သူ႕ကို မကစားေစဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ သူ႕အေနနဲ႔ ကစားႏုိင္ဖို႔ မျဖစ္ႏုိင္ေသးေပမယ့္ အက္သလက္တီကို မက္ဒရစ္နဲ႔ ပြဲစဥ္မွာေတာ့ ျပန္လည္ပါဝင္ႏုိင္ဖို႔ ပစ္မွတ္ထားေနပါတယ္။ ဒဏ္ရာက တင္ပါးထဲက ၾကြက္သား အငယ္ေလးတစ္ခုမွာ ျဖစ္ပြားခဲ့ၿပီး ပေရာ္ဖက္ရွင္နယ္ဂိုးသမားတစ္ေယာက္အေနနဲ႔ သူ႕အလုပ္သူလုပ္မွာျဖစ္ႏုိင္ေပမယ့္ ေကာင္းေတာ့ မေကာင္းဘူးေလ”လို႔လည္း ရွင္းျပသြားခဲ့ပါတယ္။

ယာဂန္ ကေလာ့ပ္က ဒီအသက္ ၂၇ ႏွစ္အရြယ္ ဘရာဇီးလ္လက္ေရြးစင္ဂိုးသမားအေနနဲ႔ ဒဏ္ရာကို ဆက္လက္ကုသဖို႔ အနားေပးထားဦးမွာ ျဖစ္ၿပီး ကံမေကာင္းရင္ အက္သလက္တီကိုနဲ႔ ပြဲတင္မဟုတ္ဘဲ မာေဆးဆုိက္ဒါဘီ အဲဗာတန္နဲ႔ပြဲအထိ ၾကာျမင့္သြားႏုိင္ေၾကာင္းလည္း ေျပာၾကားခဲ့ၿပီး အရန္ဂိုးသမား အက္ဒရီယန္ကိုပဲ ပြဲထုတ္လာမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က သူ့ရဲ့ပထမဂိုးသမား အယ်လီဆန် ဘက်ကာအနေနဲ့ အနားပေးထားခဲ့ပေမယ့်လည်း ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးတဲ့အတွက် လာမယ့် ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်ကို လွဲချော်ဦးမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားလိုက်ပါတယ်။

အယ်လီဆန်အနေနဲ့ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားပွဲမတိုင်ခင်မှာ လေ့ကျင့်ခန်းဆင်းခဲ့စဉ်က တင်ပါးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး သူ့ကို အနားပေးထားခဲ့ပြီး အရန်ဂိုးသမား အက်ဒရီယန်ကို ပွဲထုတ်ခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ ကစားနိုင်မယ့် အခြေအနေကို ရောက်မလာသေးဘူးလို့ ဂျာမန်သားနည်းပြက ဆိုပါတယ်။

“သူက ချဲလ်ဆီးနဲ့ ပွဲမတိုင်ခင် ထရိန်နင်မှာကတည်းက နည်းနည်းထိခိုက်မိသွားခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါက ဘာမှမဖြစ်လောက်ဘူးလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ မကစားနိုင်တဲ့အထိ ဖြစ်သွားခဲ့တာပါ။ ဒီတော့ ကစားနိုင်ဖို့ထက် အရန်ခုံမှာ ပါဝင်လာဖို့ပဲ မျှော်လင့်ရမှာဖြစ်ပါတယ်”လို့ ကလော့ပ်က ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ မလိုအပ်ဘဲ ဘာစွန့်စားမှုမှ မပြုလုပ်ချင်လို့ သူ့ကို မကစားစေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူ့အနေနဲ့ ကစားနိုင်ဖို့ မဖြစ်နိုင်သေးပေမယ့် အက်သလက်တီကို မက်ဒရစ်နဲ့ ပွဲစဉ်မှာတော့ ပြန်လည်ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ဒဏ်ရာက တင်ပါးထဲက ကြွက်သား အငယ်လေးတစ်ခုမှာ ဖြစ်ပွားခဲ့ပြီး ပရော်ဖက်ရှင်နယ်ဂိုးသမားတစ်ယောက်အနေနဲ့ သူ့အလုပ်သူလုပ်မှာဖြစ်နိုင်ပေမယ့် ကောင်းတော့ မကောင်းဘူးလေ”လို့လည်း ရှင်းပြသွားခဲ့ပါတယ်။

ယာဂန် ကလော့ပ်က ဒီအသက် ၂၇ နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင်ဂိုးသမားအနေနဲ့ ဒဏ်ရာကို ဆက်လက်ကုသဖို့ အနားပေးထားဦးမှာ ဖြစ်ပြီး ကံမကောင်းရင် အက်သလက်တီကိုနဲ့ ပွဲတင်မဟုတ်ဘဲ မာဆေးဆိုက်ဒါဘီ အဲဗာတန်နဲ့ပွဲအထိ ကြာမြင့်သွားနိုင်ကြောင်းလည်း ပြောကြားခဲ့ပြီး အရန်ဂိုးသမား အက်ဒရီယန်ကိုပဲ ပွဲထုတ်လာမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.