Match Report Premier League

အကြိတ်အနယ်ရှိလှတဲ့ပွဲမှာ ယူနိုက်တက်တို့ လီဗာပူးလ်ကို ကျော်ဖြတ်အနိုင်ယူပြီး နောက်တစ်ဆင့်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ဒဟေးယား၊ ကွင်းလယ်လူ ဖာနန်ဒက်စ်နဲ့ တိုက်စစ်မှူး မာစီယယ်လ်တို့ကလွဲလို့ လူစုံထုတ်ကစားခဲ့ပြီး လီဗာပူးလ်ဘက်ကတော့ ဟန်ဒါဆန်နေရာမှာ မီလ်နာပါဝင်လာပြီး ကွင်းလယ်ကို ထိန်းကျောင်းခဲ့သလို နောက်ခံလူစစ်စစ်ဖြစ်တဲ့ လူငယ် ရီးစ် ဝီလီယမ်စ်ကို ထည့်သွင်းလာခဲ့ပါတယ်။

ဆာဒီယို မာနေးမပါလို့ ဂိုးသွင်းဖို့ လုစရာမလိုတဲ့ လီဗာပူးလ်တိုက်စစ်က ချောမွေ့ခဲ့သလို အလက်ဇန်းဒါး-အာနိုးလ်ဒ်လည်း ခြေမှန်လာတဲ့ အခြေအနေမှာ ယူနိုက်တက်တို့ကတော့ တည်တည်ငြိမ်ငြိမ်ပဲ ကစားသွားခဲ့ပြီး ဗန်ဒဘိခ် ခြေသိပ်မပေါ်ချိန်မှာ ပေါ့ဘာ၊ ရက်ရှ်ဖို့ဒ်နဲ့ လုခ်ရှောတို့ရဲ့ ဘယ်ခြမ်းက အဓိက ပုံဖော်သွားခဲ့ပါတယ်။

မီလ်နာနဲ့ သီယာဂိုအတွဲက လီဗာပူးလ်အတွက် အလုပ်ဖြစ်သလို ကွင်းလယ်မှာ ဗိုင်နယ်လ်ဒွမ်နဲ့ ကားတစ်ဂျုံးစ်တို့က နေရာလွတ်တွေ ရှာဖွေချိန်မှာ ဆာလားအတွက် Half Space တွေမှာ အခွင့်အရေး ပေါ်ခဲ့ပြီး ပွဲချိန် ၁၈ မိနစ်မှာတော့ ဖာမီနိုပေးတဲ့ ဘောလုံးကို ဆာလားက ဂိုးသမား ဟန်ဒါဆန်နဲ့ တစ်ယောက်ချင်းအတွေ့မှာ ဘယ်နဲ့ပြပြီး ညာနဲ့ ကန်သွင်းယူခဲ့ပါတယ်။

လီဗာပူးလ်တို့ရဲ့ ဦးဆောင်မှုကတော့ ကြာကြာမခံလိုက်ဘဲ တန်ပြန်တိုက်စစ်ကနေ ယူနိုက်တက်တို့ ချေပနိုင်ခဲ့ပြီး ပွဲချိန် ၂၆ မိနစ်မှာ ပေါ့ဘာ လုယူလို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ်က ကန်တင်ပေးရာမှာ လိုက်ပြီး ကာဗာလုပ်ရမယ့်အစား ကိုယ့်အရပ်မှ အားမနာ ခေါင်းခုန်တိုက်ဖို့ ကြိုးစားတဲ့ မီလ်နာကြောင့် လွတ်လွတ်ကျွတ်ကျွတ်ရသွားခဲ့တဲ့ ညာတောင်ပံတိုက်စစ်မှူး ဂရင်းဝုဒ်က အယ်လစ်ဆန်ကို အနိုင်ယူခဲ့တာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ရဲ့ တန်ပြန်တိုက်စစ်တွေကို လီဗာပူးလ်တို့ မနည်းထိန်းနေရပြီး လေးလံတဲ့ ဝီလီယမ်စ်နဲ့ တွဲဆော့ရတာ အဆင်မပြေတဲ့ ဖာဘင်ညို အဝါကတ်ထိခဲ့သလို တည်ကန်ဘောတွေကို ပေါ့ဘာတို့အုပ်စု အသုံးမချနိုင်ခဲ့လို့သာ ဧည့်သည်တွေ သက်သာခဲ့ပြီး ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း နှစ်သင်းက အကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ ယူနိုက်တက်တို့ ဦးဆောင်ဂိုး ပြန်ယူနိုင်ခဲ့ပြီး ဒီတစ်ခါမှာတော့ ပထမဂိုးကနဲ့ ပြောင်းပြန် ဂရင်းဝုဒ်ရဲ့ ဖြတ်တင်ဘောကို ပထမဂိုးက မီလ်နာလိုပဲ တားဆီးပုံညံ့တဲ့ ဝီလီယမ်စ်ကြောင့် ဘောလုံးနဲ့အတူ လွတ်သွားခဲ့တဲ့ ရက်ရှ်ဖို့ဒ်က ဂိုးသမား အယ်လစ်ဆန်ရဲ့ အောက်ကနေ ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၅၈ မိနစ်မှာတော့ လီဗာပူးလ်တို့ ပြန်လည်ချေပနိုင်ခဲ့ပြီး ကာဗာနီ လူပေးမှားတဲ့ ဘောလုံးကနေ ဘယ်ခြမ်းက ရသွားတဲ့ ဖာမီနိုက ပြန်ချိုးပေးတာကို ဆာလားက သူ့ရဲ့ ဒုတိယဂိုးအဖြစ် သွင်းယူခဲ့ပြီး အသင်းရဲ့ ဂိုးပေါက်ပျောက်ဆုံးခြင်း ပြဿနာမှာ ဘယ်သူက တရားခံလဲဆိုတာကို အတွေးပွားစေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ မာနေးကို လူစားလဲလိုက်ချိန်မှာ ယူနိုက်တက်ပရိသတ်တွေကတော့ ဝမ်းသာသွားကြမှာဖြစ်ပြီး လီဗာပူးလ်တိုက်စစ်က သူ့အလိုလို တိုင်ပတ်သွားခဲ့သလို အလုပ်မဖြစ်တော့ဘဲ ပွဲချိန် ၇၉ မိနစ်မှာတော့ ကာဗာနီကို ဖာဘင်ညို ကစားပုံကြမ်းလို့ ရခဲ့တဲ့ ဂိုးဧရိယာထိပ်က ဖရီးကစ်ကို လူစားဝင်လာတဲ့ ဘရူနို ဖာနန်ဒက်စ်က အရပ်ပုတဲ့ သီယာဂိုနားကနေ ကန်သွင်းပြီး အိမ်ရှင်တို့ကို ထပ်မံဦးဆောင်စေနိုင်ခဲ့ပါတယ်။

လက်ကျန်အချိန်တွေမှာတော့ ဆာလားရဲ့ ထိုးဖောက်မှုတွေ အလုပ်မဖြစ်တော့သလို ဖာမီနိုကိုပါ လူစားလဲလိုက်ချိန်မှာ လီဗာပူးလ်တို့ထက် ယူနိုက်တက်ရဲ့ တန်ပြန်တိုက်စစ်တွေကမှ ပိုမိုထိရောက်ခဲ့ပြီး ကာဗာနီရဲ့ အလစ်နေရာယူ ခေါင်းတိုက်ချက် တိုင်ထိထွက်ခဲ့လို့သာ ဂိုးထပ်မရခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ လီဗာပူးလ်အသင်းကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး အက်ဖ်အေဖလားရဲ့ ပဉ္စမအဆင့်ကို တက်ရောက်သွားနိုင်ခဲ့သလို လာမယ့်ပွဲစဉ်မှာတော့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာပဲ ဝက်စ်ဟမ်းနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရမှာဖြစ်လို့ ဆုဖလားတစ်လုံး လမ်းကြောင်းပေါ်မှာ အကောင်းဆုံး ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဆဲဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS AND VIDEOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမား ဒေဟးယား၊ ကြင္းလယ္လူ ဖာနန္ဒက္စ္နဲ႔ တိုက္စစ္မႉး မာစီယယ္လ္တို႔ကလြဲလို႔ လူစုံထုတ္ကစားခဲ့ၿပီး လီဗာပူးလ္ဘက္ကေတာ့ ဟန္ဒါဆန္ေနရာမွာ မီလ္နာပါဝင္လာၿပီး ကြင္းလယ္ကို ထိန္းေက်ာင္းခဲ့သလို ေနာက္ခံလူစစ္စစ္ျဖစ္တဲ့ လူငယ္ ရီးစ္ ဝီလီယမ္စ္ကို ထည့္သြင္းလာခဲ့ပါတယ္။

ဆာဒီယို မာေနးမပါလို႔ ဂိုးသြင္းဖို႔ လုစရာမလိုတဲ့ လီဗာပူးလ္တိုက္စစ္က ေခ်ာေမြ႕ခဲ့သလို အလက္ဇန္းဒါး-အာႏိုးလ္ဒ္လည္း ေျခမွန္လာတဲ့ အေျခအေနမွာ ယူႏိုက္တက္တို႔ကေတာ့ တည္တည္ၿငိမ္ၿငိမ္ပဲ ကစားသြားခဲ့ၿပီး ဗန္ဒဘိခ္ ေျခသိပ္မေပၚခ်ိန္မွာ ေပါ့ဘာ၊ ရက္ရွ္ဖို႔ဒ္နဲ႔ လုခ္ေရွာတို႔ရဲ႕ ဘယ္ျခမ္းက အဓိက ပုံေဖာ္သြားခဲ့ပါတယ္။

မီလ္နာနဲ႔ သီယာဂိုအတြဲက လီဗာပူးလ္အတြက္ အလုပ္ျဖစ္သလို ကြင္းလယ္မွာ ဗိုင္နယ္လ္ဒြမ္နဲ႔ ကားတစ္ဂ်ဳံးစ္တို႔က ေနရာလြတ္ေတြ ရွာေဖြခ်ိန္မွာ ဆာလားအတြက္ Half Space ေတြမွာ အခြင့္အေရး ေပၚခဲ့ၿပီး ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ ဖာမီႏိုေပးတဲ့ ေဘာလုံးကို ဆာလားက ဂိုးသမား ဟန္ဒါဆန္နဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ ဘယ္နဲ႔ျပၿပီး ညာနဲ႔ ကန္သြင္းယူခဲ့ပါတယ္။

လီဗာပူးလ္တို႔ရဲ႕ ဦးေဆာင္မႈကေတာ့ ၾကာၾကာမခံလိုက္ဘဲ တန္ျပန္တိုက္စစ္ကေန ယူႏိုက္တက္တို႔ ေခ်ပႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၂၆ မိနစ္မွာ ေပါ့ဘာ လုယူလို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို ရက္ရွ္ဖို႔ဒ္က ကန္တင္ေပးရာမွာ လိုက္ၿပီး ကာဗာလုပ္ရမယ့္အစား ကိုယ့္အရပ္မွ အားမနာ ေခါင္းခုန္တိုက္ဖို႔ ႀကိဳးစားတဲ့ မီလ္နာေၾကာင့္ လြတ္လြတ္ကြၽတ္ကြၽတ္ရသြားခဲ့တဲ့ ညာေတာင္ပံတိုက္စစ္မႉး ဂရင္းဝုဒ္က အယ္လစ္ဆန္ကို အႏိုင္ယူခဲ့တာလည္းျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ရဲ႕ တန္ျပန္တိုက္စစ္ေတြကို လီဗာပူးလ္တို႔ မနည္းထိန္းေနရၿပီး ေလးလံတဲ့ ဝီလီယမ္စ္နဲ႔ တြဲေဆာ့ရတာ အဆင္မေျပတဲ့ ဖာဘင္ညိဳ အဝါကတ္ထိခဲ့သလို တည္ကန္ေဘာေတြကို ေပါ့ဘာတို႔အုပ္စု အသုံးမခ်ႏိုင္ခဲ့လို႔သာ ဧည့္သည္ေတြ သက္သာခဲ့ၿပီး ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ႏွစ္သင္းက အႀကိတ္အနယ္ရွိခဲ့ၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ဦးေဆာင္ဂိုး ျပန္ယူႏိုင္ခဲ့ၿပီး ဒီတစ္ခါမွာေတာ့ ပထမဂိုးကနဲ႔ ေျပာင္းျပန္ ဂရင္းဝုဒ္ရဲ႕ ျဖတ္တင္ေဘာကို ပထမဂိုးက မီလ္နာလိုပဲ တားဆီးပုံညံ့တဲ့ ဝီလီယမ္စ္ေၾကာင့္ ေဘာလုံးနဲ႔အတူ လြတ္သြားခဲ့တဲ့ ရက္ရွ္ဖို႔ဒ္က ဂိုးသမား အယ္လစ္ဆန္ရဲ႕ ေအာက္ကေန ကန္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၿပီး ကာဗာနီ လူေပးမွားတဲ့ ေဘာလုံးကေန ဘယ္ျခမ္းက ရသြားတဲ့ ဖာမီႏိုက ျပန္ခ်ိဳးေပးတာကို ဆာလားက သူ႔ရဲ႕ ဒုတိယဂိုးအျဖစ္ သြင္းယူခဲ့ၿပီး အသင္းရဲ႕ ဂိုးေပါက္ေပ်ာက္ဆုံးျခင္း ျပႆနာမွာ ဘယ္သူက တရားခံလဲဆိုတာကို အေတြးပြားေစခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ မာေနးကို လူစားလဲလိုက္ခ်ိန္မွာ ယူႏိုက္တက္ပရိသတ္ေတြကေတာ့ ဝမ္းသာသြားၾကမွာျဖစ္ၿပီး လီဗာပူးလ္တိုက္စစ္က သူ႔အလိုလို တိုင္ပတ္သြားခဲ့သလို အလုပ္မျဖစ္ေတာ့ဘဲ ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ကာဗာနီကို ဖာဘင္ညိဳ ကစားပုံၾကမ္းလို႔ ရခဲ့တဲ့ ဂိုးဧရိယာထိပ္က ဖရီးကစ္ကို လူစားဝင္လာတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္က အရပ္ပုတဲ့ သီယာဂိုနားကေန ကန္သြင္းၿပီး အိမ္ရွင္တို႔ကို ထပ္မံဦးေဆာင္ေစႏိုင္ခဲ့ပါတယ္။

လက္က်န္အခ်ိန္ေတြမွာေတာ့ ဆာလားရဲ႕ ထိုးေဖာက္မႈေတြ အလုပ္မျဖစ္ေတာ့သလို ဖာမီႏိုကိုပါ လူစားလဲလိုက္ခ်ိန္မွာ လီဗာပူးလ္တို႔ထက္ ယူႏိုက္တက္ရဲ႕ တန္ျပန္တိုက္စစ္ေတြကမွ ပိုမိုထိေရာက္ခဲ့ၿပီး ကာဗာနီရဲ႕ အလစ္ေနရာယူ ေခါင္းတိုက္ခ်က္ တိုင္ထိထြက္ခဲ့လို႔သာ ဂိုးထပ္မရခဲ့တာလည္း ျဖစ္ပါတယ္။

ပြဲၿပီးဆုံးခ်ိန္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ လီဗာပူးလ္အသင္းကို သုံးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး အက္ဖ္ေအဖလားရဲ႕ ပၪၥမအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့သလို လာမယ့္ပြဲစဥ္မွာေတာ့ အိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္မွာပဲ ဝက္စ္ဟမ္းနဲ႔ ဆက္လက္ယွဥ္ၿပိဳင္ကစားရမွာျဖစ္လို႔ ဆုဖလားတစ္လုံး လမ္းေၾကာင္းေပၚမွာ အေကာင္းဆုံး ခိုင္ခိုင္မာမာ ရပ္တည္ႏိုင္ဆဲျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS AND VIDEOS CREDIT TO OWNERS
SPORTS A2Z.