Match Report Premier League

အေဘရာဟမ်ရဲ့ ဟက်ထရစ်နဲ့ ပဉ္စမအဆင့်ဆီ ရှေ့ဆက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ အေဘရာဟမ်ရဲ့ ခြေစွမ်းပြမှုနဲ့ နှင်းဖုံးနေတဲ့ အိမ်ကွင်းမှာ ချန်ပီယံရှစ်က လူတန်ကို အနိုင်ယူပြီး အက်ဖ်အေဖလားရဲ့ ပဉ္စမအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီး ခြေလှမ်းမှား မခံတော့တဲ့ နည်းပြ ဖရန့် လမ်းပတ်အတွက်တော့ ဖိအားအနည်းငယ် ပြန်လည်လျှော့ချနိုင်ခဲ့ပါတယ်။

ဇူးမားနဲ့ ခရစ္စတင်ဆန်ကို ဂိုးသမား ကီပါရဲ့ ရှေ့ကထားပြီး ပွဲထွက်လာခဲ့တဲ့ ကွင်းလယ်အထိုင်မှာ လောက်လောက်လားလား ကစားသမားတော့ ပါဝင်မလာဘဲ လူငယ်ငယ် အကောင်သေးသေး ဘီလီ ဂီးလ်မိုးကိုပဲ အထိုင်ချခဲ့သလို ရှေ့က မောင့်၊ ပူလီရှစ်ချ်၊ ဇီးယက်ရှ်တို့ရဲ့ တိုက်စစ်အားနဲ့ ဟန်ချက်ကို ထိန်းဖို့ လုပ်ဆောင်ခဲ့ပြီး တိုက်စစ်မှာတော့ အေဘရာဟမ်ကို ဗာနာနဲ့ တွဲဖက်ပေးခဲ့ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာ ချဲလ်ဆီးတို့ အဖွင့်ဂိုးရခဲ့ပြီး လက်ပစ်ဘောကနေ တီမို ဗာနာ ရယူပြီး ပြန်ချိုးပေးတာကို နောက်က လိုက်တက်လာတဲ့ အေဘရာဟမ်က အနိမ့်ဘော ဖြတ်ကန်သွင်းယူခဲ့ပြီး လူတန်နောက်တန်းနဲ့ ဂိုးသမား ဆီမွန် ဆလူဂါကို အနိုင်ယူခဲ့ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာတော့ လူတန်တွေ ဂိုးဧရိယာထဲ ပိတ်နေတဲ့ကြားကနေ ဇီးယက်ရှ်နဲ့ အပေးအယူလုပ်ပြီး ဂျိမ်းစ်က ခပ်သာသာ မ,ပေးလိုက်တဲ့ ဘောလုံးကို အေဘရာဟမ်ကပဲ သူ့ကို ကပ်ထားတဲ့ နောက်ခံလူကို ခွာထွက်ပြီး ခေါင်းတိုက်ခဲ့ရာမှာ ဂိုးသမားရဲ့ အဝေးထောင့်ကို ဝင်သွားခဲ့လို့ ချဲလ်ဆီးတို့ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။

နှစ်ဂိုးရအပြီးမှာ လူတန်တို့ ပြန်လည်တိုက်စစ်ဆင်ခဲ့ပေမယ့် သိပ်တော့ အရာမထင်ခဲ့ဘဲ ချဲလ်ဆီးတို့ကတော့ ကောင်တာကနေ အခွင့်အရေး တချို့ ရရှိခဲ့ရာမှာ ပူလီရှစ်ချ်ရဲ့ ကန်ချက်ကတော့ ပြီးစလွယ်ဖြစ်နေလို့ ဂိုးမရခဲ့ဘဲ မိနစ် ၃၀ မှာတော့ လူတန်ကွင်းလယ်လူ ကလာ့ခ်ရဲ့ ကန်ချက်ကို ကီပါက ထုံးစံအတိုင်း ခပ်ပေါ့ပေါ့ ကာကွယ်ပြီး ခြေထောက်လိုလို လက်လိုလိုနဲ့ သေချာမထိလိုက်ရဘဲ ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ချဲလ်ဆီးတို့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ ပူလီရှစ်ချ်ရဲ့ အနီးကပ်ကန်ချက် အကာကွယ်ခံခဲ့ရပြန်သလို အမေရိကန်သားကတော့ ဒီနေ့မှာ တော်တော်လေး ကံမလိုက်ဘဲဖြစ်နေခဲ့ပြီး အေဘရာဟမ်ကလည်း အခွင့်အရေးတွေမှာ နေရာယူမှုက လိုအပ်ချက်တွေ များနေခဲ့ပြန်ပါတယ်။

ကီပါကတော့ ဒုတိယပိုင်းမှာ ဂိုးပေါက်ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာတော့ လူစားဝင်လာတဲ့ တောင်ပံကစားသမား ဟဒ်ဆန်-အိုဒွိုင်းရဲ့ ဖြတ်ပေးတဲ့ ဘောလုံးကို အေဘရာဟမ်က ဟက်ထရစ်အဖြစ် ပိတ်သွင်းနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အေဘရာဟမ်ကတော့ ရခဲ့တဲ့ ဟက်ထရစ်ထက် ဖြုန်းတီးတာက ပိုများနေခဲ့ပြီး သူ့အနေနဲ့ ၅ ဂိုးလောက် ရခဲ့သင့်တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ တစ်ကိုယ်တော် ဆွဲပြေးခဲ့တဲ့ တီမို ဗာနာကို လူတန်နောက်တန်းက ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ပင်နယ်တီပေးခဲ့ရပြီး သူကိုယ်တိုင်ပဲ ကန်သွင်းခဲ့ပေမယ့် ကန်ပုံကန်နည်းက တော်တော်လေး ကာကွယ်ဖို့ လွယ်ခဲ့လို့ ဆလူဂါ ပုတ်ထုတ်သွားခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်နေချိန်မှာ ဖလားပွဲမှာ ဆက်တိုက်သွင်းနိုင်တယ်လို့ ဂုဏ်မယူနိုင်ဘဲဖြစ်ခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့ အိမ်ကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး အက်ဖ်အေဖလားရဲ့ ပဉ္စမအဆင့်ကို တက်ရောက်သွားခဲ့တဲ့သလို နောက်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်အသင်းတွေကို ရှောင်လွှဲနိုင်ဆဲဖြစ်ပြီး ချန်ပီယံရှစ်က လွယ်ကူတဲ့ ပြိုင်ဘက် ဘန်စလေအသင်းနဲ့ အဝေးကွင်းမှာ တွေ့ဆုံရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS AND VIDEOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ေအဘရာဟမ္ရဲ႕ ေျခစြမ္းျပမႈနဲ႔ ႏွင္းဖုံးေနတဲ့ အိမ္ကြင္းမွာ ခ်န္ပီယံရွစ္က လူတန္ကို အႏိုင္ယူၿပီး အက္ဖ္ေအဖလားရဲ႕ ပၪၥမအဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၿပီး ေျခလွမ္းမွား မခံေတာ့တဲ့ နည္းျပ ဖရန႔္ လမ္းပတ္အတြက္ေတာ့ ဖိအားအနည္းငယ္ ျပန္လည္ေလွ်ာ့ခ်ႏိုင္ခဲ့ပါတယ္။

ဇူးမားနဲ႔ ခရစၥတင္ဆန္ကို ဂိုးသမား ကီပါရဲ႕ ေရွ႕ကထားၿပီး ပြဲထြက္လာခဲ့တဲ့ ကြင္းလယ္အထိုင္မွာ ေလာက္ေလာက္လားလား ကစားသမားေတာ့ ပါဝင္မလာဘဲ လူငယ္ငယ္ အေကာင္ေသးေသး ဘီလီ ဂီးလ္မိုးကိုပဲ အထိုင္ခ်ခဲ့သလို ေရွ႕က ေမာင့္၊ ပူလီရွစ္ခ်္၊ ဇီးယက္ရွ္တို႔ရဲ႕ တိုက္စစ္အားနဲ႔ ဟန္ခ်က္ကို ထိန္းဖို႔ လုပ္ေဆာင္ခဲ့ၿပီး တိုက္စစ္မွာေတာ့ ေအဘရာဟမ္ကို ဗာနာနဲ႔ တြဲဖက္ေပးခဲ့ပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုးရခဲ့ၿပီး လက္ပစ္ေဘာကေန တီမို ဗာနာ ရယူၿပီး ျပန္ခ်ိဳးေပးတာကို ေနာက္က လိုက္တက္လာတဲ့ ေအဘရာဟမ္က အနိမ့္ေဘာ ျဖတ္ကန္သြင္းယူခဲ့ၿပီး လူတန္ေနာက္တန္းနဲ႔ ဂိုးသမား ဆီမြန္ ဆလူဂါကို အႏိုင္ယူခဲ့ပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ လူတန္ေတြ ဂိုးဧရိယာထဲ ပိတ္ေနတဲ့ၾကားကေန ဇီးယက္ရွ္နဲ႔ အေပးအယူလုပ္ၿပီး ဂ်ိမ္းစ္က ခပ္သာသာ မ,ေပးလိုက္တဲ့ ေဘာလုံးကို ေအဘရာဟမ္ကပဲ သူ႔ကို ကပ္ထားတဲ့ ေနာက္ခံလူကို ခြာထြက္ၿပီး ေခါင္းတိုက္ခဲ့ရာမွာ ဂိုးသမားရဲ႕ အေဝးေထာင့္ကို ဝင္သြားခဲ့လို႔ ခ်ဲလ္ဆီးတို႔ ဒုတိယဂိုး ထပ္ရခဲ့ပါတယ္။

ႏွစ္ဂိုးရအၿပီးမွာ လူတန္တို႔ ျပန္လည္တိုက္စစ္ဆင္ခဲ့ေပမယ့္ သိပ္ေတာ့ အရာမထင္ခဲ့ဘဲ ခ်ဲလ္ဆီးတို႔ကေတာ့ ေကာင္တာကေန အခြင့္အေရး တခ်ိဳ႕ ရရွိခဲ့ရာမွာ ပူလီရွစ္ခ်္ရဲ႕ ကန္ခ်က္ကေတာ့ ၿပီးစလြယ္ျဖစ္ေနလို႔ ဂိုးမရခဲ့ဘဲ မိနစ္ ၃၀ မွာေတာ့ လူတန္ကြင္းလယ္လူ ကလာ့ခ္ရဲ႕ ကန္ခ်က္ကို ကီပါက ထုံးစံအတိုင္း ခပ္ေပါ့ေပါ့ ကာကြယ္ၿပီး ေျခေထာက္လိုလို လက္လိုလိုနဲ႔ ေသခ်ာမထိလိုက္ရဘဲ ဂိုးဝင္သြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ခ်ဲလ္ဆီးတို႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ပူလီရွစ္ခ်္ရဲ႕ အနီးကပ္ကန္ခ်က္ အကာကြယ္ခံခဲ့ရျပန္သလို အေမရိကန္သားကေတာ့ ဒီေန႔မွာ ေတာ္ေတာ္ေလး ကံမလိုက္ဘဲျဖစ္ေနခဲ့ၿပီး ေအဘရာဟမ္ကလည္း အခြင့္အေရးေတြမွာ ေနရာယူမႈက လိုအပ္ခ်က္ေတြ မ်ားေနခဲ့ျပန္ပါတယ္။

ကီပါကေတာ့ ဒုတိယပိုင္းမွာ ဂိုးေပါက္ကာကြယ္မႈေတြ ျပဳလုပ္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ လူစားဝင္လာတဲ့ ေတာင္ပံကစားသမား ဟဒ္ဆန္-အိုဒြိဳင္းရဲ႕ ျဖတ္ေပးတဲ့ ေဘာလုံးကို ေအဘရာဟမ္က ဟက္ထရစ္အျဖစ္ ပိတ္သြင္းႏိုင္ခဲ့ပါတယ္။ ဒီေန႔ပြဲမွာ ေအဘရာဟမ္ကေတာ့ ရခဲ့တဲ့ ဟက္ထရစ္ထက္ ျဖဳန္းတီးတာက ပိုမ်ားေနခဲ့ၿပီး သူ႔အေနနဲ႔ ၅ ဂိုးေလာက္ ရခဲ့သင့္တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန တစ္ကိုယ္ေတာ္ ဆြဲေျပးခဲ့တဲ့ တီမို ဗာနာကို လူတန္ေနာက္တန္းက ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ ပင္နယ္တီေပးခဲ့ရၿပီး သူကိုယ္တိုင္ပဲ ကန္သြင္းခဲ့ေပမယ့္ ကန္ပုံကန္နည္းက ေတာ္ေတာ္ေလး ကာကြယ္ဖို႔ လြယ္ခဲ့လို႔ ဆလူဂါ ပုတ္ထုတ္သြားခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ဂိုးေပါက္ေပ်ာက္ေနခ်ိန္မွာ ဖလားပြဲမွာ ဆက္တိုက္သြင္းႏိုင္တယ္လို႔ ဂုဏ္မယူႏိုင္ဘဲျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ခ်ဲလ္ဆီးတို႔ အိမ္ကြင္းမွာ သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး အက္ဖ္ေအဖလားရဲ႕ ပၪၥမအဆင့္ကို တက္ေရာက္သြားခဲ့တဲ့သလို ေနာက္ပြဲစဥ္အျဖစ္ ပရီးမီးယားလိဂ္အသင္းေတြကို ေရွာင္လႊဲႏိုင္ဆဲျဖစ္ၿပီး ခ်န္ပီယံရွစ္က လြယ္ကူတဲ့ ၿပိဳင္ဘက္ ဘန္စေလအသင္းနဲ႔ အေဝးကြင္းမွာ ေတြ႕ဆုံရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS AND VIDEOS CREDIT TO OWNERS
SPORTS A2Z.