Premier League Transfer News

25 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ တနင်္လာနေ့မှာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ကို ခေါ်ယူဖို့ အပြီးသတ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး အငှားကြေး ပေါင် ၁.၈ သန်းနဲ့ လစာစုစုပေါင်း ပေါင် ၇ သိန်းပေးရမယ့် သဘောတူညီမှုကို ပြုလုပ်နိုင်ဖို့ ကစားသမားကို နည်းပြ မီခယ်လ် အာတီတာရဲ့ ဖုန်းခေါ်ဆိုစည်းရုံးမှုက အရေးပါခဲ့။

– မိုနာကိုအသင်းအနေနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းမှာ ကစားခွင့် နည်းပါးနေတဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို ခေါ်ယူဖို့ အာဆင်နယ်အသင်းနဲ့ ကစားသမားရဲ့ အေးဂျင့်တွေကို ဆွေးနွေးနေပြီဖြစ်ပြီး သုံးနှစ်စာချုပ်နဲ့ ကမ်းလှမ်းသွားမယ်လို့ သတင်းထွက်ပေါ်။

– အသင်းရဲ့ အငြှိုးအာဃာတတွေ မရှိဘဲ လမ်းခွဲခဲ့တာဖြစ်ပြီး အမြဲတမ်း ဂန်းနားဖြစ်နေမှာဖြစ်သလို အခု နှုတ်ဆက်ခဲ့ပေမယ့် အမြဲတမ်းအတွက်တော့ မဟုတ်ဘူးလို့ ပြောကြားခဲ့တဲ့ အိုဇေးလ်ရဲ့ နှုတ်ဆက်စာမှာ အီဒူးကိုလည်း မှတ်မှတ်ရရ ကျေးဇူးတင်ခဲ့ပေမယ့် နည်းပြ အာတီတာရဲ့ နာမည်တော့ မပါဝင်ဘူးလို့ သိရ။

– ဟာသာဘာလင်အသင်းရဲ့ နည်းပြ ဘရူနို လာဘာဒီယာ အထုတ်ပယ်ခံရမှုအပြီးမှာ ကစားခွင့်အတွက် အာမခံချက် မရေရာတော့တဲ့ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီကို ပီအက်စ်ဂျီအသင်းက အလိုရှိနေပြီး တိုက်စစ်နဲ့ တောင်ပံတွေမှာ ကစားနိုင်တဲ့ ဂျာမန်သား ဂျူလီယန် ဒရက်ဆာလဲ အလဲအထပ်လုပ်ဖို့ အဆိုပြုထား။

– ကွင်းလယ်လူ ဝီလီယန်အနေနဲ့ ငွေချောင်ချောင်ရမယ့်အသင်းကို အကျိုးခံစားခွင့်ရရင်ပြီးရောဆိုပြီး ပြောင်းရွှေ့လာခဲ့တာဖြစ်သလို ထိုက်တန်တဲ့ အားထုတ်မှု မရှိသလို လစာညာယူနေတဲ့သဘောမျိုးကို အာဆင်နယ်တိုက်စစ်မှူးဟောင်းကြီ အလန် စမစ် စွပ်စွဲလိုက်ပြီး လုံလောက်တဲ့ ပေးဆပ်မှုမရှိဘူးလို့ ဝေဖန်။

– အာဆင်နယ်အသင်းကနေ ရှင်းထုတ်ချင်နေတဲ့ နောက်ခံလူတစ်ဦးဖြစ်တဲ့ ရှကိုဒရန် မူစတာဖီကို အီတလီအသင်းတွေနဲ့အပြိုင် ဘာစီလိုနာက ပြန်လည်စိတ်ဝင်စားလာပြီး ချဲလ်ဆီးရဲ့ အန်တိုနီယို ရူဒီဂါနဲ့ ဘယ်သူ့ကို ရွေးချယ်မှာလဲဆိုတာတော့ စောင့်ကြည့်ရဖို့ရှိနေ။

– အက်ဖ်အေဖလားဆိုတာ ကလေးကစားစရာ ဖလားမဟုတ်ဘူးလို့ နည်းပြ အာတီတာကို တိုက်စစ်မှူးဟောင်း ခရစ္စ ဆပ်တန်က ဒေးလီးမေးလ်ကတစ်ဆင့် ဝေဖန်လိုက်ပြီး သူ့ရဲ့ ဘယ်သူမှ အထင်မကြီးတဲ့ နည်းပြဘဝကို မြှင့်တင်ပေးခဲ့တဲ့ ဒီဆုဖလားကို လေးစားပြီး မေ့မပစ်ဖို့နဲ့ ယူရိုပါလိဂ်ကို ဗိုလ်မစွဲနိုင်ရင် ရာသီကုန်မှာ အခြေလှမယ် မထင်နဲ့လို့ သတိပေး။

– အာဆင်နယ်အသင်းအနေနဲ့ အသင်းမှာ ပုံမှန်ကစားခွင့်မရတဲ့ လူငယ်တောင်ပံကစားသမား ရီးစ် နယ်လ်ဆန်ကို အငှားချသွားမှာဖြစ်ပြီး အင်္ဂလန် ယူ-၂၁ လက်ရွေးစင်ကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်ဖို့ ကြိုးစားနေတဲ့ အသင်းတွေ အပြိုင်အဆိုင် အလိုရှိနေ။

– နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြနေခဲ့ပေမယ့် နည်းပြ မီခယ်လ် အာတီတာရဲ့ အစီအစဉ်ထဲမှာ မပါဘဲ အရောင်းစာရင်းထဲမှာ ပါနေတဲ့ တိုက်စစ်မှူး အလက်ဇန်းါဒး လာကာဇက်ကို ဒီယေဂို ကော်စတာရဲ့ နေရာမှာ တိုက်ရိုက်အစားထိုးနိုင်ဖို့ နည်းပြ ဒီယောဂို ဆီမီယွန်နီ သဘောကျနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ တနလၤာေန႔မွာ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ကို ေခၚယူဖို႔ အၿပီးသတ္စာခ်ဳပ္ ခ်ဳပ္ဆိုမွာျဖစ္ၿပီး အငွားေၾကး ေပါင္ ၁.၈ သန္းနဲ႔ လစာစုစုေပါင္း ေပါင္ ၇ သိန္းေပးရမယ့္ သေဘာတူညီမႈကို ျပဳလုပ္ႏိုင္ဖို႔ ကစားသမားကို နည္းျပ မီခယ္လ္ အာတီတာရဲ႕ ဖုန္းေခၚဆိုစည္း႐ုံးမႈက အေရးပါခဲ့။

– မိုနာကိုအသင္းအေနနဲ႔ အက္သလက္တီကို မက္ဒရစ္အသင္းမွာ ကစားခြင့္ နည္းပါးေနတဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို ေခၚယူဖို႔ အာဆင္နယ္အသင္းနဲ႔ ကစားသမားရဲ႕ ေအးဂ်င့္ေတြကို ေဆြးေႏြးေနၿပီျဖစ္ၿပီး သုံးႏွစ္စာခ်ဳပ္နဲ႔ ကမ္းလွမ္းသြားမယ္လို႔ သတင္းထြက္ေပၚ။

– အသင္းရဲ႕ အျငႇိဳးအာဃာတေတြ မရွိဘဲ လမ္းခြဲခဲ့တာျဖစ္ၿပီး အၿမဲတမ္း ဂန္းနားျဖစ္ေနမွာျဖစ္သလို အခု ႏႈတ္ဆက္ခဲ့ေပမယ့္ အၿမဲတမ္းအတြက္ေတာ့ မဟုတ္ဘူးလို႔ ေျပာၾကားခဲ့တဲ့ အိုေဇးလ္ရဲ႕ ႏႈတ္ဆက္စာမွာ အီဒူးကိုလည္း မွတ္မွတ္ရရ ေက်းဇူးတင္ခဲ့ေပမယ့္ နည္းျပ အာတီတာရဲ႕ နာမည္ေတာ့ မပါဝင္ဘူးလို႔ သိရ။

– ဟာသာဘာလင္အသင္းရဲ႕ နည္းျပ ဘ႐ူႏို လာဘာဒီယာ အထုတ္ပယ္ခံရမႈအၿပီးမွာ ကစားခြင့္အတြက္ အာမခံခ်က္ မေရရာေတာ့တဲ့ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီကို ပီအက္စ္ဂ်ီအသင္းက အလိုရွိေနၿပီး တိုက္စစ္နဲ႔ ေတာင္ပံေတြမွာ ကစားႏိုင္တဲ့ ဂ်ာမန္သား ဂ်ဴလီယန္ ဒရက္ဆာလဲ အလဲအထပ္လုပ္ဖို႔ အဆိုျပဳထား။

– ကြင္းလယ္လူ ဝီလီယန္အေနနဲ႔ ေငြေခ်ာင္ေခ်ာင္ရမယ့္အသင္းကို အက်ိဳးခံစားခြင့္ရရင္ၿပီးေရာဆိုၿပီး ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္သလို ထိုက္တန္တဲ့ အားထုတ္မႈ မရွိသလို လစာညာယူေနတဲ့သေဘာမ်ိဳးကို အာဆင္နယ္တိုက္စစ္မႉးေဟာင္းႀကီ အလန္ စမစ္ စြပ္စြဲလိုက္ၿပီး လုံေလာက္တဲ့ ေပးဆပ္မႈမရွိဘူးလို႔ ေဝဖန္။

– အာဆင္နယ္အသင္းကေန ရွင္းထုတ္ခ်င္ေနတဲ့ ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ရွကိုဒရန္ မူစတာဖီကို အီတလီအသင္းေတြနဲ႔အၿပိဳင္ ဘာစီလိုနာက ျပန္လည္စိတ္ဝင္စားလာၿပီး ခ်ဲလ္ဆီးရဲ႕ အန္တိုနီယို ႐ူဒီဂါနဲ႔ ဘယ္သူ႔ကို ေ႐ြးခ်ယ္မွာလဲဆိုတာေတာ့ ေစာင့္ၾကည့္ရဖို႔ရွိေန။

– အက္ဖ္ေအဖလားဆိုတာ ကေလးကစားစရာ ဖလားမဟုတ္ဘူးလို႔ နည္းျပ အာတီတာကို တိုက္စစ္မႉးေဟာင္း ခရစၥ ဆပ္တန္က ေဒးလီးေမးလ္ကတစ္ဆင့္ ေဝဖန္လိုက္ၿပီး သူ႔ရဲ႕ ဘယ္သူမွ အထင္မႀကီးတဲ့ နည္းျပဘဝကို ျမႇင့္တင္ေပးခဲ့တဲ့ ဒီဆုဖလားကို ေလးစားၿပီး ေမ့မပစ္ဖို႔နဲ႔ ယူ႐ိုပါလိဂ္ကို ဗိုလ္မစြဲႏိုင္ရင္ ရာသီကုန္မွာ အေျခလွမယ္ မထင္နဲ႔လို႔ သတိေပး။

– အာဆင္နယ္အသင္းအေနနဲ႔ အသင္းမွာ ပုံမွန္ကစားခြင့္မရတဲ့ လူငယ္ေတာင္ပံကစားသမား ရီးစ္ နယ္လ္ဆန္ကို အငွားခ်သြားမွာျဖစ္ၿပီး အဂၤလန္ ယူ-၂၁ လက္ေ႐ြးစင္ကို ခ်န္ပီယံရွစ္ကေန ပရီးမီးယားလိဂ္ကို တန္းတက္ဖို႔ ႀကိဳးစားေနတဲ့ အသင္းေတြ အၿပိဳင္အဆိုင္ အလိုရွိေန။

– ေနာက္ပိုင္းပြဲေတြမွာ ေျခစြမ္းျပေနခဲ့ေပမယ့္ နည္းျပ မီခယ္လ္ အာတီတာရဲ႕ အစီအစဥ္ထဲမွာ မပါဘဲ အေရာင္းစာရင္းထဲမွာ ပါေနတဲ့ တိုက္စစ္မႉး အလက္ဇန္းါဒး လာကာဇက္ကို ဒီေယဂို ေကာ္စတာရဲ႕ ေနရာမွာ တိုက္႐ိုက္အစားထိုးႏိုင္ဖို႔ နည္းျပ ဒီေယာဂို ဆီမီယြန္နီ သေဘာက်ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.