Match Report Premier League

ပွဲပြီးခါနီးမှ သုံးဂိုးဆက်တိုက် လိုက်သွင်းပြီး နောက်တစ်ဆင့်တက်တဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ချယ်လ်တန်ဟမ်ကို လူငယ်တချို့နဲ့ လိုင်းနပ်ပျောက်ကစားသမားတချို့ကို ထည့်သွင်းရင်ဆိုင်လာခဲ့ပြီး တိုက်စစ်မှာတော့ ဂျေဆူးစ်၊ တောရက်စ်နဲ့ မာရက်ဇ်တို့ကို တွဲပေးခဲ့သလို အသင်းခေါင်းဆောင် ဖာနန်ဒင်ညိုကိုတော့ ကွင်းလယ်မှာ ထိန်းကျောင်းစေခဲ့ပါတယ်။

ပွဲအစ စက္ကန့် ၂၀ ကျော်မှာပဲ မာရက်ဇ်ရဲ့ မ,ပေးလိုက်တဲ့ ဘောလုံးကို ဂျေဆူးစ် အသုံးမချနိုင်ခဲ့လို့ ပထမဆုံးကန်ချက်က အဖွင့်ဂိုးနဲ့ လွဲခဲ့ရပြီး မန်ဒီရဲ့ ကန်ချက်ကိုလည်း နောက်ခံလူက ဂိုးစည်းပေါ်က ဖျက်ထုတ်သွားခဲ့သလို ဒီနေ့မှာတော့ ကွင်းလယ်မှာ ပါဝင်ကစားတဲ့ တွမ်မီ ဒွိုင်းလ်ရဲ့ ကောင်းမွန်တဲ့ ဖြတ်တင်ဘောတွေကိုလည်း မြင်ခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာ မန်စီးတီးဘက်က မာရက်ဇ်၊ ဂျေဆူးစ်၊ တောရက်စ်တို့ရဲ့ ကန်ချက်တွေကို ချယ်လ်တန်ဟမ်ဂိုးသမား ဂရစ်ဖစ် ကာကွယ်သွားနိုင်ခဲ့သလို ဖိုဒန်နဲ့ ကွင်းလယ်က ဘောလုံးဖြန့်ဝေမှုနည်းတဲ့ အထိုင်ကတော့ သိပ်ပြီး အလုပ်မဖြစ်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း စီးတီးတို့ပဲ ဖိကစားခဲ့ပြီး ဂျေဆူးစ်တို့ အုပ်စု ဖြုန်းတီးနေခဲ့ချိန်မှာ အဖွင့်ဂိုးကို ချယ်လ်တန်ဟမ်အသင်းက မထင်မှတ်တဲ့ အနေအထားက သွင်းယူသွားခဲ့ပြီး လက်ပစ်ဘောကနေ ဂိုးဧရိယာထဲ ကျလာတဲ့ ဘောလုံးကို မန်ဒီနဲ့ ဂိုးသမား စတက်ဖင်တို့ မကာကွယ်နိုင်ခင်မှာပဲ တိုက်စစ်မှူး အယ်လ်ဖီမေက ပြေးဝင်ပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ မာရက်ဇ်၊ ဖိုဒန်နဲ့ တောရက်စ်တို့ရဲ့ ကန်ချက်တွေကို အိမ်ရှင်ခံစစ်က ကာကွယ်နေခဲ့ပေမယ့် ပွဲချိန် ၈၁ မိနစ်မှာတော့ လူစားဝင်လာအပြီးမှာ ဘောလုံးလိုက်ဖြန့်နေတဲ့ ဂျာအို ကန်ဆယ်လိုရဲ့ ညာခြမ်း ဖြတ်တင်ဘောကို ဖိုဒန် ပြေးဝင်ပိတ်သွင်းရာမှာတော့ ဂိုးသမား မကာကွယ်နိုင်ဘဲ ချေပဂိုးပြန်ပေးခဲ့ရပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ လူကျွံဘောဖမ်းကစားတဲ့ ချယ်လ်တန်ဟမ်နောက်တန်းကို ဖာနန်ဒင်ညိုရဲ့ အဝေးဘောကနေ တိုက်စစ်မှူး ဂျေဆူးစ်က ဖြတ်ကျော်သွားခဲ့ပြီး ဧရိယာထဲမှာ ဘောလုံးကို တစ်ချက်ထိန်းပြီး အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ နောက်တန်းတွေနဲ့ ဂိုးသမား အငိုက်မိခဲ့လို့ စီးတီးတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၉၄ မိနစ်မှာတော့ ကန်ဆယ်လို ချပေးတာကို လူစားဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဂွန်ဒိုးဝမ်က အနီးကပ်ချိုးပေးခဲ့ပြီး ဖယ်ရန် တောရက်စ် ပိတ်သွင်းခဲ့ရာမှာ ပွဲသိမ်းဂိုးရရှိခဲ့ပြီး မန်ချက်စတာစီးတီးတို့ အက်ဖ်အေဖလားရဲ့ ပဉ္စမအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်အသင်းဟောင်း ချန်ပီယံရှစ်ကလပ် ဆွမ်းဆီးနဲ့ အဝေးကွင်းမှာ ဆက်လက်တွေ့ဆုံမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ခ်ယ္လ္တန္ဟမ္ကို လူငယ္တခ်ိဳ႕နဲ႔ လိုင္းနပ္ေပ်ာက္ကစားသမားတခ်ိဳ႕ကို ထည့္သြင္းရင္ဆိုင္လာခဲ့ၿပီး တိုက္စစ္မွာေတာ့ ေဂ်ဆူးစ္၊ ေတာရက္စ္နဲ႔ မာရက္ဇ္တို႔ကို တြဲေပးခဲ့သလို အသင္းေခါင္းေဆာင္ ဖာနန္ဒင္ညိဳကိုေတာ့ ကြင္းလယ္မွာ ထိန္းေက်ာင္းေစခဲ့ပါတယ္။

ပြဲအစ စကၠန႔္ ၂၀ ေက်ာ္မွာပဲ မာရက္ဇ္ရဲ႕ မ,ေပးလိုက္တဲ့ ေဘာလုံးကို ေဂ်ဆူးစ္ အသုံးမခ်ႏိုင္ခဲ့လို႔ ပထမဆုံးကန္ခ်က္က အဖြင့္ဂိုးနဲ႔ လြဲခဲ့ရၿပီး မန္ဒီရဲ႕ ကန္ခ်က္ကိုလည္း ေနာက္ခံလူက ဂိုးစည္းေပၚက ဖ်က္ထုတ္သြားခဲ့သလို ဒီေန႔မွာေတာ့ ကြင္းလယ္မွာ ပါဝင္ကစားတဲ့ တြမ္မီ ဒြိဳင္းလ္ရဲ႕ ေကာင္းမြန္တဲ့ ျဖတ္တင္ေဘာေတြကိုလည္း ျမင္ခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာ မန္စီးတီးဘက္က မာရက္ဇ္၊ ေဂ်ဆူးစ္၊ ေတာရက္စ္တို႔ရဲ႕ ကန္ခ်က္ေတြကို ခ်ယ္လ္တန္ဟမ္ဂိုးသမား ဂရစ္ဖစ္ ကာကြယ္သြားႏိုင္ခဲ့သလို ဖိုဒန္နဲ႔ ကြင္းလယ္က ေဘာလုံးျဖန႔္ေဝမႈနည္းတဲ့ အထိုင္ကေတာ့ သိပ္ၿပီး အလုပ္မျဖစ္ခဲ့လို႔ ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း စီးတီးတို႔ပဲ ဖိကစားခဲ့ၿပီး ေဂ်ဆူးစ္တို႔ အုပ္စု ျဖဳန္းတီးေနခဲ့ခ်ိန္မွာ အဖြင့္ဂိုးကို ခ်ယ္လ္တန္ဟမ္အသင္းက မထင္မွတ္တဲ့ အေနအထားက သြင္းယူသြားခဲ့ၿပီး လက္ပစ္ေဘာကေန ဂိုးဧရိယာထဲ က်လာတဲ့ ေဘာလုံးကို မန္ဒီနဲ႔ ဂိုးသမား စတက္ဖင္တို႔ မကာကြယ္ႏိုင္ခင္မွာပဲ တိုက္စစ္မႉး အယ္လ္ဖီေမက ေျပးဝင္ပိတ္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာ မာရက္ဇ္၊ ဖိုဒန္နဲ႔ ေတာရက္စ္တို႔ရဲ႕ ကန္ခ်က္ေတြကို အိမ္ရွင္ခံစစ္က ကာကြယ္ေနခဲ့ေပမယ့္ ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ လူစားဝင္လာအၿပီးမွာ ေဘာလုံးလိုက္ျဖန႔္ေနတဲ့ ဂ်ာအို ကန္ဆယ္လိုရဲ႕ ညာျခမ္း ျဖတ္တင္ေဘာကို ဖိုဒန္ ေျပးဝင္ပိတ္သြင္းရာမွာေတာ့ ဂိုးသမား မကာကြယ္ႏိုင္ဘဲ ေခ်ပဂိုးျပန္ေပးခဲ့ရပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ လူကြၽံေဘာဖမ္းကစားတဲ့ ခ်ယ္လ္တန္ဟမ္ေနာက္တန္းကို ဖာနန္ဒင္ညိဳရဲ႕ အေဝးေဘာကေန တိုက္စစ္မႉး ေဂ်ဆူးစ္က ျဖတ္ေက်ာ္သြားခဲ့ၿပီး ဧရိယာထဲမွာ ေဘာလုံးကို တစ္ခ်က္ထိန္းၿပီး အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ေနာက္တန္းေတြနဲ႔ ဂိုးသမား အငိုက္မိခဲ့လို႔ စီးတီးတို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၉၄ မိနစ္မွာေတာ့ ကန္ဆယ္လို ခ်ေပးတာကို လူစားဝင္ကစားသမားတစ္ဦးျဖစ္တဲ့ ဂြန္ဒိုးဝမ္က အနီးကပ္ခ်ိဳးေပးခဲ့ၿပီး ဖယ္ရန္ ေတာရက္စ္ ပိတ္သြင္းခဲ့ရာမွာ ပြဲသိမ္းဂိုးရရွိခဲ့ၿပီး မန္ခ်က္စတာစီးတီးတို႔ အက္ဖ္ေအဖလားရဲ႕ ပၪၥမအဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္အသင္းေဟာင္း ခ်န္ပီယံရွစ္ကလပ္ ဆြမ္းဆီးနဲ႔ အေဝးကြင္းမွာ ဆက္လက္ေတြ႕ဆုံမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.