Premier League

24 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အိုးထရက်ဖို့ဒ်မှာ ပုံမှန်ပွဲထွက်ခွင့် မရတဲ့ ဗန်ဒီဘိခ်ရဲ့ မပျော်ရွှင်မှုကို အပြည့်အဝ နားလည်တယ်လို့ ပြောကြားခဲ့ပြီး နည်းပြဖာဂဆန်လက်အောက်မှာ ကစားသမားအဖြစ် ကစားခဲ့တုန်းကလည်း ပုံမှန်ပွဲထွက်ခွင့်ရဖို့ ခက်ခဲခဲ့ပြီး ပရော်ဖက်ရှင်နယ်ဆန်ဆန် ဆက်ရှိနေပေးတဲ့အတွက် ဗန်ဒီဘိခ်ကို ချီးကျူးပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ကွင်းလယ်ကြယ်ပွင့်ကစားသမား ပေါ့ဂ်ဘာနဲ့ ပွင့်လင့်ပြီး ရိုးသားတဲ့ စကားစမြည် ပြောဆိုမှုရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ပြောစရာရှိရင် ဘယ်သူ့ကိုမှ တဆင့်မပြောခိုင်းဘဲ ပွင့်ပွင့်လင်းလင်းနဲ့ တိုက်ရိုက် ပြောဆိုလေ့ရှိတာကြောင့် ပြင်သစ်လက်ရွေးစင်ကြယ်ပွင့်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ဟာ လိုက်ပ်ဇစ်နောက်ခံကစားသမား အူပါမီကာနိုကို ခေါ်ယူနိုင်ဖို့အတွက် ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ သိရပြီး အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ယခုလမှာ အသင်းကနေ ထွက်ခွာခွင့် ရရှိဖွယ်မရှိပေမယ့်လည်း ယခုနွေရာသီမှာ စာချုပ်လျော်ကြေး ယူရို ၄၂ သန်း ပေးလျော်ရမယ်ဆိုတဲ့အချက်က အသက်ဝင်မှာဖြစ်တဲ့အတွက် ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှာ ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျက်ဆီလင်ဂတ်ရဲ့ အနာဂတ်ကို ယနေ့ညနေ လီဗာပူးလ်အသင်းနဲ့ ကစားရမယ့် အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ ဆုံးဖြတ်ချက် ချမှတ်သွားမယ်လို့ သိရပြီး အသက် ၂၈ နှစ်အရွယ်ကစားသမားအနေနဲ့ အသင်းမှာ ဆက်နေချင်တယ်ဆိုရင် အသင်းကို နောက်တဆင့် တက်ရောက်နိုင်အောင် ကူညီပေးဖို့ လိုအပ်နေပြီလို့ Daily Mail က ဖော်ပြခဲ့။

-လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ ယနေ့ညနေမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားရမယ့် အက်ဖ်အေဖလားပွဲစဉ်မတိုင်မီ ဖိအားတွေကို ခံစားနေရတာမရှိဘူးလို့ ပြောကြားခဲ့ပြီး အောင်မြင်မှုတွေ ရရှိထားတယ်ဆိုရင် ရွေးချယ်စရာလမ်းကြောင်း ၂ ခုသာရှိပြီး တစ်ခုက ရှိနေတဲ့ စိန်ခေါ်မှုတွေနဲ့အတူ တူညီတဲ့အဆင့်အတိုင်း ဆက်လုပ်သွားနိုင်ဖို့နဲ့ နောက်တစ်ခုက စွမ်းဆောင်ရည်ကို နည်းနည်းလျှော့ပြီး ဆက်သွားဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့။

-လီဗာပူးလ်တိုက်စစ်မှူးဟောင်း နေးလ် မယ်လာက ယနေ့ညနေ အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် အက်ဖ်အေဖလားပွဲစဉ်အတွက် အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆင် ပါဝင်ကစားပေးဖို့ ကြံ့ခိုင်မှု မပြည့်ဝခဲ့ဘူးဆိုရင် ခေါင်းဆောင်မှုအရည်အသွေးရှိတဲ့ ဂျိမ်းစ် မီလ်နာ ပွဲထွက်ပါဝင်လာလိမ့်မယ်လို့ ယုံကြည်နေပြီး ပြီးခဲ့တဲ့ပွဲစဉ်တွေက ကွင်းအတွင်းမှာ ခေါင်းဆောင်ကင်းမဲ့မှုကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်တဲ့အတွက် မီလ်နာလိုမျိုး ခေါင်းဆောင်နိုင်တဲ့ ကစားသမားလိုအပ်တယ်လို့ ပြောကြားခဲ့။

-ဘုန်းမောက်တိုက်စစ်မှူး ဂျိုရွှာ ကင်းဟာ ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ကို ပြန်သွားချင်နေဆဲဖြစ်တယ်လို့ Manchester Evening News က ဖော်ပြခဲ့ပြီး ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ ဆီဘက်စတီယန် ဟော်လာအတွက် အစားထိုးခေါ်ယူမှုဖြစ် ယူနိုက်တက်တိုက်စစ်မှူးဟောင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုလာမယ့်နွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ကိုရန်တင် တိုလစ်ဆိုကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်းနဲ့ အပြိုင် စောင့်ကြည့်နေတယ်လို့ Bild ရဲ့ သတင်းအရ သိရပြီး တိုလစ်ဆိုရဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လမ်းခွဲဖို့ ပြင်ဆင်နေတဲ့အခြေအနေက ဥရောပထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ပီအက်စ်ဂျီအသင်းတို့အတွက် အချက်ပေးခေါင်းလောင်းသံဖြစ်လာခဲ့တယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားက အိုးထရက္ဖို႔ဒ္မွာ ပုံမွန္ပြဲထြက္ခြင့္ မရတဲ့ ဗန္ဒီဘိခ္ရဲ့ မေပ်ာ္ရႊင္မႈကို အျပည့္အဝ နားလည္တယ္လို႔ ေျပာၾကားခဲ့ၿပီး နည္းျပဖာဂဆန္လက္ေအာက္မွာ ကစားသမားအျဖစ္ ကစားခဲ့တုန္းကလည္း ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ခက္ခဲခဲ့ၿပီး ပေရာ္ဖက္ရွင္နယ္ဆန္ဆန္ ဆက္ရွိေနေပးတဲ့အတြက္ ဗန္ဒီဘိခ္ကို ခ်ီးက်ဴးေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားက ကြင္းလယ္ၾကယ္ပြင့္ကစားသမား ေပါ့ဂ္ဘာနဲ႔ ပြင့္လင့္ၿပီး ရိုးသမားတဲ့ စကားစျမည္ ေျပာဆိုမႈရွိတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ေျပာစရာရွိရင္ ဘယ္သူ႔ကိုမွ တဆင့္မေျပာခိုင္းဘဲ ပြင့္ပြင့္လင္းလင္းနဲ႔ တိုက္ရိုက္ ေျပာဆိုေလ့ရွိတာေၾကာင့္ ျပင္သစ္လက္ေရြးစင္ၾကယ္ပြင့္နဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိတယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္နဲ႔ လီဗာပူးလ္အသင္းတို႔ဟာ လိုက္ပ္ဇစ္ေနာက္ခံကစားသမား အူပါမီကာနိုကို ေခၚယူနိုင္ဖို႔အတြက္ ထိပ္ဆုံးကေန ဦးေဆာင္ေနတယ္လို႔ သိရၿပီး အသက္ ၂၂ ႏွစ္အရြယ္ကစားသမားဟာ ယခုလမွာ အသင္းကေန ထြက္ခြာခြင့္ ရရွိဖြယ္မရွိေပမယ့္လည္း ယခုေႏြရာသီမွာ စာခ်ဳပ္ေလ်ာ္ေၾကး ယူရို ၄၂ သန္း ေပးေလ်ာ္ရမယ္ဆိုတဲ့အခ်က္က အသက္ဝင္မွာျဖစ္တဲ့အတြက္ ၂၀၂၁ ခုႏွစ္ေႏွာင္းပိုင္းမွာ ေခၚယူသြားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရ။

-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဂ်က္ဆီလင္ဂတ္ရဲ့ အနာဂတ္ကို ယေန႔ညေန လီဗာပူးလ္အသင္းနဲ႔ ကစားရမယ့္ အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲစဥ္မွာ ဆုံးျဖတ္ခ်က္ ခ်မွတ္သြားမယ္လို႔ သိရၿပီး အသက္ ၂၈ ႏွစ္အရြယ္ကစားသမားအေနနဲ႔ အသင္းမွာ ဆက္ေနခ်င္တယ္ဆိုရင္ အသင္းကို ေနာက္တဆင့္ တက္ေရာက္နိုင္ေအာင္ ကူညီေပးဖို႔ လိုအပ္ေနၿပီလို႔ Daily Mail က ေဖာ္ျပခဲ့။

-လီဗာပူးလ္အသင္းနည္းၿပ ယာဂင္ကေလာ့ပ္ဟာ ယေန႔ညေနမွာ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ ကစားရမယ့္ အက္ဖ္ေအဖလားပြဲစဥ္မတိုင္မီ ဖိအားေတြကို ခံစားေနရတာမရွိဘူးလို႔ ေျပာၾကားခဲ့ၿပီး ေအာင္ျမင္မႈေတြ ရရွိထားတယ္ဆိုရင္ ေရြးခ်ယ္စရာလမ္းေၾကာင္း ၂ ခုသာရွိၿပီး တစ္ခုက ရွိေနတဲ့ စိန္ေခၚမႈေတြနဲ႔အတူ တူညီတဲ့အဆင့္အတိုင္း ဆက္လုပ္သြားနိုင္ဖို႔နဲ႔ ေနာက္တစ္ခုက စြမ္းေဆာင္ရည္ကို နည္းနည္းေလၽွာ့ၿပီး ဆက္သြားဖို႔ ျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-လီဗာပူးလ္တိုက္စစ္မႉးေဟာင္း ေနးလ္ မယ္လာက ယေန႔ညေန အိုးထရက္ဖို႔ဒ္မွာ ကစားရမယ့္ အက္ဖ္ေအဖလားပြဲစဥ္အတြက္ အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆင္ ပါဝင္ကစားေပးဖို႔ ႀကံ့ခိုင္မႈ မျပည့္ဝခဲ့ဘူးဆိုရင္ ေခါင္းေဆာင္မႈအရည္အေသြးရွိတဲ့ ဂ်ိမ္းစ္ မီလ္နာ ပြဲထြက္ပါဝင္လာလိမ့္မယ္လို႔ ယုံၾကည္ေနၿပီး ၿပီးခဲ့တဲ့ပြဲစဥ္ေတြက ကြင္းအတြင္းမွာ ေခါင္းေဆာင္ကင္းမဲ့မႈေၾကာင့္ ရႈံးနိမ့္ခဲ့တာျဖစ္တဲ့အတြက္ မီလ္နာလိုမ်ိဳး ေခါင္းေဆာင္နိုင္တဲ့ ကစားသမားလိုအပ္တယ္လို႔ ေျပာၾကားခဲ့။

-ဘုန္းေမာက္တိုက္စစ္မႉး ဂ်ိဳရႊာ ကင္းဟာ ဝက္စ္ဟမ္းအသင္းကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚေနေပမယ့္လည္း မန္ခ်က္စတာယူနိုက္တက္ကို ျပန္သြားခ်င္ေနဆဲျဖစ္တယ္လို႔ Manchester Evening News က ေဖာ္ျပခဲ့ၿပီး ဝက္စ္ဟမ္းယူနိုက္တက္အသင္းဟာ ဆီဘက္စတီယန္ ေဟာ္လာအတြက္ အစားထိုးေခၚယူမႈျဖစ္ ယူနိုက္တက္တိုက္စစ္မႉးေဟာင္းကို ေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္တယ္လို႔ Daily Mail က ေဖာ္ျပခဲ့။

-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ယခုလာမယ့္ေႏြရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းကေန ထြက္ခြာဖို႔ ျပင္ဆင္ေနတဲ့ ကိုရန္တင္ တိုလစ္ဆိုကို ေခၚယူဖို႔အတြက္ ပီအက္စ္ဂ်ီအသင္းနဲ႔ အၿပိဳင္ ေစာင့္ၾကည့္ေနတယ္လို႔ Bild ရဲ့ သတင္းအရ သိရၿပီး တိုလစ္ဆိုရဲ့ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ လမ္းခြဲဖို႔ ျပင္ဆင္ေနတဲ့အေျခအေနက ဥေရာပထိပ္တန္းအသင္းႀကီးေတြျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္နဲ႔ ပီအက္စ္ဂ်ီအသင္းတို႔အတြက္ အခ်က္ေပးေခါင္းေလာင္းသံျဖစ္လာခဲ့တယ္လို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.