Premier League Transfer News

24 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းဘက်က ကမ်းလှမ်းခဲ့တဲ့ အငှားစာချုပ်ကို ရီးရဲလ်မက်ဒရစ်က သဘောတူညီခဲ့တဲ့အပြင် ကစားသမားနဲ့လည်း ပုဂ္ဂိုလ်ရေး သဘောတူညီချက်တွေ ရရှိခဲ့ပြီဖြစ်လို့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်အနေနဲ့ မကြာခင်အချိန်အတွင်း ဘာနေဗျူးကနေ အမ်းမရိတ်ကို ပြောင်းရွှေ့လာဖို့ရှိနေ။

– ဖိုလာရင် ဘာလိုဂွန်ကို မကြာခင် အချိန်အတွင်းမှာ နေရာပေးသွားဖို့ ရှိတယ်လို့ နည်းပြ အာတီတာက အာမခံထားခဲ့အပြီးမှာ နည်းစနစ် ဒါရိုက်တာ အီဒူးကလည်း သူ့အနေနဲ့ နှစ်သက်သဘောကျတဲ့ ကစားသမားဖြစ်တာမို့ စာချုပ်သစ်အတွက် ပြင်ဆင်ထားတယ်လို့ဆိုပြီး စည်းရုံးနေ။

– အာဆင်နယ်အသင်းရဲ့ ပုံစံကောင်းတွေကို ဖျက်ဆီးပစ်တတ်တဲ့ အလေ့အထကတော့ သူ့အတွက် မယုံကြည်နိုင်အောင်ဖြစ်ရပြီး ဒီရာသီမှာ ဒီအသင်းအနေနဲ့ ထိပ်ဆုံး ၆ သင်းထဲကို ဝင်နိုင်ရင်ပဲ ကံကောင်းလှပြီဖြစ်ကြောင်း ကွင်းလယ်လူဟောင်းကြီး ရေးပါလာ ပြောကြား။

– အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း အလန် စမစ်က လက်ရှိ အငှားခေါ်ယူဖို့ လုပ်ဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်အတွက် ကြိုတင်သတိပေးလိုက်ပြီး ဘာစီလိုနာက ဒင်းနစ် ဆွာရက်ဇ်ကို ခေါ်ယူသလိုဖြစ်မလာဖို့ ဂရုတစိုက် အသုံးပြုသွားရမယ်လို့ဆို။

– နည်းပြ မီခယ်လ် အာတီတာက သူ့အနေနဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းဟာ မိသားစုကိစ္စနဲ့ အိမ်ပြန်သွားခဲ့ရတာလို့သာ သိပြီး အသေးစိတ်ကို သိရှိမထားကြောင်းနဲ့ အာဆင်နယ်အသင်းအတွက် ဘယ်တော့ပြန်ကစားနိုင်မယ်ဆိုတာ မပြောတတ်သေးကြောင်း ရှင်းလင်း။

– အသင်းရဲ့ အဓိကနောက်ခံလူတစ်ဦးဖြစ်တဲ့ ရော့ဘ် ဟိုးလ်ဒင်းက ခြေစွမ်းမပြနိုင်လို့ ပြစ်တင်ခံနေရခဲ့ရတဲ့ နီကိုလာ ပေပေနဲ့ ဝီလီယန်တို့အနေနဲ့ လေ့ကျင့်ရေးကွင်းက ခြေစွမ်းကို ပွဲထဲ မယူဆောင်လာနိုင်တာက အဓိက ပြဿနာဖြစ်နေတာကြောင့် ပရိသတ်တွေကို စိတ်ရှည်ပေးဖို့ မေတ္တာရပ်ခံသွား။

– ဆောက်သမ်တန်နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပါဝင်လာခြင်း မရှိတဲ့ နောက်ခံလူ ရှကိုဒရန် မူစတာဖီကို အာဆင်နယ်အသင်းကနေ အမြန်ဆုံး ထွက်ခွာဖို့ တွန်းအားပေးနေတယ်လို့ ပရိသတ်တွေက ခန့်မှန်းနေကြပြီး နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်နေသလို လာဇီယိုဆီ ပူးပေါင်းလိမ့်မယ်လို့ ဆိုနေကြ။

– နီကိုလာ ပေပေကို ခြေစွမ်းအတွက် သည်းခံပေးကြပြီး အပြုသဘောနဲ့ အားပေးကြဖို့နဲ့ ပြောင်းရွှေ့ကြေးဆိုတာကတော့ သူကိုယ်တိုင်က ဒီဈေးနဲ့ ဝယ်ပါလို့ တောင်းဆိုတာ မဟုတ်တဲ့အတွက် အမြင်ထဲကနေ ဖယ်ရှားကြည့်ရှုကြဖို့ အသင်းဂန္ထဝင်တိုက်စစ်မှူး သီယာရီ အွန်နရီ တိုက်တွန်းသွားခဲ့။

– ကိုဗစ်ကူးစက်ခံရအပြီးမှာ ပထမဆုံး ပွဲထွက်ကစားခဲ့တဲ့ နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်ရဲ့ ပွဲကြောင်နေတဲ့ ပုံစံကို ပရိသတ်တွေ နားလည်ပေးခဲ့ကြသလို အာဆင်နယ်နည်းပြ အာတီတာကလည်း သူ့ရဲ့ အရင်ပုံစံမျိုးကို ရဖို့ အချိန်ယူရမှာဖြစ်ပြီး တိုးတက်လာမှာဖြစ်ကြောင်း ကိုယ့်ဂိုးကိုယ်သွင်းခဲ့တဲ့ ဘရာဇီးလ်သားဘက်က ကာကွယ်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းဘက္က ကမ္းလွမ္းခဲ့တဲ့ အငွားစာခ်ဳပ္ကို ရီးရဲလ္မက္ဒရစ္က သေဘာတူညီခဲ့တဲ့အျပင္ ကစားသမားနဲ႔လည္း ပုဂၢိဳလ္ေရး သေဘာတူညီခ်က္ေတြ ရရွိခဲ့ၿပီျဖစ္လို႔ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္အေနနဲ႔ မၾကာခင္အခ်ိန္အတြင္း ဘာေနဗ်ဴးကေန အမ္းမရိတ္ကို ေျပာင္းေ႐ႊ႕လာဖို႔ရွိေန။

– ဖိုလာရင္ ဘာလိုဂြန္ကို မၾကာခင္ အခ်ိန္အတြင္းမွာ ေနရာေပးသြားဖို႔ ရွိတယ္လို႔ နည္းျပ အာတီတာက အာမခံထားခဲ့အၿပီးမွာ နည္းစနစ္ ဒါ႐ိုက္တာ အီဒူးကလည္း သူ႔အေနနဲ႔ ႏွစ္သက္သေဘာက်တဲ့ ကစားသမားျဖစ္တာမို႔ စာခ်ဳပ္သစ္အတြက္ ျပင္ဆင္ထားတယ္လို႔ဆိုၿပီး စည္း႐ုံးေန။

– အာဆင္နယ္အသင္းရဲ႕ ပုံစံေကာင္းေတြကို ဖ်က္ဆီးပစ္တတ္တဲ့ အေလ့အထကေတာ့ သူ႔အတြက္ မယုံၾကည္ႏိုင္ေအာင္ျဖစ္ရၿပီး ဒီရာသီမွာ ဒီအသင္းအေနနဲ႔ ထိပ္ဆုံး ၆ သင္းထဲကို ဝင္ႏိုင္ရင္ပဲ ကံေကာင္းလွၿပီျဖစ္ေၾကာင္း ကြင္းလယ္လူေဟာင္းႀကီး ေရးပါလာ ေျပာၾကား။

– အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္း အလန္ စမစ္က လက္ရွိ အငွားေခၚယူဖို႔ လုပ္ေဆာင္ေနတဲ့ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္အတြက္ ႀကိဳတင္သတိေပးလိုက္ၿပီး ဘာစီလိုနာက ဒင္းနစ္ ဆြာရက္ဇ္ကို ေခၚယူသလိုျဖစ္မလာဖို႔ ဂ႐ုတစိုက္ အသုံးျပဳသြားရမယ္လို႔ဆို။

– နည္းျပ မီခယ္လ္ အာတီတာက သူ႔အေနနဲ႔ အသင္းေခါင္းေဆာင္တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းဟာ မိသားစုကိစၥနဲ႔ အိမ္ျပန္သြားခဲ့ရတာလို႔သာ သိၿပီး အေသးစိတ္ကို သိရွိမထားေၾကာင္းနဲ႔ အာဆင္နယ္အသင္းအတြက္ ဘယ္ေတာ့ျပန္ကစားႏိုင္မယ္ဆိုတာ မေျပာတတ္ေသးေၾကာင္း ရွင္းလင္း။

– အသင္းရဲ႕ အဓိကေနာက္ခံလူတစ္ဦးျဖစ္တဲ့ ေရာ့ဘ္ ဟိုးလ္ဒင္းက ေျခစြမ္းမျပႏိုင္လို႔ ျပစ္တင္ခံေနရခဲ့ရတဲ့ နီကိုလာ ေပေပနဲ႔ ဝီလီယန္တို႔အေနနဲ႔ ေလ့က်င့္ေရးကြင္းက ေျခစြမ္းကို ပြဲထဲ မယူေဆာင္လာႏိုင္တာက အဓိက ျပႆနာျဖစ္ေနတာေၾကာင့္ ပရိသတ္ေတြကို စိတ္ရွည္ေပးဖို႔ ေမတၱာရပ္ခံသြား။

– ေဆာက္သမ္တန္နဲ႔ အက္ဖ္ေအဖလားပြဲစဥ္မွာ ပါဝင္လာျခင္း မရွိတဲ့ ေနာက္ခံလူ ရွကိုဒရန္ မူစတာဖီကို အာဆင္နယ္အသင္းကေန အျမန္ဆုံး ထြက္ခြာဖို႔ တြန္းအားေပးေနတယ္လို႔ ပရိသတ္ေတြက ခန႔္မွန္းေနၾကၿပီး နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ျပတ္ျပတ္သားသား ေဆာင္႐ြက္ေနသလို လာဇီယိုဆီ ပူးေပါင္းလိမ့္မယ္လို႔ ဆိုေနၾက။

– နီကိုလာ ေပေပကို ေျခစြမ္းအတြက္ သည္းခံေပးၾကၿပီး အျပဳသေဘာနဲ႔ အားေပးၾကဖို႔နဲ႔ ေျပာင္းေ႐ႊ႕ေၾကးဆိုတာကေတာ့ သူကိုယ္တိုင္က ဒီေဈးနဲ႔ ဝယ္ပါလို႔ ေတာင္းဆိုတာ မဟုတ္တဲ့အတြက္ အျမင္ထဲကေန ဖယ္ရွားၾကည့္ရႈၾကဖို႔ အသင္းဂႏၴဝင္တိုက္စစ္မႉး သီယာရီ အြန္နရီ တိုက္တြန္းသြားခဲ့။

– ကိုဗစ္ကူးစက္ခံရအၿပီးမွာ ပထမဆုံး ပြဲထြက္ကစားခဲ့တဲ့ ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလိုင္စ္ရဲ႕ ပြဲေၾကာင္ေနတဲ့ ပုံစံကို ပရိသတ္ေတြ နားလည္ေပးခဲ့ၾကသလို အာဆင္နယ္နည္းျပ အာတီတာကလည္း သူ႔ရဲ႕ အရင္ပုံစံမ်ိဳးကို ရဖို႔ အခ်ိန္ယူရမွာျဖစ္ၿပီး တိုးတက္လာမွာျဖစ္ေၾကာင္း ကိုယ့္ဂိုးကိုယ္သြင္းခဲ့တဲ့ ဘရာဇီးလ္သားဘက္က ကာကြယ္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.