Premier League

အီဂါလိုအေပၚ ထင္ျမင္မွဳေတြ မွားခဲ့တယ္လုိ႔ဆိုၿပီး ထက္ျမက္တဲ့ ကစားပုံကို ဖာဒီနန္ခ်ီးက်ဴး

မန္ခ်က္စတာယူႏုိက္တက္အသင္းအတြက္ ဂိုးေတြ သြင္းယူျပေနတဲ့ တုိက္စစ္မွဴး အိုဒီယြန္ အီဂါလိုအေနနဲ႔ သူ႕ကို သံသယေတြနဲ႔ ေစာင့္ၾကည့္ေနခဲ့ၾကတဲ့သူေတြအားလုံး မွားယြင္းေၾကာင္း သက္ေသျပလုိက္တာျဖစ္ၿပီး သူ႕မွာ က်န္တဲ့ အသင္းေဖာ္တုိက္စစ္မွဴးေတြထက္ သာလြန္တဲ့ အရည္အေသြးေတြရွိတယ္လို႔ ရီယို ဖာဒီနန္က ခ်ီးက်ဴးလုိက္ပါတယ္။

အဂၤလန္နဲ႔ မန္ယူေနာက္ခံလူေဟာင္းက အီဂါလိုအေနနဲ႔ ဇန္နဝါရီမွာ ေျပာင္းေရႊ႕လာတုန္းက ဒီအသင္းနဲ႔မွ သင့္ေတာ္ပါ့မလားလုိ႔ သံသယ ဝင္ခဲ့တဲ့သူေတြထဲမွာ သူလည္း ပါဝင္ေၾကာင္း ဝန္ခံသြားခဲ့ၿပီး လက္ရွိမွာေတာ့ မာစီယယ္လ္၊ ရက္ရွ္ဖို႔ဒ္တုိ႔နဲ႔ မတူညီတဲ့ ကစားပုံနဲ႔ ေရြ႕လ်ားမွဳေတြက အက်ဳိးျဖစ္ထြန္းေစလိမ့္မယ္လို႔လည္း ဆုိလိုက္ပါတယ္။

“လူေတာ္ေတာ္မ်ားမ်ားေရာ ကၽြန္ေတာ္ကိုယ္တုိင္ပါ အိုဒီယြန္ အီဂါလိုကို ဒီအသင္းနဲ႔ အံဝင္ပါ့မလားလို႔ ထင္ထားခဲ့တာပါ။ ဒါေပမယ့္ သူက တစ္မူထူးျခားတဲ့ ပုံစံတစ္ရပ္နဲ႔ တုိက္စစ္ပုိင္းမွာ စြမ္းေဆာင္ျပႏုိင္ခဲ့ပါတယ္။ အေကာင္းဆုံးကစားသမားတစ္ေယာက္မဟုတ္ခဲ့ေပမယ့္ အသင္းတုိက္စစ္ အတြက္ သူယူလာခဲ့တဲ့ အရာေတြက စိတ္ေက်နပ္စရာပါ”လို႔ ဖာဒီနန္က ဆုိပါတယ္။

ဖာဒီနန္က အီဂါလိုရဲ႕ အရည္အေသြးေကာင္းကေတာ့ ေဘာလုံးလက္ခံရယူဖို႔ ေနရာလြတ္ေတြမွာ အသင့္ေစာင့္ၿပီး ေရြ႕လ်ားထားႏုိင္တာမ်ဳိး ျဖစ္ေၾကာင္းနဲ႔ မာစီယယ္လ္၊ ရက္ရွ္ဖို႔ဒ္တုိ႔နဲ႔ဆိုရင္ ကြင္းလယ္ကစားသမားေတြက ဒီလိုမ်ဳိး ေဘာလုံးေပးဖို႔ မလြယ္ေၾကာင္းနဲ႔ ဂိုးသြင္းေကာင္းပုံကိုလည္း ခ်ီးက်ဴးသြားခဲ့ပါတယ္။

ဒါဘီနဲ႔ပြဲမွာ သြင္းယူခဲ့တဲ့ ပထမဂိုးမွာ အီဂါလိုအေနနဲ႔ တစ္ဖက္ေနာက္တန္းေတြရဲ႕ နီးနီးကပ္ကပ္ ဖိအားေပးမွဳကို ခံခဲ့ရေပမယ့္ မတုန္မလွဳပ္ဘဲ ကိုယ့္အလုပ္ကိုယ္လုပ္သြားခဲ့ၿပီး ဂိုးတုိင္ေျခေထာင့္ထဲကို တိတိက်က် ကန္သြင္းသြားႏုိင္ခဲ့တဲ့ လုပ္ရပ္နဲ႔ ခႏၶာကိုယ္ႀကံ့ခုိင္မွဳ ေကာင္းမြန္ပုံတုိ႔ကိုလည္း ဖာဒီနန္က ေရြးထုတ္ခ်ီးက်ဴးသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဂိုးတွေ သွင်းယူပြနေတဲ့ တိုက်စစ်မှူး အိုဒီယွန် အီဂါလိုအနေနဲ့ သူ့ကို သံသယတွေနဲ့ စောင့်ကြည့်နေခဲ့ကြတဲ့သူတွေအားလုံး မှားယွင်းကြောင်း သက်သေပြလိုက်တာဖြစ်ပြီး သူ့မှာ ကျန်တဲ့ အသင်းဖော်တိုက်စစ်မှူးတွေထက် သာလွန်တဲ့ အရည်အသွေးတွေရှိတယ်လို့ ရီယို ဖာဒီနန်က ချီးကျူးလိုက်ပါတယ်။

အင်္ဂလန်နဲ့ မန်ယူနောက်ခံလူဟောင်းက အီဂါလိုအနေနဲ့ ဇန်နဝါရီမှာ ပြောင်းရွှေ့လာတုန်းက ဒီအသင်းနဲ့မှ သင့်တော်ပါ့မလားလို့ သံသယ ဝင်ခဲ့တဲ့သူတွေထဲမှာ သူလည်း ပါဝင်ကြောင်း ဝန်ခံသွားခဲ့ပြီး လက်ရှိမှာတော့ မာစီယယ်လ်၊ ရက်ရှ်ဖို့ဒ်တို့နဲ့ မတူညီတဲ့ ကစားပုံနဲ့ ရွေ့လျားမှုတွေက အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့လည်း ဆိုလိုက်ပါတယ်။

“လူတော်တော်များများရော ကျွန်တော်ကိုယ်တိုင်ပါ အိုဒီယွန် အီဂါလိုကို ဒီအသင်းနဲ့ အံဝင်ပါ့မလားလို့ ထင်ထားခဲ့တာပါ။ ဒါပေမယ့် သူက တစ်မူထူးခြားတဲ့ ပုံစံတစ်ရပ်နဲ့ တိုက်စစ်ပိုင်းမှာ စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ အကောင်းဆုံးကစားသမားတစ်ယောက်မဟုတ်ခဲ့ပေမယ့် အသင်းတိုက်စစ် အတွက် သူယူလာခဲ့တဲ့ အရာတွေက စိတ်ကျေနပ်စရာပါ”လို့ ဖာဒီနန်က ဆိုပါတယ်။

ဖာဒီနန်က အီဂါလိုရဲ့ အရည်အသွေးကောင်းကတော့ ဘောလုံးလက်ခံရယူဖို့ နေရာလွတ်တွေမှာ အသင့်စောင့်ပြီး ရွေ့လျားထားနိုင်တာမျိုး ဖြစ်ကြောင်းနဲ့ မာစီယယ်လ်၊ ရက်ရှ်ဖို့ဒ်တို့နဲ့ဆိုရင် ကွင်းလယ်ကစားသမားတွေက ဒီလိုမျိုး ဘောလုံးပေးဖို့ မလွယ်ကြောင်းနဲ့ ဂိုးသွင်းကောင်းပုံကိုလည်း ချီးကျူးသွားခဲ့ပါတယ်။

ဒါဘီနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ပထမဂိုးမှာ အီဂါလိုအနေနဲ့ တစ်ဖက်နောက်တန်းတွေရဲ့ နီးနီးကပ်ကပ် ဖိအားပေးမှုကို ခံခဲ့ရပေမယ့် မတုန်မလှုပ်ဘဲ ကိုယ့်အလုပ်ကိုယ်လုပ်သွားခဲ့ပြီး ဂိုးတိုင်ခြေထောင့်ထဲကို တိတိကျကျ ကန်သွင်းသွားနိုင်ခဲ့တဲ့ လုပ်ရပ်နဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းမွန်ပုံတို့ကိုလည်း ဖာဒီနန်က ရွေးထုတ်ချီးကျူးသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.