Premier League

ေက်ာဒဏ္ရာေၾကာင့္ မန္ခ်က္စတာဒါဘီပြဲကို ဒီဘ႐ိုင္းနား လြဲေခ်ာ္ႏုိင္ေျခရွိေန

မန္ခ်က္စတာစီးတီးကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားအေနနဲ႔ ေနာက္ေက်ာမွာ ဒဏ္ရာရရွိထားတာေၾကာင့္ လာမယ့္ မန္ခ်က္စတာဒါဘီပြဲစဥ္ကို လြဲေခ်ာ္ဖြယ္ရွိၿပီး ၿပဳိင္ဘက္ မန္ခ်က္စတာယူႏုိက္တက္အသင္းအတြက္ေတာ့ စိတ္သက္သာစရာ သတင္းတစ္ရပ္လည္းျဖစ္ခဲ့ပါတယ္။

ဒီရာသီအတြင္းမွာ ၿမဳိ႕ခံၿပဳိင္ဘက္ႏွစ္သင္းၾကား သုံးႀကိမ္ေတြ႕ဆုံထားရာမွာ ကာရာေဘာင္းဖလားဆီမီးဖိုင္နယ္ႏွစ္ႀကိမ္ေတြ႕ဆုံမွဳနဲ႔ ပရီးမီးယားလိဂ္ ပထမအေက်ာ့ အစ္တီဟတ္ပြဲစဥ္တုိ႔ ပါဝင္ခဲ့ၿပီး မန္စီးတီးအေနနဲ႔ တစ္ပြဲသာ အႏုိင္ရခဲ့သလို သူတုိ႔ေတြရဲ႕ ေဘာလုံးကိုင္ကစားၿပီး တစ္သင္းလုံးတက္ကစားတဲ့ ပုံစံက မန္ယူရဲ႕ တန္ျပန္တုိက္စစ္ေတြမွာ အျမဲတမ္း ဒုကၡေတြ႕ေနခဲ့တာလည္းျဖစ္ပါတယ္။

အက္စတန္ဗီလာအသင္းနဲ႔ ကာရာေဘာင္းဖလားဖိုင္နယ္ပြဲစဥ္မွာ အက်မေတာ္ရာကေန ေက်ာကို ထိခိုက္မိခဲ့တဲ့ ဘယ္လ္ဂ်ီယမ္ကြင္းလယ္ဖန္တီးရွင္အေနနဲ႔ ရွက္ဖီးလ္ဒ္ ဝမ့္စ္ေဒးအသင္းနဲ႔ အက္ဖ္ေအဖလားပြဲစဥ္ကိုလည္း လြဲေခ်ာ္ထားခဲ့ၿပီး တနဂၤေႏြေန႔မွာ ကစားမယ့္ပြဲကိုေတာ့ ပါဝင္ႏုိင္ဖို႔ မေသခ်ာေသးတာလည္းျဖစ္ပါတယ္။

“ကီဗင္မွာ ဒဏ္ရာျပႆနာရွိေနၿပီး ႀကံ့ခိုင္မွဳလည္း မျပည့္ဝတဲ့ ပုံစံရွိေနပါတယ္။ သူ႕ရဲ႕ ေျမေပၚကို ေက်ာနဲ႔က်ခဲ့တဲ့ ပုံစံကေတာ့ ဆိုးရြားခဲ့ၿပီး သူ႕အေနနဲ႔ ဘယ္ေလာက္နားရမယ္ဆုိတာကိုေတာ့ မသိေသးပါဘူး”လို႔ ဆုိခဲ့ၿပီး မန္ခ်က္စတာဒါဘီပြဲမွာ ပါဝင္ႏုိင္ေျခကိုလည္း မသိေသးေၾကာင္းပဲ ေျဖၾကားသြားခဲ့ပါတယ္။

ရွက္ဖီးလ္ဒ္ ဝမ့္စ္ေဒးနဲ႔ပြဲမွာ တစ္လုံးတည္းေသာ အႏုိင္ဂိုးကို သြင္းယူေပးခဲ့တဲ့ ဆာဂ်ီယို အေဂြ႐ိုရဲ႕ ခပ္ေၾကာင္ေၾကာင္နည္းျပေကာင္းတစ္ဦးလို႔ ေဝဖန္မွဳနဲ႔ ပတ္သက္လုိ႔ေတာ့ သူနဲ႔ တုိက္စစ္မွဴးၾကားမွာ ဘာမွ အျငင္းပြားခဲ့တာမ်ဳိး မရွိဘဲ ေဘာလုံးပြဲထဲက ျဖစ္တတ္တဲ့ သေဘာေတြဆုိတဲ့ သေဘာမ်ဳိးပဲ ရွင္းလင္းေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားအနေနဲ့ နောက်ကျောမှာ ဒဏ်ရာရရှိထားတာကြောင့် လာမယ့် မန်ချက်စတာဒါဘီပွဲစဉ်ကို လွဲချော်ဖွယ်ရှိပြီး ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းအတွက်တော့ စိတ်သက်သာစရာ သတင်းတစ်ရပ်လည်းဖြစ်ခဲ့ပါတယ်။

ဒီရာသီအတွင်းမှာ မြို့ခံပြိုင်ဘက်နှစ်သင်းကြား သုံးကြိမ်တွေ့ဆုံထားရာမှာ ကာရာဘောင်းဖလားဆီမီးဖိုင်နယ်နှစ်ကြိမ်တွေ့ဆုံမှုနဲ့ ပရီးမီးယားလိဂ် ပထမအကျော့ အစ်တီဟတ်ပွဲစဉ်တို့ ပါဝင်ခဲ့ပြီး မန်စီးတီးအနေနဲ့ တစ်ပွဲသာ အနိုင်ရခဲ့သလို သူတို့တွေရဲ့ ဘောလုံးကိုင်ကစားပြီး တစ်သင်းလုံးတက်ကစားတဲ့ ပုံစံက မန်ယူရဲ့ တန်ပြန်တိုက်စစ်တွေမှာ အမြဲတမ်း ဒုက္ခတွေ့နေခဲ့တာလည်းဖြစ်ပါတယ်။

အက်စတန်ဗီလာအသင်းနဲ့ ကာရာဘောင်းဖလားဖိုင်နယ်ပွဲစဉ်မှာ အကျမတော်ရာကနေ ကျောကို ထိခိုက်မိခဲ့တဲ့ ဘယ်လ်ဂျီယမ်ကွင်းလယ်ဖန်တီးရှင်အနေနဲ့ ရှက်ဖီးလ်ဒ် ဝမ့်စ်ဒေးအသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်ကိုလည်း လွဲချော်ထားခဲ့ပြီး တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲကိုတော့ ပါဝင်နိုင်ဖို့ မသေချာသေးတာလည်းဖြစ်ပါတယ်။

“ကီဗင်မှာ ဒဏ်ရာပြဿနာရှိနေပြီး ကြံ့ခိုင်မှုလည်း မပြည့်ဝတဲ့ ပုံစံရှိနေပါတယ်။ သူ့ရဲ့ မြေပေါ်ကို ကျောနဲ့ကျခဲ့တဲ့ ပုံစံကတော့ ဆိုးရွားခဲ့ပြီး သူ့အနေနဲ့ ဘယ်လောက်နားရမယ်ဆိုတာကိုတော့ မသိသေးပါဘူး”လို့ ဆိုခဲ့ပြီး မန်ချက်စတာဒါဘီပွဲမှာ ပါဝင်နိုင်ခြေကိုလည်း မသိသေးကြောင်းပဲ ဖြေကြားသွားခဲ့ပါတယ်။

ရှက်ဖီးလ်ဒ် ဝမ့်စ်ဒေးနဲ့ပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဆာဂျီယို အဂွေရိုရဲ့ ခပ်ကြောင်ကြောင်နည်းပြကောင်းတစ်ဦးလို့ ဝေဖန်မှုနဲ့ ပတ်သက်လို့တော့ သူနဲ့ တိုက်စစ်မှူးကြားမှာ ဘာမှ အငြင်းပွားခဲ့တာမျိုး မရှိဘဲ ဘောလုံးပွဲထဲက ဖြစ်တတ်တဲ့ သဘောတွေဆိုတဲ့ သဘောမျိုးပဲ ရှင်းလင်းပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.