Premier League

မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူခြေကျနေပြီလဲဆိုတာ အဖြေပေးခဲ့တဲ့ ဖီဖာ တစ်နှစ်တာအကောင်းဆုံးအသင်းလူစာရင်း

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ EA Sports က ၂၀၁၁ ခုနှစ်ကတည်းက နှစ်စဉ်ကြေညာနေခဲ့တဲ့ ဖီဖာ တစ်နှစ်တာအကောင်းဆုံးအသင်းလူစာရင်းမှာ ပထမဆုံးအကြိမ်အဖြစ် ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

EA Sports က ထုတ်ပြန်ခဲ့တဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းဟာ လွန်ခဲ့တဲ့ ၁၂ လက အကောင်းဆုံးကစားသမား အယောက် ၇၀ ထဲက ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ EA Sports က ပရိသတ်ပေါင်း ၁၀ သန်းရဲ့ မဲပေးရွေးချယ်မှုအပြီးမှာ ဖီဖာ ၂၀၂၁ တစ်နှစ်တာအကောင်းဆုံးအသင်းကို ထုတ်ဖော်ကြေညာခဲ့တာဖြစ်ပြီး လီယွန်နယ်မက်ဆီဟာ ၂၀၁၉-၂၀၂၀ ရာသီမှာ ရုန်းကန်ခဲ့ရသလို ယခုရာသီမှာလည်း ဆက်လက်ရုန်းကန်နေခဲ့ရပြီးနောက် အကောင်းဆုံးအသင်းမှာ မပါဝင်ခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်

လီယွန်နယ်မက်ဆီဟာ ယခုရာသီမှာ သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပေမယ့်လည်း ပုံမှန်ခြေစွမ်းအောက်ကျဆင်းနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ဖလား ၃ လုံးရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကစားသမား ၄ ဦးအထိ ဖီဖာ ၂၀၂၁ တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်း ကစားသမား ၂ ဦးကလည်း ပြီးခဲ့တဲ့ရာသီမှာ အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီးနောက် အကောင်းဆုံးအသင်းလူစာရင်းထဲမှာ ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဖီဖာ ၂၀၂၁ တစ်နှစ်တာအကောင်းဆုံးအသင်း

နျူအာ (ဘိုင်ယန်မြူးနစ်)

အယ်လ်ဖွန်ဆို ဒေးဗီးစ် (ဘိုင်ယန်မြူးနစ်)

ဗန်ဒိုက် (လီဗာပူးလ်)

ဆာဂျီယို ရာမို့စ် (ရီးရဲလ်မက်ဒရစ်)

အလက်ဇန္ဒား အာနိုးလ် (လီဗာပူးလ်)

ဂျိုရွှာ ကင်မစ်ချ် (ဘိုင်ယန်မြူးနစ်)

ဒီ ဘရိုင်းနား (မန်ချက်တာစီးတီး)

ဘရူနိုဖာနန်ဒက်စ် (မန်ချက်စတာယူနိုက်တက်)

ခရစ်စတီယာနိုရော်နယ်ဒို (ဂျူဗင်တပ်)

လီဝန်ဒေါစကီး (ဘိုင်ယန်မြူးနစ်)

ဘတ်ပီ (ပီအက်စ်ဂျီ)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ EA Sports က ၂၀၁၁ ခုႏွစ္ကတည္းက ႏွစ္စဥ္ေၾကညာေနခဲ့တဲ့ ဖီဖာ တစ္ႏွစ္တာအေကာင္းဆုံးအသင္းလူစာရင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။

EA Sports က ထုတ္ျပန္ခဲ့တဲ့ တစ္ႏွစ္တာအေကာင္းဆုံးအသင္းဟာ လြန္ခဲ့တဲ့ ၁၂ လက အေကာင္းဆုံးကစားသမား အေယာက္ ၇၀ ထဲက ပရိသတ္ေတြရဲ့ မဲေပးေရြးခ်ယ္မႈနဲ႔ ေရြးခ်ယ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ EA Sports က ပရိသတ္ေပါင္း ၁၀ သန္းရဲ့ မဲေပးေရြးခ်ယ္မႈအၿပီးမွာ ဖီဖာ ၂၀၂၁ တစ္ႏွစ္တာအေကာင္းဆုံးအသင္းကို ထုတ္ေဖာ္ေၾကညာခဲ့တာျဖစ္ၿပီး လီယြန္နယ္မက္ဆီဟာ ၂၀၁၉-၂၀၂၀ ရာသီမွာ ႐ုန္းကန္ခဲ့ရသလို ယခုရာသီမွာလည္း ဆက္လက္႐ုန္းကန္ေနခဲ့ရၿပီးေနာက္ အေကာင္းဆုံးအသင္းမွာ မပါဝင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္

လီယြန္နယ္မက္ဆီဟာ ယခုရာသီမွာ သြင္းဂိုး ၁၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္ ျပဳလုပ္ထားေပမယ့္လည္း ပုံမွန္ေျခစြမ္းေအာက္က်ဆင္းေနခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ ဖလား ၃ လုံးရရွိခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္အသင္းရဲ့ ကစားသမား ၄ ဦးအထိ ဖီဖာ ၂၀၂၁ တစ္ႏွစ္တာအေကာင္းဆုံးအသင္းမွာ ပါဝင္ခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္း ကစားသမား ၂ ဦးကလည္း ၿပီးခဲ့တဲ့ရာသီမွာ အသင္းကို ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေအာင္ ကူညီေပးနိုင္ခဲ့ၿပီးေနာက္ အေကာင္းဆုံးအသင္းလူစာရင္းထဲမွာ ပါဝင္နိုင္ခဲ့တာျဖစ္ပါတယ္။

ဖီဖာ ၂၀၂၁ တစ္ႏွစ္တာအေကာင္းဆုံးအသင္း

န်ဴအာ (ဘိုင္ယန္ျမဴးနစ္)

အယ္လ္ဖြန္ဆို ေဒးဗီးစ္ (ဘိုင္ယန္ျမဴးနစ္)

ဗန္ဒိုက္ (လီဗာပူးလ္)

ဆာဂ်ီယို ရာမို႔စ္ (ရီးရဲလ္မက္ဒရစ္)

အလက္ဇႏၵား အာနိုးလ္ (လီဗာပူးလ္)

ဂ်ိဳရႊာ ကင္မစ္ခ်္ (ဘိုင္ယန္ျမဴးနစ္)

ဒီ ဘရိုင္းနား (မန္ခ်က္တာစီးတီး)

ဘ႐ူနိုဖာနန္ဒက္စ္ (မန္ခ်က္စတာယူနိုက္တက္)

ခရစ္စတီယာနိုေရာ္နယ္ဒို (ဂ်ဴဗင္တပ္)

လီဝန္ေဒါစကီး (ဘိုင္ယန္ျမဴးနစ္)

ဘတ္ပီ (ပီအက္စ္ဂ်ီ)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.