Premier League

ယူနိုက်တက်အတွက် မကစားပေးရပေမယ့် ကမ်းလှမ်းမှုများစွာရရှိထားတဲ့ ဒတ်ချ်ကွင်းလယ်ကြယ်ပွင့်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေတဲ့ ဒတ်ချ်ကွင်းလယ်ကြယ်ပွင့် ဗန်ဒီဘိခ်အတွက် ယခုလမှာ ကမ်းလှမ်းမှုများစွာ ရရှိခဲ့ပေမယ့် ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

နယ်သာလန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့် ဗန်ဒီဘိခ်ဟာ အေဂျက်အသင်းကနေ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့လာပြီးကတည်းက ပွဲကစားချိန်ရဖို့ ရုန်းကန်နေခဲ့ရသူဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိထားသေးတာဖြစ်ပါတယ်။ ဒတ်ချ်ကွင်းလယ်ကစားသမားရဲ့ ပွဲကစားချိန်မရှိမှုက ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အိုးထရက်ဖို့ဒ်ကနေ အသက် ၂၃ နှစ်အရွယ်ကစားသမားကို ထွက်ခွာဖို့အတွက် ဒတ်ချ်မီဒီယာတွေကို တောင်းဆိုမှုတွေ ပြုလုပ်လာစေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗန်ဒီဘိခ်ကို အငှားနဲ့ ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် အားလုံးကို ငြင်းပယ်ခဲ့တယ်လို့ ESPN ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဆုဖလားတွေအတွက် ယှဉ်ပြိုင်နေရတာဖြစ်တဲ့အတွက် ရှေ့တန်း ၃ နေရာမှာ ရွေးချယ်စရာတွေရှိဖို့ လိုအပ်နေပြီး ယခုအပတ် အက်ဖ်အေဖလားပွဲစဉ်အဖြစ် ကစားရမယ့် လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိဖွယ် ရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ခံကစားသမားတွေဖြစ်တဲ့ တွမ်ဇီဘီနဲ့ ဘရန်ဒန် ဝီလီယံတို့အတွက် ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမဆို ပယ်ချသွားလိမ့်မယ်လို့လည်း ယုံကြည်ရပြီး ပယ်လီစထရီကိုတော့ လာမယ့်ရက်ပိုင်းအတွင်းမှာ စပိန်ကို အငှားချသွားဖို့အတွက် နီးစပ်နေပြီလို့ ဂျာနယ်လစ် ဂျိုနသန် ရှရေဂါရဲ့ ပြောကြားချက်အရ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ပုံမွန္ပြဲထြက္ခြင့္မရျဖစ္ေနတဲ့ ဒတ္ခ်္ကြင္းလယ္ၾကယ္ပြင့္ ဗန္ဒီဘိခ္အတြက္ ယခုလမွာ ကမ္းလွမ္းမႈမ်ားစြာ ရရွိခဲ့ေပမယ့္ ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။

နယ္သာလန္လက္ေရြးစင္ကြင္းလယ္ၾကယ္ပြင့္ ဗန္ဒီဘိခ္ဟာ ေအဂ်က္အသင္းကေန ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္သန္း ၄၀ နဲ႔ ေျပာင္းေရႊ႕လာၿပီးကတည္းက ပြဲကစားခ်ိန္ရဖို႔ ႐ုန္းကန္ေနခဲ့ရသူျဖစ္ၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ ၂ ပြဲသာ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိထားေသးတာျဖစ္ပါတယ္။ ဒတ္ခ်္ကြင္းလယ္ကစားသမားရဲ့ ပြဲကစားခ်ိန္မရွိမႈက ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ အိုးထရက္ဖို႔ဒ္ကေန အသက္ ၂၃ ႏွစ္အရြယ္ကစားသမားကို ထြက္ခြာဖို႔အတြက္ ဒတ္ခ်္မီဒီယာေတြကို ေတာင္းဆိုမႈေတြ ျပဳလုပ္လာေစခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဗန္ဒီဘိခ္ကို အငွားနဲ႔ ေခၚယူဖို႔အတြက္ ကမ္းလွမ္းမႈေတြ ရရွိခဲ့ေပမယ့္ အားလုံးကို ျငင္းပယ္ခဲ့တယ္လို႔ ESPN ရဲ့ ေဖာ္ျပခ်က္အရ သိရပါတယ္။ မန္ခ်က္စတာယူနိုက္တက္ဟာ ဆုဖလားေတြအတြက္ ယွဥ္ၿပိဳင္ေနရတာျဖစ္တဲ့အတြက္ ေရွ႕တန္း ၃ ေနရာမွာ ေရြးခ်ယ္စရာေတြရွိဖို႔ လိုအပ္ေနၿပီး ယခုအပတ္ အက္ဖ္ေအဖလားပြဲစဥ္အျဖစ္ ကစားရမယ့္ လီဗာပူးလ္အသင္းနဲ႔ပြဲစဥ္မွာ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိဖြယ္ ရွိေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ေနာက္ခံကစားသမားေတြျဖစ္တဲ့ တြမ္ဇီဘီနဲ႔ ဘရန္ဒန္ ဝီလီယံတို႔အတြက္ ဘယ္လိုကမ္းလွမ္းမႈမ်ိဳးကိုမဆို ပယ္ခ်သြားလိမ့္မယ္လို႔လည္း ယုံၾကည္ရၿပီး ပယ္လီစထရီကိုေတာ့ လာမယ့္ရက္ပိုင္းအတြင္းမွာ စပိန္ကို အငွားခ်သြားဖို႔အတြက္ နီးစပ္ေနၿပီလို႔ ဂ်ာနယ္လစ္ ဂ်ိဳနသန္ ရွေရဂါရဲ့ ေျပာၾကားခ်က္အရ သိရပါတယ္။