Premier League

23 Jan ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ ဒူးဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ခွဲစိတ်ကုသခံထားရတဲ့ နောက်ခံလူ ဂျိုးဂိုမက်ဇ်ရဲ့ ပြန်လည်သန်စွမ်းရေး လုပ်ဆောင်နေတဲ့ ပုံစံကို တွေ့ခဲ့ရတာမှာ ပရိသတ်တွေ ထိတ်လန့်အံ့သြခဲ့ရပြီး ဒူးပေါ်က ခွဲစိတ်ဒဏ်ရာ အမာရွတ်ရဲ့ အရှည်က တုန်လှုပ်စရာဖြစ်ခဲ့ရ။

– အသင်းရဲ့ နောက်ခံလူတွေအားလုံး ဒဏ်ရာရနေကြချိန်မှာ အစားထိုး အင်အားဖြည့်ပေးဖို့ သတိတောင် ရခဲ့ပုံမပေါ်တဲ့ လီဗာပူးလ် အသင်းတာဝန်ရှိသူတွေကို နောက်ခံလူဟောင်း ဂျေမီ ကာရေဂါက အပြစ်တင်လိုက်ပြီး ယာဂန် ကလော့ပ်ကို ဆိုးရွားတဲ့ အခြေအနေကို တွန်းပို့ခဲ့တာလို့ ဝေဖန်သွားခဲ့။

– လီဗာပူးလ်အသင်းအနေနဲ့ လာမယ့် နွေရာသီမှာ ငွေကြေးများများ သုံးစွဲနိုင်ဖို့ အဆင်မပြေခဲ့ရင် ပီအက်စ်ဂျီတိုက်စစ်မှူး ခိုင်လျန် အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်ဆီ လက်လွှတ်ပြီး ဘာနေဗျူးကနေ ထွက်ခွာချင်နေတဲ့ တောင်ပံကစားသမား ဗီနီးရှပ်စ် ဂျူနီယာကို ပြောင်းလဲပစ်မှတ်ထားနိုင်ကြောင်း လေ့လာသူတွေ အကြံပေး။

– ဘိုင်ယန်မြူးနစ်အသင်းနောက်ခံလူ ဒေးဗစ် အလာဘာအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းက တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းကျော်နဲ့ ကမ်းလှမ်းမှုထက် ပိုမိုပါးနပ်တဲ့ ခံစားခွင့်တွေကို ထည့်သွင်းကမ်းလှမ်းထားတဲ့ လီဗာပူးလ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပိုမိုအကျိုးရှိနိုင်မယ်လို့ ယူဆနေပြီး သဘောတူဖို့ အလေးသာနေ။

– ဝက်စ်ဟမ်းအသင်းကနေ ထွက်ခွာတော့မယ့် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်အတွက် မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးတို့နဲ့အပြိုင် လီဗာပူးလ်တို့ ကမ်းလှမ်းသွားဖွယ်ရှိနေပြီး အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူရဲ့ တန်ကြေးက အသင်းကြီးတွေ လက်လှမ်းမီတဲ့ အနေအထားမှာ ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားရမယ့် အက်ဖ်အေဖလားပွဲစဉ်အတွက် အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကို အလျင်စလို စွန့်စားသုံးစွဲဖို့ မရှိဘူးလို့ လီဗာပူးလ်အသင်းနဲ့ နီးစပ်သူတွေက ထုတ်ဖော်သွားခဲ့ပြီး အက်ဖ်အေဖလားထက် ပရီးမီးယားလိဂ်ကိုပဲ ပစ်မှတ်ထားဖွယ်ရှိနေတယ်လို့ ယူဆရ။

– လီဗာပူးလ်အသင်းမှာ အသင်းနဲ့ မန်နေဂျာထက် ကြီးမြတ်ချင်တဲ့ ကစားသမားတွေ ရှိနေပြီး သူတို့ကို ပိုကောင်းတယ်ထင်ရင် အသင်းက ထွက်ခွာနိုင်တယ်လို့ ကိုင်တွယ်ရမယ့် ဆာအဲလက်စ် ဖာဂူဆန် ချမှတ်ခဲ့တဲ့ ရွှေဥပဒေကို နည်းပြ ယာဂန် ကလော့ပ်တစ်ယောက် မလိုက်နာခဲ့တာက ဒီရာသီ ရလဒ်တွေ ဆိုးရွားခြင်းရဲ့ အကြောင်းရင်းတစ်ခုလို့ မေရာ ရေးသား။

– လီဗာပူးလ်အသင်းရဲ့ ညာနောက်ခံလူနေရာမှာ ခြေစွမ်းပျောက်ဆုံးနေခဲ့တဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်အနေနဲ့ အသင်းခေါင်းဆောင်ဟောင်း စတီဗင် ဂျရတ်နဲ့ စကားပြောသင့်ပြီး သူ့လိုပဲ ငယ်ငယ်ရွယ်ရွယ်မှာ ဖိအားတွေနဲ့ ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့ ငယ်မွေးခြံပေါက်ဆီက အတွေ့အကြုံဖလှယ်ဖို့ ကာရေဂါတိုက်တွန်း။

– ဒူးအရွတ်ဒဏ်ရာကနေ ပြန်လာနိုင်ဖို့ လေ့ကျင့်နေခဲ့တဲ့ နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ကို လီဗာပူးလ်အသင်းတာဝန်ရှိသူတွေအနေနဲ့ အန်းဖီးလ်ရဲ့ လုပ်ခအများဆုံးကစားသမားဖြစ်လာမယ့် စာချုပ်နဲ့ ကမ်းလှမ်းသွားမှာဖြစ်ပြီး အသင်းမှာ ကလန်ကဆန်လုပ်ချင်နေတဲ့ မိုဟာမက် ဆာလားကို ပညာပေးဖို့ ရည်ရွယ်နေတယ်လို့ သတင်းထွက်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းရဲ႕ ဒူးဒဏ္ရာ ျပင္းျပင္းထန္ထန္ရရွိခဲ့ၿပီး ခြဲစိတ္ကုသခံထားရတဲ့ ေနာက္ခံလူ ဂ်ိဳးဂိုမက္ဇ္ရဲ႕ ျပန္လည္သန္စြမ္းေရး လုပ္ေဆာင္ေနတဲ့ ပုံစံကို ေတြ႕ခဲ့ရတာမွာ ပရိသတ္ေတြ ထိတ္လန႔္အံ့ၾသခဲ့ရၿပီး ဒူးေပၚက ခြဲစိတ္ဒဏ္ရာ အမာ႐ြတ္ရဲ႕ အရွည္က တုန္လႈပ္စရာျဖစ္ခဲ့ရ။

– အသင္းရဲ႕ ေနာက္ခံလူေတြအားလုံး ဒဏ္ရာရေနၾကခ်ိန္မွာ အစားထိုး အင္အားျဖည့္ေပးဖို႔ သတိေတာင္ ရခဲ့ပုံမေပၚတဲ့ လီဗာပူးလ္ အသင္းတာဝန္ရွိသူေတြကို ေနာက္ခံလူေဟာင္း ေဂ်မီ ကာေရဂါက အျပစ္တင္လိုက္ၿပီး ယာဂန္ ကေလာ့ပ္ကို ဆိုး႐ြားတဲ့ အေျခအေနကို တြန္းပို႔ခဲ့တာလို႔ ေဝဖန္သြားခဲ့။

– လီဗာပူးလ္အသင္းအေနနဲ႔ လာမယ့္ ေႏြရာသီမွာ ေငြေၾကးမ်ားမ်ား သုံးစြဲႏိုင္ဖို႔ အဆင္မေျပခဲ့ရင္ ပီအက္စ္ဂ်ီတိုက္စစ္မႉး ခိုင္လ်န္ အမ္ဘာေပကို ရီးရဲလ္မက္ဒရစ္ဆီ လက္လႊတ္ၿပီး ဘာေနဗ်ဴးကေန ထြက္ခြာခ်င္ေနတဲ့ ေတာင္ပံကစားသမား ဗီနီးရွပ္စ္ ဂ်ဴနီယာကို ေျပာင္းလဲပစ္မွတ္ထားႏိုင္ေၾကာင္း ေလ့လာသူေတြ အႀကံေပး။

– ဘိုင္ယန္ျမဴးနစ္အသင္းေနာက္ခံလူ ေဒးဗစ္ အလာဘာအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းက တစ္ပတ္လုပ္ခ ေပါင္ႏွစ္သိန္းေက်ာ္နဲ႔ ကမ္းလွမ္းမႈထက္ ပိုမိုပါးနပ္တဲ့ ခံစားခြင့္ေတြကို ထည့္သြင္းကမ္းလွမ္းထားတဲ့ လီဗာပူးလ္အသင္းရဲ႕ ကမ္းလွမ္းမႈကို ပိုမိုအက်ိဳးရွိႏိုင္မယ္လို႔ ယူဆေနၿပီး သေဘာတူဖို႔ အေလးသာေန။

– ဝက္စ္ဟမ္းအသင္းကေန ထြက္ခြာေတာ့မယ့္ အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္အတြက္ မန္ခ်က္စတာယူႏိုက္တက္၊ ခ်ဲလ္ဆီးတို႔နဲ႔အၿပိဳင္ လီဗာပူးလ္တို႔ ကမ္းလွမ္းသြားဖြယ္ရွိေနၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ ကြင္းလယ္လူရဲ႕ တန္ေၾကးက အသင္းႀကီးေတြ လက္လွမ္းမီတဲ့ အေနအထားမွာ ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ကစားရမယ့္ အက္ဖ္ေအဖလားပြဲစဥ္အတြက္ အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကို အလ်င္စလို စြန႔္စားသုံးစြဲဖို႔ မရွိဘူးလို႔ လီဗာပူးလ္အသင္းနဲ႔ နီးစပ္သူေတြက ထုတ္ေဖာ္သြားခဲ့ၿပီး အက္ဖ္ေအဖလားထက္ ပရီးမီးယားလိဂ္ကိုပဲ ပစ္မွတ္ထားဖြယ္ရွိေနတယ္လို႔ ယူဆရ။

– လီဗာပူးလ္အသင္းမွာ အသင္းနဲ႔ မန္ေနဂ်ာထက္ ႀကီးျမတ္ခ်င္တဲ့ ကစားသမားေတြ ရွိေနၿပီး သူတို႔ကို ပိုေကာင္းတယ္ထင္ရင္ အသင္းက ထြက္ခြာႏိုင္တယ္လို႔ ကိုင္တြယ္ရမယ့္ ဆာအဲလက္စ္ ဖာဂူဆန္ ခ်မွတ္ခဲ့တဲ့ ေ႐ႊဥပေဒကို နည္းျပ ယာဂန္ ကေလာ့ပ္တစ္ေယာက္ မလိုက္နာခဲ့တာက ဒီရာသီ ရလဒ္ေတြ ဆိုး႐ြားျခင္းရဲ႕ အေၾကာင္းရင္းတစ္ခုလို႔ ေမရာ ေရးသား။

– လီဗာပူးလ္အသင္းရဲ႕ ညာေနာက္ခံလူေနရာမွာ ေျခစြမ္းေပ်ာက္ဆုံးေနခဲ့တဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္အေနနဲ႔ အသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ ဂ်ရတ္နဲ႔ စကားေျပာသင့္ၿပီး သူ႔လိုပဲ ငယ္ငယ္႐ြယ္႐ြယ္မွာ ဖိအားေတြနဲ႔ ရင္ဆိုင္ေက်ာ္လႊားခဲ့ရတဲ့ ငယ္ေမြးၿခံေပါက္ဆီက အေတြ႕အႀကဳံဖလွယ္ဖို႔ ကာေရဂါတိုက္တြန္း။

– ဒူးအ႐ြတ္ဒဏ္ရာကေန ျပန္လာႏိုင္ဖို႔ ေလ့က်င့္ေနခဲ့တဲ့ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ကို လီဗာပူးလ္အသင္းတာဝန္ရွိသူေတြအေနနဲ႔ အန္းဖီးလ္ရဲ႕ လုပ္ခအမ်ားဆုံးကစားသမားျဖစ္လာမယ့္ စာခ်ဳပ္နဲ႔ ကမ္းလွမ္းသြားမွာျဖစ္ၿပီး အသင္းမွာ ကလန္ကဆန္လုပ္ခ်င္ေနတဲ့ မိုဟာမက္ ဆာလားကို ပညာေပးဖို႔ ရည္႐ြယ္ေနတယ္လို႔ သတင္းထြက္လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.