Premier League

မာတင်အိုဒီဂတ်အပြင် အခြားအသင်းဖော်ကိုပါ ခေါ်ဖို့ စီစဉ်နေပြီး ပရီးမီးယားလိဂ်နောက်ခံကစားသမားကို ခေါ်ယူမယ့် အာဆင်နယ်

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ် လူငယ်ကွင်းလယ်ကြယ်ပွင့် မာတင် အိုဒီဂတ်ကို အငှားနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပုံရပြီး ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟာ ရီးရဲလ်ဆိုစီဒက်နဲ့ အေဂျက်အသင်းတို့ထက် ဂန်းနားတွေကို ရွေးချယ်ခဲ့ပြီးနောက် အမ်းမရိတ်စ်ကို ရောက်ရှိလာဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်း ပထမအသင်းပွဲထွက်လူစာရင်းမှာ နေရာမရဖြစ်နေတဲ့ လူငယ်ကွင်းလယ်ကစားသမား မာတင် အိုဒီဂတ်ကို အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ ယမန်နေ့ညက စပိန်ကသတင်းတွေက ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ ရီးရဲလ်မက်ဒရစ်အသင်းဆီကနေ အိုဒီဂတ်တစ်ဦးတည်းကိုပဲ ခေါ်ယူမှာမဟုတ်ဘဲ ဗင်နစ်ရှပ် ဂျူနီယာကိုလည်း ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းမှာ စမစ်သ် ရိုးက ကျောနံပါတ် ၁၀ နေရာကနေ တောက်ပတဲ့ခြေစွမ်းပြသပြီး အိုဇေးလ် မပါဝင်နိုင်မှုကြောင့် လစ်လပ်နေတဲ့ဟာကွက်ကို ဖြည့်ဆည်းပေးခဲ့တာကို မြင်တွေ့ခဲ့ရပေမယ့်လည်း နည်းပြ အာတီတာက အိုဒီဂတ်ကို အမ်းမရိတ်စ် အရောက်ခေါ်ယူဖို့အတွက် အဆင်သင့်ဖြစ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်ဆိုစီဒက်မှာ အောင်မြင်တဲ့ အငှားကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပြီးနောက် ယခုရာသီ လာလီဂါမှာ ၇ ပွဲသာ ပါဝင်ကစားခွင့် ရရှိထားသေးတဲ့ အိုဒီဂတ်ဟာ ခက်ခဲတဲ့ ရာသီကို ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းက အိုဒီဂတ်ဟာ အဓိက ဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပြီး ဝီလီယံ၊ အူဘာမီယန်း၊ လာကာဇက်တို့လို တိုက်စစ်ကစားသမားတွေ ရှေ့တန်းမှာ ဂိုးတွေပိုမိုသွင်းယူနိုင်အောင် လုပ်ဆောင်ပေးမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ OkDiario ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ယခုရာသီကုန်မှာ အသင်းကနေ ထွက်ခွာခွင့် ပြုခြင်းခံရတော့မယ်လို့ ဗင်နစ်ရှပ် ဂျူနီယာကိုလည်း ခေါ်ယူဖို့ ချိန်ရွယ်နေတယ်လို့ သိရပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးကို ရီးရဲလ်မက်ဒရစ်အသင်းက အဓိကအပြောင်းအရွှေ့ပစ်မှတ်ဖြစ်တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ဘတ်ပီကို ခေါ်ယူဖို့ ငွေကြေးအပိုအလျှံရရှိအောင် ရောင်းထုတ်ချင်နေတာဖြစ်ပြီး အာဆင်နယ်အသင်းကလည်း ခေါ်ယူသွားဖို့ အဆင်သင့်ဖြစ်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်နောက်ခံကစားသမား တိုင်းရစ် မစ်ချဲလ်ကို ဖြစ်နိုင်ဖွယ်အပြောင်းအရွှေ့ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တယ်လို့ Evening Standard ရဲ့ သတင်းအရ သိရပါတယ်။

ကိုလာစီနက်ကို ရှော်ကေးအသင်းကို ပြောင်းရွှေ့ခွင့်ပြုခဲ့တဲ့ နည်းပြ အာတီတာက ဘယ်နောက်ခံကစားသမားသစ် ရှာဖွေကောင်း ရှာဖွေလိမ့်မယ်လို့ ပြောကြားထားခဲ့တာဖြစ်ပါတယ်။ ကီရန် တီယာနီဟာ အမ်းမရိတ်စ်မှာ ဘယ်နောက်ခံနေရာအတွက် ပထမဦးစားပေးအဖြစ် ရှိနေတာကြောင့် အာဆင်နယ်အသင်းဟာ အရန်သဘောနဲ့ အသုံးပြုနိုင်ဖို့အတွက် စျေးသက်သာတဲ့ ကစားသမားသစ်ကိုသာ ခေါ်ယူရတော့မှာ ဖြစ်ပါတယ်။

Evening Standard ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ တိုင်းရစ် မစ်ချဲလ်ကို ချဉ်းကပ်ဖို့ ကြိုးပမ်းေ်နတဲ့ အသင်းတွေထဲက တစ်သင်းအဖြစ် ပါဝင်နေတယ်လို့ သိရပြီး အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ပဲလေ့စ် ပထမအသင်းမှာ ၁၅ ပွဲ ပါဝင်ကစားပေးထားသူဖြစ်ပြီး ၁၅ ပွဲထဲက ၁၁ ပွဲဟာ ယခုရာသီမှာ ပါဝင်ကစားပေးထားတာဖြစ်ပါတယ်။ မစ်ချဲလ်ရဲ့ စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ပဲလေ့စ်အနေနဲ့ လူငယ်ကစားသမားကို စာချုပ်သစ် ချုပ်မလား၊ ယခုလမှာ ရောင်းထုတ်ဖို့ ဆုံးဖြတ်မလား စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းဟာ ရီးရဲလ္မက္ဒရစ္ လူငယ္ကြင္းလယ္ၾကယ္ပြင့္ မာတင္ အိုဒီဂတ္ကို အငွားနဲ႔ ေခၚယူနိုင္ဖို႔ နီးစပ္ေနၿပီျဖစ္ပုံရၿပီး ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ဟာ ရီးရဲလ္ဆိုစီဒက္နဲ႔ ေအဂ်က္အသင္းတို႔ထက္ ဂန္းနားေတြကို ေရြးခ်ယ္ခဲ့ၿပီးေနာက္ အမ္းမရိတ္စ္ကို ေရာက္ရွိလာဖို႔ ေသခ်ာသေလာက္ရွိေနၿပီျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္း ပထမအသင္းပြဲထြက္လူစာရင္းမွာ ေနရာမရျဖစ္ေနတဲ့ လူငယ္ကြင္းလယ္ကစားသမား မာတင္ အိုဒီဂတ္ကို အငွားနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီလို႔ ယမန္ေန႔ညက စပိန္ကသတင္းေတြက ေဖာ္ျပခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာဆင္နယ္အသင္းတာဝန္ရွိသူေတြဟာ ရီးရဲလ္မက္ဒရစ္အသင္းဆီကေန အိုဒီဂတ္တစ္ဦးတည္းကိုပဲ ေခၚယူမွာမဟုတ္ဘဲ ဗင္နစ္ရွပ္ ဂ်ဴနီယာကိုလည္း ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။

အာဆင္နယ္အသင္းမွာ စမစ္သ္ ရိုးက ေက်ာနံပါတ္ ၁၀ ေနရာကေန ေတာက္ပတဲ့ေျခစြမ္းျပသၿပီး အိုေဇးလ္ မပါဝင္နိုင္မႈေၾကာင့္ လစ္လပ္ေနတဲ့ဟာကြက္ကို ျဖည့္ဆည္းေပးခဲ့တာကို ျမင္ေတြ႕ခဲ့ရေပမယ့္လည္း နည္းၿပ အာတီတာက အိုဒီဂတ္ကို အမ္းမရိတ္စ္ အေရာက္ေခၚယူဖို႔အတြက္ အဆင္သင့္ျဖစ္ေနတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ရီးရဲလ္ဆိုစီဒက္မွာ ေအာင္ျမင္တဲ့ အငွားကစားသမားဘဝကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ ယခုရာသီ လာလီဂါမွာ ၇ ပြဲသာ ပါဝင္ကစားခြင့္ ရရွိထားေသးတဲ့ အိုဒီဂတ္ဟာ ခက္ခဲတဲ့ ရာသီကို ရင္ဆိုင္ေနခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္ အာဆင္နယ္အသင္းက အိုဒီဂတ္ဟာ အဓိက ဖန္တီးမႈေတြ ျပဳလုပ္ေပးနိုင္လိမ့္မယ္လို႔ ေမၽွာ္လင့္ေနၿပီး ဝီလီယံ၊ အူဘာမီယန္း၊ လာကာဇက္တို႔လို တိုက္စစ္ကစားသမားေတြ ေရွ႕တန္းမွာ ဂိုးေတြပိုမိုသြင္းယူနိုင္ေအာင္ လုပ္ေဆာင္ေပးမယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ OkDiario ရဲ့ ေဖာ္ျပခ်က္အရ အာဆင္နယ္ဟာ ယခုရာသီကုန္မွာ အသင္းကေန ထြက္ခြာခြင့္ ျပဳျခင္းခံရေတာ့မယ္လို႔ ဗင္နစ္ရွပ္ ဂ်ဴနီယာကိုလည္း ေခၚယူဖို႔ ခ်ိန္ရြယ္ေနတယ္လို႔ သိရပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးကို ရီးရဲလ္မက္ဒရစ္အသင္းက အဓိကအေျပာင္းအေရႊ႕ပစ္မွတ္ျဖစ္တဲ့ ပီအက္စ္ဂ်ီတိုက္စစ္မႉး ဘတ္ပီကို ေခၚယူဖို႔ ေငြေၾကးအပိုအလၽွံရရွိေအာင္ ေရာင္းထုတ္ခ်င္ေနတာျဖစ္ၿပီး အာဆင္နယ္အသင္းကလည္း ေခၚယူသြားဖို႔ အဆင္သင့္ျဖစ္ေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ခရစၥတယ္ပဲေလ့စ္ေနာက္ခံကစားသမား တိုင္းရစ္ မစ္ခ်ဲလ္ကို ျဖစ္နိုင္ဖြယ္အေျပာင္းအေရႊ႕ပစ္မွတ္အျဖစ္ သတ္မွတ္ခဲ့တယ္လို႔ Evening Standard ရဲ့ သတင္းအရ သိရပါတယ္။

ကိုလာစီနက္ကို ေရွာ္ေကးအသင္းကို ေျပာင္းေရႊ႕ခြင့္ျပဳခဲ့တဲ့ နည္းၿပ အာတီတာက ဘယ္ေနာက္ခံကစားသမားသစ္ ရွာေဖြေကာင္း ရွာေဖြလိမ့္မယ္လို႔ ေျပာၾကားထားခဲ့တာျဖစ္ပါတယ္။ ကီရန္ တီယာနီဟာ အမ္းမရိတ္စ္မွာ ဘယ္ေနာက္ခံေနရာအတြက္ ပထမဦးစားေပးအျဖစ္ ရွိေနတာေၾကာင့္ အာဆင္နယ္အသင္းဟာ အရန္သေဘာနဲ႔ အသုံးျပဳနိုင္ဖို႔အတြက္ ေစ်းသက္သာတဲ့ ကစားသမားသစ္ကိုသာ ေခၚယူရေတာ့မွာ ျဖစ္ပါတယ္။

Evening Standard ရဲ့ ေဖာ္ျပခ်က္အရ အာဆင္နယ္ဟာ တိုင္းရစ္ မစ္ခ်ဲလ္ကို ခ်ဥ္းကပ္ဖို႔ ႀကိဳးပမ္းေ္နတဲ့ အသင္းေတြထဲက တစ္သင္းအျဖစ္ ပါဝင္ေနတယ္လို႔ သိရၿပီး အသက္ ၂၁ ႏွစ္အရြယ္ ကစားသမားဟာ ပဲေလ့စ္ ပထမအသင္းမွာ ၁၅ ပြဲ ပါဝင္ကစားေပးထားသူျဖစ္ၿပီး ၁၅ ပြဲထဲက ၁၁ ပြဲဟာ ယခုရာသီမွာ ပါဝင္ကစားေပးထားတာျဖစ္ပါတယ္။ မစ္ခ်ဲလ္ရဲ့ စာခ်ဳပ္သက္တမ္းဟာ ယခုရာသီကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ ပဲေလ့စ္အေနနဲ႔ လူငယ္ကစားသမားကို စာခ်ဳပ္သစ္ ခ်ဳပ္မလား၊ ယခုလမွာ ေရာင္းထုတ္ဖို႔ ဆုံးျဖတ္မလား ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.