Premier League

23 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်ဟာ ချဲလ်ဆီးအသင်းရဲ့ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ် လူတန်နဲ့ ကစားရမယ့်ပွဲစဉ်မတိုင်မီ ၎င်းဟာ ပထမဆုံးနဲ့ ထိပ်တန်း ဖိုက်တာတစ်ယောက်အဖြစ် ကစားသမားဘဝတစ်လျှောက်လုံး ကစားခဲ့တယ်လို့ ပြောကြားခဲ့ပြီး ကြောက်တတ်ရင် ဘောလုံးဝေဖန်သူ ဒါမှမဟုတ် ဘောလုံးလောကကို လုံးဝ စွန့်ခွာပြီး ပြန်လာစရာကို မလိုဘူးလို့ ပြောကြားခဲ့။

– ပေါလ်မာဆန်က ချဲလ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ်အနေနဲ့ ပရီးမီးယားလိဂ်နည်းပြဟောင်း ဟယ်ရီ ရက်က်နက်ကို ရုန်းကန်နေရတဲ့ ချဲလ်ဆီးအသင်းအတွက် ကူညီပေးဖို့ လက်ထောက်နည်းပြအဖြစ် ခေါ်ယူဖို့ စဉ်းစားသင့်တယ်လို့ ယုံကြည်နေပြီး ဗဟုသုတကြွယ်ဝသလို ၎င်းရဲ့ အလုပ်အတွက် ခြိမ်းခြောက်မှု မဖြစ်လာနိုင်စေမယ့် အကြံကောင်း ပေးနိုင်တဲ့ တစ်စုံတယောက်ကို အသုံးပြုနိုင်တယ်လို့ ပြောကြားခဲ့။

– ချဲလ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ်က ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်ဖို့အတွက် တိုက်ပွဲဝင်ကြဖို့ ၎င်းရဲ့ ကစားသမားတွေကို တောင်းဆိုခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ ရာသီ ပြန်လည်ရှင်သန်လာဖို့အတွက် နည်းဗျူဟာထက် စိတ်ဆန္ဒပြင်းပြမှုက ပိုမိုကြီးမားဖို့ လိုတယ်လို့ ပြောကြားခဲ့။

– ချဲလ်ဆီးအသင်းပရိသတ်တွေက ၎င်းကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ဆိုင်းဘုတ်ထောင် တောင်းဆိုခဲ့ကြတာနဲ့ပတ်သက်ပြီး လမ်းပတ်က တုံ့ပြန်ပြောကြားခဲ့ပြီး ပရိသတ်တွေအနေနဲ့ ဆိုင်းဘုတ်အတူတူထောင်ပြီး ထောက်ခံခဲ့ကြတာကို လုံးဝ ကျေးဇူးတင်အသိအမှတ်ပြုတယ်လို့ ပြောကြားခဲ့။

– ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က အသင်းမှာ ခြေစွမ်းမပြသနိုင်သေးတဲ့ ခိုင် ဟားဗတ်ဇ်နဲ့ အလုပ်နေတာကနေ တရားဝင် ပြောကြားနိုင်တာက ဂျာမန်ကွင်းလယ်ကစားသမားရဲ့ စိတ်ဆန္ဒက ပြဿနာရဲ့အစိတ်အပိုင်းလုံးဝမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး လိုင်ယွန်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် ၁၈ လအကြာ ယခုရာသီမှာ တောက်ပနေတဲ့ စပါးကြယ်ပွင့် အန်ဒွန်ဘီလီလိုပဲ ပရီးမီးယားလိဂ်မှာ ကောင်းကောင်းအထိုင်ကျသွားမယ်လို့ ပြောကြားခဲ့။

– ချဲလ်ဆီး နောက်ခံကစားသမား တိုမိုရီဟာ ယခုရာသီကုန်တဲ့အထိ အေစီမီလန်အသင်းမှာ အငှားနဲ့ သွားရောက်ကစားသွားမှာဖြစ်ပြီး နည်းပြဖရန့် လမ်းပတ်က တိုမိုရီဟာ အသင်းမှာ ကာလရှည်အနာဂတ်ရှိတဲ့ ကစားသမားဖြစ်ပေမယ့် ပုံမှန်ပွဲကစားချိန်ရအောင် အငှားနဲ့ ထွက်ကစားပြီးနောက် ပိုမိုကောင်းမွန်တဲ့ကစားသမားအဖြစ်နဲ့ ပြန်လာလိမ့်မယ်လို့ ပြောကြားခဲ့။

– ချဲလ်ဆီးအသင်းပရိသတ်တွေဟာ လူတန်တောင်းနဲ့ ကစားရမယ့် တနင်္ဂနွေနေ့ အက်ဖ်အေဖလားပွဲစဉ်မတိုင်မီ လေ့ကျင့်ရေးမှာ တစ်ယောက်တည်း ခြေစွမ်းပိုမိုတိုးတက်လာအောင် အလိမ်အခေါက်စွမ်းရည်ကို လေ့ကျင့်နေတဲ့ တန်မီ အေဘရာဟမ်ရဲ့ ဓာတ်ပုံတွေကို မြင်တွေ့ခဲ့ရတာကြောင့် ပျော်ရွှင်ခဲ့ကြပြီး တစ်သင်းလုံး အင်္ဂလန်တိုက်စစ်မှူးလို လုပ်သင့်တယ်လို့ ပြောကြားခဲ့။

– ချဲလ်ဆီးအသင်းနည်းပြဟောင်း ဟိုဆေး မော်ရင်ညိုဟာ တပည့်ဟောင်းဖြစ်တဲ့ ဖရန့်လမ်းပတ်ဘက်ကနေ ထောက်ခံအားပေးဖို့ ငြင်းဆန်ခဲ့ပြီး ချဲလ်ဆီးအသင်းက ထုတ်မယ်ဆိုလည်း ၎င်းရဲ့ ကိစ္စမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့ နည်းပြအများအပြား သတင်းတွေထွက်ပေါ်နေတာကို အာရုံမစိုက်ထားဘူးလို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:




– ချဲလ်ဆီးအသင်းပရိသတ်တွေက ၎င်းကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျကို ဆိုင်းဘုတ်ထောင် တောင်းဆိုခဲ့ကြတာနဲ့ပတ်သက်ပြီး လမ်းပတ်က တုံ့ပြန်ပြောကြားခဲ့ပြီး ပရိသတ်တွေအနေနဲ့ ဆိုင်းဘုတ်အတူတူထောင်ပြီး ထောက်ခံခဲ့ကြတာကို လုံးဝ ကျေးဇူးတင်အသိအမှတ်ပြုတယ်လို့ ပြောကြားခဲ့။





REF: INTERNET SOURCES
SPORTS A2Z.