Premier League

23 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလေဂန်နာ ဆိုးလ်ရှားဟာ ယခုအပတ် လီဗာပူးလ်အသင်းနဲ့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားရမယ့် အက်ဖ်အေဖလားပွဲစဉ်အတွက် ၎င်းရဲ့ ကြယ်ပွင့်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို အနားပေးသင့်တယ်လို့ ပေါလ် မာဆန်က ယုံကြည်နေပြီး အဲဒီလို အနားပေးခြင်းက ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ ရေရှည် အကျိုးရှိလိမ့်မယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ကွင်းလယ်ကြယ်ပွင့်ကစားသမား ပေါ့ဂ်ဘာဟာ အရာအားလုံးကို လုပ်နိုင်စွမ်းရှိတဲ့ ကစားသမားဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့ပြီး နောက်ဆုံးမှာတော့ ၎င်းရဲ့ အစွမ်းအစတွေအားလုံးကို တစုတစည်းတည်း စုစည်းနိုင်တာကို မြင်တွေ့ရပြီဖြစ်တဲ့အတွက် စိတ်ကျေနပ် ဝမ်းသာမိခဲ့တယ်လို့ ပြောကြားခဲ့။

-အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ပီတာ ခရောက်ချ်က မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်ထက် ပိုပြီး ကြီးမားတဲ့ ပွဲစဉ်မရှိတော့ဘူးလို့ ပြောကြားခဲ့ပြီး ၂၀၀၆ ခုနှစ်တုန်းက ယူနိုက်တက်ကို အက်ဖ်အေဖလားမှာ ခေါင်းတိုက်သွင်းဂိုးနဲ့ အနိုင်ယူခဲ့တဲ့ပွဲစဉ်က ဗီဒစ် ပေးခဲ့တဲ့ ဒဏ်ရာဟာ ဘယ်ဖက်မျက်လုံးအပေါ်ဘက်မှာ အမာရွတ်အဖြစ် ကျန်ရှိနေတာကြောင့် အမြဲတမ်းအမှတ်ရနေတဲ့ပွဲစဉ်ဖြစ်တယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ၎င်းရဲ့ပစ်မှတ်စာရင်းထဲမှာ တစ်ခါတုန်းက ရှိခဲ့ဖူးတဲ့ နာပိုလီနောက်ခံကစားသမား ကူလီဘလီကို ခေါ်ယူချင်နေတယ်လို့ သိရပြီး Marca ရဲ့ ဖော်ပြချက်အရ ဆီနီဂေါနောက်ခံကစားသမားကို ဆိုးလ်ရှားက ခေါ်ယူချင်နေဆဲဖြစ်ပေမယ့် ကူလီဘလီရဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ က ကြီးမားတဲ့ အတားဆီးတစ်ခုဖြစ်လာမယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက် အပယ်ခံ ဂျက်ဆီလင်ဂတ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အဓိကကစားသမား ၂၂ ဦးစာရင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရတယ်လို့ Manchester Evening News ရဲ့ ဖော်ပြချက်အရ သိရပြီး ရှက်ဖီးယူနိုက်တက်အသင်းဟာ ယခုလမှာ အင်္ဂလန်ကွင်းလယ်ကစားသမားကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ပေမယ့် လင်ဂတ်က ပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်ဖို့ ကြိုးပမ်းနေရတဲ့အသင်းဆီက ကမ်းလှမ်းမှုထက် ပိုပြီး မက်မောလောက်စရာကောင်းတဲ့ ကမ်းလှမ်းမှုကို မျှော်လင့်နေတယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ကစားသမား ပေါ့ဂ်ဘာရဲ့ ထူးခြားဆန်းကြယ်တဲ့ ခြေစွမ်းဟာ ယူနိုက်တက်နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒါရင်း ဖလက်ချာနဲ့ သက်ဆိုင်တယ်လို့ The Sun က ဖော်ပြခဲ့ပြီး နည်းပြ ဖာဂူဆန် လက်အောက်မှာ ပုံမှန်စွမ်းဆောင်ရည် အမြဲတမ်းပြသနိုင်သူဖြစ်ခဲ့တဲ့ ဖလက်ချာဟာ ယခုလအစောပိုင်းမှာ ဆိုးလ်ရှားရဲ့နည်းပြအဖွဲ့ဝင်ဖြစ်လာပြီးနောက် ပေါ့ဘာနဲ့ အခြားကွင်းလယ်ကစားသမားတွေကို လေ့ကျင့်ပေးနေခဲ့တာဖြစ်တယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကွင်းလယ်ကစားသမား ဒေးဗစ်ဘက်ခမ်းဟာ ယူနိုက်တက်အသင်းဖော်ဟောင်းဖြစ်တဲ့ ဖီးလ် နဗီးကို အင်တာ မိုင်ယာမီအသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့တာက ၎င်းတို့ရဲ့ သူငယ်ချင်းသံယောဇဉ်ကြောင့်မဟုတ်ဘဲ နည်းပြရာထူးအတွက် သင့်တော်တဲ့သူဖြစ်တာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြဟောင်းဟာ အနိုင်ရရှိဖို့ ဘာလုပ်ရမလဲဆိုတာ သိသူဖြစ်တယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ အလားအလာများစွာရှိသူလို့ သတ်မှတ်ခံထားရတဲ့ ဘင်ဖီကာ ညာနောက်ခံကစားသမား နူနို တာဗာရက်စ်ကို ခေါ်ယူဖို့ ရိုးမားနဲ့ နာပိုလီတို့ ပြိုင်ဆိုင်နေတဲ့ ပြိုင်ပွဲထဲကို ဝင်ရောက်ခဲ့ပြီဖြစ်တယ်လို့ Gazzetta Dello Sport ရဲ့ သတင်းအရ သိရပြီး လာမယ့် နှစ်တွေမှာ ဥရောပရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာနိုင်တဲ့ တာဗာရက်စ်ကို ယူနိုက်တက်က စိတ်ဝင်စားနေကြောင်း အေးဂျင့် ဆီဇာ ဘိုအာဗန်တူရာက Radio Marte နဲ့ အင်တာဗျူးမှာ အတည်ပြုပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာယူနိုက္တက္အသင္းနည္းၿပ အိုေလဂန္နာ ဆိုးလ္ရွားဟာ ယခုအပတ္ လီဗာပူးလ္အသင္းနဲ႔ အိုးထရက္ဖို႔ဒ္မွာ ယွဥ္ၿပိဳင္ကစားရမယ့္ အက္ဖ္ေအဖလားပြဲစဥ္အတြက္ ၎ရဲ့ ၾကယ္ပြင့္ကစားသမား ဘ႐ူနိုဖာနန္ဒက္စ္ကို အနားေပးသင့္တယ္လို႔ ေပါလ္ မာဆန္က ယုံၾကည္ေနၿပီး အဲဒီလို အနားေပးျခင္းက ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲမွာ ေရရွည္ အက်ိဳးရွိလိမ့္မယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားက ကြင္းလယ္ၾကယ္ပြင့္ကစားသမား ေပါ့ဂ္ဘာဟာ အရာအားလုံးကို လုပ္နိုင္စြမ္းရွိတဲ့ ကစားသမားျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာၾကားခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ၎ရဲ့ အစြမ္းအစေတြအားလုံးကို တစုတစည္းတည္း စုစည္းနိုင္တာကို ျမင္ေတြ႕ရၿပီျဖစ္တဲ့အတြက္ စိတ္ေက်နပ္ ဝမ္းသာမိခဲ့တယ္လို႔ ေျပာၾကားခဲ့။

-အဂၤလန္လက္ေရြးစင္တိုက္စစ္မႉးေဟာင္း ပီတာ ခေရာက္ခ်္က မန္ခ်က္စတာယူနိုက္တက္နဲ႔ လီဗာပူးလ္တို႔ ယွဥ္ၿပိဳင္ကစားတဲ့ပြဲစဥ္ထက္ ပိုၿပီး ႀကီးမားတဲ့ ပြဲစဥ္မရွိေတာ့ဘူးလို႔ ေျပာၾကားခဲ့ၿပီး ၂၀၀၆ ခုႏွစ္တုန္းက ယူနိုက္တက္ကို အက္ဖ္ေအဖလားမွာ ေခါင္းတိုက္သြင္းဂိုးနဲ႔ အနိုင္ယူခဲ့တဲ့ပြဲစဥ္က ဗီဒစ္ ေပးခဲ့တဲ့ ဒဏ္ရာဟာ ဘယ္ဖက္မ်က္လုံးအေပၚဘက္မွာ အမာရြတ္အျဖစ္ က်န္ရွိေနတာေၾကာင့္ အျမဲတမ္းအမွတ္ရေနတဲ့ပြဲစဥ္ျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားဟာ ၎ရဲ့ပစ္မွတ္စာရင္းထဲမွာ တစ္ခါတုန္းက ရွိခဲ့ဖူးတဲ့ နာပိုလီေနာက္ခံကစားသမား ကူလီဘလီကို ေခၚယူခ်င္ေနတယ္လို႔ သိရၿပီး Marca ရဲ့ ေဖာ္ျပခ်က္အရ ဆီနီေဂါေနာက္ခံကစားသမားကို ဆိုးလ္ရွားက ေခၚယူခ်င္ေနဆဲျဖစ္ေပမယ့္ ကူလီဘလီရဲ့ ေျပာင္းေရႊ႕ေၾကး ယူရိုသန္း ၁၀၀ က ႀကီးမားတဲ့ အတားဆီးတစ္ခုျဖစ္လာမယ္လို႔ သိရ။

-မန္ခ်က္စတာယူနိုက္တက္ အပယ္ခံ ဂ်က္ဆီလင္ဂတ္ဟာ မန္ခ်က္စတာယူနိုက္တက္ရဲ့ အဓိကကစားသမား ၂၂ ဦးစာရင္းကေန ထုတ္ပယ္ျခင္းခံခဲ့ရတယ္လို႔ Manchester Evening News ရဲ့ ေဖာ္ျပခ်က္အရ သိရၿပီး ရွက္ဖီးယူနိုက္တက္အသင္းဟာ ယခုလမွာ အဂၤလန္ကြင္းလယ္ကစားသမားကို အငွားနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေၾကာင္း ျပသခဲ့ေပမယ့္ လင္ဂတ္က ပရီးမီးယားလိဂ္မွာ တင္က်န္နိုင္ဖို႔ ႀကိဳးပမ္းေနရတဲ့အသင္းဆီက ကမ္းလွမ္းမႈထက္ ပိုၿပီး မက္ေမာေလာက္စရာေကာင္းတဲ့ ကမ္းလွမ္းမႈကို ေမၽွာ္လင့္ေနတယ္လို႔ သိရ။

-မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ကစားသမား ေပါ့ဂ္ဘာရဲ့ ထူးျခားဆန္းၾကယ္တဲ့ ေျခစြမ္းဟာ ယူနိုက္တက္နည္းျပအဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ ဒါရင္း ဖလက္ခ်ာနဲ႔ သက္ဆိုင္တယ္လို႔ The Sun က ေဖာ္ျပခဲ့ၿပီး နည္းၿပ ဖာဂူဆန္ လက္ေအာက္မွာ ပုံမွန္စြမ္းေဆာင္ရည္ အျမဲတမ္းျပသနိုင္သူျဖစ္ခဲ့တဲ့ ဖလက္ခ်ာဟာ ယခုလအေစာပိုင္းမွာ ဆိုးလ္ရွားရဲ့နည္းျပအဖြဲ႕ဝင္ျဖစ္လာၿပီးေနာက္ ေပါ့ဘာနဲ႔ အျခားကြင္းလယ္ကစားသမားေတြကို ေလ့က်င့္ေပးေနခဲ့တာျဖစ္တယ္လို႔ သိရ။

-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ကြင္းလယ္ကစားသမား ေဒးဗစ္ဘက္ခမ္းဟာ ယူနိုက္တက္အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ဖီးလ္ နဗီးကို အင္တာ မိုင္ယာမီအသင္းနည္းျပအျဖစ္ ခန႔္အပ္ခဲ့တာက ၎တို႔ရဲ့ သူငယ္ခ်င္းသံေယာဇဥ္ေၾကာင့္မဟုတ္ဘဲ နည္းျပရာထူးအတြက္ သင့္ေတာ္တဲ့သူျဖစ္တာေၾကာင့္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး အဂၤလန္လက္ေရြးစင္အမ်ိဳးသမီးအသင္း နည္းျပေဟာင္းဟာ အနိုင္ရရွိဖို႔ ဘာလုပ္ရမလဲဆိုတာ သိသူျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အလားအလာမ်ားစြာရွိသူလို႔ သတ္မွတ္ခံထားရတဲ့ ဘင္ဖီကာ ညာေနာက္ခံကစားသမား ႏူနို တာဗာရက္စ္ကို ေခၚယူဖို႔ ရိုးမားနဲ႔ နာပိုလီတို႔ ၿပိဳင္ဆိုင္ေနတဲ့ ၿပိဳင္ပြဲထဲကို ဝင္ေရာက္ခဲ့ၿပီျဖစ္တယ္လို႔ Gazzetta Dello Sport ရဲ့ သတင္းအရ သိရၿပီး လာမယ့္ ႏွစ္ေတြမွာ ဥေရာပရဲ့အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္လာနိုင္တဲ့ တာဗာရက္စ္ကို ယူနိုက္တက္က စိတ္ဝင္စားေနေၾကာင္း ေအးဂ်င့္ ဆီဇာ ဘိုအာဗန္တူရာက Radio Marte နဲ႔ အင္တာဗ်ဴးမွာ အတည္ျပဳေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.