Other Leagues

ဂြမ္ဒူဇီကို ေရာင္းခ်သြားဖြယ္ရွိေနတဲ့အာဆင္နယ္

အာဆင္နယ္အသင္းရဲ႕နည္းျပ အာတီတာဟာ ကစားသမားအသစ္ျဖည့္တင္းဖို႔အတြက္ လက္ရွိကစားသမားေတြကို ထုတ္ေရာင္းသြားဖို႔ရွိေနတယ္လို႔ သိရပါတယ္။ ဒီထဲမွာ အသင္းရဲ႕ လူငယ္ကြင္းလယ္ကစားသမား ဂြမ္ဒူဇီလည္းပါဝင္ေနပါတယ္။

အာဆင္နယ္အသင္းဟာ လက္ရွိမွာ ဖီယင္ႏုအသင္းရဲ႕ ကြင္းလယ္တိုက္စစ္ကစားသမား ေအာ္ကြန္ကို ေခၚယူဖို႔ ေဆြးေႏြးမႈေတြစတင္ေနၿပီလို႔ဆိုပါတယ္။ ဒီအတြက္ ဘ႑ာေရးပိုင္းဆိုင္ရာမွာ အခက္အခဲမရွိေစဖို႔ ကစားသမားေတြကိုထုတ္ေရာင္းဖို႔ျဖစ္လာခဲ့တာပါ။

အူႏိုင္းအမ္မရီလက္ထက္က အသင္းကိုေရာက္ရွိလာၿပီး ျပင္သစ္သား ဂြမ္ဒူဇီဟာ ပြဲကစားခြင့္လည္း အမ်ားအျပားရရွိခဲ့ပါတယ္။ နည္းျပအာတီတာလက္ထက္မွာေတာ့ ဒူဘိုင္းခရီးစဥ္မွာ စီနီယာကစားသမားေတြနဲ႔ အခ်င္းမ်ားခဲ့လို႔ ပြဲစဥ္တစ္ခ်ိဳ႕ကေန ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။

အာဆင္နယ္အသင္းဟာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရလို႔လည္း ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ အဆင့္၄ေနရာကို ပိုၿပီးအားစိုက္ရေတာ့မွာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္သာမရခဲ့ရင္ က်ပ္တည္းသြားမယ့္ အေျပာင္းအေ႐ႊ႕ဘက္ဂ်က္အတြက္ အခုတည္းက ျပင္ဆင္မႈေတြလုပ္လာခဲ့တယ္လို႔ဆိုပါတယ္။

ေရာင္းခ်မယ့္စာရင္းမွာ ဂြမ္ဒူဇီအျပင္ လာကာဇက္၊ ဆိုကရားတစ္နဲ႔ မိတ္လန္းႏိုင္းတို႔လည္းပါဝင္ေနၿပီး စာခ်ဳပ္ျပည့္ေတာ့မယ့္ အိုေဇးကိုလည္း ထြက္ခြာခြင့္ျပဳသြားမယ္လို႔သိရပါတယ္။

Sports A2Z
Htoo Pyae Sone

[unicode]

အာဆင်နယ်အသင်းရဲ့နည်းပြ အာတီတာဟာ ကစားသမားအသစ်ဖြည့်တင်းဖို့အတွက် လက်ရှိကစားသမားတွေကို ထုတ်ရောင်းသွားဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒီထဲမှာ အသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမား ဂွမ်ဒူဇီလည်းပါဝင်နေပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိမှာ ဖီယင်နုအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အော်ကွန်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေစတင်နေပြီလို့ဆိုပါတယ်။ ဒီအတွက် ဘဏ္ဍာရေးပိုင်းဆိုင်ရာမှာ အခက်အခဲမရှိစေဖို့ ကစားသမားတွေကိုထုတ်ရောင်းဖို့ဖြစ်လာခဲ့တာပါ။

အူနိုင်းအမ်မရီလက်ထက်က အသင်းကိုရောက်ရှိလာပြီး ပြင်သစ်သား ဂွမ်ဒူဇီဟာ ပွဲကစားခွင့်လည်း အများအပြားရရှိခဲ့ပါတယ်။ နည်းပြအာတီတာလက်ထက်မှာတော့ ဒူဘိုင်းခရီးစဉ်မှာ စီနီယာကစားသမားတွေနဲ့ အချင်းများခဲ့လို့ ပွဲစဉ်တစ်ချို့ကနေ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရလို့လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အဆင့်၄နေရာကို ပိုပြီးအားစိုက်ရတော့မှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်သာမရခဲ့ရင် ကျပ်တည်းသွားမယ့် အပြောင်းအရွှေ့ဘက်ဂျက်အတွက် အခုတည်းက ပြင်ဆင်မှုတွေလုပ်လာခဲ့တယ်လို့ဆိုပါတယ်။

ရောင်းချမယ့်စာရင်းမှာ ဂွမ်ဒူဇီအပြင် လာကာဇက်၊ ဆိုကရားတစ်နဲ့ မိတ်လန်းနိုင်းတို့လည်းပါဝင်နေပြီး စာချုပ်ပြည့်တော့မယ့် အိုဇေးကိုလည်း ထွက်ခွာခွင့်ပြုသွားမယ်လို့သိရပါတယ်။

Sports A2Z
Htoo Pyae Sone