Other Leagues

ဝိန္း႐ြန္နီရဲ႕ မန္ခ်က္စတာဒါဘီဂိုးစံခ်ိန္ကို အမီလိုက္ႏိုင္မလား အဂူ႐ို

FA ဖလားကြာတားဖိုင္နယ္မွာ ရွက္ဖီးအသင္းကို တစ္ဂိုးသြင္းယူၿပီးေနာက္ အဂူ႐ိုဟာ မန္စီးတီးအသင္းရဲ႕ ဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ အခုအတိုင္းပဲ ဒဏ္ရာျပသနာကင္းစင္ေနခဲ့မယ္ဆိုရင္ေနာက္ထပ္စံခ်ိန္ေတြကို ခ်ိဳးဖ်က္ဖို႔လည္းအေျခအေနေကာင္းေနပါတယ္။

အဲံဒီစံခ်ိန္ကေတာ့ မန္ခ်က္စတာဒါဘီဂိုးသြင္းစံခ်ိန္ျဖစ္ပါတယ္။ လာမယ့္တနဂၤေႏြေန႔ညမွာ ယူႏိုက္တက္နဲ႔ မန္ခ်က္စတာစီးတီးတို႔ဟာ ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ မန္ခ်က္စတာဒါဘီကို ယွဥ္ၿပိဳင္ဖို႔ရွိေနပါတယ္။

မန္ခ်က္စတာဒါဘီမွာ လက္ရွိဂိုးသြင္းအမ်ားဆုံးကေတာ့ ယူႏိုက္တက္အသင္းရဲ႕ ဂႏၲဝင္ကစားသမား ဝိန္း႐ြန္နီျဖစ္ပါတယ္။ သြင္းဂိုး ၁၁ဂိုးနဲ႔ ဒါဘီဂိုးသြင္းစံခ်ိန္ကို ဦးေဆာင္ေနတာပါ။

အဂူ႐ိုဟာ အခုအခ်ိန္ထိ မန္ခ်က္စတာဒါဘီမွာ သြင္းဂိုး၉ဂိုးသြင္းယူထားပါတယ္။ မန္စီးတီးအသင္းနဲ႔လည္း ၂၀၂၁ ထိစာခ်ဳပ္က်န္ရွိေနတာမို႔ လက္က်န္မန္ခ်က္စတာဒါဘီေတြမွာ ၃ဂိုးသြင္းယူႏိုင္တာနဲ႔ စံခ်ိန္သစ္တစ္ခုကိုရယူႏိုင္မွာပါ။

အာဂ်င္တီးနားႏိုင္ငံသား အဂူ႐ိုဟာ ၂၀၁၁ခုႏွစ္တည္းက မန္စီးတီးအသင္းကို ေရာက္ရွိလာၿပီး သြင္းဂိုး ၂၆၀ထိ သြင္းယူေပးထားတဲ့ စီးတီးဂႏၲဝင္ကစားသမားတစ္ဦးျဖစ္ပါတယ္။

SportsA2Z
HTOO PYAE SONE

[unicode]
FA ဖလားကွာတားဖိုင်နယ်မှာ ရှက်ဖီးအသင်းကို တစ်ဂိုးသွင်းယူပြီးနောက် အဂူရိုဟာ မန်စီးတီးအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အခုအတိုင်းပဲ ဒဏ်ရာပြသနာကင်းစင်နေခဲ့မယ်ဆိုရင်နောက်ထပ်စံချိန်တွေကို ချိုးဖျက်ဖို့လည်းအခြေအနေကောင်းနေပါတယ်။

အဲံဒီစံချိန်ကတော့ မန်ချက်စတာဒါဘီဂိုးသွင်းစံချိန်ဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့ညမှာ ယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့ဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မန်ချက်စတာဒါဘီကို ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။

မန်ချက်စတာဒါဘီမှာ လက်ရှိဂိုးသွင်းအများဆုံးကတော့ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမား ဝိန်းရွန်နီဖြစ်ပါတယ်။ သွင်းဂိုး ၁၁ဂိုးနဲ့ ဒါဘီဂိုးသွင်းစံချိန်ကို ဦးဆောင်နေတာပါ။

အဂူရိုဟာ အခုအချိန်ထိ မန်ချက်စတာဒါဘီမှာ သွင်းဂိုး၉ဂိုးသွင်းယူထားပါတယ်။ မန်စီးတီးအသင်းနဲ့လည်း ၂၀၂၁ ထိစာချုပ်ကျန်ရှိနေတာမို့ လက်ကျန်မန်ချက်စတာဒါဘီတွေမှာ ၃ဂိုးသွင်းယူနိုင်တာနဲ့ စံချိန်သစ်တစ်ခုကိုရယူနိုင်မှာပါ။

အာဂျင်တီးနားနိုင်ငံသား အဂူရိုဟာ ၂၀၁၁ခုနှစ်တည်းက မန်စီးတီးအသင်းကို ရောက်ရှိလာပြီး သွင်းဂိုး ၂၆၀ထိ သွင်းယူပေးထားတဲ့ စီးတီးဂန္တဝင်ကစားသမားတစ်ဦးဖြစ်ပါတယ်။

SportsA2Z
HTOO PYAE SONE