Other Leagues

ပါဘလိုမာရီဟာ ပရီးမီးယားလိဂ်အတွက်အဆင်သင့်ဖြစ်နေပြီဆိုတဲ့ အာတီတာ

(Unicode)

အာဆင်နယ်နည်းပြအာတီတာကတော့ ဇန်နဝါရီအပြောင်းအရွှေ့ကမှ ခေါ်ယူထားတဲ့ နောက်ခံလူသစ် ပါဘလိုမာရီဟာ သူ့ရဲ့ပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ဆိုပါတယ်။ ဒီစကားကြောင့် ဒီနေ့ညဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ မာရီတစ်ယောက်ပွဲထွက်လာနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

ဖလာမင်ဂိုအသင်းကနေ အငှားနဲ့ရောက်ရှိလာခဲ့တဲ့ မာရီဟာ အသင်းပြောင်းရွှေ့လာကတည်းက ယူ ၂၃ အသင်းနဲ့တစ်ပွဲ၊ အဖ်အေဖလားတစ်ပွဲသာ ကစားရသေးပြီး ပရီးမီးယားလိဂ်မှာ မကစားရသေးတာဖြစ်ပါတယ်။ လက်ရှိအာဆင်နယ်အသင်းရဲ့ ခံစစ်မှာတော့ ဒေးဗစ်လုဇ်နဲ့ မူစတာဖီတို့က တာဝန်ယူလျက်ရှိပါတယ်။

၂၆နှစ်အရွယ်စပိန်သား မာရီဟာ ကမ္ဘာ့ကလပ်ချန်ပီလံလိဂ်က လီဗာပူးနဲ့ဖလာမင်ဂိုအသင်းတို့တွေ့ဆုံခဲ့ရာမှာ ဆာလက်၊မာနေးနဲ့ ဖာမီနိုတို့ကို အကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ သိပ်မကြာခင် ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ အာဆင်နယ်အသင်းကို အငှားနဲ့ရောက်ရှိလာခဲ့ပြီး အပြီးသတ်ရောက်ရှိဖို့လည်း အလားအလာကောင်းနေပါတယ်။

ဆိုးရွားတဲ့ခံစစ်ကစားပုံကြောင့် ပရိသတ်တွေစိတ်ပျက်နေတဲ့အာဆင်နယ်အသင်းဟာ ဥရောပဝင်ခွင့်တစ်နေရာအတွက် လက်ကျန်ပွဲစဉ်တွေဟာ အမှားမခံတဲ့အခြေအနေဖြစ်နေပါတယ်။ ဒီကွက်လပ်ကို အရပ်မြင့်မြင့်နဲ့ မာကျောတဲ့စပိန်သာ းက ဖြည့်ပေးနိုင်မယ်လို့ အာဆင်နယ်ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

ST ALBANS, ENGLAND – JANUARY 29: Arsenal unveil new signing Pablo Mari at London Colney on January 29, 2020 in St Albans, England. (Photo by Stuart MacFarlane/Arsenal FC via Getty Images)

ပါဘလိုမာရီကရော ပရိသတ်တွေမျှော်လင့်ထားသလို စွမ်းဆောင်နိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

SportsA2Z
HTOO PYAE SONE

(Zawgyi)

အာဆင္နယ္နည္းျပအာတီတာကေတာ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကမွ ေခၚယူထားတဲ့ ေနာက္ခံလူသစ္ ပါဘလိုမာရီဟာ သူ႔ရဲ႕ပရီးမီးယားလိဂ္ပြဲဦးထြက္ပြဲစဥ္အတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ဆိုပါတယ္။ ဒီစကားေၾကာင့္ ဒီေန႔ညဝက္စ္ဟမ္းအသင္းနဲ႔ပြဲစဥ္မွာ မာရီတစ္ေယာက္ပြဲထြက္လာႏိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

ဖလာမင္ဂိုအသင္းကေန အငွားနဲ႔ေရာက္ရွိလာခဲ့တဲ့ မာရီဟာ အသင္းေျပာင္းေ႐ႊ႕လာကတည္းက ယူ ၂၃ အသင္းနဲ႔တစ္ပြဲ၊ အဖ္ေအဖလားတစ္ပြဲသာ ကစားရေသးၿပီး ပရီးမီးယားလိဂ္မွာ မကစားရေသးတာျဖစ္ပါတယ္။ လက္ရွိအာဆင္နယ္အသင္းရဲ႕ ခံစစ္မွာေတာ့ ေဒးဗစ္လုဇ္နဲ႔ မူစတာဖီတို႔က တာဝန္ယူလ်က္ရွိပါတယ္။

၂၆ႏွစ္အ႐ြယ္စပိန္သား မာရီဟာ ကမာၻ႔ကလပ္ခ်န္ပီလံလိဂ္က လီဗာပူးနဲ႔ဖလာမင္ဂိုအသင္းတို႔ေတြ႕ဆုံခဲ့ရာမွာ ဆာလက္၊မာေနးနဲ႔ ဖာမီႏိုတို႔ကို အေကာင္းဆုံးထိန္းခ်ဳပ္ကစားႏိုင္ခဲ့ပါတယ္။ သိပ္မၾကာခင္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာေတာ့ အာဆင္နယ္အသင္းကို အငွားနဲ႔ေရာက္ရွိလာခဲ့ၿပီး အၿပီးသတ္ေရာက္ရွိဖို႔လည္း အလားအလာေကာင္းေနပါတယ္။

ဆိုး႐ြားတဲ့ခံစစ္ကစားပုံေၾကာင့္ ပရိသတ္ေတြစိတ္ပ်က္ေနတဲ့အာဆင္နယ္အသင္းဟာ ဥေရာပဝင္ခြင့္တစ္ေနရာအတြက္ လက္က်န္ပြဲစဥ္ေတြဟာ အမွားမခံတဲ့အေျခအေနျဖစ္ေနပါတယ္။ ဒီကြက္လပ္ကို အရပ္ျမင့္ျမင့္နဲ႔ မာေက်ာတဲ့စပိန္သာ းက ျဖည့္ေပးႏိုင္မယ္လို႔ အာဆင္နယ္ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကပါတယ္။

ST ALBANS, ENGLAND – JANUARY 29: Arsenal unveil new signing Pablo Mari at London Colney on January 29, 2020 in St Albans, England. (Photo by Stuart MacFarlane/Arsenal FC via Getty Images)

ပါဘလိုမာရီကေရာ ပရိသတ္ေတြေမွ်ာ္လင့္ထားသလို စြမ္းေဆာင္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

SportsA2Z
HTOO PYAE SONE