Premier League Transfer News

23 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအတွက် ပိုမိုကောင်းမွန်တဲ့ သတင်းတစ်ရပ်အဖြစ် ရီးရဲလ်ဆိုစီဒက်အသင်းဘက်ကနေ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်အတွက် ပြိုင်ဆိုင်မှုမရှိကြောင်း ထုတ်ပြန်သွားခဲ့ပြီး ခေါ်ယူနိုင်ဖို့ ပိုမိုနီးစပ်လာသလို အငှားပြောင်းရွှေ့ကြေးအဖြစ်တော့ ပေါင် ၂ သန်း ပေးချေရမယ်လို့ သိရ။

– စောင့်ကြည့်လေ့လာသူတွေအနေနဲ့ လောလောလတ်လတ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတဲ့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီနီဒန်း ဇီဒန်းကြောင့် အော်ဒီဂွါဒ် ရောက်ရှိလာဖို့ နှောင့်နှေးနိုင်ကြောင်း ဆိုနေကြပေမယ့် တကယ်တမ်းမှာ ကစားသမားနဲ့ နည်းပြကြား ထိတွေ့မှု မရှိဘူးလို့ဆို။

– အာဆင်နယ်အသင်းအတွက် နောက်ထပ် ဇန်နဝါရီလက်မှတ်ထိုးမှုတစ်ခုအဖြစ် လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂွန်ကို ဆက်လက် ထိန်းသိမ်းဖို့ကိုပဲ အာရုံစူးစိုက်ပြီး လုပ်ဆောင်ဖို့ နည်းစနစ်ဒါရိုက်တာ အီဒူးကို ပရိသတ်တွေက သတိပေးထားပြီး ဖြစ်တဲ့နည်းနဲ့ ရအောင်လုပ်ဖို့ တိုက်တွန်း။

– ဘရိုက်တန်ကနေ လုံးဝ ကောလဟာလ၊ သတင်းတွေ ထွက်ရှိခြင်းမျိုး မရှိဘဲ အသင်းကို ရောက်လာခဲ့တဲ့ ဂိုးသမား မတ် ရိုင်ယန်ကတော့ အွန်နရီနဲ့ ဘားကမ့်တို့ကြောင့် အာဆင်နယ်ကို အားပေးဖြစ်ခဲ့သူလို့ သိရပြီး လာမယ့် အက်ဖ်အေဖလား ဆောက်သမ်တန်နဲ့ပွဲမှာ ပါဝင် ပွဲထွက်နိုင်ဖို့ ကြိုးစားလေ့ကျင့်နေ။

– အာဆင်နယ်အသင်းအနေနဲ့ ဆောက်သမ်တန်အသင်းနဲ့ မကစားခင်မှာ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်တာလားလို့ သံသယရှိနိုင်တဲ့ အပြောင်းအရွှေ့ကောလဟာလတစ်ခု ပေါ်ထွက်လာခဲ့ပြီး တောင်ပိုင်းကမ်းခြေအသင်းရဲ့ ဘယ်နောက်ခံလူ ရိုင်ယန် ဘာထရန်ကို ကီရန် တီယာနီရဲ့ အရန်အဖြစ် ခေါ်ယူဖို့ သတင်းထွက်လာ။

– အီမီးလ် စမစ်ရိုးရဲ့ ဟတ်ဒါစ်ဖီးလ်ဒ်တောင်းကို အငှားနဲ့ သွားကစားအပြီးမှာ ယုံကြည်မှုနဲ့ ခြေစွမ်းပြနိုင်ခဲ့တဲ့ လမ်းစဉ်မျိုးကို ထပ်မံ ဖော်ဆောင်သွားဖွယ်ရှိနေပြီး ရီးစ် နယ်လ်ဆန်ကို ရာသီကုန်အထိ ချန်ပီယံရှစ်ကလပ်တစ်ခုမှာ အငှားချပြီး နွေရာသီမှာ ပိုကောင်းလာဖို့ အာဆင်နယ်တို့ ရည်ရွယ်ထား။

– အာဆင်နယ်အသင်းအနေနဲ့ ကစားသမားတွေရဲ့ လစာငွေတွေနဲ့ စာချုပ်သက်တမ်းတွေကို နည်းလွန်းတာမျိုးရော များလွန်းတာမျိုးပါ မဖြစ်ရအောင် သေသေချာချာ ဆင်ခြင်သုံးသပ်ပြီး ကြိုတင်လုပ်ဆောင်ရမှာဖြစ်ပြီး စိုးရိမ်တကြီးနဲ့ စာချုပ်ခဲ့ရတဲ့ အိုဇေးလ်နဲ့ အပေးများသွားတဲ့ ဆိုကရာတစ်လိုမျိုး မဖြစ်ရအောင် သတိထားရမယ်လို့ နည်းပြ မီခယ်လ် အာတီတာ ပြောကြား။

– ခရစ္စတယ်လ်ပဲလေ့စ်အသင်းမှာ ခြေစွမ်းပြနေပြီး ဆဲလ်ဟတ်စ်ပါ့ခ်မှာ နွေရာသီအထိ ၆ လသာ စာချုပ်ကျန်ရှိတော့တဲ့ ဘယ်နောက်ခံလူ တိုင်ရစ်ခ် မစ်ချဲလ်ကို ခေါ်ယူဖို့ အာဆင်နယ်တို့ စိတ်ဝင်စားနေပြီး ပေါင် ၅ သန်း ပေါက်ဈေးရှိတဲ့ အင်္ဂလန်သားကို အခြေအနေပေးရင် ဆောင်းရာသီမှာပဲ ခေါ်ယူသွားဖို့ ရှိနေ။

– အာဆင်နယ်အသင်းကနေ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပေးလိုက်တဲ့ နောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်ကို စီးရီးအေ ကလပ်တွေဖြစ်ကြတဲ့ ပါးမားနဲ့ လာဇီယိုတို့က စိတ်ဝင်စားနေပြီး ရှကိုဒရန် မူစတာဖီကိုတော့ အရန်အစီအစဉ်အဖြစ် စောင့်ကြည့်နေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအတြက္ ပိုမိုေကာင္းမြန္တဲ့ သတင္းတစ္ရပ္အျဖစ္ ရီးရဲလ္ဆိုစီဒက္အသင္းဘက္ကေန ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္အတြက္ ၿပိဳင္ဆိုင္မႈမရွိေၾကာင္း ထုတ္ျပန္သြားခဲ့ၿပီး ေခၚယူႏိုင္ဖို႔ ပိုမိုနီးစပ္လာသလို အငွားေျပာင္းေ႐ႊ႕ေၾကးအျဖစ္ေတာ့ ေပါင္ ၂ သန္း ေပးေခ်ရမယ္လို႔ သိရ။

– ေစာင့္ၾကည့္ေလ့လာသူေတြအေနနဲ႔ ေလာေလာလတ္လတ္မွာ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံထားရတဲ့ ရီးရဲလ္မက္ဒရစ္နည္းျပ ဇီနီဒန္း ဇီဒန္းေၾကာင့္ ေအာ္ဒီဂြါဒ္ ေရာက္ရွိလာဖို႔ ေႏွာင့္ေႏွးႏိုင္ေၾကာင္း ဆိုေနၾကေပမယ့္ တကယ္တမ္းမွာ ကစားသမားနဲ႔ နည္းျပၾကား ထိေတြ႕မႈ မရွိဘူးလို႔ဆို။

– အာဆင္နယ္အသင္းအတြက္ ေနာက္ထပ္ ဇန္နဝါရီလက္မွတ္ထိုးမႈတစ္ခုအျဖစ္ လူငယ္တိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂြန္ကို ဆက္လက္ ထိန္းသိမ္းဖို႔ကိုပဲ အာ႐ုံစူးစိုက္ၿပီး လုပ္ေဆာင္ဖို႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူးကို ပရိသတ္ေတြက သတိေပးထားၿပီး ျဖစ္တဲ့နည္းနဲ႔ ရေအာင္လုပ္ဖို႔ တိုက္တြန္း။

– ဘ႐ိုက္တန္ကေန လုံးဝ ေကာလဟာလ၊ သတင္းေတြ ထြက္ရွိျခင္းမ်ိဳး မရွိဘဲ အသင္းကို ေရာက္လာခဲ့တဲ့ ဂိုးသမား မတ္ ႐ိုင္ယန္ကေတာ့ အြန္နရီနဲ႔ ဘားကမ့္တို႔ေၾကာင့္ အာဆင္နယ္ကို အားေပးျဖစ္ခဲ့သူလို႔ သိရၿပီး လာမယ့္ အက္ဖ္ေအဖလား ေဆာက္သမ္တန္နဲ႔ပြဲမွာ ပါဝင္ ပြဲထြက္ႏိုင္ဖို႔ ႀကိဳးစားေလ့က်င့္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ ေဆာက္သမ္တန္အသင္းနဲ႔ မကစားခင္မွာ စိတ္ဓာတ္စစ္ဆင္ေရး ျပဳလုပ္တာလားလို႔ သံသယရွိႏိုင္တဲ့ အေျပာင္းအေ႐ႊ႕ေကာလဟာလတစ္ခု ေပၚထြက္လာခဲ့ၿပီး ေတာင္ပိုင္းကမ္းေျခအသင္းရဲ႕ ဘယ္ေနာက္ခံလူ ႐ိုင္ယန္ ဘာထရန္ကို ကီရန္ တီယာနီရဲ႕ အရန္အျဖစ္ ေခၚယူဖို႔ သတင္းထြက္လာ။

– အီမီးလ္ စမစ္႐ိုးရဲ႕ ဟတ္ဒါစ္ဖီးလ္ဒ္ေတာင္းကို အငွားနဲ႔ သြားကစားအၿပီးမွာ ယုံၾကည္မႈနဲ႔ ေျခစြမ္းျပႏိုင္ခဲ့တဲ့ လမ္းစဥ္မ်ိဳးကို ထပ္မံ ေဖာ္ေဆာင္သြားဖြယ္ရွိေနၿပီး ရီးစ္ နယ္လ္ဆန္ကို ရာသီကုန္အထိ ခ်န္ပီယံရွစ္ကလပ္တစ္ခုမွာ အငွားခ်ၿပီး ေႏြရာသီမွာ ပိုေကာင္းလာဖို႔ အာဆင္နယ္တို႔ ရည္႐ြယ္ထား။

– အာဆင္နယ္အသင္းအေနနဲ႔ ကစားသမားေတြရဲ႕ လစာေငြေတြနဲ႔ စာခ်ဳပ္သက္တမ္းေတြကို နည္းလြန္းတာမ်ိဳးေရာ မ်ားလြန္းတာမ်ိဳးပါ မျဖစ္ရေအာင္ ေသေသခ်ာခ်ာ ဆင္ျခင္သုံးသပ္ၿပီး ႀကိဳတင္လုပ္ေဆာင္ရမွာျဖစ္ၿပီး စိုးရိမ္တႀကီးနဲ႔ စာခ်ဳပ္ခဲ့ရတဲ့ အိုေဇးလ္နဲ႔ အေပးမ်ားသြားတဲ့ ဆိုကရာတစ္လိုမ်ိဳး မျဖစ္ရေအာင္ သတိထားရမယ္လို႔ နည္းျပ မီခယ္လ္ အာတီတာ ေျပာၾကား။

– ခရစၥတယ္လ္ပဲေလ့စ္အသင္းမွာ ေျခစြမ္းျပေနၿပီး ဆဲလ္ဟတ္စ္ပါ့ခ္မွာ ေႏြရာသီအထိ ၆ လသာ စာခ်ဳပ္က်န္ရွိေတာ့တဲ့ ဘယ္ေနာက္ခံလူ တိုင္ရစ္ခ္ မစ္ခ်ဲလ္ကို ေခၚယူဖို႔ အာဆင္နယ္တို႔ စိတ္ဝင္စားေနၿပီး ေပါင္ ၅ သန္း ေပါက္ေဈးရွိတဲ့ အဂၤလန္သားကို အေျခအေနေပးရင္ ေဆာင္းရာသီမွာပဲ ေခၚယူသြားဖို႔ ရွိေန။

– အာဆင္နယ္အသင္းကေန ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းေပးလိုက္တဲ့ ေနာက္ခံလူ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္ကို စီးရီးေအ ကလပ္ေတြျဖစ္ၾကတဲ့ ပါးမားနဲ႔ လာဇီယိုတို႔က စိတ္ဝင္စားေနၿပီး ရွကိုဒရန္ မူစတာဖီကိုေတာ့ အရန္အစီအစဥ္အျဖစ္ ေစာင့္ၾကည့္ေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.