Premier League Transfer News

22 Jan ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– အက်စတန်ဗီလာနဲ့ပွဲမှာ ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာပဲ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားက ဒါဟာလည်း ဘောလုံးကစားနည်းရဲ့ တစ်စိတ်တစ်ပိုင်းပဲလို့ ပြောကြားလိုက်ပြီး ပေါင်နောက်ကြောဒဏ်ရာကြောင့် လေးပတ်ကနေ ခြောက်ပတ်အထိ နားရဖွယ်ရှိနေ။

– ပရီးမီးယားလိဂ်ကွင်းလယ်လူဟောင်းတစ်ဦးဖြစ်ပြီး ဘောလုံးကျွမ်းကျင်သူအဖြစ် ဆောင်ရွက်နေတဲ့ ဒွန်ဟတ်ချီဆန်က လာမယ့် နွေရာသီမှာ စပါးစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းဆီ ရောက်ရှိဖို့ ရာခိုင်နှုန်းတော်တော်လေးများပြီး ဟားလန်းနဲ့ လူကာကူးတို့ထက် ပိုဖြစ်နိုင်တယ်လို့ ခန့်မှန်း။

– မန်ချက်စတာစီးတီးအသင်းက အလိုရှိနေခဲ့တဲ့ စီးရီးအေကလပ် ဆာဆူအိုလိုအသင်းရဲ့ ကွင်းလယ်လူ မန်ညူယယ်လ် လိုကာတယ်လီကို အသင်းတာဝန်ရှိသူတွေဘက်က သတ်မှတ်တန်ကြေး ယူရိုသန်း ၄၀ မရရင် ဘယ်အသင်းနဲ့မှ မဆွေးနွေးဘူးလို့ တုံ့ပြန်ထား။

– ကျူပီအာအသင်းမှာ နည်းပြလိုင်စင်အတွက် လက်တွေ့ဆင်းနေခဲ့တဲ့ မန်စီးတီးကွင်းလယ်လူဟောင်း ယာယာတိုရေးအနေနဲ့ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို စတင်ရာမြို့ဖြစ်ခဲ့တဲ့ ယူကရိန်းမြေ၊ ဒိုးနက်စ်ခ်မြို့ခံကလပ် အိုလင်ပစ် ဒိုးနက်စ်ခ်အသင်းမှာ လက်ထောက်နည်းပြအဖြစ် နည်းပြဘဝကို စတင်ဝင်ရောက်ခဲ့။

– မန်ချက်စတာစီးတီးအသင်းရဲ့ ဒဏ်ရာတွေနဲ့ နပမ်းလုံးနေခဲ့ရတဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုအတွက်တော့ ကံဆိုးမှုတွေက မလုံလောက်သေးဘဲ ဒီနေ့မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်းနဲ့ ကုသမှု အစီအစဉ်တွေအရ မြက်ခင်းစိမ်းတွေနဲ့ လွဲချော်ဦးမယ်လို့ သိရ။

– ဒါဘီကောင်တီအသင်းကနေ အငှားခေါ်ယူထားခဲ့တဲ့ ဂိုးသမား စကော့ ကာဆန်ကို အပြီးသတ် ခေါ်ယူဖို့အတွက် ချန်ပီယံရှစ်အသင်းနဲ့ မန်ချက်စတာစီးတီးတို့ကြား သဘောတူညီမှု ရရှိနိုင်ဖို့ နီးစပ်နေပြီး လက်ရှိအငှားစာချုပ်ကို မဖျက်သိမ်းဘဲ လာမယ့်နွေရာသီမှာမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ လုပ်ဆောင်သွားဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးနဲ့ အက်စတန်ဗီလာကွင်းလယ်လူဟောင်း ဂါရက်သ် ဘယ်ရီက ဘာမင်ဂမ်အခြေစိုက်အသင်းဟောင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ်ကို လာမယ့်ရာသီတွေမှာ ဆက်လက်ထိန်းသိမ်းဖို့ ခဲယဉ်းဖွယ်ရှိပြီး ကစားသမားအနေနဲ့ ချန်ပီယံလိဂ် ကစားခွင့်ကို ရှာဖွေချိန် ရောက်နေပြီလို့ သုံးသပ်သွားတာကြောင့် မန်စီးတီးနဲ့ ခန့်မှန်းမှုတွေ ရှိလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အက္စတန္ဗီလာနဲ႔ပြဲမွာ ဒုတိယပိုင္းစၿပီး သိပ္မၾကာခင္မွာပဲ ဒဏ္ရာေၾကာင့္ လူစားလဲခံခဲ့ရတဲ့ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားက ဒါဟာလည္း ေဘာလုံးကစားနည္းရဲ႕ တစ္စိတ္တစ္ပိုင္းပဲလို႔ ေျပာၾကားလိုက္ၿပီး ေပါင္ေနာက္ေၾကာဒဏ္ရာေၾကာင့္ ေလးပတ္ကေန ေျခာက္ပတ္အထိ နားရဖြယ္ရွိေန။

– ပရီးမီးယားလိဂ္ကြင္းလယ္လူေဟာင္းတစ္ဦးျဖစ္ၿပီး ေဘာလုံးကြၽမ္းက်င္သူအျဖစ္ ေဆာင္႐ြက္ေနတဲ့ ဒြန္ဟတ္ခ်ီဆန္က လာမယ့္ ေႏြရာသီမွာ စပါးစ္အသင္းတိုက္စစ္မႉး ဟာရီကိန္းအေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းဆီ ေရာက္ရွိဖို႔ ရာခိုင္ႏႈန္းေတာ္ေတာ္ေလးမ်ားၿပီး ဟားလန္းနဲ႔ လူကာကူးတို႔ထက္ ပိုျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္း။

– မန္ခ်က္စတာစီးတီးအသင္းက အလိုရွိေနခဲ့တဲ့ စီးရီးေအကလပ္ ဆာဆူအိုလိုအသင္းရဲ႕ ကြင္းလယ္လူ မန္ညဴယယ္လ္ လိုကာတယ္လီကို အသင္းတာဝန္ရွိသူေတြဘက္က သတ္မွတ္တန္ေၾကး ယူ႐ိုသန္း ၄၀ မရရင္ ဘယ္အသင္းနဲ႔မွ မေဆြးေႏြးဘူးလို႔ တုံ႔ျပန္ထား။

– က်ဴပီအာအသင္းမွာ နည္းျပလိုင္စင္အတြက္ လက္ေတြ႕ဆင္းေနခဲ့တဲ့ မန္စီးတီးကြင္းလယ္လူေဟာင္း ယာယာတိုေရးအေနနဲ႔ သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမားဘဝကို စတင္ရာၿမိဳ႕ျဖစ္ခဲ့တဲ့ ယူကရိန္းေျမ၊ ဒိုးနက္စ္ခ္ၿမိဳ႕ခံကလပ္ အိုလင္ပစ္ ဒိုးနက္စ္ခ္အသင္းမွာ လက္ေထာက္နည္းျပအျဖစ္ နည္းျပဘဝကို စတင္ဝင္ေရာက္ခဲ့။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဒဏ္ရာေတြနဲ႔ နပမ္းလုံးေနခဲ့ရတဲ့ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုအတြက္ေတာ့ ကံဆိုးမႈေတြက မလုံေလာက္ေသးဘဲ ဒီေန႔မွာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္းနဲ႔ ကုသမႈ အစီအစဥ္ေတြအရ ျမက္ခင္းစိမ္းေတြနဲ႔ လြဲေခ်ာ္ဦးမယ္လို႔ သိရ။

– ဒါဘီေကာင္တီအသင္းကေန အငွားေခၚယူထားခဲ့တဲ့ ဂိုးသမား စေကာ့ ကာဆန္ကို အၿပီးသတ္ ေခၚယူဖို႔အတြက္ ခ်န္ပီယံရွစ္အသင္းနဲ႔ မန္ခ်က္စတာစီးတီးတို႔ၾကား သေဘာတူညီမႈ ရရွိႏိုင္ဖို႔ နီးစပ္ေနၿပီး လက္ရွိအငွားစာခ်ဳပ္ကို မဖ်က္သိမ္းဘဲ လာမယ့္ေႏြရာသီမွာမွ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ လုပ္ေဆာင္သြားဖြယ္ရွိေန။

– မန္ခ်က္စတာစီးတီးနဲ႔ အက္စတန္ဗီလာကြင္းလယ္လူေဟာင္း ဂါရက္သ္ ဘယ္ရီက ဘာမင္ဂမ္အေျခစိုက္အသင္းေဟာင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္လူ ဂ်က္ခ္ ဂရီးလစ္ရွ္ကို လာမယ့္ရာသီေတြမွာ ဆက္လက္ထိန္းသိမ္းဖို႔ ခဲယဥ္းဖြယ္ရွိၿပီး ကစားသမားအေနနဲ႔ ခ်န္ပီယံလိဂ္ ကစားခြင့္ကို ရွာေဖြခ်ိန္ ေရာက္ေနၿပီလို႔ သုံးသပ္သြားတာေၾကာင့္ မန္စီးတီးနဲ႔ ခန႔္မွန္းမႈေတြ ရွိလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.