Premier League Transfer News

Transfer Watch: ခပ်သွက်သွက်လှုပ်ရှားပြီး ပရိသတ်တွေကို အာဆင်နယ်တို့ အံ့ဩစေတော့မလား

အာဆင်နယ်အသင်းအနေနဲ့ ဆောင်းရာသီမှာ အံမဝင်တဲ့သူတွေကို ထုတ်ပြီး ကစားသမားသစ်တွေကို အားဖြည့်ဖို့ ရှိနေတယ်ဆိုတာက လူတိုင်းသိတဲ့ အကြောင်းတစ်ခုဖြစ်ပေမယ့် ခပ်သွက်သွက်လုပ်တယ်ဆိုတာ သူတို့ရဲ့ ထုံးစံမဟုတ်လို့ ဒီနေ့ညနေမှာ ဂိုးသမား မက်သယူး ရိုင်ယန်ကို မြင်တွေ့လိုက်ရတာကတော့ အားလုံးကို မင်သက်မိစေခဲ့ပါတယ်။

ဒီရာသီမှာ ပရီးမီးယားလိဂ် ၁၁ ပွဲ ကစားထားခဲ့ရပေမယ့် လက်စွမ်းအနည်းငယ်ကျဆင်းနေတဲ့ ရိုင်ယန်ကို အသင်းက ထွက်ခွာနိုင်တယ်လို့ နည်းပြ ဂရေဟမ် ပေါ့တာက ခွင့်ပေးထားခဲ့ချိန်မှာ အာဆင်နယ်တို့ တခြားဂိုးသမားတွေနဲ့ အသံထွက်နေရာကနေ ချက်ချင်းဆိုသလို လှုပ်ရှားလိုက်တာလည်းဖြစ်ပြီး ဘာသံမှ မကြားဘဲကို ရောက်လာခဲ့တာဖြစ်လို့ အပြောင်းအရွှေ့ စောင့်ကြည့်သူတွေလည်း မျက်ခြေပြတ်ခဲ့ရတာပါ။

အသက် ၂၈ နှစ်အရွယ် ရှိပြီဖြစ်ပြီး ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံကောင်းကောင်းရှိတဲ့ သြစတေးလျသားကို ရလိုက်တာကတော့ အာဆင်နယ်အတွက် နံပါတ် ၂ ဂိုးသမားတစ်ဦးထက် သာလွန်တဲ့သူတစ်ဦးကို ရရှိလိုက်တာဖြစ်ပြီး လီနိုရဲ့ Backup ကောင်းနဲ့ လိုအပ်ရင် ရှေ့တန်းက အသုံးတော်ခံနိုင်မယ့်သူတစ်ဦးအဖြစ် တာဝန်တွေကို ခွဲဝေယူနိုင်တော့မှာလည်းဖြစ်ပါတယ်။

ဒါက အာဆင်နယ်ရဲ့ Silent လှုပ်ရှားမှုဖြစ်သလို တခြားတစ်ဖက်မှာတော့ သတင်းတွေ ထွက်နေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်အတွက်တော့ ခေါ်ယူနိုင်ဖို့ ၉၀ ရာခိုင်နှုန်း နီးစပ်နေတယ်လို့ သိရပြီး အစောပိုင်းက ထွက်ပေါ်နေတဲ့ ဆိုစီဒက်နဲ့ သတင်းတွေကတော့ မှေးမှိန်သွားခဲ့ပါတယ်။

ချန်ပီယံခြေစွမ်းမျိုး မရှိသေးပေမယ့် ဖလားပွဲတွေမှာတော့ စွမ်းဆောင်ပြတတ်တဲ့ နည်းပြ အာတီတာအတွက်တော့ အော်ဒီဂွါဒ်ဟာ လူငယ်တွေ ဖြစ်ကြတဲ့ စမစ်ရိုးနဲ့ ဆာကာတို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ခွဲဝေယူပေးနိုင်မယ့်သူလည်းဖြစ်ပြီး နော်ဝေသားအနေနဲ့ အာဆင်နယ်အသင်းမှာ တောက်ပနိုင်ဖို့အတွက်လည်း ကစားသမားဟောင်း မွန်ရီးယဲလ်က ထောက်ခံထားပါတယ်။

အက်သလက်တစ်ရဲ့ ဒေးဗစ် အွန်းစတိန်းကတော့ ရီးရဲလ်မက်ဒရစ်နဲ့ အာဆင်နယ်တာဝန်ရှိသူတွေကြား နောက်ဆုံးအဆင့် ညှိနှိုင်းမှုတွေ ကျန်ရှိနေပြီး သဘောတူညီမှု ပြီးမြောက်နိုင်ဖို့ တစ်ဆင့်သာ ကျန်ရှိတော့တယ်လို့ ဆိုခဲ့သလို ဒါနီ စီဘာယော့စ်ရဲ့ စည်းရုံးမှုကလည်း တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အော်ဒီဂွါဒ်ရဲ့ ဖခင်ဖြစ်သူ ဟန်းစ်နဲ့ အေးဂျင့်ဖြစ်သူ လီဗာပူးလ်ကစားသမားဟောင်း ဘယွန်တိုရီ ကဗာမီတို့နဲ့ အသေးစိတ် ဆွေးနွေးနေတယ်လို့ သိရပြီး ပရိသတ်တွေကတော့ အမ်းမရိတ်မှာ MÖ (အိုဇေးလ်)ပျောက်ဆုံးသွားပြီး ရက်ပိုင်းအတွင်းမှာပဲ ကွဲပြားခြားနားတဲ့ MØ (အော်ဒီဂွါဒ်)နဲ့ အစားထိုးနိုင်တော့မယ်လို့ တွစ်တာမှာ ပြောနေကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ေဆာင္းရာသီမွာ အံမဝင္တဲ့သူေတြကို ထုတ္ၿပီး ကစားသမားသစ္ေတြကို အားျဖည့္ဖို႔ ရွိေနတယ္ဆိုတာက လူတိုင္းသိတဲ့ အေၾကာင္းတစ္ခုျဖစ္ေပမယ့္ ခပ္သြက္သြက္လုပ္တယ္ဆိုတာ သူတို႔ရဲ႕ ထုံးစံမဟုတ္လို႔ ဒီေန႔ညေနမွာ ဂိုးသမား မက္သယူး ႐ိုင္ယန္ကို ျမင္ေတြ႕လိုက္ရတာကေတာ့ အားလုံးကို မင္သက္မိေစခဲ့ပါတယ္။

ဒီရာသီမွာ ပရီးမီးယားလိဂ္ ၁၁ ပြဲ ကစားထားခဲ့ရေပမယ့္ လက္စြမ္းအနည္းငယ္က်ဆင္းေနတဲ့ ႐ိုင္ယန္ကို အသင္းက ထြက္ခြာႏိုင္တယ္လို႔ နည္းျပ ဂေရဟမ္ ေပါ့တာက ခြင့္ေပးထားခဲ့ခ်ိန္မွာ အာဆင္နယ္တို႔ တျခားဂိုးသမားေတြနဲ႔ အသံထြက္ေနရာကေန ခ်က္ခ်င္းဆိုသလို လႈပ္ရွားလိုက္တာလည္းျဖစ္ၿပီး ဘာသံမွ မၾကားဘဲကို ေရာက္လာခဲ့တာျဖစ္လို႔ အေျပာင္းအေ႐ႊ႕ ေစာင့္ၾကည့္သူေတြလည္း မ်က္ေျချပတ္ခဲ့ရတာပါ။

အသက္ ၂၈ ႏွစ္အ႐ြယ္ ရွိၿပီျဖစ္ၿပီး ဘ႐ိုက္တန္နဲ႔ ပရီးမီးယားလိဂ္အေတြ႕အႀကဳံေကာင္းေကာင္းရွိတဲ့ ၾသစေတးလ်သားကို ရလိုက္တာကေတာ့ အာဆင္နယ္အတြက္ နံပါတ္ ၂ ဂိုးသမားတစ္ဦးထက္ သာလြန္တဲ့သူတစ္ဦးကို ရရွိလိုက္တာျဖစ္ၿပီး လီႏိုရဲ႕ Backup ေကာင္းနဲ႔ လိုအပ္ရင္ ေရွ႕တန္းက အသုံးေတာ္ခံႏိုင္မယ့္သူတစ္ဦးအျဖစ္ တာဝန္ေတြကို ခြဲေဝယူႏိုင္ေတာ့မွာလည္းျဖစ္ပါတယ္။

ဒါက အာဆင္နယ္ရဲ႕ Silent လႈပ္ရွားမႈျဖစ္သလို တျခားတစ္ဖက္မွာေတာ့ သတင္းေတြ ထြက္ေနခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္အတြက္ေတာ့ ေခၚယူႏိုင္ဖို႔ ၉၀ ရာခိုင္ႏႈန္း နီးစပ္ေနတယ္လို႔ သိရၿပီး အေစာပိုင္းက ထြက္ေပၚေနတဲ့ ဆိုစီဒက္နဲ႔ သတင္းေတြကေတာ့ ေမွးမွိန္သြားခဲ့ပါတယ္။

ခ်န္ပီယံေျခစြမ္းမ်ိဳး မရွိေသးေပမယ့္ ဖလားပြဲေတြမွာေတာ့ စြမ္းေဆာင္ျပတတ္တဲ့ နည္းျပ အာတီတာအတြက္ေတာ့ ေအာ္ဒီဂြါဒ္ဟာ လူငယ္ေတြ ျဖစ္ၾကတဲ့ စမစ္႐ိုးနဲ႔ ဆာကာတို႔ရဲ႕ ဝန္ထုပ္ဝန္ပိုးေတြကို ခြဲေဝယူေပးႏိုင္မယ့္သူလည္းျဖစ္ၿပီး ေနာ္ေဝသားအေနနဲ႔ အာဆင္နယ္အသင္းမွာ ေတာက္ပႏိုင္ဖို႔အတြက္လည္း ကစားသမားေဟာင္း မြန္ရီးယဲလ္က ေထာက္ခံထားပါတယ္။

အက္သလက္တစ္ရဲ႕ ေဒးဗစ္ အြန္းစတိန္းကေတာ့ ရီးရဲလ္မက္ဒရစ္နဲ႔ အာဆင္နယ္တာဝန္ရွိသူေတြၾကား ေနာက္ဆုံးအဆင့္ ညႇိႏႈိင္းမႈေတြ က်န္ရွိေနၿပီး သေဘာတူညီမႈ ၿပီးေျမာက္ႏိုင္ဖို႔ တစ္ဆင့္သာ က်န္ရွိေတာ့တယ္လို႔ ဆိုခဲ့သလို ဒါနီ စီဘာေယာ့စ္ရဲ႕ စည္း႐ုံးမႈကလည္း တစ္ေထာင့္တစ္ေနရာက ပါဝင္ခဲ့တယ္လို႔ဆိုပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ေအာ္ဒီဂြါဒ္ရဲ႕ ဖခင္ျဖစ္သူ ဟန္းစ္နဲ႔ ေအးဂ်င့္ျဖစ္သူ လီဗာပူးလ္ကစားသမားေဟာင္း ဘယြန္တိုရီ ကဗာမီတို႔နဲ႔ အေသးစိတ္ ေဆြးေႏြးေနတယ္လို႔ သိရၿပီး ပရိသတ္ေတြကေတာ့ အမ္းမရိတ္မွာ MÖ (အိုေဇးလ္)ေပ်ာက္ဆုံးသြားၿပီး ရက္ပိုင္းအတြင္းမွာပဲ ကြဲျပားျခားနားတဲ့ MØ (ေအာ္ဒီဂြါဒ္)နဲ႔ အစားထိုးႏိုင္ေတာ့မယ္လို႔ တြစ္တာမွာ ေျပာေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.