Other Leagues

လီႏို႔အေပၚေဝဖန္မႈေတြဟာ မမွ်တဘူးလို႔ ကာကြယ္ေပးခဲ့တဲ့အာဆင္နယ္ဂိုးသမားေဟာင္း

အာဆင္နယ္အသင္းရဲ႕ ဂိုးသမားေဟာင္းေဒးဗစ္ဆီးမန္းကေတာ့ အသင္းရဲ႕လက္ရွိဂိုးသမားလီႏိုအေပၚေဝဖန္မႈေတြဟာ မွ်တမႈမရွိဘူးလို႔ ကာကြယ္ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ ဆီးမန္းက လီႏိုဟာ ဒီႏွစ္အာဆင္နယ္အသင္းအတြက္ အေကာင္းဆုံးကစားသမားလို႔လည္းဆိုပါတယ္။

လီႏိုဟာ အိုလံပီယာေကာ့စ္အသင္းကို ရႈံးနိမ့္ခဲ့ရတဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ သူ႔ရဲ႕အမွားကေန သြင္းဂိုးတစ္ဂိုးကို ခြင့္ျပဳေပးခဲ့ရတာေၾကာင့္ ေဝဖန္ရႈံ႕ခ်မႈေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ဒီအရႈံးေၾကာင့္ အာဆင္နယ္အသင္းဟာ ယူ႐ိုပါလိဂ္ကေနထြက္ခြာခဲ့ရၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္လည္း ေ၀ဝါးလာခဲ့ပါတယ္။

ေဒးဗစ္ဆီးမန္းက ” သူဘယ္ေလာက္ႀကီးတဲ့အမွားကိုလုပ္ခဲ့လုပ္ခဲ့ အေရးပါတဲ့ကာကြယ္မႈေတြလည္း လုပ္ခဲ့တယ္ဆိုတာကိုလည္း ဝန္ခံရပါလိမ့္မယ္။ တရာသီလုံးမွာလည္း အသင္းအတြက္ သူအမ်ားႀကီးစြမ္းေဆာင္ခဲ့ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။ အသင္းရဲ႕အနာဂတ္နဲ႔ပတ္သတ္လို႔လည္း ေျပာၾကားခဲ့ပါေသးတယ္။

ေဒးဗစ္ဆီးမန္းက နည္းျပအာတီတာကို အခ်ိန္ေပးဖို႔နဲ႔ လာမယ့္အေျပာင္းအေ႐ႊ႕ေတြမွာ ေငြေၾကးလုံလုံေလာက္ေလာက္သုံးစြဲခြင့္ရသင့္ေၾကာင္းဆိုခဲ့ပါတယ္။ လက္ရွိ အာတီတာရဲ႕ အသင္းအေပၚ ဦးေဆာင္မႈကိုလည္း သေဘာက်တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေဒးဗစ္ဆီးမန္းဟာ အာဆင္နယ္အသင္းရဲ႕ ဂႏၲဝင္ဂိုးသမားတစ္ဦးျဖစ္ပါတယ္။

SportsA2Z
HTOO PYAE SONEXX

[unicode]
အာဆင်နယ်အသင်းရဲ့ ဂိုးသမားဟောင်းဒေးဗစ်ဆီးမန်းကတော့ အသင်းရဲ့လက်ရှိဂိုးသမားလီနိုအပေါ်ဝေဖန်မှုတွေဟာ မျှတမှုမရှိဘူးလို့ ကာကွယ်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဆီးမန်းက လီနိုဟာ ဒီနှစ်အာဆင်နယ်အသင်းအတွက် အကောင်းဆုံးကစားသမားလို့လည်းဆိုပါတယ်။

လီနိုဟာ အိုလံပီယာကော့စ်အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ သူ့ရဲ့အမှားကနေ သွင်းဂိုးတစ်ဂိုးကို ခွင့်ပြုပေးခဲ့ရတာကြောင့် ဝေဖန်ရှုံ့ချမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒီအရှုံးကြောင့် အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ကနေထွက်ခွာခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်လည်း ဝေဝါးလာခဲ့ပါတယ်။

ဒေးဗစ်ဆီးမန်းက ” သူဘယ်လောက်ကြီးတဲ့အမှားကိုလုပ်ခဲ့လုပ်ခဲ့ အရေးပါတဲ့ကာကွယ်မှုတွေလည်း လုပ်ခဲ့တယ်ဆိုတာကိုလည်း ဝန်ခံရပါလိမ့်မယ်။ တရာသီလုံးမှာလည်း အသင်းအတွက် သူအများကြီးစွမ်းဆောင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အသင်းရဲ့အနာဂတ်နဲ့ပတ်သတ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။

ဒေးဗစ်ဆီးမန်းက နည်းပြအာတီတာကို အချိန်ပေးဖို့နဲ့ လာမယ့်အပြောင်းအရွှေ့တွေမှာ ငွေကြေးလုံလုံလောက်လောက်သုံးစွဲခွင့်ရသင့်ကြောင်းဆိုခဲ့ပါတယ်။ လက်ရှိ အာတီတာရဲ့ အသင်းအပေါ် ဦးဆောင်မှုကိုလည်း သဘောကျတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒေးဗစ်ဆီးမန်းဟာ အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ဂိုးသမားတစ်ဦးဖြစ်ပါတယ်။