Premier League Transfer News

22 Jan ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– ဘန်လေကို အိမ်ကွင်းမှာ ရှုံးခဲ့ပြီး စံချိန်များစွာ ကျိုးပျက်ခဲ့ရတဲ့ ပွဲအပေါ် နည်းပြ ယာဂန် ကလော့ပ်က သူ့ရဲ့ အမှားသာဖြစ်တယ်လို့ ဝန်ခံလိုက်ပြီး လီဗာပူးလ်အသင်းသားတွေကို ယုံကြည်မှုရရှိဖို့နဲ့ စိတ်ဓာတ်မြှင့်တင်နိုင်ဖို့ လုပ်ဆောင်ပေးရမယ့် သူ့ရဲ့အလုပ်ကို ပျက်ကွက်ခဲ့တယ်လို့ ပြောကြားသွား။

– အန်းဖီးလ်က အဝတ်လဲခန်းကို အသွားမှာ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်နဲ့ ပြဿနာဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းအပေါ် ဘန်လေနည်းပြ ရှောင်ဒိုက်ချ်က နည်းပြနှစ်ဦးအနေနဲ့ နိုင်ပွဲတစ်ပွဲရယူဖို့ ယှဉ်ပြိုင်တိုက်ပွဲဝင်တဲ့အထဲ ဖြစ်ရပ်တစ်ခုဖြစ်ကြောင်းနဲ့ တခြား ထူးထူးထွေထွေ မရှိကြောင်း ရှင်းလင်း။

– မှတ်တမ်းမှတ်ရာတွေအရ လီဗာပူးလ်အသင်းအနေနဲ့ ဝက်စ်ဘရွန်းအသင်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ နောက်ဆုံးဂိုးအပြီးမှာ ဘန်လေနဲ့ပွဲအပြီးအထိ ဂိုးပေါက်ကန်ခွင့် ၈၅ ကြိမ် ရရှိထားပြီး ဒီထဲမှာ ဂိုးရနိုင်ခြေ ၈ ဂိုးနီးပါး (၇.၇၆) ရှိခဲ့တယ်လို့ စာရင်းပြုစုသူတစ်ဦး ဖော်ပြလိုက်ပြီး တိုက်စစ်အရည်အသွေးက မေးခွန်းထုတ်စရာဖြစ်လာ။

– လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဂျွန် အယ်လ်ဒရစ်ချ်က ခြေစွမ်းမပြနိုင်တဲ့ ဆာလား၊ မာနေးနဲ့ ဖာမီနိုတို့ကို ကာကွယ်ပေးနေကြသူတွေကို မေးခွန်းထုတ်လိုက်ပြီး သူတို့ကို လုပ်ခကြီးကြီး ပေးချေထားတယ်ဆိုရင် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ရနိုင်တယ်ဆိုတာကို မေ့မထားကြဖို့ သတိပေး။

– လီဗာပူးလ်အသင်း တိုက်စစ်ကစားသမားတွေရဲ့ တစ်ဖက်ဂိုးပေါက်ဆီကို တိုက်ရိုက်မသွားဘဲ ကွင်းလယ်မှာ ဝေ့လည်လည်ဖြစ်နေကြတဲ့ ပေးပို့မှုတွေကို ပရိသတ်တွေက စိတ်ပျက်နေပြီး တစ်သင်းလုံးမှာ နောက်ခံလူ ဂျိုယယ်လ် မာတစ်ပ်ရဲ့ (အသင်းရဲ့ နောက်ဆုံးသွင်းဂိုးကို မာနေးအတွက် ဖန်တီးပေးခဲ့) တိုက်စစ်ဆင်မှုက အကောင်းဆုံးလို့ ကျန်ကစားသမားတွေကို လှောင်ပြောင်ခဲ့ကြ။

– ရှောင်ဒိုက်ချ်ရဲ့ ဘန်လေအသင်းဟာ လီဗာပူးလ်ကို နိုင်ပွဲနဲ့ စံချိန်များစွာ ချိုးဖျက်ခဲ့ကြောင်း အဲဗာတန်တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာက တွစ်တာမှာ တူးဆွလိုက်ပြီး ၄၆ ကြာ အန်းဖီးလ်မှာ မနိုင်တဲ့ မှတ်တမ်း၊ ဆာဒီယို မာနေးရဲ့ အိမ်ကွင်းရှုံးပွဲမရှိမှတ်တမ်းနဲ့ ၆၈ ပွဲဆက် အိမ်ကွင်းရှုံးပွဲမရှိတဲ့ စံချိန်တွေဖြစ်တယ်လို့ ရေးသား။

– မိုဟာမက် ဆာလားအနေနဲ့ အန်းဖီးလ်မှာ ပျော်ရွှင်ပုံမရဘူးလို့ စောင့်ကြည့်သူတွေထဲက တိုက်စစ်မှူးဟောင်း ဒါရင်း ဘန့်က ပြောလိုက်ပြီး ကွင်းလယ်လူဟောင်း ဒွန် ဟတ်ချီဆန်ကတော့ ဆာလားဟာ သူများတွေရဲ့ ကစားပုံမှာ မျှောလိုက်နေတာကြာပြီဖြစ်လို့ ကိုယ်တိုင် ကြိုးစားရုန်းကန်ပြီး ခြေစွမ်းပြဖို့ တိုက်တွန်းသွား။

– လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှာရော ခံစစ်မှာပါ ခြေစွမ်းမပြနိုင်ခဲ့တဲ့ နောက်ခံလူ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ဟာ အသင်းအတွက် ဖြတ်တင်ဘော ၁၈ ကြိမ်မှာ တစ်ကြိမ်မှ မအောင်မြင်ခဲ့တာကို ပရိသတ်တွေ ထောက်ပြခဲ့ကြပြီး ပွဲထွက်ကစားရမယ့် ပုံစံကောင်းမျိုးမှာ ရှိမနေကြောင်းနဲ့ အရန်ခုံထိုင်ခိုင်းဖို့ တောင်းဆိုမှုတွေရှိနေ။

– ပြီးခဲ့တဲ့ ပွဲတွေမှာ ရလဒ်ဆိုးရွားခဲ့တာအတွက်တော့ လီဗာပူးလ်အသင်းတာဝန်ရှိသူတွေအနေနဲ့ သူတို့ရဲ့ ဇန်နဝါရီမှာ ကစားသမားသစ် မခေါ်ယူဘဲ တောင့်ခံမယ့် အစီအစဉ်ကို ပယ်ဖျက်ဖွယ်ရှိနေပြီး စီးရီးအေကလပ် ကက်ဂလီယာရီနောက်ခံလူ ဆီဘက်စတီယန် ဗာလူကစ်ချ်ကို အရေးပေါ် ခေါ်ယူဖို့ ချိတ်ဆက်လာနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဘန္ေလကို အိမ္ကြင္းမွာ ရႈံးခဲ့ၿပီး စံခ်ိန္မ်ားစြာ က်ိဳးပ်က္ခဲ့ရတဲ့ ပြဲအေပၚ နည္းျပ ယာဂန္ ကေလာ့ပ္က သူ႔ရဲ႕ အမွားသာျဖစ္တယ္လို႔ ဝန္ခံလိုက္ၿပီး လီဗာပူးလ္အသင္းသားေတြကို ယုံၾကည္မႈရရွိဖို႔နဲ႔ စိတ္ဓာတ္ျမႇင့္တင္ႏိုင္ဖို႔ လုပ္ေဆာင္ေပးရမယ့္ သူ႔ရဲ႕အလုပ္ကို ပ်က္ကြက္ခဲ့တယ္လို႔ ေျပာၾကားသြား။

– အန္းဖီးလ္က အဝတ္လဲခန္းကို အသြားမွာ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္နဲ႔ ျပႆနာျဖစ္ပြားခဲ့တယ္ဆိုတဲ့ သတင္းအေပၚ ဘန္ေလနည္းျပ ေရွာင္ဒိုက္ခ်္က နည္းျပႏွစ္ဦးအေနနဲ႔ ႏိုင္ပြဲတစ္ပြဲရယူဖို႔ ယွဥ္ၿပိဳင္တိုက္ပြဲဝင္တဲ့အထဲ ျဖစ္ရပ္တစ္ခုျဖစ္ေၾကာင္းနဲ႔ တျခား ထူးထူးေထြေထြ မရွိေၾကာင္း ရွင္းလင္း။

– မွတ္တမ္းမွတ္ရာေတြအရ လီဗာပူးလ္အသင္းအေနနဲ႔ ဝက္စ္ဘ႐ြန္းအသင္းနဲ႔ပြဲမွာ ရရွိခဲ့တဲ့ ေနာက္ဆုံးဂိုးအၿပီးမွာ ဘန္ေလနဲ႔ပြဲအၿပီးအထိ ဂိုးေပါက္ကန္ခြင့္ ၈၅ ႀကိမ္ ရရွိထားၿပီး ဒီထဲမွာ ဂိုးရႏိုင္ေျခ ၈ ဂိုးနီးပါး (၇.၇၆) ရွိခဲ့တယ္လို႔ စာရင္းျပဳစုသူတစ္ဦး ေဖာ္ျပလိုက္ၿပီး တိုက္စစ္အရည္အေသြးက ေမးခြန္းထုတ္စရာျဖစ္လာ။

– လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္းႀကီးတစ္ဦးျဖစ္တဲ့ ဂြၽန္ အယ္လ္ဒရစ္ခ်္က ေျခစြမ္းမျပႏိုင္တဲ့ ဆာလား၊ မာေနးနဲ႔ ဖာမီႏိုတို႔ကို ကာကြယ္ေပးေနၾကသူေတြကို ေမးခြန္းထုတ္လိုက္ၿပီး သူတို႔ကို လုပ္ခႀကီးႀကီး ေပးေခ်ထားတယ္ဆိုရင္ ေဝဖန္မႈေတြနဲ႔လည္း ရင္ဆိုင္ရႏိုင္တယ္ဆိုတာကို ေမ့မထားၾကဖို႔ သတိေပး။

– လီဗာပူးလ္အသင္း တိုက္စစ္ကစားသမားေတြရဲ႕ တစ္ဖက္ဂိုးေပါက္ဆီကို တိုက္႐ိုက္မသြားဘဲ ကြင္းလယ္မွာ ေဝ့လည္လည္ျဖစ္ေနၾကတဲ့ ေပးပို႔မႈေတြကို ပရိသတ္ေတြက စိတ္ပ်က္ေနၿပီး တစ္သင္းလုံးမွာ ေနာက္ခံလူ ဂ်ိဳယယ္လ္ မာတစ္ပ္ရဲ႕ (အသင္းရဲ႕ ေနာက္ဆုံးသြင္းဂိုးကို မာေနးအတြက္ ဖန္တီးေပးခဲ့) တိုက္စစ္ဆင္မႈက အေကာင္းဆုံးလို႔ က်န္ကစားသမားေတြကို ေလွာင္ေျပာင္ခဲ့ၾက။

– ေရွာင္ဒိုက္ခ်္ရဲ႕ ဘန္ေလအသင္းဟာ လီဗာပူးလ္ကို ႏိုင္ပြဲနဲ႔ စံခ်ိန္မ်ားစြာ ခ်ိဳးဖ်က္ခဲ့ေၾကာင္း အဲဗာတန္တိုက္စစ္မႉးေဟာင္း ဂယ္ရီ လိုင္နီကာက တြစ္တာမွာ တူးဆြလိုက္ၿပီး ၄၆ ၾကာ အန္းဖီးလ္မွာ မႏိုင္တဲ့ မွတ္တမ္း၊ ဆာဒီယို မာေနးရဲ႕ အိမ္ကြင္းရႈံးပြဲမရွိမွတ္တမ္းနဲ႔ ၆၈ ပြဲဆက္ အိမ္ကြင္းရႈံးပြဲမရွိတဲ့ စံခ်ိန္ေတြျဖစ္တယ္လို႔ ေရးသား။

– မိုဟာမက္ ဆာလားအေနနဲ႔ အန္းဖီးလ္မွာ ေပ်ာ္႐ႊင္ပုံမရဘူးလို႔ ေစာင့္ၾကည့္သူေတြထဲက တိုက္စစ္မႉးေဟာင္း ဒါရင္း ဘန႔္က ေျပာလိုက္ၿပီး ကြင္းလယ္လူေဟာင္း ဒြန္ ဟတ္ခ်ီဆန္ကေတာ့ ဆာလားဟာ သူမ်ားေတြရဲ႕ ကစားပုံမွာ ေမွ်ာလိုက္ေနတာၾကာၿပီျဖစ္လို႔ ကိုယ္တိုင္ ႀကိဳးစား႐ုန္းကန္ၿပီး ေျခစြမ္းျပဖို႔ တိုက္တြန္းသြား။

– လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္မွာေရာ ခံစစ္မွာပါ ေျခစြမ္းမျပႏိုင္ခဲ့တဲ့ ေနာက္ခံလူ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ဟာ အသင္းအတြက္ ျဖတ္တင္ေဘာ ၁၈ ႀကိမ္မွာ တစ္ႀကိမ္မွ မေအာင္ျမင္ခဲ့တာကို ပရိသတ္ေတြ ေထာက္ျပခဲ့ၾကၿပီး ပြဲထြက္ကစားရမယ့္ ပုံစံေကာင္းမ်ိဳးမွာ ရွိမေနေၾကာင္းနဲ႔ အရန္ခုံထိုင္ခိုင္းဖို႔ ေတာင္းဆိုမႈေတြရွိေန။

– ၿပီးခဲ့တဲ့ ပြဲေတြမွာ ရလဒ္ဆိုး႐ြားခဲ့တာအတြက္ေတာ့ လီဗာပူးလ္အသင္းတာဝန္ရွိသူေတြအေနနဲ႔ သူတို႔ရဲ႕ ဇန္နဝါရီမွာ ကစားသမားသစ္ မေခၚယူဘဲ ေတာင့္ခံမယ့္ အစီအစဥ္ကို ပယ္ဖ်က္ဖြယ္ရွိေနၿပီး စီးရီးေအကလပ္ ကက္ဂလီယာရီေနာက္ခံလူ ဆီဘက္စတီယန္ ဗာလူကစ္ခ်္ကို အေရးေပၚ ေခၚယူဖို႔ ခ်ိတ္ဆက္လာေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.