Premier League

“ပရီးမီးယားလိဂ်မှာ ယူနိုက်တက် သေချာပေါက် ဗိုလ်စွဲကို စွဲမယ်”လို့ အခိုင်အမာပြောလိုက်တဲ့ ဝိန်းရွန်းနီ

ပေါ့ဘာရဲ့ ဧရိယာပြင်ပက ဘယ်ခြေအပြင်းကန်သွင်းယူမှုနဲ့အတူ ဖူလ်ဟမ်ကို ခရေဗင်ကော့တေ့ချ်မှာ သတ်ပုတ်အနိုင်ရခဲ့တဲ့ ယူနိုက်တက်ဟာ အမှတ်ပေးဇယားထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နေပြီး ပရီးမီးယားလိဂ် ဖလား ၅လုံး ကိုင်မြှောက်ထားတဲ့ ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်နီက ဒီရာသီမှာ ယူနိုက်တက် ဗိုလ်စွဲမယ်လို့ အတိအကျ ပြောသွားခဲ့ပါတယ်။


ဆာအဲလက်စ်ဖာဂူဆန်ရဲ့ နည်းပြဘဝ နောက်ဆုံးရာသီဖြစ်တဲ့ ၂၀၁၃ ခုနှစ်မှာ ယူနိုက်တက်အနေနဲ့ ပရီးမီယားလိဂ်ကို နောက်ဆုံးအကြိမ်အဖြစ် ဗိုလ်ဝင်ခံခဲ့တာဖြစ်ပြီး ဒီနောက်မှာတော့ ပရီးမီးယားလိဂ်ဆုဖလားနဲ့ ၇ နှစ်ကျော်ကြာ ဝေးကွာလာခဲ့တာဖြစ်လို့ ပရီးမီးယားလိဂ်ရဲ့ အနိမ့်အမြင့်၊ အတက်အကျ၊ အကွေ့အကောက်ခရီးတွေကို သမ္ဘာရင့်၊ ဝါရင့်အနေနဲ့ ကိုယ်တိုင်တွေ့ကြုံပြီး အံတိုနေတဲ့ ဝိန်းရွန်နီရဲ့ မှတ်ချက်ဟာ ယူနိုက်တက်ပရိသတ်တွေအတွက် အမြော်အမြင်ရှိရှိ စကားတခွန်းဖြစ်လာခဲ့ပြီး အားတက်စရာ အနာဂတ်တောက်လောင်မှုကို မြင်ရဖို့ ပိုပြီးစိတ်တက်ကြွစရာ ဖြစ်လာခဲ့ပါတယ်။


ပြိုင်ဘက်ပြိုင်မြင်းတွေများလွန်းတဲ့ လက်ရှိ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားထိပ်စီးက အသင်းကြီးတွေအချင်းချင်း အမှတ်ကွာဟမှု ကျဉ်းမြောင်းနေလို့ ပိုပြီးစိတ်ဝင်စားဖွယ်ကောင်းသလို တသင်းသင်းက အလွယ်တကူ မြင်းတကောင်တည်းပြေးသလို ဗိုလ်ဝင်ခံသွားဖို့ဆိုတာ ဖြစ်နိုင်ခြေ သုည အခြေအနေဖြစ်ပြီး အကြိတ်အနယ်အရှိဆုံး ပြိုင်ဆိုင်မှုအပြင်းထန်းဆုံး၊ တသသ ပြန်ပြောင်းပြောစရာ အဖြစ်ဆုံးရာသီတခုလို့ သတ်မှတ်လို့ ရမယ့်နှစ်ပါ။


ဒီလိုအကျပ်အတည်းကြားက ဗိုလ်စွဲမယ့်အသင်းဟာ ယူနိုက်တက်ဖြစ်တယ်လို့ ဝိန်းရွန်နီကိုယ်တိုင် ဘာကြောင့်ပြောရသလဲဆိုတာ စိတ်လှုပ်ရှားစရာကောင်းသလို သူ့ရဲ့ အကြောင်းရင်းကိုလည်း စူးစမ်းချင်စရာကောင်းလှပါတယ်။ ရာသီဝက်မတိုင်မီ ဒီဇင်ဘာကာလကတည်းက သူက ဒီစကားကို ယူနိုက်တက်ရဲ့နည်းပြအဖွဲ့ထံ ထုတ်ပြောခဲ့တာဖြစ်ပြီး ဒါက အတော်လေးကို အံ့အားသင့်စရာ ကောင်းလှပါတယ်။

သူ့ရဲ့ ယူဆချက်ကတော့ အသစ်ပြောင်းရွှေ့လာတဲ့ လူသစ်ကစားသမားတွေဟာ အသင်းရဲ့ နဂိုအထိုင်ဖြစ်တဲ့ ပေါ့ဘာတို့အုပ်စု ကစားသမားဟောင်းတွေကို ယူနိုက်တက်မှာ ယာယီပျောက်ဆုံးသွားခဲ့တဲ့ ချန်ပီယံစိတ်၊ မုဆိုးစိတ်၊ နိုင်လိုစိတ်ကို သွတ်သွင်းပေးနိုင်ခဲ့ပြီး ပေါ့ဘာကို စိတ်ကြိုက်လွတ်လွတ်လပ်လပ် ကစားခွင့်ရသွားစေတာက အဓိကအကြောင်းရင်းလို့ ဆိုပါတယ်။


” လွန်ခဲ့တဲ့ နှစ်ပေါင်းအနည်းငယ်လောက်က ယူနိုက်တက်က ချန်ပီယံဆုဖလားကို စိန်ခေါ်မှုလုပ်ဖို့ အဆင်သင့်ရှိရဲ့လားဆို နိုး ပါ။ အခု အသင်းမှာ ဖာနန်ဒက်စ် နဲ့ ကာဗာနီတို့လို နိုင်လိုစိတ်ပြင်းပြပြီး အောင်ပွဲဆာလောင်မှုတွေနဲ့ စီးဆင်းနေတဲ့ ကစားသမားမျိုးတွေကို ခေါ်လိုက်နိုင်တယ်။ ဒါက အပြောင်းအလဲပဲ။ ကြီးကြီးမားမားကို အပြောင်းအလဲအစစ်ပဲ။ ဒါကအကူအညီဖြစ်ခဲ့တယ်။ အသင်းအတွက်လေ။”

” အခု ဒီလူအင်အားအရ ယူနိုက်တက်က ပရီးမီးယားလိဂ်ကို စိန်ခေါ်သူပါ။ ရာသီအသိမ်းမှာ ယူနိုက်တက် ဗိုလ်စွဲပါမယ်။ ဒါကို လွန်ခဲ့တဲ့တလလောက်ကတည်းက အသင်းနည်းပြအဖွဲ့ဝင်တွေနဲ့ စကားပြောဖြစ်ခဲ့ပါသေးတယ်။ ကျနော် ဒီနေ့အထိ ဒီစကားကို အယုံအကြည် အပြည့်အဝနဲ့ ပြောပါမယ်။ ယူနိုက်တက် ဗိုလ်စွဲမယ်”


” ကစားသမားအသစ်တွေက ပေါ့ဘာရဲ့ ပခုံးထက်က ဖိအားတွေကို လျှော့ပစ်လိုက်ကြတယ်။ ဒါကြောင့် ပေါ့ဘာကို အခုထက်ပိုပြီး ခြေစွမ်းထက်မြက်မှုနဲ့ ဆက်မြင်တွေ့ကြရမှာပါ။ အတိုင်းထက်လွန်အောင် သူခြေစွမ်းပြသပါလိမ့်မယ်” လို့ မန်ချက်စတာယူနိုက်တက်၏ ဂိုးသွင်းအများဆုံးစံချိန်ရှင် ဂန္တဝင် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက ပြောသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပါ့ဘာရဲ႕ ဧရိယာျပင္ပက ဘယ္ေျခအျပင္းကန္သြင္းယူမႈနဲ႔အတူ ဖူလ္ဟမ္ကို ခေရဗင္ေကာ့ေတ့ခ်္မွာ သတ္ပုတ္အႏိုင္ရခဲ့တဲ့ ယူႏိုက္တက္ဟာ အမွတ္ေပးဇယားထိပ္ဆုံးကေန ဆက္လက္ဦးေဆာင္ေနၿပီး ပရီးမီးယားလိဂ္ ဖလား ၅လုံး ကိုင္ေျမႇာက္ထားတဲ့ ယူႏိုက္တက္ဂႏၴဝင္တိုက္စစ္မႉး ဝိန္း႐ြန္နီက ဒီရာသီမွာ ယူႏိုက္တက္ ဗိုလ္စြဲမယ္လို႔ အတိအက် ေျပာသြားခဲ့ပါတယ္။


ဆာအဲလက္စ္ဖာဂူဆန္ရဲ႕ နည္းျပဘဝ ေနာက္ဆုံးရာသီျဖစ္တဲ့ ၂၀၁၃ ခုႏွစ္မွာ ယူႏိုက္တက္အေနနဲ႔ ပရီးမီယားလိဂ္ကို ေနာက္ဆုံးအႀကိမ္အျဖစ္ ဗိုလ္ဝင္ခံခဲ့တာျဖစ္ၿပီး ဒီေနာက္မွာေတာ့ ပရီးမီးယားလိဂ္ဆုဖလားနဲ႔ ၇ ႏွစ္ေက်ာ္ၾကာ ေဝးကြာလာခဲ့တာျဖစ္လို႔ ပရီးမီးယားလိဂ္ရဲ႕ အနိမ့္အျမင့္၊ အတက္အက်၊ အေကြ႕အေကာက္ခရီးေတြကို သမာၻရင့္၊ ဝါရင့္အေနနဲ႔ ကိုယ္တိုင္ေတြ႕ႀကဳံၿပီး အံတိုေနတဲ့ ဝိန္း႐ြန္နီရဲ႕ မွတ္ခ်က္ဟာ ယူႏိုက္တက္ပရိသတ္ေတြအတြက္ အေျမာ္အျမင္ရွိရွိ စကားတခြန္းျဖစ္လာခဲ့ၿပီး အားတက္စရာ အနာဂတ္ေတာက္ေလာင္မႈကို ျမင္ရဖို႔ ပိုၿပီးစိတ္တက္ႂကြစရာ ျဖစ္လာခဲ့ပါတယ္။


ၿပိဳင္ဘက္ၿပိဳင္ျမင္းေတြမ်ားလြန္းတဲ့ လက္ရွိ ပရီးမီးယားလိဂ္မွာ အမွတ္ေပးဇယားထိပ္စီးက အသင္းႀကီးေတြအခ်င္းခ်င္း အမွတ္ကြာဟမႈ က်ဥ္းေျမာင္းေနလို႔ ပိုၿပီးစိတ္ဝင္စားဖြယ္ေကာင္းသလို တသင္းသင္းက အလြယ္တကူ ျမင္းတေကာင္တည္းေျပးသလို ဗိုလ္ဝင္ခံသြားဖို႔ဆိုတာ ျဖစ္ႏိုင္ေျခ သုည အေျခအေနျဖစ္ၿပီး အႀကိတ္အနယ္အရွိဆုံး ၿပိဳင္ဆိုင္မႈအျပင္းထန္းဆုံး၊ တသသ ျပန္ေျပာင္းေျပာစရာ အျဖစ္ဆုံးရာသီတခုလို႔ သတ္မွတ္လို႔ ရမယ့္ႏွစ္ပါ။


ဒီလိုအက်ပ္အတည္းၾကားက ဗိုလ္စြဲမယ့္အသင္းဟာ ယူႏိုက္တက္ျဖစ္တယ္လို႔ ဝိန္း႐ြန္နီကိုယ္တိုင္ ဘာေၾကာင့္ေျပာရသလဲဆိုတာ စိတ္လႈပ္ရွားစရာေကာင္းသလို သူ႔ရဲ႕ အေၾကာင္းရင္းကိုလည္း စူးစမ္းခ်င္စရာေကာင္းလွပါတယ္။ ရာသီဝက္မတိုင္မီ ဒီဇင္ဘာကာလကတည္းက သူက ဒီစကားကို ယူႏိုက္တက္ရဲ႕နည္းျပအဖြဲ႕ထံ ထုတ္ေျပာခဲ့တာျဖစ္ၿပီး ဒါက အေတာ္ေလးကို အံ့အားသင့္စရာ ေကာင္းလွပါတယ္။

သူ႔ရဲ႕ ယူဆခ်က္ကေတာ့ အသစ္ေျပာင္းေ႐ႊ႕လာတဲ့ လူသစ္ကစားသမားေတြဟာ အသင္းရဲ႕ နဂိုအထိုင္ျဖစ္တဲ့ ေပါ့ဘာတို႔အုပ္စု ကစားသမားေဟာင္းေတြကို ယူႏိုက္တက္မွာ ယာယီေပ်ာက္ဆုံးသြားခဲ့တဲ့ ခ်န္ပီယံစိတ္၊ မုဆိုးစိတ္၊ ႏိုင္လိုစိတ္ကို သြတ္သြင္းေပးႏိုင္ခဲ့ၿပီး ေပါ့ဘာကို စိတ္ႀကိဳက္လြတ္လြတ္လပ္လပ္ ကစားခြင့္ရသြားေစတာက အဓိကအေၾကာင္းရင္းလို႔ ဆိုပါတယ္။


” လြန္ခဲ့တဲ့ ႏွစ္ေပါင္းအနည္းငယ္ေလာက္က ယူႏိုက္တက္က ခ်န္ပီယံဆုဖလားကို စိန္ေခၚမႈလုပ္ဖို႔ အဆင္သင့္ရွိရဲ႕လားဆို ႏိုး ပါ။ အခု အသင္းမွာ ဖာနန္ဒက္စ္ နဲ႔ ကာဗာနီတို႔လို ႏိုင္လိုစိတ္ျပင္းျပၿပီး ေအာင္ပြဲဆာေလာင္မႈေတြနဲ႔ စီးဆင္းေနတဲ့ ကစားသမားမ်ိဳးေတြကို ေခၚလိုက္ႏိုင္တယ္။ ဒါက အေျပာင္းအလဲပဲ။ ႀကီးႀကီးမားမားကို အေျပာင္းအလဲအစစ္ပဲ။ ဒါကအကူအညီျဖစ္ခဲ့တယ္။ အသင္းအတြက္ေလ။”

” အခု ဒီလူအင္အားအရ ယူႏိုက္တက္က ပရီးမီးယားလိဂ္ကို စိန္ေခၚသူပါ။ ရာသီအသိမ္းမွာ ယူႏိုက္တက္ ဗိုလ္စြဲပါမယ္။ ဒါကို လြန္ခဲ့တဲ့တလေလာက္ကတည္းက အသင္းနည္းျပအဖြဲ႕ဝင္ေတြနဲ႔ စကားေျပာျဖစ္ခဲ့ပါေသးတယ္။ က်ေနာ္ ဒီေန႔အထိ ဒီစကားကို အယုံအၾကည္ အျပည့္အဝနဲ႔ ေျပာပါမယ္။ ယူႏိုက္တက္ ဗိုလ္စြဲမယ္”


” ကစားသမားအသစ္ေတြက ေပါ့ဘာရဲ႕ ပခုံးထက္က ဖိအားေတြကို ေလွ်ာ့ပစ္လိုက္ၾကတယ္။ ဒါေၾကာင့္ ေပါ့ဘာကို အခုထက္ပိုၿပီး ေျခစြမ္းထက္ျမက္မႈနဲ႔ ဆက္ျမင္ေတြ႕ၾကရမွာပါ။ အတိုင္းထက္လြန္ေအာင္ သူေျခစြမ္းျပသပါလိမ့္မယ္” လို႔ မန္ခ်က္စတာယူႏိုက္တက္၏ ဂိုးသြင္းအမ်ားဆုံးစံခ်ိန္ရွင္ ဂႏၲဝင္ တိုက္စစ္မႉးေဟာင္း ဝိန္း႐ြန္းနီက ေျပာသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.