Premier League Transfer News

22 Jan နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းအနေနဲ့ နည်းပြ ဖရန့် လမ်းပတ်ကို အချိန်ထပ်ပေးဖို့ ဆုံးဖြတ်ထားပုံရှိပြီး မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ နည်းပြတွေဖြစ်ကြတဲ့ အိုလီဂန်နာ ဆိုးလ်ရှားနဲ့ မီခယ်လ် အာတီတာတို့ကို အသီးသီး အခွင့်အရေးပေးခဲ့အပြီးမှာ ရလဒ်တွေ ပြန်ကောင်းလာခဲ့တာလိုမျိုး မျှော်လင့်ထားတယ်လို့ဆို။

– အသင်းရဲ့ ခံစစ်ပိုင်းကို ပြန်လည်ပါဝင်လာခဲ့ပြီးမှ ရလဒ်တွေ သိသိသာသာ ဆိုးရွားနေခဲ့တဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါဟာ ချဲလ်ဆီးလို အသင်းမျိုးမှာ ကစားရမယ့် အဆင့်အတန်းမှာ ရှိမနေဘူးလို့ အသင်းဂိုးသမားဟောင်း မာ့ခ် ရှဝါဇာ ဝေဖန်လိုက်ပြီး သီယာဂို ဆေးလ်ဗားနဲ့ ဇူးမားဟာ အကောင်းဆုံးအတွဲလို့ဆို။

– နည်းပြ လမ်းပတ်သာ ချဲလ်ဆီးအသင်းက ထွက်ခွာသွားခဲ့ရင် ကွင်းလယ်လူ မေဆန်မောင့်အတွက် အခြေပျက်သွားနိုင်ပေမယ့် တိုက်စစ်မှူး တီမို ဗာနာနဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါတို့အတွက်တော့ ပုံစံကောင်းကို ပြန်လည်ပြသနိုင်လိမ့်မယ်လို့ Express ခန့်မှန်းသွား။

– နည်းပြ သောမတ်စ် တူဟယ်လ် ချဲလ်ဆီးအသင်းကို ရောက်လာဖို့အတွက် သူနဲ့ ဒေါ့မွန်မှာ ဆုံခဲ့ဖူးတဲ့ ကွင်းလယ်လူ ခရစ္စတီယန် ပူလီရှစ်ချ်က အဓိက အကြောင်းရင်းတစ်ခုဖြစ်နိုင်ပြီး အမေရိကန်လက်ရွေးစင်အနေနဲ့ ဆရာဟောင်း ဂျာမန်နည်းပြကို အမြဲတမ်း စိတ်ထဲက ကျေးဇူးတင်နေတယ်လို့ ပြောကြားထားခဲ့။

– စီးရီးအေ ချန်ပီယံဆုအတွက် ပြင်ဆင်နေပြီး အေစီမီလန်အသင်းအနေနဲ့ ၁၈ ပွဲကစားအပြီးမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အေစီမီလန် အသင်းအနေနဲ့ ချဲလ်ဆီးနောက်ခံလူ ဖီကာယို တိုမိုရီကို ခြောက်လအငှားနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေသလို ရာသီကုန်မှာ ပေါင် ၂၅ သန်းနဲ့ ခေါ်ယူနိုင်ခွင့်ကိုပါ ထည့်သွင်းသွားမယ်လို့ သိရ။

– ချဲလ်ဆီးနဲ့ မစ်ဒယ်ဘရော့အသင်းတွေရဲ့ ဂိုးသမားဟောင်း မာ့ခ် ရှဝါဇာက ချဲလ်ဆီးအသင်းအနေနဲ့ အသင်းမှာ ရှိပြီးသား လူဟောင်းတွေကို အားမကိုးဘဲ ပေါင် ၇၂ သန်း အသုံးပြု ခေါ်ယူထားခဲ့တဲ့ ကွင်းလယ်လူ ခိုင် ဟာဗတ်ဇ်ကို အကျိုးရှိအောင်သုံးစွဲဖို့နဲ့ သူနဲ့ အံဝင်မယ့် ကစားကွက်မှာ သူ့ကို အခြေခံတည်ဆောက်ရမှာဖြစ်တယ်လို့ သုံးသပ်သွားခဲ့။

– ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်အနေနဲ့ နည်းပြ လမ်းပတ်ကို တတ်နိုင်သမျှ စိတ်ရှည်ရှည်ထားသွားဖို့ ရှိနေပြီး သူ့ရဲ့ နံပါတ်တစ် ဦးစားပေးအဖြစ် သဘောကျနေတဲ့ RB လိုက်ပ်ဇစ်နည်းပြ ဂျူလီယန် နာဂဲလ်စ်မန်းကို ရာသီဝက်မှာ ခေါ်ယူဖို့ ခက်ခဲမှာဖြစ်လို့ သည်းခံသွားမှာဖြစ်တယ်လို့ဆို။

– ဒီရာသီမှာ အသင်းကို ရောက်လာခဲ့ပြီး နောက်တန်းကို ဦးဆောင်မှုပေးနေတဲ့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားက သူ့အနေနဲ့ ချဲလ်ဆီးကစားသမားဟောင်းထဲက အသင်းမှ ပြန်အတွေ့ချင်ဆုံးတစ်ဦးကို ရွေးပါဆိုရင်တော့ ရီးရဲလ်မက်ဒရစ်ကို ထွက်ခွာသွားခဲ့တဲ့ အီဒင် ဟာဇတ်နဲ့ တစ်ဖန်ပြန်လည်တွဲဖက်ကစားဖူးလိုကြောင်း ထုတ်ဖော်သွားခဲ့။

– ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရတဲ့ နည်းပြ လမ်းပတ်အတွက် မီးလောင်ရာ လေပင့်တဲ့ စကားတစ်ရပ်အဖြစ် ဖူလ်ဟမ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားနေခဲ့တဲ့ ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်-ချိခ်က သူ့ကို နည်းပြဟောင်း မော်ရီဇီယို ဆာရီကသာ နားအလည်ဆုံးနဲ့ လွှမ်းမိုးမှု အရှိဆုံးလို့ အသင်းရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်ရတာအတွက် တူးဆွသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ နည္းျပ ဖရန႔္ လမ္းပတ္ကို အခ်ိန္ထပ္ေပးဖို႔ ဆုံးျဖတ္ထားပုံရွိၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔ရဲ႕ နည္းျပေတြျဖစ္ၾကတဲ့ အိုလီဂန္နာ ဆိုးလ္ရွားနဲ႔ မီခယ္လ္ အာတီတာတို႔ကို အသီးသီး အခြင့္အေရးေပးခဲ့အၿပီးမွာ ရလဒ္ေတြ ျပန္ေကာင္းလာခဲ့တာလိုမ်ိဳး ေမွ်ာ္လင့္ထားတယ္လို႔ဆို။

– အသင္းရဲ႕ ခံစစ္ပိုင္းကို ျပန္လည္ပါဝင္လာခဲ့ၿပီးမွ ရလဒ္ေတြ သိသိသာသာ ဆိုး႐ြားေနခဲ့တဲ့ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါဟာ ခ်ဲလ္ဆီးလို အသင္းမ်ိဳးမွာ ကစားရမယ့္ အဆင့္အတန္းမွာ ရွိမေနဘူးလို႔ အသင္းဂိုးသမားေဟာင္း မာ့ခ္ ရွဝါဇာ ေဝဖန္လိုက္ၿပီး သီယာဂို ေဆးလ္ဗားနဲ႔ ဇူးမားဟာ အေကာင္းဆုံးအတြဲလို႔ဆို။

– နည္းျပ လမ္းပတ္သာ ခ်ဲလ္ဆီးအသင္းက ထြက္ခြာသြားခဲ့ရင္ ကြင္းလယ္လူ ေမဆန္ေမာင့္အတြက္ အေျခပ်က္သြားႏိုင္ေပမယ့္ တိုက္စစ္မႉး တီမို ဗာနာနဲ႔ ဂိုးသမား ကီပါ အာရီဇာဘာလာဂါတို႔အတြက္ေတာ့ ပုံစံေကာင္းကို ျပန္လည္ျပသႏိုင္လိမ့္မယ္လို႔ Express ခန႔္မွန္းသြား။

– နည္းျပ ေသာမတ္စ္ တူဟယ္လ္ ခ်ဲလ္ဆီးအသင္းကို ေရာက္လာဖို႔အတြက္ သူနဲ႔ ေဒါ့မြန္မွာ ဆုံခဲ့ဖူးတဲ့ ကြင္းလယ္လူ ခရစၥတီယန္ ပူလီရွစ္ခ်္က အဓိက အေၾကာင္းရင္းတစ္ခုျဖစ္ႏိုင္ၿပီး အေမရိကန္လက္ေ႐ြးစင္အေနနဲ႔ ဆရာေဟာင္း ဂ်ာမန္နည္းျပကို အၿမဲတမ္း စိတ္ထဲက ေက်းဇူးတင္ေနတယ္လို႔ ေျပာၾကားထားခဲ့။

– စီးရီးေအ ခ်န္ပီယံဆုအတြက္ ျပင္ဆင္ေနၿပီး ေအစီမီလန္အသင္းအေနနဲ႔ ၁၈ ပြဲကစားအၿပီးမွာ ထိပ္ဆုံးက ဦးေဆာင္ေနတဲ့ ေအစီမီလန္ အသင္းအေနနဲ႔ ခ်ဲလ္ဆီးေနာက္ခံလူ ဖီကာယို တိုမိုရီကို ေျခာက္လအငွားနဲ႔ ေခၚယူႏိုင္ဖို႔ နီးစပ္ေနသလို ရာသီကုန္မွာ ေပါင္ ၂၅ သန္းနဲ႔ ေခၚယူႏိုင္ခြင့္ကိုပါ ထည့္သြင္းသြားမယ္လို႔ သိရ။

– ခ်ဲလ္ဆီးနဲ႔ မစ္ဒယ္ဘေရာ့အသင္းေတြရဲ႕ ဂိုးသမားေဟာင္း မာ့ခ္ ရွဝါဇာက ခ်ဲလ္ဆီးအသင္းအေနနဲ႔ အသင္းမွာ ရွိၿပီးသား လူေဟာင္းေတြကို အားမကိုးဘဲ ေပါင္ ၇၂ သန္း အသုံးျပဳ ေခၚယူထားခဲ့တဲ့ ကြင္းလယ္လူ ခိုင္ ဟာဗတ္ဇ္ကို အက်ိဳးရွိေအာင္သုံးစြဲဖို႔နဲ႔ သူနဲ႔ အံဝင္မယ့္ ကစားကြက္မွာ သူ႔ကို အေျခခံတည္ေဆာက္ရမွာျဖစ္တယ္လို႔ သုံးသပ္သြားခဲ့။

– ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ်္အေနနဲ႔ နည္းျပ လမ္းပတ္ကို တတ္ႏိုင္သမွ် စိတ္ရွည္ရွည္ထားသြားဖို႔ ရွိေနၿပီး သူ႔ရဲ႕ နံပါတ္တစ္ ဦးစားေပးအျဖစ္ သေဘာက်ေနတဲ့ RB လိုက္ပ္ဇစ္နည္းျပ ဂ်ဴလီယန္ နာဂဲလ္စ္မန္းကို ရာသီဝက္မွာ ေခၚယူဖို႔ ခက္ခဲမွာျဖစ္လို႔ သည္းခံသြားမွာျဖစ္တယ္လို႔ဆို။

– ဒီရာသီမွာ အသင္းကို ေရာက္လာခဲ့ၿပီး ေနာက္တန္းကို ဦးေဆာင္မႈေပးေနတဲ့ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားက သူ႔အေနနဲ႔ ခ်ဲလ္ဆီးကစားသမားေဟာင္းထဲက အသင္းမွ ျပန္အေတြ႕ခ်င္ဆုံးတစ္ဦးကို ေ႐ြးပါဆိုရင္ေတာ့ ရီးရဲလ္မက္ဒရစ္ကို ထြက္ခြာသြားခဲ့တဲ့ အီဒင္ ဟာဇတ္နဲ႔ တစ္ဖန္ျပန္လည္တြဲဖက္ကစားဖူးလိုေၾကာင္း ထုတ္ေဖာ္သြားခဲ့။

– ဖိအားေတြနဲ႔ ရင္ဆိုင္ေနခဲ့ရတဲ့ နည္းျပ လမ္းပတ္အတြက္ မီးေလာင္ရာ ေလပင့္တဲ့ စကားတစ္ရပ္အျဖစ္ ဖူလ္ဟမ္အသင္းမွာ အငွားနဲ႔ သြားေရာက္ကစားေနခဲ့တဲ့ ကြင္းလယ္လူ ႐ူဘင္ ေလာ့ဖ္တပ္စ္-ခ်ိခ္က သူ႔ကို နည္းျပေဟာင္း ေမာ္ရီဇီယို ဆာရီကသာ နားအလည္ဆုံးနဲ႔ လႊမ္းမိုးမႈ အရွိဆုံးလို႔ အသင္းရဲ႕ အစီအစဥ္ေတြထဲမွာ မပါဝင္ရတာအတြက္ တူးဆြသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.