Premier League Transfer News

22 Jan နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အင်တာမီလန်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ခရစ္စတီယန် အဲရစ်ဆန်ကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူသွားဖို့ ကြိုးစားနေပြီး ကိုဗစ်ရိုက်ခတ်မှုကြောင့် ကံသေကံမ မပြောနိုင်ဘဲ ပွဲစဉ်တွေ ကျပ်တည်းမှုအတွက် အထောက်အကူရဖို့ စီစဉ်နေ။

– ဘရူနို ဖာနန်ဒက်စ် ရောက်ရှိလာပြီး ခြေစွမ်းပြနေမှုကြောင့် အခန်းကဏ္ဍ လျော့ကျလာခဲ့မှုဟာ ကွင်းလယ်လူ ပေါလ် ပေါ့ဘာရဲ့ မာနကို ထိခိုက်ခဲ့ပုံပေါ်ပြီး ဒါကြောင့်လည်း ဒီလောက်တောင် ကြိုးကြိုးစားစား ကစားပြီး အကောင်းဆုံးပုံစံနဲ့ အသင်းကို အကျိုးပြုလာခဲ့တာလို့ ယူနိုက်တက်ကစားသမားဟောင်း ပေါလ် ပါကား သုံးသပ်။

– ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဒါဘီကောင်တီအသင်းနည်းပြ ဝိန်းရွန်နီက ဒီရာသီမှာ သူ့ရဲ့ အသင်းဟောင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ဟာ ကစားသမားသုံးဦးရဲ့ ခြေစွမ်းတည်ငြိမ်မှုအပေါ် မူတည်နေပြီး ကွင်းလယ်လူ ပေါ့ဘာ၊ ဖာနန်ဒက်စ်နဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီတို့က အဓိကကျကြောင်းဆို။

– ဘရာဇီးလ်ကလပ် ပါးလ်မီးရပ်စ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဂါဘရီယယ်လ် ဗာရွန်အတွက် ယူနိုက်တက်အသင်းတာဝန်ရှိသူတွေရဲ့ ချိတ်ဆက်မှုတွေက အပြုသဘောဆောင်နေပြီး လာမယ့် နွေရာသီမှာ ခေါ်ယူရရှိနိုင်ဖို့ အခြေအနေကောင်းနေသလို ဒီရာသီရလဒ်တွေနဲ့ ဘဏ္ဏာရေးအခြေအနေတွေကိုတော့ အနည်းငယ် စောင့်ကြည့်ရဖွယ်ရှိနေ။

– နည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုအနေနဲ့ ဆောင်းရာသီ အားဖြည့်မှုအဖြစ် ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ကို စပါးစ်အသင်းဆီ ခေါ်ဆောင်လိုနေပြီး ရာသီကုန်အထိ အငှားခေါ်ယူသွားဖို့ ဆန္ဒရှိနေသလို မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့လည်း ခွင့်ပြုသွားဖွယ်ရှိနေ။

– အသင်းရဲ့ ခြေစွမ်းတည်ငြိမ်မှု မရှိသလို တိုက်စစ်ကနေ တောင်ပံထွက်ကစားနေကြတဲ့ မာစီယယ်လ်နဲ့ ဂရင်းဝုဒ်တို့ရဲ့ တောင်ပံတွေနေရာမှာ ယုံကြည်အားကိုးနိုင်မယ့် ကစားသမားတစ်ဦးကို ရှာဖွေနေရာမှာ ဂျူဗင်တပ်စ်အသင်းရဲ့ ဘရာဇီးလ်တောင်ပံသမား ဒေါက်ဂလပ်စ် ကော်စတာကို ရေတိုအစီအစဉ်နဲ့ ယူနိုက်တက်တို့ ခေါ်ယူဖို့ လုပ်ဆောင်နေ။

– အာမက် ဂျယ်လိုအနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမယ့် အက်ဖ်အေဖလား အိမ်ကွင်းပွဲစဉ်မှာ မိနစ်အချို့ ပါဝင်ကစားဖို့ ရှိနေတယ်လို့ ဒေသခံသတင်းတွေက ဖော်ပြခဲ့ကြပြီး လူစား ၅ ယောက်လဲ ကစားခွင့်ရှိတဲ့ အရန်ခုံမှာ ပါဝင်လာမယ်လို့ဆိုနေကြ။

– အသင်းရဲ့ သူရဲကောင်းဖြစ်နေခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဘာက ကာဗာနီမှာ ဧရိယာထဲကနေ အချိန်မှန် နေရာမှန် ဂိုးသွင်းယူနိုင်တဲ့ ထူးခြားတဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားပြီး အထူးသဖြင့် မာစီယယ်လ်မှာ မရှိတဲ့ ဒီစွမ်းရည်ဟာ အသင်းအတွက် တန်ဖိုးမြင့်လွန်းကြောင်း ချီးကျူးသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အင္တာမီလန္အသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ ခရစၥတီယန္ အဲရစ္ဆန္ကို ရာသီကုန္အထိ အငွားနဲ႔ ေခၚယူသြားဖို႔ ႀကိဳးစားေနၿပီး ကိုဗစ္႐ိုက္ခတ္မႈေၾကာင့္ ကံေသကံမ မေျပာႏိုင္ဘဲ ပြဲစဥ္ေတြ က်ပ္တည္းမႈအတြက္ အေထာက္အကူရဖို႔ စီစဥ္ေန။

– ဘ႐ူႏို ဖာနန္ဒက္စ္ ေရာက္ရွိလာၿပီး ေျခစြမ္းျပေနမႈေၾကာင့္ အခန္းက႑ ေလ်ာ့က်လာခဲ့မႈဟာ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာရဲ႕ မာနကို ထိခိုက္ခဲ့ပုံေပၚၿပီး ဒါေၾကာင့္လည္း ဒီေလာက္ေတာင္ ႀကိဳးႀကိဳးစားစား ကစားၿပီး အေကာင္းဆုံးပုံစံနဲ႔ အသင္းကို အက်ိဳးျပဳလာခဲ့တာလို႔ ယူႏိုက္တက္ကစားသမားေဟာင္း ေပါလ္ ပါကား သုံးသပ္။

– ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္း ဒါဘီေကာင္တီအသင္းနည္းျပ ဝိန္း႐ြန္နီက ဒီရာသီမွာ သူ႔ရဲ႕ အသင္းေဟာင္းအေနနဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ဖို႔ဟာ ကစားသမားသုံးဦးရဲ႕ ေျခစြမ္းတည္ၿငိမ္မႈအေပၚ မူတည္ေနၿပီး ကြင္းလယ္လူ ေပါ့ဘာ၊ ဖာနန္ဒက္စ္နဲ႔ ဝါရင့္တိုက္စစ္မႉး ကာဗာနီတို႔က အဓိကက်ေၾကာင္းဆို။

– ဘရာဇီးလ္ကလပ္ ပါးလ္မီးရပ္စ္အသင္းရဲ႕ ေတာင္ပံတိုက္စစ္မႉး ဂါဘရီယယ္လ္ ဗာ႐ြန္အတြက္ ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြရဲ႕ ခ်ိတ္ဆက္မႈေတြက အျပဳသေဘာေဆာင္ေနၿပီး လာမယ့္ ေႏြရာသီမွာ ေခၚယူရရွိႏိုင္ဖို႔ အေျခအေနေကာင္းေနသလို ဒီရာသီရလဒ္ေတြနဲ႔ ဘဏၰာေရးအေျခအေနေတြကိုေတာ့ အနည္းငယ္ ေစာင့္ၾကည့္ရဖြယ္ရွိေန။

– နည္းျပေဟာင္း ဂ်ိဳေဆး ေမာ္ရင္ညိဳအေနနဲ႔ ေဆာင္းရာသီ အားျဖည့္မႈအျဖစ္ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ကို စပါးစ္အသင္းဆီ ေခၚေဆာင္လိုေနၿပီး ရာသီကုန္အထိ အငွားေခၚယူသြားဖို႔ ဆႏၵရွိေနသလို မန္ခ်က္စတာယူႏိုက္တက္တာဝန္ရွိသူေတြအေနနဲ႔လည္း ခြင့္ျပဳသြားဖြယ္ရွိေန။

– အသင္းရဲ႕ ေျခစြမ္းတည္ၿငိမ္မႈ မရွိသလို တိုက္စစ္ကေန ေတာင္ပံထြက္ကစားေနၾကတဲ့ မာစီယယ္လ္နဲ႔ ဂရင္းဝုဒ္တို႔ရဲ႕ ေတာင္ပံေတြေနရာမွာ ယုံၾကည္အားကိုးႏိုင္မယ့္ ကစားသမားတစ္ဦးကို ရွာေဖြေနရာမွာ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ဘရာဇီးလ္ေတာင္ပံသမား ေဒါက္ဂလပ္စ္ ေကာ္စတာကို ေရတိုအစီအစဥ္နဲ႔ ယူႏိုက္တက္တို႔ ေခၚယူဖို႔ လုပ္ေဆာင္ေန။

– အာမက္ ဂ်ယ္လိုအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ လီဗာပူးလ္အသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကမယ့္ အက္ဖ္ေအဖလား အိမ္ကြင္းပြဲစဥ္မွာ မိနစ္အခ်ိဳ႕ ပါဝင္ကစားဖို႔ ရွိေနတယ္လို႔ ေဒသခံသတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး လူစား ၅ ေယာက္လဲ ကစားခြင့္ရွိတဲ့ အရန္ခုံမွာ ပါဝင္လာမယ္လို႔ဆိုေနၾက။

– အသင္းရဲ႕ သူရဲေကာင္းျဖစ္ေနခဲ့တဲ့ ကြင္းလယ္လူ ေပါ့ဘာက ကာဗာနီမွာ ဧရိယာထဲကေန အခ်ိန္မွန္ ေနရာမွန္ ဂိုးသြင္းယူႏိုင္တဲ့ ထူးျခားတဲ့ အရည္အေသြးကို ပိုင္ဆိုင္ထားၿပီး အထူးသျဖင့္ မာစီယယ္လ္မွာ မရွိတဲ့ ဒီစြမ္းရည္ဟာ အသင္းအတြက္ တန္ဖိုးျမင့္လြန္းေၾကာင္း ခ်ီးက်ဴးသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.